ရန္ကုန္ၿမိဳ႕ သံေဈးတြင္ မီးေလာင္မႈျဖစ္ပြား ဆိုင္ခန္း ၄၂ ခန္းမီးေလာင္ဆုံးရႈံး၊ လူေနတိုက္ခန္းမ်ားမွ ပိတ္မိေနသူမ်ားကို ေဘးအႏၲရာယ္ကင္းစြာ ကယ္ထုတ္ႏိုင္ခဲ့

 ဓာတ္ပုံ-ေဖေဇာ္
(Zawgyi)⤵⤵⤵
ရန္ကုန္ ၂၀ ေဖေဖာ္ဝါရီ

ရန္ကုန္ၿမိဳ႕၊ လသာၿမိဳ႕နယ္၊ အမွတ္(၂) ရပ္ကြက္၊ လမ္းမေတာ္လမ္းရွိ သံေဈးတြင္ ယေန႔နံနက္ပိုင္းက မီးေလာင္မႈျဖစ္ပြားရာ ေဈးဆိုင္ခန္း ၄၂ ခန္း မီးေလာင္ဆုံးရႈံးခဲ့ကာ ေဈးအေဆာက္အဦ လူေနတိုက္ခန္းမ်ားမွ ပိတ္မိေနသူမ်ားကို သက္ဆိုင္ရာက ေဘးအႏၲရာယ္ကင္းစြာ ကယ္ထုတ္ႏိုင္ခဲ့သည္။

ယေန႔နံနက္ ၆ နာရီခန႔္တြင္ အဆိုပါေဈး၏ ဒုတိယ ထပ္မွစတင္၍ မီးေလာင္မႈျဖစ္ပြားရာ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕မွ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရဲမင္းသူ ဦးစီး၍ သန္ေဓမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရံမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ပရဟိအသင္းအဖြဲ႕မ်ားႏွင့္ အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ား၊ တာဝန္ရွိသူမ်ားက မီးျငႇိမ္းသတ္ယာဥ္၊ အေထာက္အကူျပဳယာဥ္၊ ကရိန္းယာဥ္၊ မီးခိုးမႈတ္စက္ယာဥ္၊ ေရသယ္ယာဥ္မ်ားျဖင့္ ဝိုင္းဝန္း ျငႇိမ္းသတ္ၾကရာ နံနက္ ၈ နာရီခြဲတြင္ မီးထိန္းႏိုင္ခဲ့ၿပီး ၉ နာရီ ၁၀ မိနစ္တြင္ မီးၿငိမ္းသြားသည္။

အဆိုပါ ျဖစ္ပြားမႈေၾကာင့္ မီးေလာင္မႈျဖစ္သည့္ ဒုတိယထပ္တြင္ စားေသာက္ကုန္၊ မီးဖိုေခ်ာင္သုံးႏွင့္ အိပ္ခန္းသုံးပစၥည္းမ်ား ေရာင္းခ်သည့္ ငါးေပပတ္လည္ခန႔္ရွိ ဆိုင္ခန္း ၂၃၂ ခန္းရွိသည့္အနက္ ဆိုင္ခန္း ၄၂ ခန္းမီးေလာင္ကြၽမ္းခဲ့ၿပီး ဆိုင္ခန္း ၁၈ ခန္း မီးဟပ္ခံခဲ့ရသည့္ အျပင္ အမ်ိဳးသား ၁၂ ဦး၊ အမ်ိဳးသမီး ေျခာက္ဦးမွာ မီးခိုးမႊန္ျခင္းႏွင့္ ထိခိုက္ပြန္းပဲ့ ဒဏ္ရာ(မစိုးရိမ္ရ) ရရွိခဲ့သျဖင့္ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီး ျပင္ပလူနာဌာနသို႔ ပို႔ေဆာင္ကုသခဲ့ရေၾကာင္းသိရသည္။

ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ မီးသတ္ဦးစီးမႉး လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေဌးဝင္း က `` အေရးေပၚေလွကားေတာ့ရွိတယ္။ ပိတ္ထားတဲ့အတြက္ ဆင္းလို႔မရေတာ့ ကိုယ့္အခန္းကိုယ္ ျပန္ေနၾကတယ္။ မီးခိုးမ်ားတဲ့အတြက္ အေပၚထပ္ေတြမွာ ပိတ္မိေနသူေတြကို ေလွကားကေန ဆင္းခိုင္းတာလည္းရွိတယ္။ ေလွကားတင္ယာဥ္ (ကရိန္းယာဥ္)ေတြနဲ႔ ကယ္ထုတ္ ရတာလည္းရွိပါတယ္။ ကယ္တဲ့အခ်ိန္မွာလည္း မီးခိုးမ်ားေနလို႔ မီးသတ္ပိုက္နဲ႔ မီးခိုးမထြက္ေအာင္ ျဖန္းၿပီးမွ ကယ္ခဲ့ရတယ္။ အသက္ႀကီးပိုင္းေတြလည္းပါတယ္။ အားလုံးကို ေဘးအႏၲရာယ္ကင္းစြာနဲ႔ ကယ္ထုတ္ႏိုင္ခဲ့ပါတယ္။ ကယ္ဆယ္ေရးနဲ႔ ျငႇိမ္းသတ္ေရးကို တစ္ၿပိဳင္တည္းလုပ္ခဲ့တာပါ´´ ဟုေျပာသည္။

အဆိုပါေဈး အေဆာက္အဦသည္ ၁၁ ထပ္အျမင့္ရွိၿပီး ေျခာက္လႊာမွ ၁၁ လႊာအထိမွာ လူေနတိုက္ခန္းမ်ားျဖစ္သည့္အတြက္ မီးေလာင္မႈျဖစ္ပြားစဥ္တြင္ လူေနတိုက္ခန္းမ်ားမွ ပိတ္မိေနသူ ၈၅ ဦး ကိုကယ္ထုတ္ခဲ့ရျခင္းျဖစ္သည္။

အဆိုပါ အေဆာက္အဦ၏ ၁၀ လႊာတြင္ ေနထိုင္သူ ကိုေမာ္စီ က``ေအာက္ထပ္မွာ မီးေလာင္ေနတယ္ၾကားလို႔ ဆင္းၾကည့္တာ ေလွကားကေန မီးခိုးလုံးေတြတက္လာလို႔ အိမ္မွာျပန္ေနလိုက္တယ္။ ဒီကေနလြတ္ဖို႔အတြက္ ျပင္ဆင္ေနရတယ္။ ပတ္ဝန္းက်င္နဲ႔ အဆက္အသြယ္ရေအာင္ အဆင္သင့္လုပ္ထားတယ္။ ကယ္ဆယ္ေရးေတြ ေရာက္လာေတာ့ လြတ္တဲ့ အေပါက္ေတြကေန ကယ္ထုတ္ၾကတယ္။ အသက္ႀကီးပိုင္းေတြနဲ႔ လမ္းမေလွ်ာက္ႏိုင္တဲ့သူေတြ ပါေတာ့ ခက္ခက္ခဲခဲကယ္ထုတ္ၾကရတယ္´´ ဟုေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးထြန္းထြန္းဦး က `` လူေသဆုံးမႈနဲ႔ ထိခိုက္ဒဏ္ရာ ႀကီးႀကီးမားမားရတာမ်ိဳး မရွိပါဘူး။ အမ်ားစုကေတာ့ မီးခိုးမႊန္ၿပီး အသက္ရႈမႊန္းၾကပ္လို႔ ရန္ကုန္ေဆး႐ုံႀကီးကို ပို႔ရတာပါ။ အခ်ိဳ႕ကိုေတာ့ လူနာတင္ယာဥ္ေပၚမွာျပဳစု ကုသမႈေတြ လုပ္ေပးပါတယ္´´ ဟုေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ဝါယာေရွာ့မွတဆင့္ ေလာင္ကြၽမ္းျခင္းျဖစ္ေၾကာင္း ကနဦး သိရွိရ ေသာ္လည္း မီးေလာင္ရသည့္ အေၾကာင္းအရင္းႏွင့္ မီးေလာင္ဆုံးရႈံးမႈတန္ဖိုးတို႔ကို သက္ဆိုင္ရာမွ သီးျခား အဖြဲ႕ဖြဲ႕ကာ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုျဖစ္ပြားမႈေၾကာင့္ အဆိုပါေဈးကို လတ္တေလာ ပိတ္သိမ္းထားၿပီး မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့သည့္ ေနရာမ်ားအား ႀကံ့ခိုင္မႈရွိ၊ မရွိစစ္ေဆးမႈမ်ားႏွင့္ ျပင္ဆင္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း-ေဇာ္ႀကီး၊
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵
ရန်ကုန်မြို့ သံဈေးတွင် မီးလောင်မှုဖြစ်ပွား ဆိုင်ခန်း ၄၂ ခန်းမီးလောင်ဆုံးရှုံး၊ လူနေတိုက်ခန်းများမှ ပိတ်မိနေသူများကို ဘေးအန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့

