COVID-19 ဆိုင္ရာေထာက္ခံခ်က္ရွိသူ တ႐ုတ္ခရီးသြားေတြ ျမန္မာ e-visa ေလွ်ာက္ယူႏုိင္

International travelers

(Zawgyi/Unicode)

တ႐ုတ္ႏုိင္ငံကေန ျမန္မာႏုိင္ငံကို တသီးပုဂၢလအစီအစဥ္နဲ႔ လာေရာက္မယ့္သူေတြ တ႐ုတ္အစိုးရက တရားဝင္ ထုတ္ေပးတဲ့ က်န္းမာေရးေထာက္ခံစာ တင္ျပႏိုင္ရင္ e-visa ေလွ်ာက္ထားႏိုင္တယ္လုိ႔ ဟိုတယ္နဲ႔ခရီးသြား ဝန္ႀကီးဌာနက ဒီကေန႔ သတင္းထုတ္ျပန္ ပါတယ္။

Covid-19 ဗိုင္းရပ္စ္ပိုး ကူးစက္ျပန္႔ပြားတာကို ထိန္းခ်ဳပ္ဖိုု႔ ႀကိဳးစားတဲ့အေနနဲ႔ ႏွစ္ႏုိင္ငံအၾကား အျပန္အလွန္ခရီးစဥ္ေတြ ေခတၱရပ္ဆိုင္းထားခ်ိန္မွာပဲ အခုလို ထုတ္ျပန္တာပါ။ ျမန္မာ ခရီးသြားလုုပ္ငန္းေတြကေတာ့ ခုခ်ိန္မွာ တ႐ုတ္ႏိုင္္ငံသားေတြကို ဝင္ခြင့္ေပးတာ ရပ္ထားသင့္တယ္လုိ႔ အၾကံျပဳၾကပါတယ္။ ဒီအေၾကာင္း ဗီြအုိေအ သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

တ႐ုတ္ခရီးသြားေတြအတြက္ ခရီးစဥ္ေဆာင္႐ြက္တာေတြကို ႏွစ္ႏိုင္ငံအျပန္အလွန္ ဆိုင္းငံ့ထားေပမဲ့ က်န္းမာေရးေထာက္ခံစာတင္ျပႏိုင္မယ္ဆိုရင္ တ႐ုတ္ခရီးသြားေတြ e-visa ေလွ်ာက္ထားႏိုင္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအးဟန္က ေျပာပါတယ္။

“တားျမစ္လိုက္တဲ့အခ်ိန္မွာ ခရီးသြားကုမၸဏီေတြကေတာ့ ဝန္ေဆာင္မႈ မေပးေတာ့ဘူး။ သို႔ေသာ္လည္း individual လာတဲ့ FIT ေတြရွိတယ္ဗ်ာ၊ သူဖာသူ သံ႐ုံးတို႔ e-visa တို႔ေလွ်ာက္ၿပီးေတာ့ ဝင္ေရာက္လာမယ္ဆိုရင္လည္း လာလို႔ရတဲ့အေနအထား ျဖစ္ေနတယ္ဗ်ာ။ အဲလိုလာတဲ့သူေတြဆို လာလို႔ရတယ္၊ လာလို႔မရဘူးလို႔မေျပာဘူး သို႔ေသာ္ e-visa ေလွ်ာက္ထားရင္ ဝူဟန္ ဗိုင္းရပ္နဲ႔ ပတ္သက္ၿပီး က်န္းမာေရးစစ္ေဆးၿပီးပါၿပီ၊ ဟူေဘးျပည္နယ္ကို ၁၄ရက္အတြင္း သြားေရာက္ခဲ့ျခင္း မရွိပါဘူး ဆိုတဲ့ ေထာက္ခံခ်က္ေတြေတာင္းလိုက္တာပါဗ်။ အဲဒီ ေထာက္ခံခ်က္ေတြပါမွ e-visa ေလွ်ာက္လို႔ရမယ္ ဆိုတာေလး ထုတ္ျပန္လိုက္တာပါ။”

