သာသနာ့ဝန္ထမ္းေတြ ေ႐ြးေကာက္ပြဲမွာမဲေပးခြင့္ရဖို႔ ခ်ားလ္စ္ေမာင္ဘို ေတာင္းဆို

ကက္သလစ္ ဘုန္းေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ ေမာင္ဘိုကို ၂၀၁၉၊ ဧၿပီ ၂၀ ရက္ေန႔က ေတြ႕ရစဥ္ / Photo: Zarni Htun/ RFA
(Zawgyi)⤵⤵⤵
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ပုဒ္မ ၃၉၂ မွာ သာသနာ့ဝန္ထမ္းေတြ ဆႏၵမဲေပးခြင့္မရွိေစရလို႔ ျပဌာန္းထားတာကို ပယ္ဖ်က္ေပးဖို႔ ကက္သလစ္ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ႀကီး ကာဒီနယ္ ခ်ားလ္စ္ ေမာင္ဘိုက ေမတၱာရပ္ခံလိုက္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၃၉၂ အရ သာသနာ့ဝန္ထမ္းေတြ မဲေပးခြင့္မရွိဘူးလို႔ သတ္မွတ္ထားတာေၾကာင့္ ဗုဒၶဘာသာရဟန္း၊ သီလရွင္၊ ခရစ္ယာန္ဘုန္းႀကီး၊ ဆရာေတာ္နဲ႔ သီလရွင္ေတြ မဲေပးခြင့္မရွိပါဘူး။

အဲဒါေၾကာင့္ ဒီျပဌာန္းခ်က္ကို လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္ခင္ ပယ္ဖ်က္ေပးဖို႔ ကက္သလစ္ ဂိုဏ္းခ်ဳပ္ ရဟန္းအမတ္ Charles Maung Bo က ေမတၱာရပ္ခံထားတယ္လို႔ Vatican သတင္းမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံသားျဖစ္ေပမယ့္ သာသနာေရးဝန္ထမ္းျဖစ္တာနဲ႔ မဲေပးခြင့္မရဘူးဆိုတာဟာ ဒီမိုကေရစီႏိုင္ငံအတြက္ လိုအပ္ခ်က္ျဖစ္တယ္လို႔ ခ်ားလ္စ္ေမာင္ဘိုက ေထာက္ျပပါတယ္။

ျမဝတီမင္းႀကီး ဆရာေတာ္ အရွင္အရိယာဝံသာဘိဝံသ ကလည္း ကသလစ္ ရဟန္းအမတ္ ခ်ားလ္စ္ေမာင္ဘိုနဲ႔ တသေဘာထားတည္းရွိတယ္လို႔ မိန႔္ပါတယ္။

အမွန္ကေတာ့ ႏိုင္ငံေတာ္ဆိုတဲ့ အဓိပၸါယ္၊ ႏိုင္ငံသားဆိုတဲ့ အဓိပၸါယ္တို႔မွာ ဘယ္ဝတ္နဲ႔ေနေန ႏိုင္ငံသားဟာ ႏိုင္ငံသားပဲ။ ေနာက္ တရားဥပေဒ ေလးစားလိုက္နာရေတာ့လည္း ႏိုင္ငံသားဆိုတဲ့ ေခါင္းစီးေအာက္မွာ ဘုန္းႀကီးတို႔ပါတာပဲ။ ဒါေပမဲ့လို႔ ကိုယ့္ရဲ႕ဆႏၵေပးခြင့္မရတာ သိပ္ေတာ့မေကာင္းဘူး။ အဲလိုေပးခြင့္မရတာေတြ အမ်ားႀကီးျဖစ္သြားရင္ ဆႏၵအစုံအလင္မပါတဲ့ အဓိပၸါယ္မ်ိဳးလည္း ျဖစ္သြားႏိုင္တယ္ေလ”

ႏွစ္ျခင္းခရစ္ယာန္မွာ နယ္ၿမိဳ႕ေတြက ဆရာေတာ္ေတြ မဲေပးခြင့္ရွိသူစာရင္းမွာ ပါေပမယ့္ ၿမိဳ႕ႀကီးေတြက သိကၡာေတာ္ရ ဆရာေတာ္ ေတာ္ေတာ္မ်ားမ်ား မဲေပးခြင့္မရွိဘဲ ျဖစ္ေနပါတယ္။

