Covid19-WHO က ကမာၻလုံးဆိုင္ရာကူးစက္ပ်ံ႕ႏွံ႔မႈအျမင့္ဆုံးအဆင့္သို႔ တိုးျမႇင့္သတိေပး

 ေတာင္ကိုရီးယားမွာဒီဗိုင္းရပ္စ္ ေန႔စဥ္ကူးစက္မႈႏႈန္းက ျမန္ဆန္ႀကီးထြားလာေနပါတယ္။
(Zawgyi)⤵⤵⤵
ကိုဗစ္၁၉၊ ကို႐ိုနာဗိုင္းရပ္စ္ လို႔ လူသိမ်ားတဲ့ လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ျမန္မာႏိုင္ငံအတြင္း ကူးစက္ျပန႔္ပြားမႈမျဖစ္ေစဖို႔ ဒီေရာဂါကို တိုင္ၾကားရမယ့္ ကူးစက္ျမန္ေရာဂါအျဖစ္ အစိုးရက ေဖေဖာ္ဝါရီ ၂၈ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

ဒီဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံ႔မႈကို ႀကိဳတင္ကာကြယ္ဖို႔နဲ႔ တုံ႔ျပန္ေဆာင္႐ြက္ျခင္းေတြကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ဖို႔ အခုလို ထုတ္ျပန္တာျဖစ္တယ္လို႔ ဆိုပါတယ္။

ကိုယ့္အနီးပတ္ဝန္းက်င္မွာ ဒါမွမဟုတ္ မိသားစုဝင္တစ္ဦးဦး ေရာဂါသံသယရွိတယ္ဆိုရင္ အာဏာပိုင္ေတြကိုအသိေပးရမွာျဖစ္ၿပီး ပ်က္ကြက္ရင္ ေထာင္ေျခာက္လအထိ က်ခံရႏိုင္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔အထိ ေတာင္ကိုရီးယားႏိုင္ငံမွာ ဒီဗိုင္းရပ္စ္ ကူးစက္သူေပါင္း ၂၉၃၁ ဦးရွိေနၿပီး မေန႔က တစ္ရက္တည္းမွာပဲ ကူးစက္သူအသစ္ ၆၀၀ နီးပါးရွိခဲ့တယ္လို႔ ေတာင္ကိုးရီးယားႏိုင္ငံ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာနက ဆိုပါတယ္။

ေတာင္ကိုရီးယားမွာ ဗိုင္းရပ္စ္ကူးစက္မႈအေျခအေနဟာ ဒီဗိုင္းရပ္စ္ စျပန႔္တဲ့တ႐ုတ္ႏိုင္ငံျပင္ပမွာ အမ်ားဆုံးျဖစ္ေနပါတယ္။ ေသဆုံးသူကေတာ့ ၁၆ ဦးထိရွိလာပါၿပီ။ ေတာင္ကိုရီးယားရဲ႕ ေလးခုေျမာက္အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ေဒဂူၿမိဳ႕က ဘာသာေရးအခမ္းအနားတစ္ခုကေန စတင္ျပန႔္ပြားခဲ့တာလို႔ အစိုးရထုတ္ျပန္ထားၿပီး အဲဒီကူးစက္ခံရတဲ့အသက္ႀကီးပိုင္း အမ်ိဳးသမီးႀကီးဟာ အေစာပိုင္းမွာေဆးကုသမႈခံယူမႈ ျငင္းဆိုခဲ့တယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

လက္ရွိမွာေတာ့ ဒီဘာသာေရးဘုရားေက်ာင္းကို ခ်ိတ္ပိတ္ထားလိုက္ပါၿပီ။

ျမန္မာႏိုင္ငံမွာလည္း ႏိုင္ငံျခားသားေတြအမ်ားဆုံး လာေရာက္တရားအားထုတ္ၾကတဲ့ မြန္ျပည္နယ္၊ေမာ္လၿမိဳင္ၿမိဳ႕က ဖားေအာက္ေတာရတရားစခန္းကလည္း မတ္လ ၃၁ ရက္အထိ ျပည္တြင္းျပည္ပ ဘယ္ေယာဂီမွ လက္မခံေတာ့ဘူးဆိုတဲ့အေၾကာင္း ေဖေဖာ္ဝါရီ ၂၅ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။

အလႉလာလုပ္မယ့္သူေတြအေနနဲ႔လည္း ႏွာေခါင္းစည္းေတြယူလာၿပီး တပ္ထားၾကဖို႔နဲ႔ ပရိသတ္နည္းႏိုင္သမွ် နည္းဖို႔ လည္း သတိေပးထားပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္နဲ႔ ေအာ္ရီဂြန္တို႔မွာလည္း ဒီဗိုင္းရပ္စ္အသစ္ေၾကာင့္ စိုးရိမ္ပူပန္မႈေတြ ရွိေနပါတယ္။

