Crash Landing on You - ေျမာက္ကိုရီးယား ဗိုလ္ႀကီးဇာတ္လမ္းကို ပုံေဖာ္ေပးခဲ့သူ

 ေတာင္ကိုရီးယား သူေဌးသမီးနဲ႔ ေျမာက္ကိုရီးယား ဗိုလ္ႀကီးတို႔ရဲ႕ အခ်စ္ဇာတ္လမ္း
(Zawgyi)⤵⤵⤵
ေလထီးစီးလာတဲ့ ေတာင္ကိုရီးယား သူေဌးသမီး တစ္ဦး ေျမာက္ကိုရီးယားႏိုင္ငံ ပိုင္နက္ထဲ မေတာ္တဆ က်သြားခဲ့ရာကေန ေျမာက္ကိုရီးယား ဗိုလ္ႀကီးတစ္ဦးနဲ႔ ဆုံေတြ႕ ခ်စ္မိခဲ့တဲ့ အခ်စ္ဇာတ္လမ္းတြဲ တစ္ခုဟာ လူေတြအၾကား အခုေနာက္ဆုံး ေရပန္းအစားဆုံး ကိုရီးယား ဒရာမာ ဇာတ္လမ္းတြဲ ျဖစ္ေနပါတယ္။

အဲဒီ Crash Landing on You ဇာတ္လမ္းဟာ တျခား ကိုရီးယား ဒရာမာ အခ်စ္ ဇာတ္လမ္းေတြထဲက အလားတူ ဇာတ္လမ္း တပုဒ္ ျဖစ္ေပမဲ့ ေျမာက္ကိုရီးယားႏိုင္ငံ အေၾကာင္း အေသအခ်ာ ေလ့လာၿပီး ကြက္ကြက္ကြင္းကြင္း ပုံေဖာ္ ႐ိုက္ကူးႏိုင္ခဲ့တဲ့အတြက္ ေသာင္းေသာင္းဖ်ဖ် အားေပး ခ်ီးက်ဴး ခံခဲ့ရပါတယ္။ ဒါဟာ ဒီဇာတ္လမ္းတြဲ ဇာတ္ၫႊန္းေရးတဲ့ အဖြဲ႕ထဲမွာ ေျမာက္ကိုရီးယားႏိုင္ငံကေန ေတာင္ကိုရီးယားႏိုင္ငံကို ဘက္ေျပာင္း ခိုလႈံလာတဲ့ ဗိုလ္ႀကီးေဟာင္း တစ္ဦး ပါေနလို႔ ျဖစ္တယ္လို႔ ဘီဘီစီ ကိုရီးယားဌာနက ဆူဘင္ ကင္မ္ က ရွင္းျပပါတယ္။

ပုခုံးက်ယ္က်ယ္ ဗလေတာင့္ေတာင့္နဲ႔ အဲဒီ ဗိုလ္ႀကီးေဟာင္း ကြတ္ခ္ မြန္းဝန္ မွာ ကိုယ္ရံေတာ္ ဗိုလ္ႀကီးတစ္ဦး ရွိရမယ့္ သြင္ျပင္လကၡဏာေတြ အားလုံး ေတြ႕ႏိုင္ပါတယ္။

ဒါကလည္း ကြတ္ခ္ဟာ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ရဲ႕ မိသားစုကို ကာကြယ္ ေစာင့္ေရွာက္ေနတဲ့ အထူးလုံၿခဳံေရးအဖြဲ႕ မွာ ၂၀၀၄ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ဖူးလို႔ ျဖစ္ပါလိမ့္မယ္။

သူ႔ကို ယုံၾကည္စိတ္ခ်လြန္းတဲ့အတြက္ ျပည္ပမွာ သြားအလုပ္လုပ္ဖို႔ ေျမာက္ကိုရီးယား အစိုးရက ေစလႊတ္ခဲ့ပါတယ္။ ေျမာက္ကိုရီးယား အရမ္းလိုအပ္ေနတဲ့ ႏိုင္ငံျခားေငြေတြကို ရွာေပးေနတဲ့ ေမာ္စကို အေျခစိုက္ ေျမာက္ကိုရီးယား ကုန္သြယ္ေရးကုမၸဏီ တစ္ခုမွာပါ။

ႏိုင္ငံ့ေခါင္းေဆာင္ေတြအေပၚ ဆက္သစၥာရွိႏိုင္မယ့္သူေတြကို ေျမာက္ကိုရီးယား အစိုးရက အေသအခ်ာ စိစစ္ၿပီး အနည္းအပါးေလာက္ကိုပဲ ျပည္ပမွာ သြားအလုပ္လုပ္ခြင့္ ျပဳေလ့ ရွိတာ ျဖစ္ပါတယ္။

ျပည္ပမွာ သြားအလုပ္လုပ္ဖို႔ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ကြတ္ခ္ဟာ သူ႔ဇနီးနဲ႔ သားကို ေျမာက္ကိုရီးယားႏိုင္ငံထဲမွာ ထားခဲ့ရပါတယ္။
 ေျမာက္ကိုရီးယားကေန ဘက္ေျပာင္းခိုလႈံလာတဲ့ ကြက္ခ္ မြန္းဝန္ ၿပဳံယမ္းၿမိဳ႕မွာ ႐ုပ္ရွင္႐ိုက္ကူေရးပညာ သင္ယူခဲ့

၂၀၀၄ ခုႏွစ္မွာေတာ့ သူ႔ကို ၿပဳံယမ္းကို ျပန္လာဖို႔ ၫႊန္ၾကားခဲ့ပါတယ္။ ေဘဂ်င္းမွာ ေလယာဥ္ ခရီးတေထာက္ နားေနတုန္းမွာပဲ သတင္းဆိုး ၾကားလိုက္ရပါတယ္။ ေမာ္စကိုမွာတုန္းက ကိုယ့္အခ်င္းခ်င္းၾကား သူေျပာခဲ့တဲ့ စကားေတြကို သူ႔သူငယ္ခ်င္းက သူ႔အထက္ အႀကီးအကဲေတြကို ျပန္သတင္းပို႔ခဲ့တယ္ ဆိုတဲ့ အေၾကာင္းပါပဲ။

သူေျပာမိတဲ့ စကားေတြေၾကာင့္ ေျမာက္ကိုရီးယား ျပန္ေရာက္ရင္ သူအႀကီးအက်ယ္ ဒုကၡေရာက္ေတာ့မယ္ ဆိုတာကို ကြတ္ခ္ ခ်က္ခ်င္း သေဘာေပါက္မိပါတယ္။