ခရစ္ယာန္ဘုန္းေတာ္ႀကီးေတြ အားလုံးတန္းတူ မဲေပးခြင့္ရေစလိုတယ္လို႔ လားဟူႏွစ္ျခင္း ခရစ္ယာန္ အဖြဲ႕ခ်ဳပ္က ဆရာေတာ္ ေဒါက္တာလာဇ႐ုက ေျပာပါတယ္။

“က်ေနာ္တို႔ ႏွစ္ျခင္းထဲမွာလည္း ကြဲျပားမႈရွိတယ္။ ရန္ကုန္တို႔ ၿမိဳ႕ႀကီးမွာဆိုရင္ေတာ့ ဓမၼဆရာေတာ္ႀကီးမ်ား၊ သိကၡာေတာ္ရ ဆရာေတာ္ႀကီးမ်ားက မဲမေပးရဘူး အဲဒီလိုၾကားတယ္။ က်ေနာ္တို႔ နယ္မွာေတာ့ နာမည္ထြက္ရင္ အားလုံးမဲသြားေပးၾကပါတယ္။ မဲေပးခြင့္ အားလုံးကိုေပးလိုက္ရင္ ေကာင္းတယ္ေလ။ ဘုန္းႀကီးလည္း ႏိုင္ငံသူ ႏိုင္ငံသားတစ္ေယာက္ပဲေလ”

အစၥလာမ္ဘာသာမွာေတာ့ ဘုန္းေတာ္ႀကီးဆိုတာ မရွိလို႔ သာသနာဝန္ထမ္းဆိုတဲ့ မဲေပးခြင့္မရတဲ့ အေျခအေနကို အစၥလာမ္ဘာသာဝင္ေတြ ႀကဳံေတြ႕ရတာ မရွိဘူးလို႔ အစၥလာမ္ ဘာသာေရး ေခါင္းေဆာင္ တစ္ဦးျဖစ္တဲ့ ဦးေအးလြင္က ေျပာပါတယ္။

“က်ေနာ္ ၃၉၂ ကို ရွိေစခ်င္ပါတယ္။ ဘာေၾကာင့္ရွိေစခ်င္လဲဆိုရင္ က်ေနာ္တို႔ ဘာသာမွာက ဘုန္းႀကီး လူတန္းစားဆိုတာက မရွိပါဘူး။ ဆရာေတာ္၊ သမားေတာ္ႀကီးေတြကေတာ့ ေလာကီလူသားေတြကို ေလာကုတၱရာေရးရာကို သြန္သင္ဆုံးမ ၾသဝါဒေပးတာပဲ ေကာင္းပါတယ္။ သူတို႔ကိုယ္တိုင္ ဒီထဲမွာ မဲေပးတာ ထက္စာရင္ေလ။ ဒါက်ေနာ္အျမင္ပါ”

အေျခခံဥပေဒ ပုဒ္မ ၃၉၂ မွာ သာသနာ့ဝန္ထမ္းေတြ၊ ေထာင္က်ခံေနရသူေတြ၊ စိတ္ေပါ့သြပ္ေနတယ္လို႔ သတ္မွတ္ခံထားရသူေတြ၊ လူမြဲအျဖစ္ ေၾကညာခံထားရသူေတြနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းဆိုင္ရာ ဥပေဒအရ တားျမစ္ခံရသူေတြ မဲေပးခြင့္မရဘူးလို႔ ျပဌာန္းထားပါတယ္။

ဒီအခ်က္ေတြက ျဖစ္သင့္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကို တြဲဖက္အတြင္းေရးမႉး ဦးဘိုၾကည္က ေျပာပါတယ္။

bokyi-aapp-350“လူတစ္ေယာက္ကို သူက်ဴးလြန္တဲ့ ျပစ္ဒဏ္ေတြေပၚမွာမူတည္ၿပီးေတာ့ အက်ဥ္းေထာင္ထဲကို ထည့္ထားတယ္ဆိုရင္ ရသင့္ရထိုက္တဲ့ ႏိုင္ငံသား အခြင့္အေရးတခ်ိဳ႕ကေတာ့ ဆုံးရႈံးမွာပဲ။ သူတို႔ဆုံးရႈံးခဲ့တဲ့ ျပစ္ဒဏ္ေတြကို ရင္ဆိုင္ရမွာပဲ။ ဒါကိုလည္း လူေတြကို အသိေပးထားဖို႔လိုတယ္”