ဗိုင္းရပ္စ္စေတြ႕တဲ့ ဝူဟန္ၿမိဳ႕က ပင္လယ္စာေရာင္းေဈးကို ပိတ္ထားလိုက္ပါၿပီ

ေအာ္ရီဂြန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယေျမာက္ ကူးစက္ခံရသူကိုေတြ႕ရွိခဲ့ၿပီး ဒီလူနာဟာ ေရာဂါျဖစ္ပြားတဲ့ေနရာကို သြားေရာက္ခဲ့ျခင္းမရွိသလို ေရာဂါျဖစ္ပြားသူနဲ႔ ထိေတြ႕ဆက္ဆံခဲ့ျခင္းလည္းမရွိတဲ့အတြက္ အခုလို စိုးရိမ္ပူပန္မႈေတြ ရွိေနတာျဖစ္ပါတယ္။

လူနာကို ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားတာမရွိေပမယ့္ ဒီလူနာဟာ နာတာရွည္ေရာဂါသည္အမ်ိဳးသမီးတစ္ဦးျဖစ္တယ္လို႔ေတာ့ ေျပာၾကားထားပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ေသာၾကာေန႔မွာေနာက္ဆုံးထုတ္ျပန္ထားတဲ့ကိန္းဂဏန္းေတြအရ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေပါင္း ၅၉ ခု ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

အေမရိကန္က်န္းမာေရးဌာနက အမည္မေဖာ္လိုသူတစ္ဦးကေတာ့ အစိုးရဟာ ကနဦးတုန္းက သီးသန႔္ေစာင့္ၾကည့္ရမယ့္လူနာေတြကို ျပဳစုရတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ဒီဗိုင္းရပ္စ္မကူးစက္ေအာင္ လုံၿခဳံစိတ္ခ်ရတဲ့ကာကြယ္ေရးပစၥည္းေတြ စီစဥ္ေပးခဲ့တာမ်ိဳးမရွိသလို လုံၿခဳံေရးဇုန္ထဲကေန လြတ္လြပ္လပ္လပ္ သြားလာထြက္ခြာခြင့္ေတြေပးခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

ဒီစြပ္စြဲခ်က္ေတြကို အေမရိကန္က်န္းမာေရးဌာနအႀကီးအကဲက ျငင္းဆိုထားပါတယ္။

အခုေနာက္ဆုံးအေျခအေနမွာေတာ့ WHOက ဒီဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈႏႈန္းကို ကမာၻလုံးဆိုင္ရာကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္းအျမင့္ဆုံးအထိ တိုးျမႇင့္သတ္မွတ္လိုက္ပါၿပီ။

ကမာၻေပၚက အစိုးရေတြ၊ အဖြဲ႕အစည္းေတြအားလုံးဟာ ဒီဗိုင္းရပ္စ္ ကူးစကမႈႏႈန္းေႏွးေကြးသြားဖို႔၊ ဗိုင္းရပ္စ္ကူးစက္မႈကြင္းဆက္ကို ျဖတ္ေတာက္ႏိုင္ဖို႔ နည္းလမ္းေတြနဲ႔ ခ်ဥ္းကပ္ေဆာင္႐ြက္ၾကဖို႔နဲ႔ ကမာၻတစ္ဝန္းက က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ေတြကို ဖိအားေပးဖို႔ WHO က တိုက္တြန္းပါတယ္။
 WHO ရဲ႕အႀကီးအကဲ ေဒါက္တာ တီထ႐ို႕အထ္ဟာနမ္ကေတာ့ သတင္းမွားေတြကို ေက်ာ္လႊားဖို႔က အႀကီးမားဆုံးစိန္ေခၚမႈျဖစ္ေနတယ္လို႔ ေျပာၾကား

ဒါေပမဲ့ WHO ရဲ႕အႀကီးအကဲ ေဒါက္တာ တီထ႐ို႕အထ္ဟာနမ္ကေတာ့ ဒီဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈထက္ ေၾကာက္လန႔္မႈနဲ႔ သတင္းမွားေတြကို ေက်ာ္လႊားဖို႔က အႀကီးမားဆုံးစိန္ေခၚမႈျဖစ္ေနတယ္လို႔ ေျပာၾကားထားပါတယ္။

လက္ရွိမွာေတာ့ ဒီဗိုင္းရပ္စ္က ကမာၻ႔ႏိုင္ငံေပါင္း ၅၀ ေက်ာ္မွာ ကူးစက္ပ်ံ႕ႏွံေနပါတယ္။

ကူးစက္မႈေပါင္း ၈၃,၆၅၀ မွာ ရွစ္ေသာင္းနီးပါး(၇၈,၉၆၁) က တ႐ုတ္ႏိုင္ငံကျဖစ္ၿပီး ေသဆုံးသူက သုံးေထာင္နီးပါး(၂,၇၉၁) ဦးျဖစ္ပါတယ္။

