ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို ျပည္ထဲေရး၀န္ႀကီးသစ္အျဖစ္ အဆိုျပဳ

တပ္မေတာ္စစ္ဘက္ေရးရာ လံုၿခံဳေရး အရာရိွခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ၾကီး စိုးထြဋ္ (၀ဲ) (သတင္းဓာတ္ပံု- Asean Chiefs of Defence Forces Meeting)

(Zawgyi/Unicode)

တပ္မေတာ္စစ္ဘက္ေရးရာ လံုၿခံဳေရး အရာရိွခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ၾကီး စိုးထြဋ္ကို ျပည္ထဲေရး၀န္ၾကီး အစားထုိး ခန္႔အပ္ေရးအတြက္ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုလႊတ္ေတာ္ကို ဒီကေန႔ တင္ျပခဲ့ရာမွာ အတည္ျပဳ၊ မျပဳ လာမယ့္ ၁၀ရက္ေန႔မွာ ဆံုးျဖတ္ဖို႔ ရိွေနပါတယ္။ ဒီလိုျပည္ထဲေရး၀န္ၾကီး ေျပာင္းလဲလုိက္တာေၾကာင့္ လက္ရိွႏိုင္ငံေရးအေျခအေနအေပၚ ထူးထူးျခားျခား မသက္ေရာက္ႏိုင္ေၾကာင္းလည္း ႏိုင္ငံေရးေလ့လာေစာင့္ၾကည့္သူေတြက သံုးသပ္ထားပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ျပည္ထဲေရး၀န္ၾကီး ဒုတိယဗိုလ္ခ်ဳပ္ၾကီးေက်ာ္ေဆြကို မူလ စစ္ဘက္တာ၀န္ ျပန္လည္ထမ္းေဆာင္ဖို႔ ခြင့္ျပဳေၾကာင္း ဒီလ ၄ ရက္ေန႔က ႏိုင္ငံေတာ္သမၼတက အမိန္႔ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ လစ္လပ္သြားတဲ့ ျပည္ထဲေရး ၀န္ၾကီးေနရာကို အစားထိုးခန္႔ထိုးဖုိ႔ ျပည္ေထာင္စုလႊတ္ေတာ္ကို အမည္တင္သြင္းခဲ့တာ ျဖစ္ပါတယ္။

လစ္လပ္သြားတဲ့ေနရာကို အစားထိုးခန္႔အပ္ဖုိ႔ အမည္တင္သြင္းလိုက္တာကို ျပည္ေထာင္စု လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ျပည္ေထာင္စုလႊတ္ေတာ္မွာ အခုလို ဖတ္ၾကားခဲ့ပါတယ္။

“သို႔- နာယက ၊ ျပည္ေထာင္စုလႊတ္ေတာ္၊ အေၾကာင္းအရာ၊ ျပည္ေထာင္စု၀န္ၾကီး ခန္႔အပ္ေရးကိစၥ။ လစ္လပ္လွ်က္ရိွေသာ ျပည္ထဲေရး၀န္ၾကီးဌာန ျပည္ေထာင္စု ၀န္ၾကီးေနရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ေပးပို႔လာတဲ့ တပ္မေတာ္စစ္ဘက္ေရးရာလံုၿခံဳေရး အရာရိွခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ၾကီး စိုးထြဋ္အား ခန္႔အပ္တာ၀န္ေပးလိုပါသျဖင့္ ဖဲြ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၂၃၂၊ ပုဒ္မခဲြ (ဂ)ႏွင့္ ျပည္ေထာင္စုအစိုးရဥပေဒ ပုဒ္မ ၁၂၊ ပုဒ္မခဲြ (ခ) တို႔ပါ ျပဌာန္းခ်က္မ်ားအရ ျပည္ေထာင္စုလႊတ္ေတာ္၏ သေဘာတူညီခ်က္ ရယူေပးႏိုင္ပါရန္ ေပးပို႔အပ္ပါသည္။ ပူးတဲြ ကိုယ္ေရးမွတ္တမ္းတစ္စံု၊ ပံု - ၀င္းျမင့္ ႏိုင္ငံေတာ္သမၼတ ျဖစ္ပါတယ္။”

ႏိုင္ငံေတာ္သမၼတက ေပးပို႔လာတဲ့ စာမိတၱဴကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြထံ ျဖန္႔ေ၀ေပးၿပီး သတ္မွတ္ထားတဲ့ အရည္အခ်င္းေတြနဲ႔ မကိုက္ညီေၾကာင္း သက္ေသထင္ရွားတာေၾကာင့္ ကန္႔ကြက္လိုသူေတြ ရိွရင္ ၇ ရက္ေန႔ ညေန ၄ နာရီ ေနာက္ဆံုးထား စာရင္းေပးဖုိ႔နဲ႔ ခန္႔အပ္ျခင္း အတည္ျပဳ၊ မျပဳကို လာမယ့္ ၁၀ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဆံုးျဖတ္ဖို႔ လ်ာထားထားပါတယ္။

၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပံုအေျခခံဥပေဒအရ ႏိုင္ငံေတာ္သမၼတက ကာကြယ္ေရး၀န္ၾကီး၊ ျပည္ထဲေရး၀န္ၾကီးနဲ႔ နယ္စပ္ေရးရာ၀န္ၾကီးေတြရဲ့ အမည္စာရင္းကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရယူၿပီး ျပည္ေထာင္စုလႊတ္ေတာ္ရဲ့ သေဘာတူညီခ်က္အရ ခန္႔အပ္ရတာ ျဖစ္ပါတယ္။

တပ္မေတာ္စစ္ဘက္ေရးရာ လံုၿခံဳေရး အရာရိွခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ၾကီး စိုးထြဋ္ (၀ဲ) (သတင္းဓာတ္ပံု- Asean Chiefs of Defence Forces Meeting)
ကြယ္လြန္သူ ဗိုလ္မွဴးခ်ဳပ္လြန္းေမာင္ရဲ႕ သားျဖစ္သူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ဟာ တပ္မေတာ္ စစ္ဘက္ေရးရာ လံုျခံဳေရးတပ္ဖြဲ႔ စရဖအႀကီးအကဲအျဖစ္ ၂၀၁၆ ခုႏွစ္က ခန္႔ထားခံခဲ့ရသူပါ။ အသက္ ၆၀ နီးပါးရွိၿပီျဖစ္ၿပီး စစ္တကၠသိုလ္ အပတ္စဥ္ ၆၄ ဆင္း ျဖစ္ပါတယ္။

အစိုးရသက္တမ္းကုန္ဆံုးဖို႔ တႏွစ္ေလာက္သာ က်န္ရိွခ်ိန္မွာ အခုလို ျပည္ထဲေရး၀န္ၾကီး ေျပာင္းလဲလိုက္တာဟာ လက္ရိွ ႏိုင္ငံေရးအေျခအေနအေပၚမွာေတာ့ သက္ေရာက္မႈ တစံုတရာ ရိွလာမွာ မဟုတ္ဘူးလို႔ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ရႈ႕ျမင္ပါတယ္။

“ဒီျပည္ထဲေရး၀န္ၾကီး အေျပာင္းအလဲကေနၿပီးေတာ့ ၾကီးၾကီးမားမား သက္ေရာက္မႈ ရိွလာစရာ မရိွဘူးလို႔ ျမင္တယ္ဗ်။ ဒီ အေျပာင္းအလဲေၾကာင့္မို႔ လတ္တေလာျဖစ္ေနတဲ့ ႏိုင္ငံေရးအေျပာင္းအလဲ ေနာက္ ၾကံဳေနရတဲ့ အက်ပ္အတည္း အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ ၾကီးၾကီးမားမား သက္ေရာက္မႈ မရိွႏိုင္ဘူးလုိ႔ ျမင္ပါတယ္။ ျဖစ္ႏိုင္တာကေတာ့ ၂၀၂၀ ေရြးေကာက္ပဲြအလြန္ အစိုးရသက္တမ္းမွာ ဒုတိယ ဗိုလ္ခ်ဳပ္ၾကီးစိုးထြဋ္ကို ျပည္ထဲေရးဌာန ၀န္ၾကီးအျဖစ္ ဆက္ၿပီးေတာ့ တာ၀န္ေပးဖို႔ ရည္ရြယ္ၿပီးေတာ့ ခန္႔အပ္တာ၀န္ေပးတာလုိ႔လည္း ျမင္ပါတယ္။”

လူမႈကြန္ယက္စာမ်က္ႏွာတစ္ခ်ိဳ႕မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္ထဲေရး၀န္ၾကီးအေပၚ ပုဂၢဳိလ္ေရးအရ အျမင္မၾကည္လင္တာေၾကာင့္ အေျပာင္းအလဲ လုပ္တယ္ဆိုတဲ့ ေ၀ဖန္မႈေတြကိုေတာ့ ေဒါက္တာရန္မ်ိဳးသိမ္းက လက္မခံေၾကာင္း ေျပာပါတယ္။

၂၀၁၆ ခုႏွစ္ အမ်ိဳးသားဒီမုိကေရစီအစိုးရ ဖဲြ႔စည္းခ်ိန္မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္ထဲေရး၀န္ၾကီးေနရာကို စစ္ဘက္ေရးရာလံုၿခံဳေရး အရာရိွခ်ဳပ္ျဖစ္တဲ့ ဒုဗုိလ္ခ်ဳပ္ၿပီးေက်ာ္ေဆြကို စတင္ခန္႔အပ္တာ ျဖစ္ၿပီး လက္ရိွမွာလည္း စစ္ဘက္ေရးရာ လံုၿခံဳေရးအရာရိွခ်ဳပ္ကို ထပ္မံ ေရြးျခယ္ခဲ့တာ ျဖစ္ပါတယ္။