ဒီအေၾကာင္းကို ဆိုးလ္ၿမိဳ႕က ေကာ္ဖီဆိုင္မွာ ဘီဘီစီ သတင္းေထာက္ ဆူဘင္ ကို ေျပာျပေနစဥ္မွာ ကြတ္ခ္က အနားမွာ ဘယ္သူေတြ ရွိႏိုင္သလဲ ဆိုတာကို တခ်ိန္လုံး ၾကည့္ေနခဲ့ပါတယ္။ သူ႔သူငယ္ခ်င္းကို သူဘာေတြ ေျပာခဲ့သလဲ ဆိုတာကိုေတာ့ ကြတ္ခ္က အေသးစိတ္ ျပန္မေျပာျပခဲ့ပါဘူး။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ရဲ႕ မိသားစုဝင္ေတြကို သူကိုယ္ရံေတာ္ လုပ္ေနတုန္း သူျမင္ေတြ႕ခဲ့တဲ့ အေၾကာင္းေတြကို သူငယ္ခ်င္းေတြကို ေျပာမိခဲ့တာလို႔ပဲ ဆိုပါတယ္။

ဒီေတာ့ သူ ေတာင္ကိုရီးယားကို ဘက္ေျပာင္း ခိုလႈံဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သူ႔မိသားစု မပါဘဲ သူ႔တစ္ေယာက္တည္းပါ။ အဲဒီအခ်ိန္ကစလို႔ ေတာင္ကိုရီးယားမွာ တကိုယ္တည္း သူေနလာခဲ့တာပါ။

"ေတာင္ကိုရီးယားမွာ ေနရတဲ့ ဘဝကေတာ့ မနက္မိုးလင္းလာတာနဲ႔ ကိုယ့္ေနာက္မွာ အရိပ္လို ဘယ္သူေတြ လိုက္လာမလဲ ဆိုတာ မစိုးရိမ္ရေတာ့တဲ့ ဘဝေပါ့" လို႔ ကြတ္ခ္က ေျပာပါတယ္။

ေတာင္ကိုရီးယားကို ေရာက္လာခဲ့အၿပီးမွာ ဘက္ေျပာင္းလာတဲ့ တျခား ေျမာက္ကိုရီးယား ေတြလိုပဲ ဘဝသစ္ တည္ေဆာက္ဖို႔ ကြတ္ခ္ စလုပ္ခဲ့ပါတယ္။ အဲဒီအခါ ကံအလွည့္အေျပာင္းေၾကာင့္ ကိုရီးယား ႐ုပ္ရွင္ေလာကထဲ ဝင္လာဖို႔ ျဖစ္လာခဲ့ပါတယ္။

ႏိုင္ငံဘက္ေျပာင္း ခိုလႈံလာသူ ဘဝကေန ႐ုပ္ရွင္ အႀကံေပး ဘဝကို ေရာက္လာ

စစ္ထဲ မဝင္ခင္တုန္းက ကြတ္ခ္ ဟာ ႐ုပ္ရွင္ပညာအေၾကာင္း သင္ယူခဲ့ဖူးပါတယ္။ ၁၉၈၀ ျပည့္လြန္ႏွစ္ပိုင္းေတြတုန္းက အႏုပညာကို ခ်စ္ျမတ္ႏိုး ဝါသနာပါတဲ့ ႏိုင္ငံေခါင္းေဆာင္ ကင္မ္ ဂ်ဳန္ အီးလ္ ေၾကာင့္ ေျမာက္ကိုရီးယားမွာ ႐ုပ္ရွင္လုပ္ငန္း အႀကီးအက်ယ္ ေရပန္းစား ေအာင္ျမင္ခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက ကြတ္ခ္က တကၠသိုလ္ တက္ဖို႔ ေလွ်ာက္ေတာ့ ၿပဳံယမ္း ဒရာမာနဲ႔ ႐ုပ္ရွင္အႏုပညာ တကၠသိုလ္က ႐ုပ္ရွင္႐ိုက္ကူးေရး သင္တန္း အတြက္ သူ႔ကို လက္ခံခဲ့ပါတယ္။
ယဥ္ေက်းမႈခ်င္း မတူေပမဲ့ သူတို႔ႏွစ္ေယာက္ မခ်စ္ဘဲ မေနႏိုင္ခဲ့ၾကပါဘူး။
ေတာင္ကိုရီးယားကို ကြတ္ခ္ ေရာက္လာၿပီးၿပီးခ်င္းမွာပဲ ေျမာက္ကိုရီးယားအေၾကာင္း ႐ုပ္ရွင္ပေရာဂ်က္ တစ္ခု လုပ္ေနတဲ့ နာမည္ႀကီး ႐ုပ္ရွင္ဒါ႐ိုက္တာ တစ္ေယာက္က ေတာင္ကိုရီးယား ေထာက္လွမ္းေရး အဖြဲ႕ကို အႀကံဉာဏ္ လွမ္းေတာင္းပါတယ္။

အဲဒီအခ်ိန္မွာ ဘက္ေျပာင္း ခိုလႈံလာသူေတြကို လုပ္ေလ့လုပ္ထ ရွိတဲ့အတိုင္း ကြတ္ခ္ကို စစ္ေဆး ေမးျမန္းတာေတြ လုပ္ၿပီးခါစပါ။ စစ္ေဆးေမးျမန္းမႈေတြအတြင္း ကြတ္ခ္က သူရဲ႕ ႐ုပ္ရွင္ပညာ ကြၽမ္းက်င္မႈ အေၾကာင္း ေျပာျပခဲ့ပါတယ္။

ေတာင္ကိုရီးယား ေထာက္လွမ္းေရးအဖြဲ႕က ကြတ္ခ္ကို အဲဒီ ႐ုပ္ရွင္ဒါ႐ိုက္တာနဲ႔ ခ်ိတ္ေပးလိုက္ပါတယ္။ ဒါ႐ိုက္တာက သူ႔႐ုပ္ရွင္ကုမၸဏီမွာ အလုပ္ေပးေတာ့ ကြတ္ခ္က ခ်က္ခ်င္းပဲ လက္ခံလိုက္ပါတယ္။

အဲဒီေနာက္ ႐ုပ္ရွင္ကားေတြ ဒရာမာဇာတ္လမ္းေတြ အေတာ္မ်ားမ်ားမွာ အႀကံေပး၊ ဇာတ္ၫႊန္းေရး အျဖစ္ လုပ္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္း တစ္ဦးက Crash Landing on You ဒရာမာဇာတ္လမ္းရဲ႕ ဇာတ္ၫႊန္းအဖြဲ႕ ေခါင္းေဆာင္ ပါ့က္ ဂ်ီအြန္းနဲ႔ ကြတ္ခ္ ကို မိတ္ဆက္ေပးခဲ့ပါတယ္။