ဘယ္လာ႐ုစ္၊ လစ္သူေရးနီးယား၊ နယ္သာလန္၊ နယူးဇီလန္နဲ႔ ႏိုင္ဂ်ီးရီးယား ႏိုင္ငံတို႔မွာလည္း ဒီဗိုင္းရပ္စ္ကူးစက္မႈ စေတြ႕လာရပါၿပီ။
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ အီရန္ဒုသမၼတ
အီရန္မွာေတာ့ ဒီဗိုင္းရပ္စ္ေၾကာင့္ လူ ၂၁၀ ဦးေသဆုံးတယ္လို႔ ေဖေဖာ္ဝါရီ ၂၇ ရက္က အီရန္က်န္းမာေရးဌာနသတင္းရင္းျမစ္တစ္ဦးက ဘီဘီစီပါရွန္းသတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

ဒီအေရအတြက္ဟာ အစိုးရက တရားဝင္ထုတ္ျပန္ထားတဲ့စာရင္းထက္ ေျခာက္ဆေက်ာ္အေရအတြက္ျဖစ္ျဖစ္ၿပီး အီရန္ႏိုင္ငံရဲ႕ ဒုတိယသမၼတ Masoumeh Ebtekar လည္း ဒီဗိုင္းရပ္စ္ ကူးစက္ခံထားရပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
Covid19-WHO က ကမ္ဘာလုံးဆိုင်ရာကူးစက်ပျံ့နှံ့မှုအမြင့်ဆုံးအဆင့်သို့ တိုးမြှင့်သတိပေး

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားမှာဒီဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်းက မြန်ဆန်ကြီးထွားလာနေပါတယ်။

ကိုဗစ်၁၉၊ ကိုရိုနာဗိုင်းရပ်စ် လို့ လူသိများတဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုမဖြစ်စေဖို့ ဒီရောဂါကို တိုင်ကြားရမယ့် ကူးစက်မြန်ရောဂါအဖြစ် အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦး ရောဂါသံသယရှိတယ်ဆိုရင် အာဏာပိုင်တွေကိုအသိပေးရမှာဖြစ်ပြီး ပျက်ကွက်ရင် ထောင်ခြောက်လအထိ ကျခံရနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံမှာ ဒီဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂၉၃၁ ဦးရှိနေပြီး မနေ့က တစ်ရက်တည်းမှာပဲ ကူးစက်သူအသစ် ၆၀၀ နီးပါးရှိခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။

တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေဟာ ဒီဗိုင်းရပ်စ် စပြန့်တဲ့တရုတ်နိုင်ငံပြင်ပမှာ အများဆုံးဖြစ်နေပါတယ်။ သေဆုံးသူကတော့ ၁၆ ဦးထိရှိလာပါပြီ။ တောင်ကိုရီးယားရဲ့ လေးခုမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ ဒေဂူမြို့က ဘာသာရေးအခမ်းအနားတစ်ခုကနေ စတင်ပြန့်ပွားခဲ့တာလို့ အစိုးရထုတ်ပြန်ထားပြီး အဲဒီကူးစက်ခံရတဲ့အသက်ကြီးပိုင်း အမျိုးသမီးကြီးဟာ အစောပိုင်းမှာဆေးကုသမှုခံယူမှု ငြင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လက်ရှိမှာတော့ ဒီဘာသာရေးဘုရားကျောင်းကို ချိတ်ပိတ်ထားလိုက်ပါပြီ။

မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားသားတွေအများဆုံး လာရောက်တရားအားထုတ်ကြတဲ့ မွန်ပြည်နယ်၊မော်လမြိုင်မြို့က ဖားအောက်တောရတရားစခန်းကလည်း မတ်လ ၃၁ ရက်အထိ ပြည်တွင်းပြည်ပ ဘယ်ယောဂီမှ လက်မခံတော့ဘူးဆိုတဲ့အကြောင်း ဖေဖော်ဝါရီ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အလှူလာလုပ်မယ့်သူတွေအနေနဲ့လည်း နှာခေါင်းစည်းတွေယူလာပြီး တပ်ထားကြဖို့နဲ့ ပရိသတ်နည်းနိုင်သမျှ နည်းဖို့ လည်း သတိပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ အော်ရီဂွန်တို့မှာလည်း ဒီဗိုင်းရပ်စ်အသစ်ကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုင်းရပ်စ်စတွေ့တဲ့ ဝူဟန်မြို့က ပင်လယ်စာရောင်းဈေးကို ပိတ်ထားလိုက်ပါပြီ