ရန်ကုန် ၂၀ ဖေဖော်ဝါရီ

ရန်ကုန်မြို့၊ လသာမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ လမ်းမတော်လမ်းရှိ သံဈေးတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၄၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ကာ ဈေးအဆောက်အဦ လူနေတိုက်ခန်းများမှ ပိတ်မိနေသူများကို သက်ဆိုင်ရာက ဘေးအန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။

ယနေ့နံနက် ၆ နာရီခန့်တွင် အဆိုပါဈေး၏ ဒုတိယ ထပ်မှစတင်၍ မီးလောင်မှုဖြစ်ပွားရာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးစီး၍ သန်ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိအသင်းအဖွဲ့များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ်၊ အထောက်အကူပြုယာဉ်၊ ကရိန်းယာဉ်၊ မီးခိုးမှုတ်စက်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ကြရာ နံနက် ၈ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားသည်။

အဆိုပါ ဖြစ်ပွားမှုကြောင့် မီးလောင်မှုဖြစ်သည့် ဒုတိယထပ်တွင် စားသောက်ကုန်၊ မီးဖိုချောင်သုံးနှင့် အိပ်ခန်းသုံးပစ္စည်းများ ရောင်းချသည့် ငါးပေပတ်လည်ခန့်ရှိ ဆိုင်ခန်း ၂၃၂ ခန်းရှိသည့်အနက် ဆိုင်ခန်း ၄၂ ခန်းမီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း ၁၈ ခန်း မီးဟပ်ခံခဲ့ရသည့် အပြင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ခြောက်ဦးမှာ မီးခိုးမွှန်ခြင်းနှင့် ထိခိုက်ပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ပို့ဆောင်ကုသခဲ့ရကြောင်းသိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်း က `` အရေးပေါ်လှေကားတော့ရှိတယ်။ ပိတ်ထားတဲ့အတွက် ဆင်းလို့မရတော့ ကိုယ့်အခန်းကိုယ် ပြန်နေကြတယ်။ မီးခိုးများတဲ့အတွက် အပေါ်ထပ်တွေမှာ ပိတ်မိနေသူတွေကို လှေကားကနေ ဆင်းခိုင်းတာလည်းရှိတယ်။ လှေကားတင်ယာဉ် (ကရိန်းယာဉ်)တွေနဲ့ ကယ်ထုတ် ရတာလည်းရှိပါတယ်။ ကယ်တဲ့အချိန်မှာလည်း မီးခိုးများနေလို့ မီးသတ်ပိုက်နဲ့ မီးခိုးမထွက်အောင် ဖြန်းပြီးမှ ကယ်ခဲ့ရတယ်။ အသက်ကြီးပိုင်းတွေလည်းပါတယ်။ အားလုံးကို ဘေးအန္တရာယ်ကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးနဲ့ ငြှိမ်းသတ်ရေးကို တစ်ပြိုင်တည်းလုပ်ခဲ့တာပါ´´ ဟုပြောသည်။