တ႐ုတ္အစိုးရကိုယ္တိုင္က သူ႔ႏိုင္ငံသားေတြကို ျပည္ပခရီးစဥ္ေတြမေရာင္းခ်ဖို႔ တ႐ုတ္ခရီးသြားလုပ္ငန္း ကုမၸဏီေတြကို ဇန္နဝါရီ ၂၄ရက္မွာ အသိေပးထားပါတယ္။ ဒါေၾကာင့္ e- visa နဲ႔ တ႐ုတ္ႏိုင္ငံဘက္က ဝင္ေရာက္လာသူေတြဟာလည္း တရားဝင္ကုမၸဏီေတြကေန လာတဲ့သူေတြ ဟုတ္၊ မဟုတ္ဆိုတာ စိစစ္သင့္ေၾကာင္း ခရီးသြားလုပ္ငန္းရွင္ေတြက အစိုးရကို အႀကံျပဳခဲ့ပါတယ္။

“တ႐ုတ္ Tourist ေတြကို ဗီဇာ မေပးပါဘူးဆိုၿပီး အစိုးရက ေၾကညာရမယ္၊ ႏွစ္ဘက္ႏွိင္ငံအက်ိဳးအတြက္ပါ။ ဘာနည္းနဲ႔မွ က်န္းမာေရး ဗီဇာေတြဘာေတြ၊ ဥပမာ စီးပြားေရးအရ လာမယ့္ကိစၥရွိသူ အဲဒါဆိုေသခ်ာစိစစ္ၿပီး ႀကိဳတင္ျပင္ဆင္ၿပီးလာလို႔ရတယ္။ အဲဒါကလြဲလို႔ tourist visa ဆိုရင္ ဘယ္သူမွ မေပးသင့္ဘူး။”

ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးေအးေက်ာ္ ေျပာသြားတာျဖစ္ပါတယ္။

တ႐ုတ္ခရီးသြားေတြေၾကာင့္ အေျခခံလုပ္သားေတြအနည္းငယ္ထိခိုက္ႏိုင္ေပမဲ့ ႀကီးႀကီးမားမား အေျပာင္းအလဲမရွိတာေၾကာင့္ ခရီးစဥ္ေတြ ယာယီဆိုင္းငံ့ ထားတာကို လက္ခံေၾကာင္း ျမန္မာႏိုင္ငံ ဧည့္လမ္းၫႊန္အသင္း ဥကၠ႒ ဦးေအာင္ထြန္းလင္းက ေျပာပါတယ္။

“ လူတန္းစားတရပ္အတြက္ နည္းနည္းေလးထိခိုက္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ တမ်ိဳးသားလုံး အက်ိဳးစီးပြားနဲ႔ ယွဥ္ရင္ေတာ့ က်ေနာ္တို႔က ဝင္ေငြ ထိခိုက္တာထက္ အဓိက က အခုလိုက်န္းမာေရးကို ဂ႐ုစိုက္ရတဲ့ အေျခအေနတခုမွာ ကိုယ့္ႏိုင္ငံက လူေတြရဲ႕ စိတ္ပူပန္မႈကို နည္းနည္းေလ်ာ့ေစတယ္လို႔ က်ေနာ္တို႔က လက္ခံတယ္၊ ဆိုေတာ့ ေလာေလာဆယ္ ယာယီရပ္တန႔္လိုက္တာကို လက္ခံတယ္မူအားျဖင့္၊ ဒါ positive decision လို႔ယူဆတယ္။”