ပါ့က္ ဂ်ီအြန္းက ေျမာက္ကိုရီယား စစ္ဗိုလ္တစ္ဦးနဲ႔ ေတာင္ကိုရီးယား သူေဌးသမီးတဦးရဲ႕ အခ်စ္ဟာသ ဇာတ္လမ္း တစ္ခု ႐ိုက္ဖို႔ စိတ္ကူးထားတာပါ။ ဒါေပမဲ့ သူ႔မွာ ေျမာက္ကိုရီးယားေတြရဲ႕ ဘဝအေၾကာင္း ထဲထဲဝင္ဝင္ မသိထားလို႔ အၾကပ္႐ိုက္ေနတာပါ။

သူ႔ရဲ႕ ဇာတ္ၫႊန္းအဖြဲ႕ထဲ ကြတ္ခ္ ဝင္လာၿပီးတဲ့ေနာက္မွာေတာ့ Crash Landing on You ဇာတ္လမ္းကို စ႐ိုက္ၾကပါေတာ့တယ္။

႐ုပ္ဖ်က္ထားတဲ့ ေထာက္လွမ္းေရးေတြ၊ အိမ္ေျခမဲ့ ကေလးငယ္ေတြ

Crash Landing on You ဇာတ္လမ္းတြဲဟာ ေတာင္ကိုရီးယား စီးပြားေရးလုပ္ငန္းရွင္ သူေဌးသမီး ယြန္း ဆယ္ရီ နဲ႔ ေျမာက္ကိုရီးယား စစ္ဗိုလ္ႀကီး ရီ ေဂ်ာင္ဟြတ္တို႔ရဲ႕ အခ်စ္ဇာတ္လမ္း အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ၿပီး ကိုရီးယား ဒရာမာ ဇာတ္လမ္းတြဲေတြထဲမွာ အေအာင္ျမင္ဆုံး တစ္ခု ျဖစ္လာခဲ့ပါတယ္။

တစ္ေန႔မွာ ေလထီးစီးေနရင္း မထင္မွတ္ဘဲ ေလျပင္းတိုက္လိုက္တဲ့အတြက္ နယ္စပ္ကို ေက်ာ္ၿပီး ေျမာက္ကိုရီးယား ပိုင္နက္ထဲ ဆယ္ရီ က်သြားခဲ့ပါတယ္။ အဲဒီမွာ ႐ုပ္ရည္ ခန္႔ညားေခ်ာေမာတဲ့ ဗိုလ္ႀကီး ရီ ေဂ်ာင္ဟြတ္ က သူ႔ကို ကယ္ခဲ့ၿပီး အာဏာပိုင္ေတြ လက္ထဲ လႊဲေပးရမယ့္အစား လုံၿခဳံတဲ့ ေနရာတစ္ခုမွာ ဖြက္ထားေပးဖို႔ သေဘာတူခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ ေမတၱာ သက္ဝင္သြားခဲ့ၾကပါတယ္။

ေျမာက္ကိုရီးယား စစ္အရာရွိေတြ ဘယ္လို လႈပ္ရွား ေဆာင္႐ြက္ၾကသလဲ ဆိုတာကို အတြင္းက်က် သိထားတဲ့ ကြတ္ခ္ရဲ႕ အႀကံေပးခ်က္ေတြေၾကာင့္ ဒီဇာတ္လမ္းကို အျပင္ကနဲ႔တူေအာင္ ပုံစံခ် ႐ိုက္ကူးႏိုင္ခဲ့ၾကပါတယ္။

ဥပမာ ဆယ္ရီ ပုန္းေနတဲ့ ႐ြာကို ေထာက္လွမ္းေရး ရဲေတြ ေရာက္လာတဲ့ ဇာတ္ကြက္ထဲမွာဆိုရင္ ဆယ္ရီဟာ တပ္မ ၁၁ က ေထာက္လွမ္းေရးမယ္ တစ္ဦး ျဖစ္တယ္လို႔ ရီေဂ်ာင္ဟြတ္ က ခ်က္ခ်င္း ေျပာလိုက္တာမ်ိဳးပါ။

အဲဒီအတြက္ ဆယ္ရီရဲ႕ စကားေျပာသံက ေတာင္ပိုင္းသံ ထြက္ေနတာ၊ သူ႔မွာ မွတ္ပုံတင္ အေထာက္အထားမရွိတာ၊ သူ႔ပုံစံက တျခားသူေတြနဲ႔ ကြဲျပားေနတာ စတဲ့ ေမးခြန္းထုတ္စရာေတြအားလုံး ေျပလည္သြားခဲ့ပါတယ္။ သူ႔အေၾကာင္း လုံၿခဳံေရး နဲ႔ပတ္သက္တဲ့ ေမးခြန္းေတြကို ျပန္ေျဖဖို႔ ျငင္းဆန္ႏိုင္ခဲ့သလို ႐ြာထဲမွာလည္း တျခားလူေတြနဲ႔ လြတ္လြတ္လပ္လပ္ ေရာေႏွာေနႏိုင္တဲ့ ဇာတ္႐ုပ္ကို ဖန္တီးႏိုင္ခဲ့ပါတယ္။
 ေျမာက္ကိုရီးယား ႐ြာခံ အမ်ိဳးသမီးေတြနဲ႔ ဆယ္ရီ ေရာေႏွာ ေနႏိုင္ခြင့္ရ
အတြင္းက်က် သိထားတဲ့ ကြတ္ခ္ေၾကာင့္ အဲဒီဇာတ္လမ္းတြဲ တေလွ်ာက္လုံးမွာ ေျမာက္ကိုရီးယားေတြရဲ႕ စ႐ိုက္ကို ပုံေဖာ္ ႐ိုက္ကူးျပႏိုင္ခဲ့ပါတယ္။

မီးပ်က္သြားတဲ့အတြက္ ရထားေတြ ႐ုတ္တရက္ ရပ္သြားတာမ်ိဳး၊ လမ္းမေတြေပၚမွာ အိမ္ေျခမဲ့ ကေလးေတြ က်က္စားေနတာမ်ိဳး၊ ေရခဲေသတၱာေတြထဲမွာ အစားအေသာက္အစား စာအုပ္ေတြ၊ အဝတ္အစားေတြ ထည့္ထားတာမ်ိဳးေတြကို ေတြ႕ရမွာပါ။

ဒါ့အျပင္ ေျမာက္နဲ႔ေတာင္ က ေနာက္စုံတြဲ တစ္တြဲ ျဖစ္တဲ့ ဂူ ေဆာင္ဂြၽန္း နဲ႔ ဆီယို တို႔ ရဲ႕ အခ်စ္ဇာတ္လမ္းကို ဖန္တီးရာမွာလည္း ကြတ္ခ္က ဇာတ္ၫႊန္းကူေရးေပးခဲ့ပါတယ္။