အော်ရီဂွန်မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယမြောက် ကူးစက်ခံရသူကိုတွေ့ရှိခဲ့ပြီး ဒီလူနာဟာ ရောဂါဖြစ်ပွားတဲ့နေရာကို သွားရောက်ခဲ့ခြင်းမရှိသလို ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ဆက်ဆံခဲ့ခြင်းလည်းမရှိတဲ့အတွက် အခုလို စိုးရိမ်ပူပန်မှုတွေ ရှိနေတာဖြစ်ပါတယ်။

လူနာကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောကြားတာမရှိပေမယ့် ဒီလူနာဟာ နာတာရှည်ရောဂါသည်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့တော့ ပြောကြားထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ သောကြာနေ့မှာနောက်ဆုံးထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၅၉ ခု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ကျန်းမာရေးဌာနက အမည်မဖော်လိုသူတစ်ဦးကတော့ အစိုးရဟာ ကနဦးတုန်းက သီးသန့်စောင့်ကြည့်ရမယ့်လူနာတွေကို ပြုစုရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဒီဗိုင်းရပ်စ်မကူးစက်အောင် လုံခြုံစိတ်ချရတဲ့ကာကွယ်ရေးပစ္စည်းတွေ စီစဉ်ပေးခဲ့တာမျိုးမရှိသလို လုံခြုံရေးဇုန်ထဲကနေ လွတ်လွပ်လပ်လပ် သွားလာထွက်ခွာခွင့်တွေပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေကို အမေရိကန်ကျန်းမာရေးဌာနအကြီးအကဲက ငြင်းဆိုထားပါတယ်။

အခုနောက်ဆုံးအခြေအနေမှာတော့ WHOက ဒီဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းကို ကမ္ဘာလုံးဆိုင်ရာကူးစက်ပျံ့နှံ့မှုနှုန်းအမြင့်ဆုံးအထိ တိုးမြှင့်သတ်မှတ်လိုက်ပါပြီ။

ကမ္ဘာပေါ်က အစိုးရတွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ဒီဗိုင်းရပ်စ် ကူးစကမှုနှုန်းနှေးကွေးသွားဖို့၊ ဗိုင်းရပ်စ်ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ဖို့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဆောင်ရွက်ကြဖို့နဲ့ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို ဖိအားပေးဖို့ WHO က တိုက်တွန်းပါတယ်။
ဓာတ်ပုံ မူပိုင် Press Eye
Image caption WHO ရဲ့အကြီးအကဲ ဒေါက်တာ တီထရို့အထ်ဟာနမ်ကတော့ သတင်းမှားတွေကို ကျော်လွှားဖို့က အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်လို့ ပြောကြား

ဒါပေမဲ့ WHO ရဲ့အကြီးအကဲ ဒေါက်တာ တီထရို့အထ်ဟာနမ်ကတော့ ဒီဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုထက် ကြောက်လန့်မှုနဲ့ သတင်းမှားတွေကို ကျော်လွှားဖို့က အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်လို့ ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်က ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ ကူးစက်ပျံ့နှံနေပါတယ်။

ကူးစက်မှုပေါင်း ၈၃,၆၅၀ မှာ ရှစ်သောင်းနီးပါး(၇၈,၉၆၁) က တရုတ်နိုင်ငံကဖြစ်ပြီး သေဆုံးသူက သုံးထောင်နီးပါး(၂,၇၉၁) ဦးဖြစ်ပါတယ်။

ဘယ်လာရုစ်၊ လစ်သူရေးနီးယား၊ နယ်သာလန်၊ နယူးဇီလန်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာလည်း ဒီဗိုင်းရပ်စ်ကူးစက်မှု စတွေ့လာရပါပြီ။
ဓာတ်ပုံ မူပိုင် AFP
Image caption ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အီရန်ဒုသမ္မတ

အီရန်မှာတော့ ဒီဗိုင်းရပ်စ်ကြောင့် လူ ၂၁၀ ဦးသေဆုံးတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်က အီရန်ကျန်းမာရေးဌာနသတင်းရင်းမြစ်တစ်ဦးက ဘီဘီစီပါရှန်းသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီအရေအတွက်ဟာ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းထက် ခြောက်ဆကျော်အရေအတွက်ဖြစ်ဖြစ်ပြီး အီရန်နိုင်ငံရဲ့ ဒုတိယသမ္မတ Masoumeh Ebtekar လည်း ဒီဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

BBC Burmese
https://www.bbc.com
Covid19-WHO က ကမာၻလုံးဆိုင္ရာကူးစက္ပ်ံ႕ႏွံ႔မႈအျမင့္ဆုံးအဆင့္သို႔ တိုးျမႇင့္သတိေပး Covid19-WHO က ကမာၻလုံးဆိုင္ရာကူးစက္ပ်ံ႕ႏွံ႔မႈအျမင့္ဆုံးအဆင့္သို႔ တိုးျမႇင့္သတိေပး Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.