Coronavirus ဟန႔္တားေရး WHO ေဒၚလာသန္း ၇၀၀ ခန႔္လိုအပ္

(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာ စတင္တဲ့ Coronavirus ကူးစက္သူ အေရအတြက္ဟာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း အမ်ားဆုံး ျဖစ္ေပၚခဲ့တယ္လို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက ေျပာၾကားလိုက္ၿပီး ဒီဗိုင္းရပ္စ္ပိုး လက္ရွိထက္ပိုၿပီး ကူးစက္ ပ်ံ႕ႏွံ႔တာကို ဟန႔္တားႏိုင္ေရးအတြက္ WHO အေနနဲ႔ အေမရိကန္ေဒၚလာ ၆၇၅ သန္း လိုအပ္တယ္လို႔ ေျပာပါတယ္။

ေဟာင္ေကာင္နဲ႔ ဖိလစ္ပိုင္တို႔မွာ တဦးစီ ေသဆုံးတာအပါအဝင္ အခုခ်ိန္ထိ ေသဆုံးသူ စုစုေပါင္း အနည္းဆုံး ၅၄၉ ရွိတယ္လို႔ ဆိုပါတယ္။

အခုခ်ိန္ထိ တ႐ုတ္ႏိုင္ငံ အတြင္းမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ေနသူ ၂၄,၃၆၃ ဦး ရွိေနၿပီး က်န္ ၂၄ ႏိုင္ငံမွာ ကူးစက္ေနသူ ၁၉၁ ဦးရွိတယ္လို႔ WHO ၫြန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom Ghebreyesus က ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ ဗုဒၶဟူးေန႔က ေျပာပါတယ္။

ဒီကိန္းဂဏန္းေတြကိုၾကည့္ျခင္းအားျဖင့္ ဒီဗိုင္းရပ္စ္ က်ယ္ျပန႔္စြာ ကူးစက္မယ့္အေရးက ႏိုင္ငံတကာ အသိုင္းဝိုင္းအေနနဲ႔ ဟန႔္တားဖို႔ အခ်ိန္ရွိေနေသးတယ္လို႔ WHO အႀကီးအကဲက ေျပာပါတယ္။

“တ႐ုတ္ႏိုင္ငံျပင္ပမွာ ဗိုင္းရပ္စ္ကူးစက္ေနသူ အေရအတြက္ နည္းေနျခင္းက ဒီေရာဂါ တကမာၻလုံးကို က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ႕ႏွံ႔လာေရးကို ဟန႔္တားႏိုင္မယ့္ အခြင့္အလမ္း ျဖစ္ပါတယ္။ က်ေနာ္တို႔ အဓိက စိုးရိမ္တဲ့အခ်က္က က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ အားနည္းၿပီး ဗိုင္းရပ္စ္ပိုးကို စမ္းသပ္ႏိုင္စြမ္း မရွိတဲ့ ႏိုင္ငံေတြကို ကူးစက္သြားမယ့္ အေရးပါ။ အဲဒီလို ႏိုင္ငံေတြရွိေနရင္ က်ေနာ္တို႔လုပ္ေဆာင္မႈေတြလည္း ေအာင္ျမင္မွာမဟုတ္ပါဘူး။”

က်န္းမာေရးေစာင့္ေရွာက္မႈ စနစ္ အားနည္းတဲ့ႏိုင္ငံေတြမွာ ႀကိဳတင္ကာကြယ္ေရး၊ စမ္းသပ္ စစ္ေဆးႏိုင္ေရးေတြ ေဆာင္႐ြက္ဖို႔ WHO အေနနဲ႔ အေမရိကန္ေဒၚလာ ၆၇၅ သန္း လိုအပ္ေၾကာင္း၊ အဲဒီလိုေဆာင္႐ြက္မယ့္ ကာလဟာ ၃ လ ၾကာျမင့္မွာျဖစ္ေၾကာင္းလည္း WHO အႀကီးအကဲက ေျပာပါတယ္။


(Unicode)

Coronavirus ဟန့်တားရေး WHO ဒေါ်လာသန်း ၇၀၀ ခန့်လိုအပ်

တရုတ်နိုင်ငံမှာ စတင်တဲ့ Coronavirus ကူးစက်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောကြားလိုက်ပြီး ဒီဗိုင်းရပ်စ်ပိုး လက်ရှိထက်ပိုပြီး ကူးစက် ပျံ့နှံ့တာကို ဟန့်တားနိုင်ရေးအတွက် WHO အနေနဲ့ အမေရိကန်ဒေါ်လာ ၆၇၅ သန်း လိုအပ်တယ်လို့ ပြောပါတယ်။

ဟောင်ကောင်နဲ့ ဖိလစ်ပိုင်တို့မှာ တဦးစီ သေဆုံးတာအပါအဝင် အခုချိန်ထိ သေဆုံးသူ စုစုပေါင်း အနည်းဆုံး ၅၄၉ ရှိတယ်လို့ ဆိုပါတယ်။

အခုချိန်ထိ တရုတ်နိုင်ငံ အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူ ၂၄,၃၆၃ ဦး ရှိနေပြီး ကျန် ၂၄ နိုင်ငံမှာ ကူးစက်နေသူ ၁၉၁ ဦးရှိတယ်လို့ WHO ညွန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် ဒီဗိုင်းရပ်စ် ကျယ်ပြန့်စွာ ကူးစက်မယ့်အရေးက နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ဟန့်တားဖို့ အချိန်ရှိနေသေးတယ်လို့ WHO အကြီးအကဲက ပြောပါတယ်။

“တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်နေသူ အရေအတွက် နည်းနေခြင်းက ဒီရောဂါ တကမ္ဘာလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာရေးကို ဟန့်တားနိုင်မယ့် အခွင့်အလမ်း ဖြစ်ပါတယ်။ ကျနော်တို့ အဓိက စိုးရိမ်တဲ့အချက်က ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းပြီး ဗိုင်းရပ်စ်ပိုးကို စမ်းသပ်နိုင်စွမ်း မရှိတဲ့ နိုင်ငံတွေကို ကူးစက်သွားမယ့် အရေးပါ။ အဲဒီလို နိုင်ငံတွေရှိနေရင် ကျနော်တို့လုပ်ဆောင်မှုတွေလည်း အောင်မြင်မှာမဟုတ်ပါဘူး။”

ကျန်းမာရေးစောင့်ရှောက်မှု စနစ် အားနည်းတဲ့နိုင်ငံတွေမှာ ကြိုတင်ကာကွယ်ရေး၊ စမ်းသပ် စစ်ဆေးနိုင်ရေးတွေ ဆောင်ရွက်ဖို့ WHO အနေနဲ့ အမေရိကန်ဒေါ်လာ ၆၇၅ သန်း လိုအပ်ကြောင်း၊ အဲဒီလိုဆောင်ရွက်မယ့် ကာလဟာ ၃ လ ကြာမြင့်မှာဖြစ်ကြောင်းလည်း WHO အကြီးအကဲက ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus ဟန႔္တားေရး WHO ေဒၚလာသန္း ၇၀၀ ခန႔္လိုအပ္ Coronavirus ဟန႔္တားေရး WHO ေဒၚလာသန္း ၇၀၀ ခန႔္လိုအပ္ Reviewed by THITHTOOLWIN on 00:54 Rating: 5
Powered by Blogger.