တ႐ုတ္ႏုိင္ငံ ဟူနန္ျပည္နယ္မွာ H5N1 ငွက္တုပ္ေကြး ကူးစက္ပ်ံ႕ႏွံ႔

တ႐ုတ္ႏုိင္ငံ ကူမင္းၿမိဳ႕ရွိ ေဈးတခုတြင္ ေတြ႔ရသည့္ ၾကက္အရွင္မ်ား။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၁၇)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ျပန္႔ပြားေနတဲ့ ၾကားမွာပဲ ေနာက္ထပ္ ဟူနန္ျပည္နယ္မွာ H5N1 ၾကက္ ငွက္ တုပ္ေကြးေရာဂါ ေတြ႔ရွိေၾကာင္း အာဏာပိုင္ေတြက ေၾကညာလိုက္ပါတယ္။

ေရာဂါပိုးကူးစက္တာေၾကာင့္ ဟူနန္ျပည္နယ္ေတာင္ပိုင္း ၾကက္အေကာင္ေရ ၈၀၀၀ နီးပါးရွိတဲ့ ၾကက္ေမြးျမဴေရးၿခံတခုက ၾကက္ေကာင္ေရ ၄၀၀၀ ေက်ာ္ ေသဆံုးခဲ့တယ္လို႔ တ႐ုတ္ စိုက္ပ်ိဳးေရးနဲ႔ ေက်းလက္ေဒသဆိုင္ရာ ၀န္ႀကီးဌာနက စေနေန႔က ေၾကညာတာပါ။

    H5N1 ၾကက္ငွက္တုပ္ေကြး သတိျပဳစရာ အခ်က္ေတြကို ျမန္မာႏုိင္ငံ ဆရာဝန္မ်ားအသင္းက ေဒါက္တာျမင့္ဦးနဲ႔ ဆက္သြယ္ေမးျမန္းခ်က္ နားဆင္ႏုိင္ပါတယ္။

ဒီသီတင္းပတ္ အေစာပိုင္းတုန္းကလည္း အိႏၵိယမွာ ၾကက္ ငွက္ တုပ္ေကြး ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ေရာဂါပိုးရွိတယ္လို႔ သံသယရွိတဲ့ ၾကက္ေတြနဲ႔ ၾကက္ဥေတြကို အာဏာပိုင္ေတြက ဖ်က္ဆီးခဲ့ပါတယ္။

လြန္ခဲ့တဲ့ သီတင္းပတ္ေတြ အတြင္းကလည္း ဥေရာပအေရွ႕ပိုင္းမွာ မ်ိဳးဗီဇကြဲ H5N8 ၾကက္ ငွက္ တုပ္ေကြးဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္တုန္းက တ႐ုတ္ႏိုင္ငံမွာ ၾကက္ ငွက္ တုပ္ေကြးေရာဂါပိုး ျဖစ္ပြားခဲ့တဲ့အတြက္ ေဒၚလာ ၆.၅ သန္းေလာက္ ဆုံး႐ံႈးခဲ့တယ္လို႔ ကုလသမဂၢက ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

------------------------------

(Unicode)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ H5N1 ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ ကြားမှာပဲ နောက်ထပ် ဟူနန်ပြည်နယ်မှာ H5N1 ကြက် ငှက် တုပ်ကွေးရောဂါ တွေ့ရှိကြောင်း အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။

ရောဂါပိုးကူးစက်တာကြောင့် ဟူနန်ပြည်နယ်တောင်ပိုင်း ကြက်အကောင်ရေ ၈၀၀၀ နီးပါးရှိတဲ့ ကြက်မွေးမြူရေးခြံတခုက ကြက်ကောင်ရေ ၄၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ တရုတ် စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဆိုင်ရာ ဝန်ကြီးဌာနက စနေနေ့က ကြေညာတာပါ။

    H5N1 ကြက်ငှက်တုပ်ကွေး သတိပြုစရာ အချက်တွေကို မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦးနဲ့ ဆက်သွယ်မေးမြန်းချက် နားဆင်နိုင်ပါတယ်။

ဒီသီတင်းပတ် အစောပိုင်းတုန်းကလည်း အိန္ဒိယမှာ ကြက် ငှက် တုပ်ကွေး ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ ရောဂါပိုးရှိတယ်လို့ သံသယရှိတဲ့ ကြက်တွေနဲ့ ကြက်ဥတွေကို အာဏာပိုင်တွေက ဖျက်ဆီးခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်းကလည်း ဥရောပအရှေ့ပိုင်းမှာ မျိုးဗီဇကွဲ H5N8 ကြက် ငှက် တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ ကြက် ငှက် တုပ်ကွေးရောဂါပိုး ဖြစ်ပွားခဲ့တဲ့အတွက် ဒေါ်လာ ၆.၅ သန်းလောက် ဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂက ကျွမ်းကျင်သူတွေက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
တ႐ုတ္ႏုိင္ငံ ဟူနန္ျပည္နယ္မွာ H5N1 ငွက္တုပ္ေကြး ကူးစက္ပ်ံ႕ႏွံ႔ တ႐ုတ္ႏုိင္ငံ ဟူနန္ျပည္နယ္မွာ H5N1 ငွက္တုပ္ေကြး ကူးစက္ပ်ံ႕ႏွံ႔ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.