COVID- 19 သံသယဓါတ္ခဲြနမူနာမ်ား ျမန္မာႏိုင္ငံတြင္း စတင္စစ္ေဆး

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ဆိုက္ေရာက္ ေလယာဥ္တြင္ ပါလာေသာ ခရီးသြားမ်ားကို အပူခ်ိန္တိုင္းေနစဥ္ ( ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔ ၂၀၂၀)

(Zawgyi/Unicode)

Covid-19 ေရာဂါရွိ မရွိ ဒီကေန႔ကစၿပီး ျမန္မာႏုိင္ငံတြင္းမွာပဲ စတင္စစ္ေဆး အတည္ျပဳႏုိင္ၿပီ ျဖစ္ၿပီး ဓာတ္ခြဲနမူနာေတြကို ထုိင္းႏုိင္ငံက ရည္ညႊန္းဓာတ္ခြဲခန္းဆီ ပို႔စရာ မလုိေတာ့ဘူးလို႔ ရန္ကုန္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန NHL တာဝန္ရွိသူက ေျပာပါတယ္။ ျမန္မာႏုိင္ငံက အခုလက္ရွိ ေစာင့္ၾကည့္လူနာ သံုးဦးရဲ႕ ဓာတ္ခြဲနမူနာ ေတြကို ဒီကေန႔ NHL ကို ပို႔ၿပီး စစ္ေဆးမယ္ လို႔လည္း ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန တာဝန္ရွိသူကလည္း ေျပာပါတယ္။

အျပည့္အစံုကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပသြားမွာပါ။

ျမန္မာႏုိင္ငံက COVID- 19 ေစာင့္ၾကည့္နဲ႔ သံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ အရင္က ထုိင္းႏုိင္ငံမွာရွိတဲ့ ရည္ညႊန္းဓာတ္ခြဲခန္းဆီကုိ ေပးပို႔ၿပီး ေရာဂါရွိ မရွိ အတည္ျပဳခ်က္ရယူခဲ့ရေပမယ့္ ဒီကေန႔ကစၿပီး ျမန္မာႏို္င္ငံတြင္းမွာပဲ စစ္ေဆးၿပီး အတည္ျပဳခ်က္ရယူႏုိင္ေတာ့မယ္လို႔ NHL အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာဥမၼာေဆြတင္က အခုလိုေျပာပါတယ္။

“ဒီေန႔ကေတာ့ ထုိင္းမပို႔ေတာ့ဘူး။ ဒါေပမယ့္ အရင္ရက္ေတြတုန္းက က်ေတာ့ Sample တခုလာၿပီဆုိလို႔ရွိရင္ အဲဒီ Sample ကိုတဝက္ခြဲလုိက္တယ္ေပါ့ေနာ္။ တဝက္ခြဲၿပီး ယိုးဒယားကိုပုိ႔တယ္။ တဝက္ကို အစ္မတုိ႔ဟာ အစ္မတုိ႔စစ္တာဆုိေတာ့ အစ္မတို႔စစ္ေနတာ ေတာ္ေတာ္မ်ားေနၿပီ။ အခုႏွစ္ဆယ္ ေက်ာ္သြားၿပီေလ။ ေက်ာ္တဲ့အခါက်ေတာ့ ဒီေန႔မွေတာ့ စစစ္တာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ခါတုိင္းကေတာ့ ထုိင္းနဲ႔အေျဖျပန္တုိက္ တာေပါ့ေနာ္။ အခုဟာက ဒီေန႔ကေတာ့ မတုိက္ေတာ့ဘူး။ ထုိင္းကိုလည္း မပို႔ေတာ့ဘူးေပါ့ေနာ္။ အစ္မတို႔ဟာ အစ္မတို႔ ဒီေန႔ အဲဒီ (ဓာတ္ခြဲနမူနာ) သံုးခုလံုးကို Run မွာေပါ့ေနာ္။”

