COVID-19 ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁,၄၀၀ နီးပါးရွိၿပီ


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံမွာ Coronavirus ပိုးေၾကာင့္ ဒီကေန႔ ေသာၾကာေန႔မွာ ေနာက္ထပ္ ၁၂၁ ေယာက္ေသဆံုးခဲ့တဲ့အတြက္ စုစုေပါင္းေသဆံုးသူ ၁၄၀၀ ရာနီးပါး ႐ွိသြားၿပီလို တ႐ုတ္က်န္းမာေရးေကာ္မ႐ွင္က ေျပာၾကားပါတယ္။ ပိုးကူးစက္ေနတယ္လို႔ အတည္ျပဳသူကလည္း ေနာက္ထပ္ ၅၀၉၀ ႐ွိတယ္လို႔ ေျပာပါတယ္။

လူနာေတြကို ကုသေပးေနတဲ့ ေဆးဝန္ထမ္း ၁၇၀၀ ေက်ာ္မွာလည္း Coronavirus ပိုးကူးစက္ခဲ့ၿပီး၊ ေသဆံုးသြားသူက ၆ ေယာက္႐ွိတယ္လို႔ က်န္းမာေရးေကာ္မ႐ွင္ ဒုတိယဝန္ႀကီး Zeng Tixin ကဒီကေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ပုိးကူးစက္ေနသူ ၆၄၀၀၀ နီးပါးအပါအဝင္ တကမာၻလံုးမွာ စုစုေပါင္းကူးစက္ေနသူ ၆ ေသာင္းခြဲေလာက္ ႐ွိေနပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကူးစက္သူအေရအတြက္တိုးလာတာဟာ ေရာဂါပိုးကို စစ္ေဆးတဲ့ေနရာမွာ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္လာတာေၾကာင့္ျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ WHO ေျပာခြင့္ရသူကေျပာၿပီး တ႐ုတ္ႏိုင္ငံအေနနဲ႔ စစ္ေဆးတဲ့ နည္းသစ္ေတြနဲ႔ပတ္သက္လို႔ ေနာက္ထပ္႐ွင္းလင္းျပဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ပိုးကူစက္တယ္လို႔ အတည္ျပဳႏိုင္သူ ၁၅ ေယာက္ ႐ွိသြားၿပီလို႔ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးဌာန CDC က ၾကာသပေတးေန႔က ေၾကညာပါတယ္။ အခုေနာက္ဆံုး ပိုးကူးစက္တယ္လို႔ ေတြ႔႐ွိသူဟာ အေမရိကန္ႏုိင္ငံျခားေရးဌာနက စီစဥ္ေပးတဲ့ေလယာဥ္နဲ႔ တ႐ုတ္ႏိုင္ငံကေန Texas ျပည္နယ္ထဲက San Antonio ေလတပ္အေျခစိုက္စခန္းကို ေဖေဖာ္၀ါ လ ၇ ရက္ေန႔က ေရာက္႐ွိလာသူျဖစ္ပါတယ္။ အခုသူ႔ကို အနားက ေဆး႐ံုတခုမွာ ကုသေပးေနပါတယ္။

ကို႐ိုနာကူးစက္မႈကာကြယ္ဖို႔ ခရီးသြားလာခြင့္တခ်ိဳ႕ အေမရိကန္ကန႔္သတ္တဲ့ Video ကို ၾကည့္ရႈႏိုင္ပါၿပီ။

မၾကာခင္ရက္ပိုင္းေတြကမွ Wuhan ၿမိဳ႕ေန ေရာက္လာသူေတြအပါအဝင္ တ႐ုတ္ႏုိင္ငံကေန ျပန္ေရာက္လာသူေတြထဲမွာ ေနာက္ထပ္ပိုးကူးသူေတြကို လာမယ့္ ရက္ပိုင္း သီတင္းပတ္ပိုင္းေတြမွာ ထပ္ေတြ႔လာရႏိုင္တယ္လို႔လည္း CDC ကေၾကညာခ်က္ထဲမွာ သတိေပးထားပါတယ္။

..................

COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၄၀၀ နီးပါးရှိပြီ

(Unicode)

တရုတ်နိုင်ငံမှာ Coronavirus ပိုးကြောင့် ဒီကနေ့ သောကြာနေ့မှာ နောက်ထပ် ၁၂၁ ယောက်သေဆုံးခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ ၁၄၀၀ ရာနီးပါး ရှိသွားပြီလို တရုတ်ကျန်းမာရေးကော်မရှင်က ပြောကြားပါတယ်။ ပိုးကူးစက်နေတယ်လို့ အတည်ပြုသူကလည်း နောက်ထပ် ၅၀၉၀ ရှိတယ်လို့ ပြောပါတယ်။

လူနာတွေကို ကုသပေးနေတဲ့ ဆေးဝန်ထမ်း ၁၇၀၀ ကျော်မှာလည်း Coronavirus ပိုးကူးစက်ခဲ့ပြီး၊ သေဆုံးသွားသူက ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Zeng Tixin ကဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ပိုးကူးစက်နေသူ ၆၄၀၀၀ နီးပါးအပါအဝင် တကမ္ဘာလုံးမှာ စုစုပေါင်းကူးစက်နေသူ ၆ သောင်းခွဲလောက် ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ကူးစက်သူအရေအတွက်တိုးလာတာဟာ ရောဂါပိုးကို စစ်ဆေးတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာတာကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြောခွင့်ရသူကပြောပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ဆေးတဲ့ နည်းသစ်တွေနဲ့ပါတ်သက်လို့ နောက်ထပ်ရှင်းလင်းပြဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ပိုးကူစက်တယ်လို့ အတည်ပြုနိုင်သူ ၁၅ ယောက် ရှိသွားပြီလို့ ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC က ကြာသပတေးနေ့က ကြေညာပါတယ်။ အခုနောက်ဆုံး ပိုးကူးစက်တယ်လို့ တွေ့ရှိသူဟာ အမေရိကန်နိုင်ငံခြားရေးဌာနက စီစဉ်ပေးတဲ့လေယာဉ်နဲ့ တရုတ်နိုင်ငံကနေ Texas ပြည်နယ်ထဲက San Antonio လေတပ်အခြေစိုက်စခန်းကို ဖေဖော်ဝါ လ ၇ ရက်နေ့က ရောက်ရှိလာသူဖြစ်ပါတယ်။ အခုသူ့ကို အနားက ဆေးရုံတခုမှာ ကုသပေးနေပါတယ်။

ကိုရိုနာကူးစက်မှုကာကွယ်ဖို့ ခရီးသွားလာခွင့်တချို့ အမေရိကန်ကန့်သတ်တဲ့ Video ကို ကြည့်ရှုနိုင်ပါပြီ။

မကြာခင်ရက်ပိုင်းတွေကမှ Wuhan မြို့နေ ရောက်လာသူတွေအပါအဝင် တရုတ်နိုင်ငံကနေ ပြန်ရောက်လာသူတွေထဲမှာ နောက်ထပ်ပိုးကူးသူတွေကို လာမယ့် ရက်ပိုင်း သီတင်းပတ်ပိုင်းတွေမှာ ထပ်တွေ့လာရနိုင်တယ်လို့လည်း CDC ကကြေညာချက်ထဲမှာ သတိပေးထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
COVID-19 ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁,၄၀၀ နီးပါးရွိၿပီ COVID-19 ဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁,၄၀၀ နီးပါးရွိၿပီ Reviewed by THITHTOOLWIN on 03:10 Rating: 5
Powered by Blogger.