ဝူဟန္ဗိုင္းရပ္အေၾကာင္း သတိေပးခဲ့တဲ့ ေဒါက္တာ လီဝမ္လ်န္းကြယ္လြန္

 ေဆး႐ုံကုတင္ေပၚကေန လူမႈကြန္ရက္မွာ ပုံတင္ခဲ့တဲ့ ေဒါက္တာလီ
(Zawgyi)⤵⤵⤵
လူေသေစတဲ့ ကို႐ိုနာဗိုင္းရပ္ပိုးအေၾကာင္း ပထမဆုံး သတိေပးခဲ့တဲ့ တ႐ုတ္ ဆရာဝန္ တေယာက္ ဒီေရာဂါနဲ႔ပဲ ကြယ္လြန္သြားၿပီလို႔ တ႐ုတ္ မီဒီယာေတြက ေဖာ္ျပပါတယ္။

၃၄ ႏွစ္ မွာ ကြယ္လြန္သြားတဲ့ လီဝမ္လ်န္း ဟာ ဝူဟန္ ဗဟိုေဆး႐ုံႀကီးက မ်က္စိဆရာဝန္ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၃ဝ ရက္မွာ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြကို ဒီေရာဂါအေၾကာင္း စ သတိေပးခဲ့ပါတယ္။

ေရာဂါသတင္းကို ဖုံးထားခ်င္တဲ့ ရဲက သူ႔ကို ဒါေတြ မလုပ္ဖို႔ လာသတိေပးပါတယ္။

ဒီဗိုင္းရပ္ေၾကာင့္ တ႐ုတ္ျပည္မွာ ေသသူ ၅၆ဝ ေက်ာ္ရွိၿပီး လူ ႏွစ္ေသာင္းရွစ္ေထာင္ကို ကူးစက္ခဲ့ပါတယ္။
လီဝမ္လ်န္း ဘယ္သူလဲ

မ်က္စိဆရာဝန္က သူ႔အေၾကာင္းကို ေဝဘို ဝက္ဆိုက္ကေန ေရးသားခဲ့တာပါ။ ေဆး႐ုံကုတင္ေပၚက ျဖစ္ပါတယ္။

၂ဝဝ၃ တုန္းက တ႐ုတ္ျပည္မွာ ျဖစ္ခဲ့ဖူးတဲ့ ဆားစ္ေရာဂါနဲ႔ တူတဲ့ ဗိုင္းရပ္ေရာဂါကူးစက္ခံရသူ ခုနစ္ေယာက္ကို ေဒါက္တာလီ စသတိထားခဲ့မိပါတယ္။

ဝူဟန္က အေရးေပၚ ေဆး႐ုံတခုျမင္ကြင္း

ဒီဇင္ဘာလ ၃ဝ ရက္မွာေတာ့ သူ႔လုပ္ေဖာ္ကိုင္ဖက္ ဆရာဝန္ေတြကို ေရာဂါမကူးေအာင္ အကာအကြယ္ ဝတ္စုံေတြ ဝတ္ၾကဖို႔ အင္တာနက္ကေန သူ သတိေပးခဲ့ပါတယ္။

ေနာက္ ေလးရက္အၾကာမွာ သူ႔ကို ျပည္သူ႔လုံၿခဳံေရး ဗ်ဴ႐ို႐ုံးက ဆင့္ေခၚပါတယ္။ အဲဒီမွာ သူ႔ကို စာတေစာင္မွာ လက္မွတ္ထိုးခိုင္းပါတယ္။ အဲဒီစာမွာ လူမႈတည္ၿငိမ္ေရး ဆိုးဆိုး႐ြား႐ြား ထိခိုက္ေအာင္ သတင္းမွားေတြ ျဖန္႔တယ္ ဆိုၿပီး သူ႔ကို စြပ္စြဲထားတာ ျဖစ္ပါတယ္။

သူ႔လိုပဲ ေကာလာဟလေတြ ျဖန္႔တယ္ဆိုၿပီး ရဲက စစ္ေမးခံရသူ ရွစ္ေယာက္ ရွိပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေဒသႏၲရအာဏာပိုင္ေတြ ေဒါက္တာလီကို ေတာင္းပန္ခဲ့ၾကပါတယ္။