ဆယ္ရီရဲ႕ အစ္ကိုဆီက ေငြေတြအမ်ားႀကီး အလြဲသုံးစား လုပ္ခဲ့တဲ့ ေဆာင္ဂြၽန္း ထြက္ေျပး တိမ္းေရွာင္ခဲ့ရၿပီး ေျမာက္ကိုရီးယားဘက္မွာ ခိုလႈံဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ရာဇဝတ္သမားေတြက ေငြေတြ ပုံေပးရင္ ေျမာက္ကိုရီးယားက အကာအကြယ္ ေပးတယ္ ဆိုတာ ဟုတ္သလား လို႔ ေမးၾကည့္ေတာ့ ကြတ္ခ္ က "ဒါက ယုံႏိုင္ေလာက္စရာ ရွိပါတယ္။ ဒီေလာက္ပဲ ေျပာပါရေစ" လို႔ ဆိုပါတယ္။

ဘက္ေျပာင္း ခိုလႈံခဲ့သူေတြဆီက ခ်ီးက်ဴးစကား

တခ်ိဳ႕ကေတာ့ Crash Landing on You ဇာတ္လမ္းတြဲဟာ ေျမာက္ကိုရီးယားကို အမႊန္းတင္ၿပီး ႐ိုက္ကူးထားတယ္လို႔ စြပ္စြဲခဲ့ပါတယ္။ ဥပမာ ႐ြာသားေတြမွာ အစားအေသာက္ေတြ တပုံႀကီး ရွိေနတာ ေတြ႕ရေပမဲ့ တကယ့္ လက္ေတြ႕ဘဝမွာေတာ့ ေျမာက္ကိုရီးယားမွာ စားနပ္ရိကၡာ ျပတ္လပ္မႈဟာ အၿမဲႀကဳံေနရတဲ့ ျပႆနာ ျဖစ္ပါတယ္။

ဒါေပမဲ့ ဒီလို ကြဲျပားတဲ့ အေသးစိတ္ ဇာတ္ကြက္ေတြကို ေတာင္ကိုရီးယား လူမ်ိဳးေတြ သိပ္မၾကည့္ဖူးၾကသလို ဒီဇာတ္လမ္းတြဲေၾကာင့္ ဘက္ေျပာင္းခိုလႈံသူေတြအတြက္ဆို ပိုေတာင္ စိတ္လႈပ္ရွားစရာေတြ ျဖစ္ခဲ့ၾကပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္မွာ ေတာင္ကိုရီးယားႏိုင္ငံကို ဘက္ေျပာင္း ခိုလႈံလာခဲ့သူ ခြၽန္ ဟိုဂ်င္း က ဒီဇာတ္လမ္းတြဲဟာ သိပ္လက္ေတြ႕ မဆန္လွေပမဲ့ သူ႔စိတ္ဝင္စားမႈကို ေလ်ာ့မသြားေစဘူးလို႔ ေျပာပါတယ္။

အခု သူ႔မိသားစု အားလုံးနီးပါး ေတာင္ကိုရီးယားဘက္ေရာက္ေနၿပီဆိုေတာ့ ဒီဇာတ္လမ္းက သူ႔တို႔အၾကားမွာ အပတ္တိုင္း ေျပာစရာ ျဖစ္လာပါတယ္။
ဇာတ္လမ္းတြဲထဲမွာ ပါတဲ့ အဓိက သ႐ုပ္ေဆာင္ ႏွစ္ဦးဟာ ေတာင္ကိုရီးယားမွာ ေက်ာ္ၾကားတဲ့ အႏုပညာရွင္ေတြပါ။
"ဇာတ္လမ္းလာတိုင္း ကြၽန္မတို႔ တစ္ေယာက္ကို တစ္ေယာက္ ဖုန္းေခၚၾကၿပီး ဇာတ္လမ္းအေၾကာင္း ေျပာျဖစ္ၾကတယ္"လို႔ သူက ေျပာပါတယ္။

"အဲဒီကားေၾကာင့္ ေျမာက္ကိုရီးယားအေၾကာင္း လူေတြ စိတ္ဝင္စားလာခဲ့တယ္။ သူငယ္ခ်င္းေတြက ေျမာက္ကိုရီးယားအေၾကာင္း ဝိုင္းေမးလာၾကေတာ့ အရမ္း ေပ်ာ္တာေပါ့"

ဒါ့အျပင္ ေျမာက္ကိုရီးယားကေန ဘက္ေျပာင္းလာတဲ့ လူေတြအတြက္ ကူညီေဆာင္႐ြက္ေပးေနတဲ့ ပရဟိတ အဖြဲ႕တစ္ဖြဲ႕က ဆိုကီးလ္ ပါ့ခ္ တို႔လို လူေတြဆီကလည္း ခ်ီးက်ဴးသံေတြ ထြက္ေပၚခဲ့ပါတယ္။

"ဒီဇာတ္လမ္းဟာ ေျမာက္ကိုရီးယား အသိုင္းအဝိုင္းအေၾကာင္း ရႈေထာင့္မ်ိဳးစုံကေန အေသအခ်ာ ေလ့လာ ဆန္းစစ္ၿပီး ႐ိုက္ကူးထားတာ ျဖစ္တဲ့အတြက္ ခုခ်ိန္ထိ ထြက္ဖူးခဲ့သမွ် ေျမာက္ကိုရီးယား အသိုင္းအဝိုင္းအေၾကာင္း ႐ုပ္ရွင္ကား ဒါမွမဟုတ္ ဇာတ္လမ္းတြဲေတြထဲမွာ ဒါဟာ အေပၚလြင္ဆုံး ႐ိုက္ကူးႏိုင္တဲ့ ကားျဖစ္ပါတယ္" လို႔ သူက ဘီဘီစီကို ေျပာပါတယ္။

"ဒီဇာတ္လမ္းတြဲထဲမွာ မလိုအပ္ဘဲ ေဝဖန္တာမ်ိဳးေတြ မလုပ္ဘဲ ေျမာက္ကိုရီးယား အသိုင္းအဝိုင္းအေၾကာင္း ရႈေထာင့္ မ်ိဳးစုံကေန ေပၚလြင္ေအာင္ ႐ိုက္ျပထားႏိုင္တာက အျမင္ဆန္းေနပါတယ္။ ေျမာက္ကိုရီးယား လူမ်ိဳးေတြဟာ နားလည္ရခက္တဲ့ သူေတြ ျဖစ္ေပမဲ့ ယဥ္ေက်းမႈခ်င္း မတူတဲ့ သူေတြနဲ႔ေတာင္ ဆက္ႏႊယ္ ပတ္သက္ႏိုင္တယ္၊ ခ်စ္လာႏိုင္တယ္ ဆိုတာကို ဒီဇာတ္လမ္းတြဲက ျပေနပါတယ္" လို႔ သူက ေျပာပါတယ္။

