ရခိုင္ အင္တာနက္ ျဖတ္ေတာက္မႈ HRW ေဝဖန္

(Zawgyi)⤵⤵⤵
လက္နက္ကိုင္ ပဋိပကၡေတြ ႀကဳံေနရတဲ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္ေတြမွာ အင္တာနက္ ဆက္သြယ္မႈေတြ ေနာက္တႀကိမ္ ျဖတ္ေတာက္လိုက္တဲ့ အေပၚ စိုးရိမ္ေၾကာင္း ႏိုင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖြဲ႕တခု ျဖစ္တဲ့ Human Rights Watch က သတိေပးလိုက္ပါတယ္။

ရခိုင္လက္နက္ကိုင္တပ္ဖြဲ႕ (AA) နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြ ျပင္းထန္ေနခ်ိန္မွာ ဆက္သြယ္မႈေတြ ျဖတ္ေတာက္လိုက္တာဟာ အရပ္သားေတြအတြက္ အႏၲရာယ္ရွိတဲ့အေၾကာင္းလည္း HRW အာရွေရးရာ လက္ေထာက္ၫႊန္ၾကားေရးမႉး Phil Robertson ကေျပာဆိုခဲ့တာပါ။

လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ လတ္တေလာမွာ အရပ္သား ၁၀၆,၀၀၀ ေလာက္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရၿပီး၊ ဆက္သြယ္မႈ ျဖတ္ေတာက္တာဟာ အကူအညီ လိုအပ္ေနသူေတြ အတြက္ အခက္အခဲ ျဖစ္ေစသလို၊ လိုအပ္ေနသူေတြကို အကူအညီေပးမယ့္ စာနာမႈ အကူအညီေပးေရး ေအဂ်င္စီေတြ အႀကီးအက်ယ္ အခက္ေတြ႕ႏိုင္တယ္ လို႔လည္း သတိေပးထားပါတယ္။

လက္နက္ကိုင္ တင္းမာမႈေတြ ႀကီးထြားလာရာက ရခိုင္ျပည္နယ္နဲ႔ ကပ္လ်က္ရွိေနတဲ့ ခ်င္းျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ လုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ အာဏာပိုင္ေတြက အင္တာနက္ ဆက္သြယ္မႈေတြကို ၂၀၁၉ ဇြန္လကစ ပိတ္ပင္ခဲ့တာပါ။

အြန္လိုင္းဆက္သြယ္မႈေတြ သတင္းအခ်က္အလက္ ရယူမႈေတြကို အစိုးရေတြက ပိတ္ပင္တားျမစ္တာေတြကို ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက ျပစ္တင္ရႈတ္ခ်ထားၿပီး၊ ႏိုင္ငံတကာ လူ႔အခြင့္အေရး ေၾကညာစာတမ္းအရ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ေတြကို အကာအကြယ္ေပးဖို႔လည္း ေတာင္းဆိုထားေၾကာင္း HRW ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီအတြက္လည္း ရခိုင္ျပည္နယ္တြင္းက အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ လူအမ်ားအျပားက မွီခိုအားထားေနရတဲ့ အင္တာနက္ ဆက္သြယ္မႈေတြကို အျမန္ဆုံးျပန္ဖြင့္ေပးဖို႔လည္း တိုက္တြန္းထားပါတယ္။


(Unicode)

ရခိုင် အင်တာနက် ဖြတ်တောက်မှု HRW ဝေဖန်

လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တွေမှာ အင်တာနက် ဆက်သွယ်မှုတွေ နောက်တကြိမ် ဖြတ်တောက်လိုက်တဲ့ အပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခု ဖြစ်တဲ့ Human Rights Watch က သတိပေးလိုက်ပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်တာဟာ အရပ်သားတွေအတွက် အန္တရာယ်ရှိတဲ့အကြောင်းလည်း HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကပြောဆိုခဲ့တာပါ။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လတ်တလောမှာ အရပ်သား ၁၀၆,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး၊ ဆက်သွယ်မှု ဖြတ်တောက်တာဟာ အကူအညီ လိုအပ်နေသူတွေ အတွက် အခက်အခဲ ဖြစ်စေသလို၊ လိုအပ်နေသူတွေကို အကူအညီပေးမယ့် စာနာမှု အကူအညီပေးရေး အေဂျင်စီတွေ အကြီးအကျယ် အခက်တွေ့နိုင်တယ် လို့လည်း သတိပေးထားပါတယ်။

လက်နက်ကိုင် တင်းမာမှုတွေ ကြီးထွားလာရာက ရခိုင်ပြည်နယ်နဲ့ ကပ်လျက်ရှိနေတဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ အာဏာပိုင်တွေက အင်တာနက် ဆက်သွယ်မှုတွေကို ၂၀၁၉ ဇွန်လကစ ပိတ်ပင်ခဲ့တာပါ။ အွန်လိုင်းဆက်သွယ်မှုတွေ သတင်းအချက်အလက် ရယူမှုတွေကို အစိုးရတွေက ပိတ်ပင်တားမြစ်တာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြစ်တင်ရှုတ်ချထားပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုထားကြောင်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတွက်လည်း ရခိုင်ပြည်နယ်တွင်းက အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူအများအပြားက မှီခိုအားထားနေရတဲ့ အင်တာနက် ဆက်သွယ်မှုတွေကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ရခိုင္ အင္တာနက္ ျဖတ္ေတာက္မႈ HRW ေဝဖန္ ရခိုင္ အင္တာနက္ ျဖတ္ေတာက္မႈ HRW ေဝဖန္ Reviewed by THITHTOOLWIN on 00:33 Rating: 5
Powered by Blogger.