အခုလိုစစ္ေဆးႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ဓာတ္ခြဲပစၥည္းေတြကို ကမာၻ႕က်န္းမာေရးအဖြဲ႕ရဲ႕ ခ်ိတ္ဆက္ေပးမႈနဲ႔ ထုိင္းႏုိင္ငံနဲ႔ ဂ်ပန္ႏို္င္ငံဆီကေန လက္ခံရရွိခဲ့တာပါ။ ျမန္မာ့ဓါတ္ခြဲခန္းမွာ လူနာ ၂၀ေက်ာ္ရဲ႕ ဓာတ္ခြဲနမူနာေတြကို အရင္စစ္ေဆးခဲ့ၿပီး ထုိင္းႏုိင္ငံက ရည္ညႊန္းဓာတ္ခြဲခန္းဆီက ရလာတဲ့ အေျဖနဲ႔ ယွဥ္ၾကည့္ ရာမွာ ကိုက္ညီမႈရွိတာကို ေတြ႔ခဲ့ရတယ္လို႔ ဆိုပါတယ္။

ကမာၻ႕က်န္းမာေရးအဖြဲ႕ အသိအမွတ္ျပဳ ရည္ညႊန္းဓာတ္ခြဲခန္းေတြထဲက တခုျဖစ္တဲ့ ထုိင္းႏုိင္ငံက ရည္ညႊန္းဓာတ္ခြဲခန္း ဆီကုိ ေပးပို႔တုန္းက ေရာဂါ ရွိ မရွိ အေျဖရဖို႔ ေလးရက္ေလာက္ ေစာင့္ခဲ့ရေပမယ့္ ဒီေန႔ကစၿပီး ၂၄နာရီအတြင္း အေျဖကို ထုတ္ႏုိင္ေတာ့မယ္လုိ႔လည္း ေဒါက္တာဥမၼာေဆြတင္က ေျပာပါတယ္။

“ထုိင္းကိုပို႔တုန္းကက်ေတာ့ သံုးရက္ေလာက္ၾကာတယ္။ တခါတေလက်လို႔ရွိရင္ စေန၊ တနဂၤေႏြလိုမ်ိဳးုဆိုရင္ သူတုိ႔ဘက္က မလုပ္ဘူးေလ။ အဲဒါဆိုလို႔ရွိရင္ ေလးရက္ ေလာက္ျဖစ္သြားတယ္ေပါ့ေနာ္။ အစ္မတို႔မွာက်ေတာ့ အခုမနက္အေစာ Run လို႔ရွိရင္ အေျဖက ညေနဆုိထြက္တယ္။ ဒါေပမယ့္ တကယ္လို႔ Positive ေတြဘာေတြမ်ား ထြက္ခဲ့သည္ရွိေသာ္ ဆိုလို႔ရွိရင္ေတာ့ အစ္မတို႔ဘက္က Confirmation ေနာက္ရက္ေတာ့ ျပန္ Run ေပးဖုိ႔ လိုေသးတယ္။ အဲဒီက်မွပဲ အေျဖထုတ္ႏုိင္မွာေပါ့ေနာ္။ ပံုမွန္ဆိုရင္ေတာ့ ၂၄ နာရီအတြင္း အေျဖရမယ္။”

လက္ရွိမွာ ေစာင့္ ၾကည့္ လူနာ ၃ ဦး ရွိေနၿပီး တဦးက ေဝဘာဂီအထူးကုေဆးရံုမွာ တက္ေရာက္ေနတဲ့ အသက္ ၄၀အရြယ္ တရုတ္အမ်ိဳးသား၊ ေနာက္ မႏၱေလးအေထြေထြ ေရာဂါကုေဆးရံုႀကီးမွာ တက္ေရာက္ေနတဲ့ အသက္ ၂၆ႏွစ္အရြယ္ ျမန္မာအမ်ိဳးသမီးနဲ႔ ေနာက္တဦးကေတာ့ မေကြးျပည္သူ႔ေဆးရံုႀကီးမွာ တက္ေရာက္ေနတဲ့ အသက္ ၂၅ႏွစ္အရြယ္ ျမန္မာအမ်ိဳးသားတို႔ ျဖစ္ၿပီး သူတုိ႔သံုးဦးရဲ႕ ဓာတ္ခြဲနမူနာေတြကို ရန္ကုန္ NHL ဓါတ္ခြဲခန္းကို ပို႔ၿပီး ဒီကေန႔ စစ္ေဆးမယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက VOA ကို ေျပာပါတယ္။