ဇန္နဝါရီလ ၁ဝ ရက္ကစၿပီး သူ ေခ်ာင္းေတြ စဆိုးတဲ့အေၾကာင္း ေဒါက္တာလီ ေဝဘိုမွာ ေရးခဲ့ပါတယ္။ ေနာက္ေန႔မွာ သူ စဖ်ားၿပီး ႏွစ္ရက္အၾကာမွာေတာ့ ေဆး႐ုံတက္ရပါတယ္။ သူ႔မွာ ဗိုင္းရပ္ပိုး ကူးစက္တယ္ဆိုတာကို ဇန္နဝါရီ ၃ဝ ရက္ကမွ အတည္ျပဳႏိုင္ခဲ့ပါတယ္။

အခုေတာ့ တ႐ုတ္ လူမႈကြန္ရက္ေတြမွာ လူေတြက သူေသဆုံးတဲ့အတြက္ ပူေဆြးေၾကာင္း ေရးသားေနၾကပါတယ္။
 မ်က္ႏွာဖုံးစြပ္ေတြ အလုအယက္ဝယ္ေနၾက

တ႐ုတ္ႏိုင္ငံမွာ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ပိုၿပီး တင္းက်ပ္လာပါတယ္။

ေဘဂ်င္းမွာ ေမြးေန႔နဲ႔ မဂၤလာေဆာင္လို လူသူစုေဝးတဲ့ ပြဲလမ္းေတြ မလုပ္ဖို႔ တားျမစ္လိုက္ၿပီး ဟန္က်ိဳးနဲ႔ နန္ေခ်ာင္မွာေတာ့ အိမ္ကေန အျပင္ထြက္လို႔ရတဲ့ လူအေရအတြက္ကို ကန္႔သတ္ခဲ့ပါတယ္။

ဗိုင္းရပ္ေရာဂါဒဏ္ အဆိုးဆုံး ခံရတဲ့ ဟူေဘျပည္နယ္မွာေတာ့ လူေတြ အျပင္မထြက္ေအာင္ အထပ္ျမင့္ အေဆာက္အအုံေတြက ဓာတ္ေလွကားေတြကို ရပ္ပစ္ခဲ့ပါတယ္။

ျပည္နယ္ ၿမိဳ႕ေတာ္ ဝူဟန္မွာေတာ့ ေဆး႐ုံေတြမွာ လူနာထားစရာ ကုတင္နဲ႔ ေဆးဝါးပစၥည္းေတြ ျပတ္ေတာက္ကုန္ၿပီလို႔ အရာရွိႀကီးတေယာက္က ေျပာပါတယ္။ ေဆး႐ုံႏွစ္႐ုံ အျမန္ေဆာက္ေနေပမယ့္ လူနာေတြ မ်ားလြန္းလို႔ ကုစရာေနရာမရွိ ျဖစ္ကုန္တာပါ။

ဝူဟန္မွာ အစိုးရက လူေတြကို တအိမ္တက္ဆင္း အပူခ်ိန္ လိုက္တိုင္းေပးေနတယ္လို႔လည္း အင္တာနက္မွာ ေဖာ္ျပပါတယ္။

ျမန္မာျပည္နဲ႔ကပ္ေနတဲ့ ယူနန္ျပည္နယ္ ဒါလီၿမိဳ႕မွာေတာ့ ခ်ဳံက်င္းကို သြားမယ့္ မ်က္ႏွာဖုံးစြပ္ေတြ ျဖတ္ယူတယ္ဆိုၿပီး စြပ္စြဲခံေနရပါတယ္။ မ်က္ႏွာဖုံးေတြ ေဖာက္ေဝလိုက္ၿပီမို႔ ဘာမွ လုပ္လို႔မရေတာ့ဘူးလို႔ ဒါလီ အုပ္ခ်ဳပ္ေရးမႉးေတြက ေျပာပါတယ္။

တျခားၿမိဳ႕ေတြမွာလည္း ေဆးပစၥည္းေတြ လုေနၾကတာေတြ ရွိပါတယ္။
 ေအးခဲတဲ့ ဥတုမွာ အျပင္ထြက္ ဝယ္ျခမ္းရသူ
ေဟာင္ေကာင္မွာလည္း အိမ္သာသုံးစကၠဴအပါအဝင္ လူသုံးပစၥည္းေတြ အလုအယက္ ဝယ္ေနၾကပါတယ္။ မ်က္ႏွာဖုံးေတြ ဝယ္ဖို႔ တန္းစီေစာင့္ေနတဲ့ လူတန္းႀကီးေတြကိုလည္း ေတြ႕ရပါတယ္။