ေျမာက္ကိုရီးယား လူမ်ိဳးေတြ အထူးသျဖင့္ လူငယ္ေတြဟာ ေတာင္ကိုရီးယား ဒရာမာဇာတ္လမ္း ဝါသနာအိုးေတြ ျဖစ္ၿပီး Crash Landing on You ဇာတ္လမ္းတြဲထဲမွာ ပါသလို ေတာင္ကိုရီးယား ႐ုပ္ရွင္ကားေတြ ဒရာမာဇာတ္လမ္းတြဲေတြ အမ်ားႀကီး ေျမာက္ကိုရီးယားႏိုင္ငံထဲ ခိုးသြင္းေလ့ ရွိပါတယ္။

ဒီဇာတ္လမ္းတြဲကို ေျမာက္ကိုရီးယားဘက္က လူေတြ ၾကည့္တယ္လို႔ မၾကားဖူးေသးဘူးလို႔ ကြတ္ခ္က ေျပာပါတယ္။

"ၾကည့္ၿပီးရင္ သူတို႔ ႀကိဳက္မွာ ေသခ်ာတယ္။ အဲဒါ သူတို႔ ဇာတ္လမ္း၊ သူတို႔ အေၾကာင္းပဲေလ"

ၿပီးေတာ့ "ဟြန္ဘင္းလို ခပ္ေခ်ာေခ်ာ လူတစ္ေယာက္က ေျမာက္ကိုရီးယားက လူတစ္ေယာက္လို သ႐ုပ္ေဆာင္ေတာ့ အထူးသျဖင့္ ေျမာက္ဘက္က ေယာက္်ားေလးေတြ သေဘာက်ၾကမယ္ ထင္တယ္"လို႔ သူက ၿပဳံးၿပဳံးႀကီးနဲ႔ ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
Crash Landing on You - မြောက်ကိုရီးယား ဗိုလ်ကြီးဇာတ်လမ်းကို ပုံဖော်ပေးခဲ့သူ

 
ဓာတ်ပုံ မူပိုင် CJ ENM
Image caption တောင်ကိုရီးယား သူဌေးသမီးနဲ့ မြောက်ကိုရီးယား ဗိုလ်ကြီးတို့ရဲ့ အချစ်ဇာတ်လမ်း

လေထီးစီးလာတဲ့ တောင်ကိုရီးယား သူဌေးသမီး တစ်ဦး မြောက်ကိုရီးယားနိုင်ငံ ပိုင်နက်ထဲ မတော်တဆ ကျသွားခဲ့ရာကနေ မြောက်ကိုရီးယား ဗိုလ်ကြီးတစ်ဦးနဲ့ ဆုံတွေ့ ချစ်မိခဲ့တဲ့ အချစ်ဇာတ်လမ်းတွဲ တစ်ခုဟာ လူတွေအကြား အခုနောက်ဆုံး ရေပန်းအစားဆုံး ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲ ဖြစ်နေပါတယ်။

အဲဒီ Crash Landing on You ဇာတ်လမ်းဟာ တခြား ကိုရီးယား ဒရာမာ အချစ် ဇာတ်လမ်းတွေထဲက အလားတူ ဇာတ်လမ်း တပုဒ် ဖြစ်ပေမဲ့ မြောက်ကိုရီးယားနိုင်ငံ အကြောင်း အသေအချာ လေ့လာပြီး ကွက်ကွက်ကွင်းကွင်း ပုံဖော် ရိုက်ကူးနိုင်ခဲ့တဲ့အတွက် သောင်းသောင်းဖျဖျ အားပေး ချီးကျူး ခံခဲ့ရပါတယ်။ ဒါဟာ ဒီဇာတ်လမ်းတွဲ ဇာတ်ညွှန်းရေးတဲ့ အဖွဲ့ထဲမှာ မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်း ခိုလှုံလာတဲ့ ဗိုလ်ကြီးဟောင်း တစ်ဦး ပါနေလို့ ဖြစ်တယ်လို့ ဘီဘီစီ ကိုရီးယားဌာနက ဆူဘင် ကင်မ် က ရှင်းပြပါတယ်။

ပုခုံးကျယ်ကျယ် ဗလတောင့်တောင့်နဲ့ အဲဒီ ဗိုလ်ကြီးဟောင်း ကွတ်ခ် မွန်းဝန် မှာ ကိုယ်ရံတော် ဗိုလ်ကြီးတစ်ဦး ရှိရမယ့် သွင်ပြင်လက္ခဏာတွေ အားလုံး တွေ့နိုင်ပါတယ်။

ဒါကလည်း ကွတ်ခ်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ရဲ့ မိသားစုကို ကာကွယ် စောင့်ရှောက်နေတဲ့ အထူးလုံခြုံရေးအဖွဲ့ မှာ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးလို့ ဖြစ်ပါလိမ့်မယ်။

သူ့ကို ယုံကြည်စိတ်ချလွန်းတဲ့အတွက် ပြည်ပမှာ သွားအလုပ်လုပ်ဖို့ မြောက်ကိုရီးယား အစိုးရက စေလွှတ်ခဲ့ပါတယ်။ မြောက်ကိုရီးယား အရမ်းလိုအပ်နေတဲ့ နိုင်ငံခြားငွေတွေကို ရှာပေးနေတဲ့ မော်စကို အခြေစိုက် မြောက်ကိုရီးယား ကုန်သွယ်ရေးကုမ္ပဏီ တစ်ခုမှာပါ။

နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ဆက်သစ္စာရှိနိုင်မယ့်သူတွေကို မြောက်ကိုရီးယား အစိုးရက အသေအချာ စိစစ်ပြီး အနည်းအပါးလောက်ကိုပဲ ပြည်ပမှာ သွားအလုပ်လုပ်ခွင့် ပြုလေ့ ရှိတာ ဖြစ်ပါတယ်။

ပြည်ပမှာ သွားအလုပ်လုပ်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ ကွတ်ခ်ဟာ သူ့ဇနီးနဲ့ သားကို မြောက်ကိုရီးယားနိုင်ငံထဲမှာ ထားခဲ့ရပါတယ်။
ဓာတ်ပုံ မူပိုင် Kwak Moon-wan
Image caption မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံလာတဲ့ ကွက်ခ် မွန်းဝန် ပြုံယမ်းမြို့မှာ ရုပ်ရှင်ရိုက်ကူရေးပညာ သင်ယူခဲ့