ျပည္တြင္းကို ႏိုင္ငံျခားဧည့္သည္ဝင္ေရာက္မႈက ၂၀၁၉ မွာ ၂၀၁၈ ထက္ ၃၈% တိုးလာပါတယ္။ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန အခ်က္အလက္ေတြအရဆိုရင္ တရားဝင္ဗီဇာနဲ႔လာတဲ့ ႏိုင္ငံျခားသားအေရအတြက္ဟာ ၂၀၁၉ မွာ ၂သန္းနီးေက်ာ္ရွိၿပီး အဲဒီအထဲမွာ တ႐ုတ္ႏိုင္ငံသားက ၇သိန္းေက်ာ္နဲ႔ အမ်ားဆုံးျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟမ္ၿမိဳ႕ကေန စတင္ကူးစက္လာတဲ့ Covid 19 ကို႐ိုနာေရာဂါပိုးဟာ အျခားႏိုင္ငံေပါင္း ၂၈ ႏိုင္ငံကိုကူးစက္ခဲ့ၿပီး ေဖေဖာ္ဝါရီ ၁၉ရက္ မနက္ပိုင္း စာရင္းအရဆိုရင္ လူေပါင္း ၇၅၀၀၀ ေက်ာ္ရွိပါတယ္။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီးသေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ အေယာက္ ၅၄၂ ေယာက္ရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာ ျဖစ္ပါတယ္။ ေသဆုံးကေတာ့ တ႐ုတ္ႏိုင္ငံမွာအမ်ားဆုံးျဖစ္ၿပီး စုစုေပါင္း ၂၀၀၀ ေက်ာ္ရွိလာၿပီ ျဖစ္ပါတယ္။

..................

COVID-19 ဆိုင်ရာထောက်ခံချက်ရှိသူ တရုတ်ခရီးသွားတွေ မြန်မာ e-visa လျှောက်ယူနိုင်

(Unicode)

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တသီးပုဂ္ဂလအစီအစဉ်နဲ့ လာရောက်မယ့်သူတွေ တရုတ်အစိုးရက တရားဝင် ထုတ်ပေးတဲ့ ကျန်းမာရေးထောက်ခံစာ တင်ပြနိုင်ရင် e-visa လျှောက်ထားနိုင်တယ်လို့ ဟိုတယ်နဲ့ခရီးသွား ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။ Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်တွေ ခေတ္တရပ်ဆိုင်းထားချိန်မှာပဲ အခုလို ထုတ်ပြန်တာပါ။ မြန်မာ ခရီးသွားလုပ်ငန်းတွေကတော့ ခုချိန်မှာ တရုတ်နိုင်ငံသားတွေကို ဝင်ခွင့်ပေးတာ ရပ်ထားသင့်တယ်လို့ အကြံပြုကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရုတ်ခရီးသွားတွေအတွက် ခရီးစဉ်ဆောင်ရွက်တာတွေကို နှစ်နိုင်ငံအပြန်အလှန် ဆိုင်းငံ့ထားပေမဲ့ ကျန်းမာရေးထောက်ခံစာတင်ပြနိုင်မယ်ဆိုရင် တရုတ်ခရီးသွားတွေ e-visa လျှောက်ထားနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောပါတယ်။

“တားမြစ်လိုက်တဲ့အချိန်မှာ ခရီးသွားကုမ္ပဏီတွေကတော့ ဝန်ဆောင်မှု မပေးတော့ဘူး။ သို့သော်လည်း individual လာတဲ့ FIT တွေရှိတယ်ဗျာ၊ သူဖာသူ သံရုံးတို့ e-visa တို့လျှောက်ပြီးတော့ ဝင်ရောက်လာမယ်ဆိုရင်လည်း လာလို့ရတဲ့အနေအထား ဖြစ်နေတယ်ဗျာ။ အဲလိုလာတဲ့သူတွေဆို လာလို့ရတယ်၊ လာလို့မရဘူးလို့မပြောဘူး သို့သော် e-visa လျှောက်ထားရင် ဝူဟန် ဗိုင်းရပ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးပြီးပါပြီ၊ ဟူဘေးပြည်နယ်ကို ၁၄ရက်အတွင်း သွားရောက်ခဲ့ခြင်း မရှိပါဘူး ဆိုတဲ့ ထောက်ခံချက်တွေတောင်းလိုက်တာပါဗျ။ အဲဒီ ထောက်ခံချက်တွေပါမှ e-visa လျှောက်လို့ရမယ် ဆိုတာလေး ထုတ်ပြန်လိုက်တာပါ။”