ကမာၻ႔တျခားေနရာေတြမွာလည္း

    ခ်က္ႏိုင္ငံ ပရက္ဂ္ၿမိဳ႕က ဗီယက္နမ္ဆိုင္တဆိုင္မွာ တ႐ုတ္စားသုံးသူေတြကို က်န္းမာေရးအတြက္ ေခတၱစားခြင့္ပိတ္ထားတယ္ဆိုတဲ့ ဆိုင္းဘုတ္ေၾကာင့္ လူေတြ ေဒါသထြက္ၾကပါတယ္။
    ႐ုရွားက ကရင္မလင္နန္းေတာ္မွာေတာ့ သမၼတ ပူတင္ကအစ ပြဲလမ္းသဘင္ေတြမွာ လာတဲ့သူတိုင္းကို အပူခ်ိန္ တိုင္းေနပါတယ္။
    ေရာဂါျဖစ္ေနေပမယ့္ တိုက်ိဳ ၂ဝ၂ဝ အိုလံပစ္ကို စီစဥ္ထားတဲ့အတိုင္း ဆက္သြားမယ္လို႔လည္း အိုလံပစ္ အမႈေဆာင္ အရာရွိခ်ဳပ္က ေျပာပါတယ္။

ပိတ္ဆို႔ခြဲထားမႈေတြကို ေဝဖန္

တ႐ုတ္အစိုးရဟာ ေရာဂါျဖစ္စ ရက္ေတြတုန္းက သတင္းမထြက္ေအာင္ ဖုံးဖိထားခဲ့တယ္၊ ေရာဂါထိန္းခ်ဳပ္ေရး ကိုင္တြယ္ပုံနဲ႔ ပတ္သက္ၿပီး ေဝဖန္တာေတြကိုလည္း ဖိႏွိပ္ခဲ့တယ္ ဆိုၿပီး လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႕က ေဝဖန္ခဲ့ပါတယ္။

ဗိုင္းရပ္ရဲ႕ မ်ိဳးဗီဇနမူနာကို တျခားႏိုင္ငံေတြနဲ႔ ျမန္ျမန္ ဖလွယ္ခဲ့တာကို ေစာင့္ၾကည့္အဖြဲ႕က ခ်ီးက်ဴးခဲ့ေပမယ့္ ၿမိဳ႕ေတြ ႐ြာေတြ ပိတ္ထားတဲ့ မူဝါဒကိုေတာ့ ေဝဖန္ခဲ့ပါတယ္။

" ဒီလို သိမ္းက်ဳံးၿပီး ပိတ္ဆို႔တာမ်ိဳးတာက အလုပ္မျဖစ္ပါဘူး။ ျပည္သူ႔က်န္းမာေရး အရာရွိေတြ ေျပာတဲ့ သီးျခားခြဲပုံက ဒီထက္ပိုၿပီး အေသးစိပ္ပါတယ္။ ဒီဗိုင္းရပ္ပိုးရွိသူလို႔ သတ္မွတ္ႏိုင္သူေတြကိုပဲ ခြဲထားတာပါ" လို႔လည္း အဲဒီအဖြဲ႕က အမႈေဆာင္ ဒါ႐ိုက္တာ ကက္နက္ေရာ့သ္က ေျပာပါတယ္။

လူေတြကို အစားအစာေကြၽးတာ၊ ေနရာခ်ထားတာနဲ႔ ကုသတာေတြၾကားမွာ ကြာဟမႈႀကီးေတြ ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

တ႐ုတ္အစိုးရကေတာ့ သူတို႔လုပ္နည္းလုပ္ဟန္ဘက္ကပဲ အျပင္းအထန္ ကာကြယ္ခဲ့ပါတယ္။
ရန္ကုန္ေလဆိပ္မွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ ေတြ႕ရွိ