၂၀၀၄ ခုနှစ်မှာတော့ သူ့ကို ပြုံယမ်းကို ပြန်လာဖို့ ညွှန်ကြားခဲ့ပါတယ်။ ဘေဂျင်းမှာ လေယာဉ် ခရီးတထောက် နားနေတုန်းမှာပဲ သတင်းဆိုး ကြားလိုက်ရပါတယ်။ မော်စကိုမှာတုန်းက ကိုယ့်အချင်းချင်းကြား သူပြောခဲ့တဲ့ စကားတွေကို သူ့သူငယ်ချင်းက သူ့အထက် အကြီးအကဲတွေကို ပြန်သတင်းပို့ခဲ့တယ် ဆိုတဲ့ အကြောင်းပါပဲ။

သူပြောမိတဲ့ စကားတွေကြောင့် မြောက်ကိုရီးယား ပြန်ရောက်ရင် သူအကြီးအကျယ် ဒုက္ခရောက်တော့မယ် ဆိုတာကို ကွတ်ခ် ချက်ချင်း သဘောပေါက်မိပါတယ်။

ဒီအကြောင်းကို ဆိုးလ်မြို့က ကော်ဖီဆိုင်မှာ ဘီဘီစီ သတင်းထောက် ဆူဘင် ကို ပြောပြနေစဉ်မှာ ကွတ်ခ်က အနားမှာ ဘယ်သူတွေ ရှိနိုင်သလဲ ဆိုတာကို တချိန်လုံး ကြည့်နေခဲ့ပါတယ်။ သူ့သူငယ်ချင်းကို သူဘာတွေ ပြောခဲ့သလဲ ဆိုတာကိုတော့ ကွတ်ခ်က အသေးစိတ် ပြန်မပြောပြခဲ့ပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့ မိသားစုဝင်တွေကို သူကိုယ်ရံတော် လုပ်နေတုန်း သူမြင်တွေ့ခဲ့တဲ့ အကြောင်းတွေကို သူငယ်ချင်းတွေကို ပြောမိခဲ့တာလို့ပဲ ဆိုပါတယ်။

ဒီတော့ သူ တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့မိသားစု မပါဘဲ သူ့တစ်ယောက်တည်းပါ။ အဲဒီအချိန်ကစလို့ တောင်ကိုရီးယားမှာ တကိုယ်တည်း သူနေလာခဲ့တာပါ။

"တောင်ကိုရီးယားမှာ နေရတဲ့ ဘဝကတော့ မနက်မိုးလင်းလာတာနဲ့ ကိုယ့်နောက်မှာ အရိပ်လို ဘယ်သူတွေ လိုက်လာမလဲ ဆိုတာ မစိုးရိမ်ရတော့တဲ့ ဘဝပေါ့" လို့ ကွတ်ခ်က ပြောပါတယ်။

တောင်ကိုရီးယားကို ရောက်လာခဲ့အပြီးမှာ ဘက်ပြောင်းလာတဲ့ တခြား မြောက်ကိုရီးယား တွေလိုပဲ ဘဝသစ် တည်ဆောက်ဖို့ ကွတ်ခ် စလုပ်ခဲ့ပါတယ်။ အဲဒီအခါ ကံအလှည့်အပြောင်းကြောင့် ကိုရီးယား ရုပ်ရှင်လောကထဲ ဝင်လာဖို့ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံဘက်ပြောင်း ခိုလှုံလာသူ ဘဝကနေ ရုပ်ရှင် အကြံပေး ဘဝကို ရောက်လာ

စစ်ထဲ မဝင်ခင်တုန်းက ကွတ်ခ် ဟာ ရုပ်ရှင်ပညာအကြောင်း သင်ယူခဲ့ဖူးပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်ပိုင်းတွေတုန်းက အနုပညာကို ချစ်မြတ်နိုး ဝါသနာပါတဲ့ နိုင်ငံခေါင်းဆောင် ကင်မ် ဂျုန် အီးလ် ကြောင့် မြောက်ကိုရီးယားမှာ ရုပ်ရှင်လုပ်ငန်း အကြီးအကျယ် ရေပန်းစား အောင်မြင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကွတ်ခ်က တက္ကသိုလ် တက်ဖို့ လျှောက်တော့ ပြုံယမ်း ဒရာမာနဲ့ ရုပ်ရှင်အနုပညာ တက္ကသိုလ်က ရုပ်ရှင်ရိုက်ကူးရေး သင်တန်း အတွက် သူ့ကို လက်ခံခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် CJ ENM
Image caption ယဉ်ကျေးမှုချင်း မတူပေမဲ့ သူတို့နှစ်ယောက် မချစ်ဘဲ မနေနိုင်ခဲ့ကြပါဘူး။

တောင်ကိုရီးယားကို ကွတ်ခ် ရောက်လာပြီးပြီးချင်းမှာပဲ မြောက်ကိုရီးယားအကြောင်း ရုပ်ရှင်ပရောဂျက် တစ်ခု လုပ်နေတဲ့ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်က တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့ကို အကြံဉာဏ် လှမ်းတောင်းပါတယ်။

အဲဒီအချိန်မှာ ဘက်ပြောင်း ခိုလှုံလာသူတွေကို လုပ်လေ့လုပ်ထ ရှိတဲ့အတိုင်း ကွတ်ခ်ကို စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီးခါစပါ။ စစ်ဆေးမေးမြန်းမှုတွေအတွင်း ကွတ်ခ်က သူရဲ့ ရုပ်ရှင်ပညာ ကျွမ်းကျင်မှု အကြောင်း ပြောပြခဲ့ပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ကွတ်ခ်ကို အဲဒီ ရုပ်ရှင်ဒါရိုက်တာနဲ့ ချိတ်ပေးလိုက်ပါတယ်။ ဒါရိုက်တာက သူ့ရုပ်ရှင်ကုမ္ပဏီမှာ အလုပ်ပေးတော့ ကွတ်ခ်က ချက်ချင်းပဲ လက်ခံလိုက်ပါတယ်။