တရုတ်အစိုးရကိုယ်တိုင်က သူ့နိုင်ငံသားတွေကို ပြည်ပခရီးစဉ်တွေမရောင်းချဖို့ တရုတ်ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေကို ဇန်နဝါရီ ၂၄ရက်မှာ အသိပေးထားပါတယ်။ ဒါကြောင့် e- visa နဲ့ တရုတ်နိုင်ငံဘက်က ဝင်ရောက်လာသူတွေဟာလည်း တရားဝင်ကုမ္ပဏီတွေကနေ လာတဲ့သူတွေ ဟုတ်၊ မဟုတ်ဆိုတာ စိစစ်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်တွေက အစိုးရကို အကြံပြုခဲ့ပါတယ်။

“တရုတ် Tourist တွေကို ဗီဇာ မပေးပါဘူးဆိုပြီး အစိုးရက ကြေညာရမယ်၊ နှစ်ဘက်နှိင်ငံအကျိုးအတွက်ပါ။ ဘာနည်းနဲ့မှ ကျန်းမာရေး ဗီဇာတွေဘာတွေ၊ ဥပမာ စီးပွားရေးအရ လာမယ့်ကိစ္စရှိသူ အဲဒါဆိုသေချာစိစစ်ပြီး ကြိုတင်ပြင်ဆင်ပြီးလာလို့ရတယ်။ အဲဒါကလွဲလို့ tourist visa ဆိုရင် ဘယ်သူမှ မပေးသင့်ဘူး။”

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအေးကျော် ပြောသွားတာဖြစ်ပါတယ်။

တရုတ်ခရီးသွားတွေကြောင့် အခြေခံလုပ်သားတွေအနည်းငယ်ထိခိုက်နိုင်ပေမဲ့ ကြီးကြီးမားမား အပြောင်းအလဲမရှိတာကြောင့် ခရီးစဉ်တွေ ယာယီဆိုင်းငံ့ ထားတာကို လက်ခံကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

“ လူတန်းစားတရပ်အတွက် နည်းနည်းလေးထိခိုက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တမျိုးသားလုံး အကျိုးစီးပွားနဲ့ ယှဉ်ရင်တော့ ကျနော်တို့က ဝင်ငွေ ထိခိုက်တာထက် အဓိက က အခုလိုကျန်းမာရေးကို ဂရုစိုက်ရတဲ့ အခြေအနေတခုမှာ ကိုယ့်နိုင်ငံက လူတွေရဲ့ စိတ်ပူပန်မှုကို နည်းနည်းလျော့စေတယ်လို့ ကျနော်တို့က လက်ခံတယ်၊ ဆိုတော့ လောလောဆယ် ယာယီရပ်တန့်လိုက်တာကို လက်ခံတယ်မူအားဖြင့်၊ ဒါ positive decision လို့ယူဆတယ်။”

ပြည်တွင်းကို နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုက ၂၀၁၉ မှာ ၂၀၁၈ ထက် ၃၈% တိုးလာပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အချက်အလက်တွေအရဆိုရင် တရားဝင်ဗီဇာနဲ့လာတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ၂၀၁၉ မှာ ၂သန်းနီးကျော်ရှိပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသားက ၇သိန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟမ်မြို့ကနေ စတင်ကူးစက်လာတဲ့ Covid 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၂၈ နိုင်ငံကိုကူးစက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်း စာရင်းအရဆိုရင် လူပေါင်း ၇၅၀၀၀ ကျော်ရှိပါတယ်။ ဒါဟာ ကမ္ဘာလှည့်အပျော်စီးသင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ အယောက် ၅၄၂ ယောက်ရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာ ဖြစ်ပါတယ်။ သေဆုံးကတော့ တရုတ်နိုင်ငံမှာအများဆုံးဖြစ်ပြီး စုစုပေါင်း ၂၀၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။

 ေဇာ္ထက္/ VOA (Burmese)
https://burmese.voanews.com
COVID-19 ဆိုင္ရာေထာက္ခံခ်က္ရွိသူ တ႐ုတ္ခရီးသြားေတြ ျမန္မာ e-visa ေလွ်ာက္ယူႏုိင္ COVID-19 ဆိုင္ရာေထာက္ခံခ်က္ရွိသူ တ႐ုတ္ခရီးသြားေတြ ျမန္မာ e-visa ေလွ်ာက္ယူႏုိင္ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.