တ႐ုတ္ႏိုင္ငံမွာ ေရာဂါျဖစ္ေနသူ ႏွစ္ေသာင္းရွစ္ေထာင္ ရွိတယ္လို႔ တ႐ုတ္အစိုးရက ေျပာေပမယ့္ ေရာဂါျဖစ္သူအမ်ားစုဟာ လကၡဏာနည္းနည္းပဲျပၿပီး တျခားသူေတြကို ဆက္ကူးေနတဲ့အတြက္ တကယ္ျဖစ္ေနတာ ဒီထက္ ဆယ္ဆေလာက္ မ်ားႏိုင္တယ္လို႔လည္း တခ်ိဳ႕ သိပၸံပညာရွင္ေတြက ခန္႔မွန္းပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဝူဟန်ဗိုင်းရပ်အကြောင်း သတိပေးခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းကွယ်လွန်

ဓာတ်ပုံ မူပိုင် Dr Li Wenliang
Image caption ဆေးရုံကုတင်ပေါ်ကနေ လူမှုကွန်ရက်မှာ ပုံတင်ခဲ့တဲ့ ဒေါက်တာလီ

လူသေစေတဲ့ ကိုရိုနာဗိုင်းရပ်ပိုးအကြောင်း ပထမဆုံး သတိပေးခဲ့တဲ့ တရုတ် ဆရာဝန် တယောက် ဒီရောဂါနဲ့ပဲ ကွယ်လွန်သွားပြီလို့ တရုတ် မီဒီယာတွေက ဖော်ပြပါတယ်။

၃၄ နှစ် မှာ ကွယ်လွန်သွားတဲ့ လီဝမ်လျန်း ဟာ ဝူဟန် ဗဟိုဆေးရုံကြီးက မျက်စိဆရာဝန် ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃ဝ ရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီရောဂါအကြောင်း စ သတိပေးခဲ့ပါတယ်။

ရောဂါသတင်းကို ဖုံးထားချင်တဲ့ ရဲက သူ့ကို ဒါတွေ မလုပ်ဖို့ လာသတိပေးပါတယ်။

ဒီဗိုင်းရပ်ကြောင့် တရုတ်ပြည်မှာ သေသူ ၅၆ဝ ကျော်ရှိပြီး လူ နှစ်သောင်းရှစ်ထောင်ကို ကူးစက်ခဲ့ပါတယ်။
လီဝမ်လျန်း ဘယ်သူလဲ

မျက်စိဆရာဝန်က သူ့အကြောင်းကို ဝေဘို ဝက်ဆိုက်ကနေ ရေးသားခဲ့တာပါ။ ဆေးရုံကုတင်ပေါ်က ဖြစ်ပါတယ်။

၂ဝဝ၃ တုန်းက တရုတ်ပြည်မှာ ဖြစ်ခဲ့ဖူးတဲ့ ဆားစ်ရောဂါနဲ့ တူတဲ့ ဗိုင်းရပ်ရောဂါကူးစက်ခံရသူ ခုနစ်ယောက်ကို ဒေါက်တာလီ စသတိထားခဲ့မိပါတယ်။
ဓာတ်ပုံ မူပိုင် STR
Image caption ဝူဟန်က အရေးပေါ် ဆေးရုံတခုမြင်ကွင်း

ဒီဇင်ဘာလ ၃ဝ ရက်မှာတော့ သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကို ရောဂါမကူးအောင် အကာအကွယ် ဝတ်စုံတွေ ဝတ်ကြဖို့ အင်တာနက်ကနေ သူ သတိပေးခဲ့ပါတယ်။

နောက် လေးရက်အကြာမှာ သူ့ကို ပြည်သူ့လုံခြုံရေး ဗျူရိုရုံးက ဆင့်ခေါ်ပါတယ်။ အဲဒီမှာ သူ့ကို စာတစောင်မှာ လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီစာမှာ လူမှုတည်ငြိမ်ရေး ဆိုးဆိုးရွားရွား ထိခိုက်အောင် သတင်းမှားတွေ ဖြန့်တယ် ဆိုပြီး သူ့ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။

