ဘန္ေကာက္ၿမိဳ႕လယ္တြင္ ေသနတ္ရမ္းပစ္ခတ္သူအားရဲမ်ားဖမ္းဆီး

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီလ ၁၄ ရက္ ၂၀၂၀

ထိုင္းနိုင္ငံဘန္ေကာက္ၿမိဳ႕လယ္တြင္ ယေန႔မနက္အာ႐ုဏ္ဦးကတည္းက ေသနတ္ရမ္းတမ္းပစ္ခတ္ေနေသာလူတဦးအား တာဝန္ရွိရဲမ်ားကဖမ္းဆီးခဲ့သည္။

ေသနတ္ပစ္ခတ္သူသည္အသက္ ၄၈ ႏွစ္အရြယ္ အမ်ိဳးသားတဦးျဖစ္ၿပီး ၎ေနထိုင္ရာ က်ဴလား ၁၀ လမ္းရွိ အားကစားဝတ္စုံမ်ားေရာင္းသည့္ဆိုင္တြင္ ေသနတ္အခ်က္ေပါင္း ၄၀ ထက္မနည္း ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

၎သည္မနက္ ၄ နာရီကတည္းက ေသနတ္စတင္ပစ္ခတ္ျခင္းျဖစ္ၿပီး တာဝန္ရွိရဲမ်ား အာဏာပိုင္မ်ားက ဝင္ေရာက္ေျဖာင္းဖ်ေခၚယူေျပာဆိုရာ မနက္ ၁၀ နာရီခြဲအခ်ိန္တြင္ ေသနတ္ပစ္သူအားဖမ္းဆီးထိန္းသိမ္းနိုင္ၿပီျဖစ္ေၾကာင္း ထိုင္းသတင္းဌာနမ်ားက ေဖာ္ျပထားသည္။

၎ႏွင့္နီးစပ္သည့္ အသိုင္းအဝိုင္းက - ၎သည္ေငြေၾကးႏွင့္ပတ္သက္ၿပီး စိတ္ရွုပ္ေထြးမွုျဖစ္ေပၚသျဖင့္ထိုသို႔ ေသနတ္ရမ္းတမ္းပစ္ခတ္ခဲ့ျခင္းျဖစ္နိုင္ေၾကာင္း - ေျပာဆိုေနေသာ္လည္း လက္ရွိတြင္ ေသနတ္ပစ္ခတ္သူအား ထိုင္းရဲမ်ားက စစ္ေဆးေနဆဲျဖစ္သျဖင့္ လက္ရွိနံနက္ ၁၁ နာရီအထိ တရားဝင္ သတင္းထုတ္ျပန္ျခင္းမရွိေသးေပ။

အဆိုပါေသနတ္ပစ္ခတ္မွုေၾကာင့္ ထိခိုက္ဒဏ္ရာရမွုေတာ့မရွိခဲ့ေပ။

ထိုင္းနိုင္ငံတြင္ ေငြေၾကးျပသနာေၾကာင့္ဟုဆိုကာ လူစည္ကားရာအရပ္တြင္ ထိုသို႔ေသနတ္ပစ္ခတ္မွုမွာ ယခု ၂ လအတြင္းယခုတႀကိမ္အပါအဝင္ ၃ ႀကိမ္ျဖစ္ေပၚခဲ့ၿပီးျဖစ္သည္။

ဇန္နဝါရီလ ၉ ရက္ေန႔က ထိုင္းနိုင္ငံ လုပ္ဘူရီၿမိဳ႕ရွိ ရိုဘင္ဆန္စင္တာအတြင္းရွိေရႊဆိုင္တဆိုင္အား ေက်ာင္းအုပ္တဦး ဝင္ေရာက္ေသနတ္ပစ္ခတ္ကာ ေရႊမ်ားဓါးျပတိုက္ယူစဥ္ စင္တာအတြင္းမွ လူ ၃ ဦး(ကေလးငယ္တဦးအပါအဝင္) ေသဆုံးခဲ့ၿပီးအမ်ားအျပားဒဏ္ရာရရွိခဲ့သည္။