ဘာသာေရးေခါင္းေဆာင္ေတြ မဲေပးခြင့္ရဖို႔ ေတာင္းဆိုမႈေတြရွိေနသလို ဒီေတာင္းဆိုမႈေတြဟာ မျဖစ္သင့္ဘူးလို႔ ယူဆသူေတြလည္း ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
သာသနာ့ဝန်ထမ်းတွေ ရွေးကောက်ပွဲမှာမဲပေးခွင့်ရဖို့ ချားလ်စ်မောင်ဘို တောင်းဆို

ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ် မောင်ဘိုကို ၂၀၁၉၊ ဧပြီ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo: Zarni Htun/ RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ ဆန္ဒမဲပေးခွင့်မရှိစေရလို့ ပြဌာန်းထားတာကို ပယ်ဖျက်ပေးဖို့ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၂ အရ သာသနာ့ဝန်ထမ်းတွေ မဲပေးခွင့်မရှိဘူးလို့ သတ်မှတ်ထားတာကြောင့် ဗုဒ္ဓဘာသာရဟန်း၊ သီလရှင်၊ ခရစ်ယာန်ဘုန်းကြီး၊ ဆရာတော်နဲ့ သီလရှင်တွေ မဲပေးခွင့်မရှိပါဘူး။

အဲဒါကြောင့် ဒီပြဌာန်းချက်ကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပယ်ဖျက်ပေးဖို့ ကက်သလစ် ဂိုဏ်းချုပ် ရဟန်းအမတ် Charles Maung Bo က မေတ္တာရပ်ခံထားတယ်လို့ Vatican သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံသားဖြစ်ပေမယ့် သာသနာရေးဝန်ထမ်းဖြစ်တာနဲ့ မဲပေးခွင့်မရဘူးဆိုတာဟာ ဒီမိုကရေစီနိုင်ငံအတွက် လိုအပ်ချက်ဖြစ်တယ်လို့ ချားလ်စ်မောင်ဘိုက ထောက်ပြပါတယ်။

မြဝတီမင်းကြီး ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ကလည်း ကသလစ် ရဟန်းအမတ် ချားလ်စ်မောင်ဘိုနဲ့ တသဘောထားတည်းရှိတယ်လို့ မိန့်ပါတယ်။

အမှန်ကတော့ နိုင်ငံတော်ဆိုတဲ့ အဓိပ္ပါယ်၊ နိုင်ငံသားဆိုတဲ့ အဓိပ္ပါယ်တို့မှာ ဘယ်ဝတ်နဲ့နေနေ နိုင်ငံသားဟာ နိုင်ငံသားပဲ။ နောက် တရားဥပဒေ လေးစားလိုက်နာရတော့လည်း နိုင်ငံသားဆိုတဲ့ ခေါင်းစီးအောက်မှာ ဘုန်းကြီးတို့ပါတာပဲ။ ဒါပေမဲ့လို့ ကိုယ့်ရဲ့ဆန္ဒပေးခွင့်မရတာ သိပ်တော့မကောင်းဘူး။ အဲလိုပေးခွင့်မရတာတွေ အများကြီးဖြစ်သွားရင် ဆန္ဒအစုံအလင်မပါတဲ့ အဓိပ္ပါယ်မျိုးလည်း ဖြစ်သွားနိုင်တယ်လေ”

နှစ်ခြင်းခရစ်ယာန်မှာ နယ်မြို့တွေက ဆရာတော်တွေ မဲပေးခွင့်ရှိသူစာရင်းမှာ ပါပေမယ့် မြို့ကြီးတွေက သိက္ခာတော်ရ ဆရာတော် တော်တော်များများ မဲပေးခွင့်မရှိဘဲ ဖြစ်နေပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးတွေ အားလုံးတန်းတူ မဲပေးခွင့်ရစေလိုတယ်လို့ လားဟူနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ဆရာတော် ဒေါက်တာလာဇရုက ပြောပါတယ်။