သူ့လိုပဲ ကောလာဟလတွေ ဖြန့်တယ်ဆိုပြီး ရဲက စစ်မေးခံရသူ ရှစ်ယောက် ရှိပါတယ်။

နောက်ပိုင်းမှာတော့ ဒေသန္တရအာဏာပိုင်တွေ ဒေါက်တာလီကို တောင်းပန်ခဲ့ကြပါတယ်။

ဇန်နဝါရီလ ၁ဝ ရက်ကစပြီး သူ ချောင်းတွေ စဆိုးတဲ့အကြောင်း ဒေါက်တာလီ ဝေဘိုမှာ ရေးခဲ့ပါတယ်။ နောက်နေ့မှာ သူ စဖျားပြီး နှစ်ရက်အကြာမှာတော့ ဆေးရုံတက်ရပါတယ်။ သူ့မှာ ဗိုင်းရပ်ပိုး ကူးစက်တယ်ဆိုတာကို ဇန်နဝါရီ ၃ဝ ရက်ကမှ အတည်ပြုနိုင်ခဲ့ပါတယ်။

အခုတော့ တရုတ် လူမှုကွန်ရက်တွေမှာ လူတွေက သူသေဆုံးတဲ့အတွက် ပူဆွေးကြောင်း ရေးသားနေကြပါတယ်။
ဓာတ်ပုံ မူပိုင် DAVID CHANG
Image caption မျက်နှာဖုံးစွပ်တွေ အလုအယက်ဝယ်နေကြ

တရုတ်နိုင်ငံမှာ ရောဂါထိန်းချုပ်ရေးအတွက် ပိုပြီး တင်းကျပ်လာပါတယ်။

ဘေဂျင်းမှာ မွေးနေ့နဲ့ မင်္ဂလာဆောင်လို လူသူစုဝေးတဲ့ ပွဲလမ်းတွေ မလုပ်ဖို့ တားမြစ်လိုက်ပြီး ဟန်ကျိုးနဲ့ နန်ချောင်မှာတော့ အိမ်ကနေ အပြင်ထွက်လို့ရတဲ့ လူအရေအတွက်ကို ကန့်သတ်ခဲ့ပါတယ်။

ဗိုင်းရပ်ရောဂါဒဏ် အဆိုးဆုံး ခံရတဲ့ ဟူဘေပြည်နယ်မှာတော့ လူတွေ အပြင်မထွက်အောင် အထပ်မြင့် အဆောက်အအုံတွေက ဓာတ်လှေကားတွေကို ရပ်ပစ်ခဲ့ပါတယ်။

ပြည်နယ် မြို့တော် ဝူဟန်မှာတော့ ဆေးရုံတွေမှာ လူနာထားစရာ ကုတင်နဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်တောက်ကုန်ပြီလို့ အရာရှိကြီးတယောက်က ပြောပါတယ်။ ဆေးရုံနှစ်ရုံ အမြန်ဆောက်နေပေမယ့် လူနာတွေ များလွန်းလို့ ကုစရာနေရာမရှိ ဖြစ်ကုန်တာပါ။

ဝူဟန်မှာ အစိုးရက လူတွေကို တအိမ်တက်ဆင်း အပူချိန် လိုက်တိုင်းပေးနေတယ်လို့လည်း အင်တာနက်မှာ ဖော်ပြပါတယ်။
ခရစ္စမတ်ကျွန်းကို အပို့ခံရတဲ့ ဝူဟန်ပြန် သြစတြေးလျနိုင်ငံသားတွေ

မြန်မာပြည်နဲ့ကပ်နေတဲ့ ယူနန်ပြည်နယ် ဒါလီမြို့မှာတော့ ချုံကျင်းကို သွားမယ့် မျက်နှာဖုံးစွပ်တွေ ဖြတ်ယူတယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ မျက်နှာဖုံးတွေ ဖောက်ဝေလိုက်ပြီမို့ ဘာမှ လုပ်လို့မရတော့ဘူးလို့ ဒါလီ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

တခြားမြို့တွေမှာလည်း ဆေးပစ္စည်းတွေ လုနေကြတာတွေ ရှိပါတယ်။
ဓာတ်ပုံ မူပိုင် Kevin Frayer
Image caption အေးခဲတဲ့ ဥတုမှာ အပြင်ထွက် ဝယ်ခြမ်းရသူ

ဟောင်ကောင်မှာလည်း အိမ်သာသုံးစက္ကူအပါအဝင် လူသုံးပစ္စည်းတွေ အလုအယက် ဝယ်နေကြပါတယ်။ မျက်နှာဖုံးတွေ ဝယ်ဖို့ တန်းစီစောင့်နေတဲ့ လူတန်းကြီးတွေကိုလည်း တွေ့ရပါတယ်။