အဲဒီနောက် ရုပ်ရှင်ကားတွေ ဒရာမာဇာတ်လမ်းတွေ အတော်များများမှာ အကြံပေး၊ ဇာတ်ညွှန်းရေး အဖြစ် လုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးက Crash Landing on You ဒရာမာဇာတ်လမ်းရဲ့ ဇာတ်ညွှန်းအဖွဲ့ ခေါင်းဆောင် ပါ့က် ဂျီအွန်းနဲ့ ကွတ်ခ် ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ပါ့က် ဂျီအွန်းက မြောက်ကိုရီယား စစ်ဗိုလ်တစ်ဦးနဲ့ တောင်ကိုရီးယား သူဌေးသမီးတဦးရဲ့ အချစ်ဟာသ ဇာတ်လမ်း တစ်ခု ရိုက်ဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ သူ့မှာ မြောက်ကိုရီးယားတွေရဲ့ ဘဝအကြောင်း ထဲထဲဝင်ဝင် မသိထားလို့ အကြပ်ရိုက်နေတာပါ။

သူ့ရဲ့ ဇာတ်ညွှန်းအဖွဲ့ထဲ ကွတ်ခ် ဝင်လာပြီးတဲ့နောက်မှာတော့ Crash Landing on You ဇာတ်လမ်းကို စရိုက်ကြပါတော့တယ်။

ရုပ်ဖျက်ထားတဲ့ ထောက်လှမ်းရေးတွေ၊ အိမ်ခြေမဲ့ ကလေးငယ်တွေ

Crash Landing on You ဇာတ်လမ်းတွဲဟာ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင် သူဌေးသမီး ယွန်း ဆယ်ရီ နဲ့ မြောက်ကိုရီးယား စစ်ဗိုလ်ကြီး ရီ ဂျောင်ဟွတ်တို့ရဲ့ အချစ်ဇာတ်လမ်း အကြောင်း ရိုက်ကူးထားတာ ဖြစ်ပြီး ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲတွေထဲမှာ အအောင်မြင်ဆုံး တစ်ခု ဖြစ်လာခဲ့ပါတယ်။

တစ်နေ့မှာ လေထီးစီးနေရင်း မထင်မှတ်ဘဲ လေပြင်းတိုက်လိုက်တဲ့အတွက် နယ်စပ်ကို ကျော်ပြီး မြောက်ကိုရီးယား ပိုင်နက်ထဲ ဆယ်ရီ ကျသွားခဲ့ပါတယ်။ အဲဒီမှာ ရုပ်ရည် ခန့်ညားချောမောတဲ့ ဗိုလ်ကြီး ရီ ဂျောင်ဟွတ် က သူ့ကို ကယ်ခဲ့ပြီး အာဏာပိုင်တွေ လက်ထဲ လွှဲပေးရမယ့်အစား လုံခြုံတဲ့ နေရာတစ်ခုမှာ ဖွက်ထားပေးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် မေတ္တာ သက်ဝင်သွားခဲ့ကြပါတယ်။

မြောက်ကိုရီးယား စစ်အရာရှိတွေ ဘယ်လို လှုပ်ရှား ဆောင်ရွက်ကြသလဲ ဆိုတာကို အတွင်းကျကျ သိထားတဲ့ ကွတ်ခ်ရဲ့ အကြံပေးချက်တွေကြောင့် ဒီဇာတ်လမ်းကို အပြင်ကနဲ့တူအောင် ပုံစံချ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။

ဥပမာ ဆယ်ရီ ပုန်းနေတဲ့ ရွာကို ထောက်လှမ်းရေး ရဲတွေ ရောက်လာတဲ့ ဇာတ်ကွက်ထဲမှာဆိုရင် ဆယ်ရီဟာ တပ်မ ၁၁ က ထောက်လှမ်းရေးမယ် တစ်ဦး ဖြစ်တယ်လို့ ရီဂျောင်ဟွတ် က ချက်ချင်း ပြောလိုက်တာမျိုးပါ။

အဲဒီအတွက် ဆယ်ရီရဲ့ စကားပြောသံက တောင်ပိုင်းသံ ထွက်နေတာ၊ သူ့မှာ မှတ်ပုံတင် အထောက်အထားမရှိတာ၊ သူ့ပုံစံက တခြားသူတွေနဲ့ ကွဲပြားနေတာ စတဲ့ မေးခွန်းထုတ်စရာတွေအားလုံး ပြေလည်သွားခဲ့ပါတယ်။ သူ့အကြောင်း လုံခြုံရေး နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ပြန်ဖြေဖို့ ငြင်းဆန်နိုင်ခဲ့သလို ရွာထဲမှာလည်း တခြားလူတွေနဲ့ လွတ်လွတ်လပ်လပ် ရောနှောနေနိုင်တဲ့ ဇာတ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CJ ENM
Image caption မြောက်ကိုရီးယား ရွာခံ အမျိုးသမီးတွေနဲ့ ဆယ်ရီ ရောနှော နေနိုင်ခွင့်ရ

အတွင်းကျကျ သိထားတဲ့ ကွတ်ခ်ကြောင့် အဲဒီဇာတ်လမ်းတွဲ တလျှောက်လုံးမှာ မြောက်ကိုရီးယားတွေရဲ့ စရိုက်ကို ပုံဖော် ရိုက်ကူးပြနိုင်ခဲ့ပါတယ်။

မီးပျက်သွားတဲ့အတွက် ရထားတွေ ရုတ်တရက် ရပ်သွားတာမျိုး၊ လမ်းမတွေပေါ်မှာ အိမ်ခြေမဲ့ ကလေးတွေ ကျက်စားနေတာမျိုး၊ ရေခဲသေတ္တာတွေထဲမှာ အစားအသောက်အစား စာအုပ်တွေ၊ အဝတ်အစားတွေ ထည့်ထားတာမျိုးတွေကို တွေ့ရမှာပါ။

ဒါ့အပြင် မြောက်နဲ့တောင် က နောက်စုံတွဲ တစ်တွဲ ဖြစ်တဲ့ ဂူ ဆောင်ဂျွန်း နဲ့ ဆီယို တို့ ရဲ့ အချစ်ဇာတ်လမ်းကို ဖန်တီးရာမှာလည်း ကွတ်ခ်က ဇာတ်ညွှန်းကူရေးပေးခဲ့ပါတယ်။

ဆယ်ရီရဲ့ အစ်ကိုဆီက ငွေတွေအများကြီး အလွဲသုံးစား လုပ်ခဲ့တဲ့ ဆောင်ဂျွန်း ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး မြောက်ကိုရီးယားဘက်မှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာပါ။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရာဇဝတ်သမားတွေက ငွေတွေ ပုံပေးရင် မြောက်ကိုရီးယားက အကာအကွယ် ပေးတယ် ဆိုတာ ဟုတ်သလား လို့ မေးကြည့်တော့ ကွတ်ခ် က "ဒါက ယုံနိုင်လောက်စရာ ရှိပါတယ်။ ဒီလောက်ပဲ ပြောပါရစေ" လို့ ဆိုပါတယ်။