“Sample သံုးခုကို ဒီေန႔ NHL မွာ စစ္ေဆးမွာျဖစ္ပါတယ္။ ကုိယ့္ႏုိင္ငံမွာပဲ စစ္ေဆးႏုိင္ေတာ့မွာ ျဖစ္တဲ့အတြက္ေၾကာင့္ အေျဖသိရလို႔ရွိရင္လည္း ျမန္ျမန္ဆန္ဆန္ထုတ္ျပန္ႏုိင္မယ္။ အဲဒီအေျဖသိရတဲ့ ေနာက္ကြယ္မွာ လုပ္ေဆာင္စရာေတြကိုလည္း ျမန္ျမန္ဆန္ဆန္ လုပ္ေဆာင္ႏိုင္မယ္ေပါ့ေနာ္။ ဒါေတြက အားသာခ်က္ေပါ့။ တကယ္လို႔သာ Negative ျဖစ္တယ္ဆိုလို႔ရွိရင္လည္း ဒါ Negative ျဖစ္တဲ့အေလ်ာက္ က်မတို႔မွာ လုပ္ေဆာင္စရာေတြရွိပါတယ္။ Positive ျဖစ္တယ္ဆုိလို႔ရွိရင္လည္း က်မတို႔မွာ ဆက္လုပ္စရာေတြရွိပါတယ္။”

ျမန္မာႏုိင္ငံမွာ COVID- 19 ေရာဂါ ကူးစက္မႈ လံုးဝမရွိေသးေပမယ့္ ျပည္သူလူထုအေနနဲ႔ မေပါ့ဆဖို႔ သတိေပးမႈေတြနဲ႔ အတူ ကိုယ္ခံအားေကာင္းေအာင္ စားေသာက္ေနထုိင္ဖို႔၊ လူထူထပ္တဲ့ေနရာေတြကို ေရွာင္ၾကဥ္ၿပီး လက္ကိုစနစ္တက် မၾကာခဏေဆးေပးဖုိ႔ အပါအဝင္ ေခ်ာင္းဆိုးႏွာေခ်ရင္ ပါးစပ္အုပ္ဖို႔အတြက္ကုိလည္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက တုိက္တြန္း ႏႈိးေဆာ္ထားပါတယ္။

တရုတ္ႏုိင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကုိရုိနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၂၉ႏုိင္ငံကို ကူးစက္ခဲ့ၿပီး ဒီကေန႔ ေဖေဖာ္ဝါရီ ၂၀ရက္ မနက္ပိုင္းစာရင္းအရ လူေပါင္း ၇၆၀၀၀ ေက်ာ္ အကူးစက္ ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီးသေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၆၂၁ ေယာက္ရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာ ျဖစ္ၿပီး ေသဆံုးသူကေတာ့ စုစုေပါင္း ၂၁၀၀ ေက်ာ္ထိ ရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။


..................