ေဖေဖာ္ဝါရီလ ၈ ရက္ႏွင့္ ၉ ရက္ေန႔ကလည္း ခိုရတ္ၿမိဳ႕မွ စစ္သားတဦး ေငြေၾကးျပသနာ၊ တပ္အတြင္း ေခါင္းပုံျဖတ္ခံရမွုျပသနာမ်ားေၾကာင့္မေက်နပ္ဟုဆိုကာ တပ္တြင္းလက္နက္သိုေလွာင္႐ုံမွ ေသနတ္မ်ားျဖင့္ ရပ္ရြာအတြင္းႏွင့္ ခိုရတ္ၿမိဳ႕ရွိ တာမီနာ ၂၁ ေဈးဝယ္စင္တာအတြင္းဝင္ေရာက္ပစ္ခတ္သျဖင့္ လူ ၃၀ ေက်ာ္ေသဆုံးၿပီး ၄၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သည္။ ၎အား စစ္တပ္ အထက္အမိန႔္ျဖင့္ ပစ္သတ္ကာ အေသဖမ္းဆီးခဲ့သည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
--------------
(Unicode)⤵⤵⤵
ဘန်ကောက်မြို့လယ်တွင် သေနတ်ရမ်းပစ်ခတ်သူအားရဲများဖမ်းဆီး

သျှမ်းသံတော်ဆင့်- ဟွမ်ဟိန်း
ဖေဖော်ဝါရီလ ၁၄ ရက် ၂၀၂၀

ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်တွင် ယနေ့မနက်အာရုဏ်ဦးကတည်းက သေနတ်ရမ်းတမ်းပစ်ခတ်နေသောလူတဦးအား တာဝန်ရှိရဲများကဖမ်းဆီးခဲ့သည်။

သေနတ်ပစ်ခတ်သူသည်အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ၎င်းနေထိုင်ရာ ကျူလား ၁၀ လမ်းရှိ အားကစားဝတ်စုံများရောင်းသည့်ဆိုင်တွင် သေနတ်အချက်ပေါင်း ၄၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းသည်မနက် ၄ နာရီကတည်းက သေနတ်စတင်ပစ်ခတ်ခြင်းဖြစ်ပြီး တာဝန်ရှိရဲများ အာဏာပိုင်များက ဝင်ရောက်ဖြောင်းဖျခေါ်ယူပြောဆိုရာ မနက် ၁၀ နာရီခွဲအချိန်တွင် သေနတ်ပစ်သူအားဖမ်းဆီးထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက - ၎င်းသည်ငွေကြေးနှင့်ပတ်သက်ပြီး စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်သဖြင့်ထိုသို့ သေနတ်ရမ်းတမ်းပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း - ပြောဆိုနေသော်လည်း လက်ရှိတွင် သေနတ်ပစ်ခတ်သူအား ထိုင်းရဲများက စစ်ဆေးနေဆဲဖြစ်သဖြင့် လက်ရှိနံနက် ၁၁ နာရီအထိ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ပေ။

ထိုင်းနိုင်ငံတွင် ငွေကြေးပြသနာကြောင့်ဟုဆိုကာ လူစည်ကားရာအရပ်တွင် ထိုသို့သေနတ်ပစ်ခတ်မှုမှာ ယခု ၂ လအတွင်းယခုတကြိမ်အပါအဝင် ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။

ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ လုပ်ဘူရီမြို့ရှိ ရိုဘင်ဆန်စင်တာအတွင်းရှိရွှေဆိုင်တဆိုင်အား ကျောင်းအုပ်တဦး ဝင်ရောက်သေနတ်ပစ်ခတ်ကာ ရွှေများဓါးပြတိုက်ယူစဉ် စင်တာအတွင်းမှ လူ ၃ ဦး(ကလေးငယ်တဦးအပါအဝင်) သေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့ကလည်း ခိုရတ်မြို့မှ စစ်သားတဦး ငွေကြေးပြသနာ၊ တပ်အတွင်း ခေါင်းပုံဖြတ်ခံရမှုပြသနာများကြောင့်မကျေနပ်ဟုဆိုကာ တပ်တွင်းလက်နက်သိုလှောင်ရုံမှ သေနတ်များဖြင့် ရပ်ရွာအတွင်းနှင့် ခိုရတ်မြို့ရှိ တာမီနာ ၂၁ ဈေးဝယ်စင်တာအတွင်းဝင်ရောက်ပစ်ခတ်သဖြင့် လူ ၃၀ ကျော်သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၎င်းအား စစ်တပ် အထက်အမိန့်ဖြင့် ပစ်သတ်ကာ အသေဖမ်းဆီးခဲ့သည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054
ဘန္ေကာက္ၿမိဳ႕လယ္တြင္ ေသနတ္ရမ္းပစ္ခတ္သူအားရဲမ်ားဖမ္းဆီး ဘန္ေကာက္ၿမိဳ႕လယ္တြင္ ေသနတ္ရမ္းပစ္ခတ္သူအားရဲမ်ားဖမ္းဆီး Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.