ၿမိတ္ၿမိဳ႕၊ ကန္ဖ်ားရပ္တြင္ အႏုၾကမ္းစီးမႈျဖစ္ပြား

(Zawgyi)⤵⤵⤵
ၿမိတ္ၿမိဳ႕ ၊ ကန္ဖ်ားကုန္စိမ္းေစ်းေဟာင္းအနီး ေဒၚတင္ၾကဴ ေနအိမ္တြင္ ေဖေဖၚဝါရီလ ၇ ရက္၊ ည ၈ နာရီခန္႔က အႏုၾကမ္းစီးမႈျဖစ္ပြားေၾကာင္းသိရပါတယ္။


ကန္ဖ်ားရပ္ႀကီး၊ ဗိုလ္ဗထူးလမ္းသြယ္(၂) အိမ္အမွတ္(၁) ေဒၚတင္ၾကဴေနအိမ္တြင္
၎၏ သမီးျဖစ္သူ ေအးမိုးသူ ႏွင့္တူ ၃ ႏွစ္အ႐ြယ္၊ ႏွင့္ ၈ လ အ႐ြယ္ ေနအိမ္တြင္ရွိေနစဥ္ အမည္မသိ အမ်ိဳးသား ၃ ဦးက ၿခံတံခါးေက်ာ္ဝင္ၿပီး ၈ လ အ႐ြယ္ကေလးအား ေပြ႕ခ်ီၿပီး ဓါးေထာက္၍ ေအာ္လွ်င္ကေလးအားသတ္ပစ္မည္ဟုေျပာဆို၍ ဘီ႐ိုအတြင္းရွိ ေ႐ႊထည္ပစၥည္း ေ႐ႊ ၁ က်ပ္ ၊ေ႐ႊဆြဲသီး ၃ ခု ၊ အေခါက္ေ႐ႊ လက္ေကာက္ ၁ က်ပ္၊ ပတၱျမားဆြဲသီး ၁ ခု၊ပတၱျမားလက္ေကာက္ ၁ ကြင္း ၊ မဟူရာ က်ယ္သီး ၁ လုံး၊ ေ႐ႊဆြဲႀကိဳး ၂ က်ပ္သား တစ္ကုံး ႏွင့္ ေငြက်ပ္- ၄ သိန္း လုယူထြက္ေျပးသြားေၾကာင္းသိရပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၿမိတ္ၿမိဳ႕မရဲစခန္းမွ အႏုၾကမ္းစီးသူ ၃ ဦးကို အေရးယူႏိုင္ရန္ စုံစမ္းေနေၾကာင္းသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)
https://www.facebook.com/Myat-Htut-Myeik-222869948053294
-----------
(Unicode)⤵⤵⤵
မြိတ်မြို့၊ ကန်ဖျားရပ်တွင် အနုကြမ်းစီးမှုဖြစ်ပွား

မြိတ်မြို့ ၊ ကန်ဖျားကုန်စိမ်းဈေးဟောင်းအနီး ဒေါ်တင်ကြူ နေအိမ်တွင် ဖေဖေါ်ဝါရီလ ၇ ရက်၊ ည ၈ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားကြောင်းသိရပါတယ်။

ကန်ဖျားရပ်ကြီး၊ ဗိုလ်ဗထူးလမ်းသွယ်(၂) အိမ်အမှတ်(၁) ဒေါ်တင်ကြူနေအိမ်တွင်
၎င်း၏ သမီးဖြစ်သူ အေးမိုးသူ နှင့်တူ ၃ နှစ်အရွယ်၊ နှင့် ၈ လ အရွယ် နေအိမ်တွင်ရှိနေစဉ် အမည်မသိ အမျိုးသား ၃ ဦးက ခြံတံခါးကျော်ဝင်ပြီး ၈ လ အရွယ်ကလေးအား ပွေ့ချီပြီး ဓါးထောက်၍ အော်လျှင်ကလေးအားသတ်ပစ်မည်ဟုပြောဆို၍ ဘီရိုအတွင်းရှိ ရွှေထည်ပစ္စည်း ရွှေ ၁ ကျပ် ၊ရွှေဆွဲသီး ၃ ခု ၊ အခေါက်ရွှေ လက်ကောက် ၁ ကျပ်၊ ပတ္တမြားဆွဲသီး ၁ ခု၊ပတ္တမြားလက်ကောက် ၁ ကွင်း ၊ မဟူရာ ကျယ်သီး ၁ လုံး၊ ရွှေဆွဲကြိုး ၂ ကျပ်သား တစ်ကုံး နှင့် ငွေကျပ်- ၄ သိန်း လုယူထွက်ပြေးသွားကြောင်းသိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ အနုကြမ်းစီးသူ ၃ ဦးကို အရေးယူနိုင်ရန် စုံစမ်းနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294
ၿမိတ္ၿမိဳ႕၊ ကန္ဖ်ားရပ္တြင္ အႏုၾကမ္းစီးမႈျဖစ္ပြား ၿမိတ္ၿမိဳ႕၊ ကန္ဖ်ားရပ္တြင္ အႏုၾကမ္းစီးမႈျဖစ္ပြား Reviewed by THITHTOOLWIN on 00:05 Rating: 5
Powered by Blogger.