[Unicode Version]

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် အဆိုပြု

တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီး အစားထိုး ခန့်အပ်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ တင်ပြခဲ့ရာမှာ အတည်ပြု၊ မပြု လာမယ့် ၁၀ရက်နေ့မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ဒီလိုပြည်ထဲရေးဝန်ကြီး ပြောင်းလဲလိုက်တာကြောင့် လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ထူးထူးခြားခြား မသက်ရောက်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို မူလ စစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ဖို့ ခွင့်ပြုကြောင်း ဒီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတက အမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် လစ်လပ်သွားတဲ့ ပြည်ထဲရေး ဝန်ကြီးနေရာကို အစားထိုးခန့်ထိုးဖို့ ပြည်ထောင်စုလွှတ်တော်ကို အမည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့နေရာကို အစားထိုးခန့်အပ်ဖို့ အမည်တင်သွင်းလိုက်တာကို ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်မှာ အခုလို ဖတ်ကြားခဲ့ပါတယ်။

“သို့- နာယက ၊ ပြည်ထောင်စုလွှတ်တော်၊ အကြောင်းအရာ၊ ပြည်ထောင်စုဝန်ကြီး ခန့်အပ်ရေးကိစ္စ။ လစ်လပ်လျှက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့လာတဲ့ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ)နှင့် ပြည်ထောင်စုအစိုးရဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် ပေးပို့အပ်ပါသည်။ ပူးတွဲ ကိုယ်ရေးမှတ်တမ်းတစ်စုံ၊ ပုံ - ဝင်းမြင့် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတက ပေးပို့လာတဲ့ စာမိတ္တူကို လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေပေးပြီး သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ မကိုက်ညီကြောင်း သက်သေထင်ရှားတာကြောင့် ကန့်ကွက်လိုသူတွေ ရှိရင် ၇ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား စာရင်းပေးဖို့နဲ့ ခန့်အပ်ခြင်း အတည်ပြု၊ မပြုကို လာမယ့် ၁၀ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ဖို့ လျာထားထားပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေရဲ့ အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်အရ ခန့်အပ်ရတာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့ သားဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ စရဖအကြီးအကဲအဖြစ် ၂၀၁၆ ခုနှစ်က ခန့်ထားခံခဲ့ရသူပါ။ အသက် ၆၀ နီးပါးရှိပြီဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၆၄ ဆင်း ဖြစ်ပါတယ်။

အစိုးရသက်တမ်းကုန်ဆုံးဖို့ တနှစ်လောက်သာကျန်ရှိချိန်မှာ အခုလို ပြည်ထဲရေးဝန်ကြီး ပြောင်းလဲလိုက်တာဟာ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ်မှာတော့ သက်ရောက်မှု တစုံတရာ ရှိလာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။

“ဒီပြည်ထဲရေးဝန်ကြီး အပြောင်းအလဲကနေပြီးတော့ ကြီးကြီးမားမား သက်ရောက်မှု ရှိလာစရာ မရှိဘူးလို့ မြင်တယ်ဗျ။ ဒီအပြောင်းအလဲကြောင့်မို့ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲ နောက် ကြုံနေရတဲ့ အကျပ်အတည်း အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူးလို့ မြင်ပါတယ်။ ဖြစ်နိုင်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရသက်တမ်းမှာ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဌာန ဝန်ကြီးအဖြစ် ဆက်ပြီးတော့ တာဝန်ပေးဖို့ရည်ရွယ်ပြီးတော့ ခန့်အပ်တာဝန်ပေးတာလို့လည်း မြင်ပါတယ်။”

လူမှုကွန်ယက်စာမျက်နှာတစ်ချို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထဲရေးဝန်ကြီးအပေါ် ပုဂ္ဂိုလ်ရေးအရ အမြင်မကြည်လင်တာကြောင့် အပြောင်းအလဲ လုပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကိုတော့ ဒေါက်တာရန်မျိုးသိမ်းက လက်မခံကြောင်း ပြောပါတယ်။

၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအစိုးရ ဖွဲ့စည်းချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထဲရေးဝန်ကြီးနေရာကို စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ပြီးကျော်ဆွေကို စတင်ခန့်အပ်တာ ဖြစ်ပြီး လက်ရှိမှာလည်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ကို ထပ်မံ ရွေးခြယ်ခဲ့တာ ဖြစ်ပါတယ်။

ကိုမိုးေဇာ္/ VOA (Burmese)
https://burmese.voanews.com
ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို ျပည္ထဲေရး၀န္ႀကီးသစ္အျဖစ္ အဆိုျပဳ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ကို ျပည္ထဲေရး၀န္ႀကီးသစ္အျဖစ္ အဆိုျပဳ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.