ကမ္ဘာ့တခြားနေရာတွေမှာလည်း

    ချက်နိုင်ငံ ပရက်ဂ်မြို့က ဗီယက်နမ်ဆိုင်တဆိုင်မှာ တရုတ်စားသုံးသူတွေကို ကျန်းမာရေးအတွက် ခေတ္တစားခွင့်ပိတ်ထားတယ်ဆိုတဲ့ ဆိုင်းဘုတ်ကြောင့် လူတွေ ဒေါသထွက်ကြပါတယ်။
    ရုရှားက ကရင်မလင်နန်းတော်မှာတော့ သမ္မတ ပူတင်ကအစ ပွဲလမ်းသဘင်တွေမှာ လာတဲ့သူတိုင်းကို အပူချိန် တိုင်းနေပါတယ်။
    ရောဂါဖြစ်နေပေမယ့် တိုကျို ၂ဝ၂ဝ အိုလံပစ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်သွားမယ်လို့လည်း အိုလံပစ် အမှုဆောင် အရာရှိချုပ်က ပြောပါတယ်။

တရုတ်အစိုးရဟာ ရောဂါဖြစ်စ ရက်တွေတုန်းက သတင်းမထွက်အောင် ဖုံးဖိထားခဲ့တယ်၊ ရောဂါထိန်းချုပ်ရေး ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကိုလည်း ဖိနှိပ်ခဲ့တယ် ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဝေဖန်ခဲ့ပါတယ်။

ဗိုင်းရပ်ရဲ့ မျိုးဗီဇနမူနာကို တခြားနိုင်ငံတွေနဲ့ မြန်မြန် ဖလှယ်ခဲ့တာကို စောင့်ကြည့်အဖွဲ့က ချီးကျူးခဲ့ပေမယ့် မြို့တွေ ရွာတွေ ပိတ်ထားတဲ့ မူဝါဒကိုတော့ ဝေဖန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်မှာ လူတစ်ယောက်သေဆုံး

" ဒီလို သိမ်းကျုံးပြီး ပိတ်ဆို့တာမျိုးတာက အလုပ်မဖြစ်ပါဘူး။ ပြည်သူ့ကျန်းမာရေး အရာရှိတွေ ပြောတဲ့ သီးခြားခွဲပုံက ဒီထက်ပိုပြီး အသေးစိပ်ပါတယ်။ ဒီဗိုင်းရပ်ပိုးရှိသူလို့ သတ်မှတ်နိုင်သူတွေကိုပဲ ခွဲထားတာပါ" လို့လည်း အဲဒီအဖွဲ့က အမှုဆောင် ဒါရိုက်တာ ကက်နက်ရော့သ်က ပြောပါတယ်။

လူတွေကို အစားအစာကျွေးတာ၊ နေရာချထားတာနဲ့ ကုသတာတွေကြားမှာ ကွာဟမှုကြီးတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

တရုတ်အစိုးရကတော့ သူတို့လုပ်နည်းလုပ်ဟန်ဘက်ကပဲ အပြင်းအထန် ကာကွယ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ရောဂါဖြစ်နေသူ နှစ်သောင်းရှစ်ထောင် ရှိတယ်လို့ တရုတ်အစိုးရက ပြောပေမယ့် ရောဂါဖြစ်သူအများစုဟာ လက္ခဏာနည်းနည်းပဲပြပြီး တခြားသူတွေကို ဆက်ကူးနေတဲ့အတွက် တကယ်ဖြစ်နေတာ ဒီထက် ဆယ်ဆလောက် များနိုင်တယ်လို့လည်း တချို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းပါတယ်။

BBC Burmese
https://www.bbc.com
ဝူဟန္ဗိုင္းရပ္အေၾကာင္း သတိေပးခဲ့တဲ့ ေဒါက္တာ လီဝမ္လ်န္းကြယ္လြန္ ဝူဟန္ဗိုင္းရပ္အေၾကာင္း သတိေပးခဲ့တဲ့ ေဒါက္တာ လီဝမ္လ်န္းကြယ္လြန္ Reviewed by THITHTOOLWIN on 00:59 Rating: 5
Powered by Blogger.