အဆိုပါဈေး အဆောက်အဦသည် ၁၁ ထပ်အမြင့်ရှိပြီး ခြောက်လွှာမှ ၁၁ လွှာအထိမှာ လူနေတိုက်ခန်းများဖြစ်သည့်အတွက် မီးလောင်မှုဖြစ်ပွားစဉ်တွင် လူနေတိုက်ခန်းများမှ ပိတ်မိနေသူ ၈၅ ဦး ကိုကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အဆောက်အဦ၏ ၁၀ လွှာတွင် နေထိုင်သူ ကိုမော်စီ က``အောက်ထပ်မှာ မီးလောင်နေတယ်ကြားလို့ ဆင်းကြည့်တာ လှေကားကနေ မီးခိုးလုံးတွေတက်လာလို့ အိမ်မှာပြန်နေလိုက်တယ်။ ဒီကနေလွတ်ဖို့အတွက် ပြင်ဆင်နေရတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ရအောင် အဆင်သင့်လုပ်ထားတယ်။ ကယ်ဆယ်ရေးတွေ ရောက်လာတော့ လွတ်တဲ့ အပေါက်တွေကနေ ကယ်ထုတ်ကြတယ်။ အသက်ကြီးပိုင်းတွေနဲ့ လမ်းမလျှောက်နိုင်တဲ့သူတွေ ပါတော့ ခက်ခက်ခဲခဲကယ်ထုတ်ကြရတယ်´´ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းဦး က `` လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရတာမျိုး မရှိပါဘူး။ အများစုကတော့ မီးခိုးမွှန်ပြီး အသက်ရှုမွှန်းကြပ်လို့ ရန်ကုန်ဆေးရုံကြီးကို ပို့ရတာပါ။ အချို့ကိုတော့ လူနာတင်ယာဉ်ပေါ်မှာပြုစု ကုသမှုတွေ လုပ်ပေးပါတယ်´´ ဟုပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဝါယာရှော့မှတဆင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦး သိရှိရ သော်လည်း မီးလောင်ရသည့် အကြောင်းအရင်းနှင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုးတို့ကို သက်ဆိုင်ရာမှ သီးခြား အဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်ပွားမှုကြောင့် အဆိုပါဈေးကို လတ်တလော ပိတ်သိမ်းထားပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေရာများအား ကြံ့ခိုင်မှုရှိ၊ မရှိစစ်ဆေးမှုများနှင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ရန္ကုန္ၿမိဳ႕ သံေဈးတြင္ မီးေလာင္မႈျဖစ္ပြား ဆိုင္ခန္း ၄၂ ခန္းမီးေလာင္ဆုံးရႈံး၊ လူေနတိုက္ခန္းမ်ားမွ ပိတ္မိေနသူမ်ားကို ေဘးအႏၲရာယ္ကင္းစြာ ကယ္ထုတ္ႏိုင္ခဲ့ ရန္ကုန္ၿမိဳ႕ သံေဈးတြင္ မီးေလာင္မႈျဖစ္ပြား ဆိုင္ခန္း ၄၂ ခန္းမီးေလာင္ဆုံးရႈံး၊ လူေနတိုက္ခန္းမ်ားမွ ပိတ္မိေနသူမ်ားကို ေဘးအႏၲရာယ္ကင္းစြာ ကယ္ထုတ္ႏိုင္ခဲ့ Reviewed by THITHTOOLWIN on 01:14 Rating: 5
Powered by Blogger.