COVID- 19 သံသယဓါတ်ခွဲနမူနာများ မြန်မာနိုင်ငံတွင်း စတင်စစ်ဆေး

(Unicode)

Covid-19 ရောဂါရှိ မရှိ ဒီကနေ့ကစပြီး မြန်မာနိုင်ငံတွင်းမှာပဲ စတင်စစ်ဆေး အတည်ပြုနိုင်ပြီ ဖြစ်ပြီး ဓာတ်ခွဲနမူနာတွေကို ထိုင်းနိုင်ငံက ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပို့စရာ မလိုတော့ဘူးလို့ ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL တာဝန်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံက အခုလက်ရှိ စောင့်ကြည့်လူနာ သုံးဦးရဲ့ ဓာတ်ခွဲနမူနာ တွေကို ဒီကနေ့ NHLကို ပို့ပြီး စစ်ဆေးမယ် လို့လည်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ရှိသူကလည်း ပြောပါတယ်။

အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။


မြန်မာနိုင်ငံက COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို အရင်က ထိုင်းနိုင်ငံမှာရှိတဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဆီကို ပေးပို့ပြီး ရောဂါရှိ မရှိ အတည်ပြုချက်ရယူခဲ့ရပေမယ့် ဒီကနေ့ကစပြီး မြန်မာနိုင်ငံတွင်းမှာပဲ စစ်ဆေးပြီး အတည်ပြုချက်ရယူနိုင်တော့မယ်လို့ NHL အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က အခုလိုပြောပါတယ်။

“ဒီနေ့ကတော့ ထိုင်းမပို့တော့ဘူး။ ဒါပေမယ့် အရင်ရက်တွေတုန်းက ကျတော့ Sample တခုလာပြီဆိုလို့ရှိရင် အဲဒီ Sample ကိုတဝက်ခွဲလိုက်တယ်ပေါ့နော်။ တဝက်ခွဲပြီး ယိုးဒယားကိုပို့တယ်။ တဝက်ကို အစ်မတို့ဟာ အစ်မတို့စစ်တာဆိုတော့ အစ်မတို့စစ်နေတာ တော်တော်များနေပြီ။ အခုနှစ်ဆယ် ကျော်သွားပြီလေ။ ကျော်တဲ့အခါကျတော့ ဒီနေ့မှတော့ စစစ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခါတိုင်းကတော့ ထိုင်းနဲ့အဖြေပြန်တိုက် တာပေါ့နော်။ အခုဟာက ဒီနေ့ကတော့ မတိုက်တော့ဘူး။ ထိုင်းကိုလည်း မပို့တော့ဘူးပေါ့နော်။ အစ်မတို့ဟာ အစ်မတို့ ဒီနေ့ အဲဒီ (ဓာတ်ခွဲနမူနာ) သုံးခုလုံးကို Run မှာပေါ့နော်။”

အခုလိုစစ်ဆေးနိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ခွဲပစ္စည်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံဆီကနေ လက်ခံရရှိခဲ့တာပါ။ မြန်မာ့ဓါတ်ခွဲခန်းမှာ လူနာ ၂၀ကျော်ရဲ့ ဓာတ်ခွဲနမူနာတွေကို အရင်စစ်ဆေးခဲ့ပြီး ထိုင်းနိုင်ငံက ရည်ညွှန်းဓာတ်ခွဲခန်းဆီက ရလာတဲ့ အဖြေနဲ့ ယှဉ်ကြည့် ရာမှာ ကိုက်ညီမှုရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ရည်ညွှန်းဓာတ်ခွဲခန်းတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံက ရည်ညွှန်းဓာတ်ခွဲခန်း ဆီကို ပေးပို့တုန်းက ရောဂါ ရှိ မရှိ အဖြေရဖို့ လေးရက်လောက် စောင့်ခဲ့ရပေမယ့် ဒီနေ့ကစပြီး ၂၄နာရီအတွင်း အဖြေကို ထုတ်နိုင်တော့မယ်လို့လည်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။