ဘက်ပြောင်း ခိုလှုံခဲ့သူတွေဆီက ချီးကျူးစကား

တချို့ကတော့ Crash Landing on You ဇာတ်လမ်းတွဲဟာ မြောက်ကိုရီးယားကို အမွှန်းတင်ပြီး ရိုက်ကူးထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဥပမာ ရွာသားတွေမှာ အစားအသောက်တွေ တပုံကြီး ရှိနေတာ တွေ့ရပေမဲ့ တကယ့် လက်တွေ့ဘဝမှာတော့ မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဟာ အမြဲကြုံနေရတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ကွဲပြားတဲ့ အသေးစိတ် ဇာတ်ကွက်တွေကို တောင်ကိုရီးယား လူမျိုးတွေ သိပ်မကြည့်ဖူးကြသလို ဒီဇာတ်လမ်းတွဲကြောင့် ဘက်ပြောင်းခိုလှုံသူတွေအတွက်ဆို ပိုတောင် စိတ်လှုပ်ရှားစရာတွေ ဖြစ်ခဲ့ကြပါတယ်။

အသက် ၁၉ နှစ်အရွယ်မှာ တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်း ခိုလှုံလာခဲ့သူ ချွန် ဟိုဂျင်း က ဒီဇာတ်လမ်းတွဲဟာ သိပ်လက်တွေ့ မဆန်လှပေမဲ့ သူ့စိတ်ဝင်စားမှုကို လျော့မသွားစေဘူးလို့ ပြောပါတယ်။

အခု သူ့မိသားစု အားလုံးနီးပါး တောင်ကိုရီးယားဘက်ရောက်နေပြီဆိုတော့ ဒီဇာတ်လမ်းက သူ့တို့အကြားမှာ အပတ်တိုင်း ပြောစရာ ဖြစ်လာပါတယ်။
ဓာတ်ပုံ မူပိုင် CJ ENM
Image caption ဇာတ်လမ်းတွဲထဲမှာ ပါတဲ့ အဓိက သရုပ်ဆောင် နှစ်ဦးဟာ တောင်ကိုရီးယားမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေပါ။

"ဇာတ်လမ်းလာတိုင်း ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ဖုန်းခေါ်ကြပြီး ဇာတ်လမ်းအကြောင်း ပြောဖြစ်ကြတယ်"လို့ သူက ပြောပါတယ်။

"အဲဒီကားကြောင့် မြောက်ကိုရီးယားအကြောင်း လူတွေ စိတ်ဝင်စားလာခဲ့တယ်။ သူငယ်ချင်းတွေက မြောက်ကိုရီးယားအကြောင်း ဝိုင်းမေးလာကြတော့ အရမ်း ပျော်တာပေါ့"

ဒါ့အပြင် မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာတဲ့ လူတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အဖွဲ့တစ်ဖွဲ့က ဆိုကီးလ် ပါ့ခ် တို့လို လူတွေဆီကလည်း ချီးကျူးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

"ဒီဇာတ်လမ်းဟာ မြောက်ကိုရီးယား အသိုင်းအဝိုင်းအကြောင်း ရှုထောင့်မျိုးစုံကနေ အသေအချာ လေ့လာ ဆန်းစစ်ပြီး ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ခုချိန်ထိ ထွက်ဖူးခဲ့သမျှ မြောက်ကိုရီးယား အသိုင်းအဝိုင်းအကြောင်း ရုပ်ရှင်ကား ဒါမှမဟုတ် ဇာတ်လမ်းတွဲတွေထဲမှာ ဒါဟာ အပေါ်လွင်ဆုံး ရိုက်ကူးနိုင်တဲ့ ကားဖြစ်ပါတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

"ဒီဇာတ်လမ်းတွဲထဲမှာ မလိုအပ်ဘဲ ဝေဖန်တာမျိုးတွေ မလုပ်ဘဲ မြောက်ကိုရီးယား အသိုင်းအဝိုင်းအကြောင်း ရှုထောင့် မျိုးစုံကနေ ပေါ်လွင်အောင် ရိုက်ပြထားနိုင်တာက အမြင်ဆန်းနေပါတယ်။ မြောက်ကိုရီးယား လူမျိုးတွေဟာ နားလည်ရခက်တဲ့ သူတွေ ဖြစ်ပေမဲ့ ယဉ်ကျေးမှုချင်း မတူတဲ့ သူတွေနဲ့တောင် ဆက်နွှယ် ပတ်သက်နိုင်တယ်၊ ချစ်လာနိုင်တယ် ဆိုတာကို ဒီဇာတ်လမ်းတွဲက ပြနေပါတယ်" လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယား လူမျိုးတွေ အထူးသဖြင့် လူငယ်တွေဟာ တောင်ကိုရီးယား ဒရာမာဇာတ်လမ်း ဝါသနာအိုးတွေ ဖြစ်ပြီး Crash Landing on You ဇာတ်လမ်းတွဲထဲမှာ ပါသလို တောင်ကိုရီးယား ရုပ်ရှင်ကားတွေ ဒရာမာဇာတ်လမ်းတွဲတွေ အများကြီး မြောက်ကိုရီးယားနိုင်ငံထဲ ခိုးသွင်းလေ့ ရှိပါတယ်။

ဒီဇာတ်လမ်းတွဲကို မြောက်ကိုရီးယားဘက်က လူတွေ ကြည့်တယ်လို့ မကြားဖူးသေးဘူးလို့ ကွတ်ခ်က ပြောပါတယ်။

"ကြည့်ပြီးရင် သူတို့ ကြိုက်မှာ သေချာတယ်။ အဲဒါ သူတို့ ဇာတ်လမ်း၊ သူတို့ အကြောင်းပဲလေ"

ပြီးတော့ "ဟွန်ဘင်းလို ခပ်ချောချော လူတစ်ယောက်က မြောက်ကိုရီးယားက လူတစ်ယောက်လို သရုပ်ဆောင်တော့ အထူးသဖြင့် မြောက်ဘက်က ယောက်ျားလေးတွေ သဘောကျကြမယ် ထင်တယ်"လို့ သူက ပြုံးပြုံးကြီးနဲ့ ပြောပါတယ်။

BBC Burmese
https://www.bbc.com
Crash Landing on You - ေျမာက္ကိုရီးယား ဗိုလ္ႀကီးဇာတ္လမ္းကို ပုံေဖာ္ေပးခဲ့သူ Crash Landing on You - ေျမာက္ကိုရီးယား ဗိုလ္ႀကီးဇာတ္လမ္းကို ပုံေဖာ္ေပးခဲ့သူ Reviewed by THITHTOOLWIN on 06:28 Rating: 5
Powered by Blogger.