ကျနော်တို့ နှစ်ခြင်းထဲမှာလည်း ကွဲပြားမှုရှိတယ်။ ရန်ကုန်တို့ မြို့ကြီးမှာဆိုရင်တော့ ဓမ္မဆရာတော်ကြီးများ၊ သိက္ခာတော်ရ ဆရာတော်ကြီးများက မဲမပေးရဘူး အဲဒီလိုကြားတယ်။ ကျနော်တို့ နယ်မှာတော့ နာမည်ထွက်ရင် အားလုံးမဲသွားပေးကြပါတယ်။ မဲပေးခွင့် အားလုံးကိုပေးလိုက်ရင် ကောင်းတယ်လေ။ ဘုန်းကြီးလည်း နိုင်ငံသူ နိုင်ငံသားတစ်ယောက်ပဲလေ”

အစ္စလာမ်ဘာသာမှာတော့ ဘုန်းတော်ကြီးဆိုတာ မရှိလို့ သာသနာဝန်ထမ်းဆိုတဲ့ မဲပေးခွင့်မရတဲ့ အခြေအနေကို အစ္စလာမ်ဘာသာဝင်တွေ ကြုံတွေ့ရတာ မရှိဘူးလို့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

ayelwin-350.jpg“ကျနော် ၃၉၂ ကို ရှိစေချင်ပါတယ်။ ဘာကြောင့်ရှိစေချင်လဲဆိုရင် ကျနော်တို့ ဘာသာမှာက ဘုန်းကြီး လူတန်းစားဆိုတာက မရှိပါဘူး။ ဆရာတော်၊ သမားတော်ကြီးတွေကတော့ လောကီလူသားတွေကို လောကုတ္တရာရေးရာကို သွန်သင်ဆုံးမ သြဝါဒပေးတာပဲ ကောင်းပါတယ်။ သူတို့ကိုယ်တိုင် ဒီထဲမှာ မဲပေးတာ ထက်စာရင်လေ။ ဒါကျနော်အမြင်ပါ”

အခြေခံဥပဒေ ပုဒ်မ ၃၉၂ မှာ သာသနာ့ဝန်ထမ်းတွေ၊ ထောင်ကျခံနေရသူတွေ၊ စိတ်ပေါ့သွပ်နေတယ်လို့ သတ်မှတ်ခံထားရသူတွေ၊ လူမွဲအဖြစ် ကြေညာခံထားရသူတွေနဲ့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူတွေ မဲပေးခွင့်မရဘူးလို့ ပြဌာန်းထားပါတယ်။

ဒီအချက်တွေက ဖြစ်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကို တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

bokyi-aapp-350“လူတစ်ယောက်ကို သူကျူးလွန်တဲ့ ပြစ်ဒဏ်တွေပေါ်မှာမူတည်ပြီးတော့ အကျဉ်းထောင်ထဲကို ထည့်ထားတယ်ဆိုရင် ရသင့်ရထိုက်တဲ့ နိုင်ငံသား အခွင့်အရေးတချို့ကတော့ ဆုံးရှုံးမှာပဲ။ သူတို့ဆုံးရှုံးခဲ့တဲ့ ပြစ်ဒဏ်တွေကို ရင်ဆိုင်ရမှာပဲ။ ဒါကိုလည်း လူတွေကို အသိပေးထားဖို့လိုတယ်”

ဘာသာရေးခေါင်းဆောင်တွေ မဲပေးခွင့်ရဖို့ တောင်းဆိုမှုတွေရှိနေသလို ဒီတောင်းဆိုမှုတွေဟာ မဖြစ်သင့်ဘူးလို့ ယူဆသူတွေလည်း ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
သာသနာ့ဝန္ထမ္းေတြ ေ႐ြးေကာက္ပြဲမွာမဲေပးခြင့္ရဖို႔ ခ်ားလ္စ္ေမာင္ဘို ေတာင္းဆို သာသနာ့ဝန္ထမ္းေတြ ေ႐ြးေကာက္ပြဲမွာမဲေပးခြင့္ရဖို႔ ခ်ားလ္စ္ေမာင္ဘို ေတာင္းဆို Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.