“ထိုင်းကိုပို့တုန်းကကျတော့ သုံးရက်လောက်ကြာတယ်။ တခါတလေကျလို့ရှိရင် စနေ၊ တနင်္ဂနွေလိုမျိုးုဆိုရင် သူတို့ဘက်က မလုပ်ဘူးလေ။ အဲဒါဆိုလို့ရှိရင် လေးရက် လောက်ဖြစ်သွားတယ်ပေါ့နော်။ အစ်မတို့မှာကျတော့ အခုမနက်အစော Run လို့ရှိရင် အဖြေက ညနေဆိုထွက်တယ်။ ဒါပေမယ့် တကယ်လို့ Positive တွေဘာတွေများ ထွက်ခဲ့သည်ရှိသော် ဆိုလို့ရှိရင်တော့ အစ်မတို့ဘက်က Confirmation နောက်ရက်တော့ ပြန် Run ပေးဖို့ လိုသေးတယ်။ အဲဒီကျမှပဲ အဖြေထုတ်နိုင်မှာပေါ့နော်။ ပုံမှန်ဆိုရင်တော့ ၂၄ နာရီအတွင်း အဖြေရမယ်။”

လက်ရှိမှာ စောင့် ကြည့် လူနာ ၃ ဦး ရှိနေပြီး တဦးက ဝေဘာဂီအထူးကုဆေးရုံမှာ တက်ရောက်နေတဲ့ အသက် ၄၀အရွယ် တရုတ်အမျိုးသား၊ နောက် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၂၆နှစ်အရွယ် မြန်မာအမျိုးသမီးနဲ့ နောက်တဦးကတော့ မကွေးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ အသက် ၂၅နှစ်အရွယ် မြန်မာအမျိုးသားတို့ ဖြစ်ပြီး သူတို့သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန် NHL ဓါတ်ခွဲခန်းကို ပို့ပြီး ဒီကနေ့ စစ်ဆေးမယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကို ပြောပါတယ်။

“Sample သုံးခုကို ဒီနေ့ NHL မှာ စစ်ဆေးမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာပဲ စစ်ဆေးနိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် အဖြေသိရလို့ရှိရင်လည်း မြန်မြန်ဆန်ဆန်ထုတ်ပြန်နိုင်မယ်။ အဲဒီအဖြေသိရတဲ့ နောက်ကွယ်မှာ လုပ်ဆောင်စရာတွေကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်ပေါ့နော်။ ဒါတွေက အားသာချက်ပေါ့။ တကယ်လို့သာ Negative ဖြစ်တယ်ဆိုလို့ရှိရင်လည်း ဒါ Negative ဖြစ်တဲ့အလျောက် ကျမတို့မှာ လုပ်ဆောင်စရာတွေရှိပါတယ်။ Positive ဖြစ်တယ်ဆိုလို့ရှိရင်လည်း ကျမတို့မှာ ဆက်လုပ်စရာတွေရှိပါတယ်။”

မြန်မာနိုင်ငံမှာ COVID- 19 ရောဂါ ကူးစက်မှု လုံးဝမရှိသေးပေမယ့် ပြည်သူလူထုအနေနဲ့ မပေါ့ဆဖို့ သတိပေးမှုတွေနဲ့ အတူ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့၊ လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ပြီး လက်ကိုစနစ်တကျ မကြာခဏဆေးပေးဖို့ အပါအဝင် ချောင်းဆိုးနှာချေရင် ပါးစပ်အုပ်ဖို့အတွက်ကိုလည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၂၉နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက် မနက်ပိုင်းစာရင်းအရ လူပေါင်း ၇၆၀၀၀ ကျော် အကူးစက် ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီးသင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၆၂၁ ယောက်ရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာ ဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၂၁၀၀ ကျော်ထိ ရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

စုစု/ VOA (Burmese)
https://burmese.voanews.com
COVID- 19 သံသယဓါတ္ခဲြနမူနာမ်ား ျမန္မာႏိုင္ငံတြင္း စတင္စစ္ေဆး COVID- 19 သံသယဓါတ္ခဲြနမူနာမ်ား ျမန္မာႏိုင္ငံတြင္း စတင္စစ္ေဆး Reviewed by THITHTOOLWIN on 01:45 Rating: 5
Powered by Blogger.