ဗစ္တိုးရီးယားအမႈ လစ္ဟာသူေတြကို အေရးယူဖို႔ သမၼတ ၫႊန္ၾကား

 အသက္ ၃ ႏွစ္ေအာက္ မိန္းကေလးငယ္ အဓမၼ ျပဳက်င့္ခံရတယ္ဆိုတဲ့ အမႈမွာ တရားမွ်တမႈ ရွိဖို႔ အမ်ားျပည္သူဆႏၵျပ
(Zawgyi)⤵⤵⤵
မူႀကိဳေက်ာင္းသူ လိင္မတရားက်င့္ခံရတယ္ဆိုတဲ့ ဗစ္တိုးရီးယား အမႈမွာ လစ္ဟာမႈေတြ ျဖစ္ေပၚေစခဲ့တဲ့ တာဝန္ရွိသူေတြကို သက္ဆိုင္ရာဌာနေတြက အေရးယူဖို႔ သမၼတက ၫႊန္ၾကားလိုက္ပါတယ္။

ဗစ္တိုးရီးယားအမႈမွာ လုပ္ထုံးလုပ္နည္းနဲ႔ အညီ မေဆာင္႐ြက္ႏိုင္တဲ့၊ တာဝန္ေက်ပြန္စြာ မေဆာင္႐ြက္ႏိုင္တဲ့၊ လစ္ဟာမႈေတြ ျဖစ္ေပၚခဲ့တဲ့၊ ဥပေဒ ျပ႒ာန္းခ်က္ေတြနဲ႔ ညီၫြတ္မႈ မရွိတဲ့ တာဝန္ရွိသူေတြကို သက္ဆိုင္ရာ အဖြဲ႕အစည္းက လိုအပ္သလို အေရးယူ ေဆာင္႐ြက္ဖို႔ ေဖေဖာ္ဝါရီ ၂၀ ရက္မွာ ၫြန္ၾကားထားတယ္လို႔ ဒီကေန႔ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ေနျပည္ေတာ္က အသက္သုံးႏွစ္မျပည့္ေသးတဲ့ မူႀကိဳေက်ာင္းသူ ဗစ္တိုးရီးယား(အမည္လႊဲ)အမႈမွာ သံသယ တရားခံကို တရား႐ုံးက တရားရွင္ လႊတ္လိုက္ၿပီးေနာက္မွာ ကေလးရဲ႕ ဖခင္ျဖစ္သူက သမၼတဆီကို ကူညီေဆာင္႐ြက္ေပးဖို႔ စာတင္ထားခဲ့တယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

အဲဒီအတြက္ သမၼတက သက္ဆိုင္ရာ ဌာန သုံးခုကို ၫႊန္ၾကားခ်က္ ေလးခ်က္ ေပးထားခဲ့ၿပီး အဲဒီ အဖြဲ႕အစည္းေတြရဲ႕ ျပန္လည္ တင္ျပခ်က္အရ သမၼတက အခုလို ၫႊန္ၾကားလိုက္တာ ျဖစ္ပါတယ္။

ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္၊ ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ုံး တို႔ဆီကို သမၼတက ၫႊန္ၾကားခ်က္ ေလးခ်က္ ေပးထားတာ ျဖစ္ပါတယ္။

၁) အမႈမွန္ ေပၚေပါက္ဖို႔

၂) တာဝန္ခံမႈ၊ တာဝန္ယူမႈ ရွိဖို႔

၃) ဥပေဒနဲ႔အညီ ျဖစ္ဖို႔

၄) တရားဥပေဒ စိုးမိုးေရးအတြက္ ေဆာင္႐ြက္ထားတာေတြကို ပကတိ ေတြ႕ရွိခ်က္ အမွန္တရားအတိုင္း ျပန္လည္ တင္ျပဖို႔တို႔ကို ၫႊန္ၾကားထားတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။
 ေမလ ၁၆ ရက္မွာ ကေလး လိင္မတရားက်င့္ခံခဲ့ရတယ္ဆိုတာ စစ္ေဆးေတြ႕ခဲ့ရတယ္လို႔ တိုင္ၾကားခဲ့

အဲဒါနဲ႔ ပတ္သက္ၿပီး တရားလႊတ္ေတာ္ခ်ဳပ္က တရားေရးဆိုင္ရာ၊ ျပည္ထဲေရးက အမႈ စစ္ေဆးေရးဆိုင္ရာ၊ ေရွ႕ေနခ်ဳပ္႐ုံးက ဥပေဒပိုင္းဆိုင္ရာေတြကို သမၼတဆီ ျပန္တင္ျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဗစ္တိုးရီးယား အမႈဟာ ေမလလယ္မွာ စတင္ တိုင္ၾကားခဲ့ၿပီး ႐ုံးခ်ိန္း ၁၃ ခ်ိန္းအၿပီး ဒီဇင္ဘာလလယ္ပိုင္းမွာ သံသယ တရားခံကို ခ႐ိုင္တရား႐ုံးက တရားရွင္လႊတ္ေပးခဲ့ပါတယ္။ အဲဒီအတြက္ ျပင္ဆင္ေပးဖို႔ မႏၲေလးတိုင္း ဥပေဒခ်ဳပ္႐ုံးကို ရဲတပ္ဖြဲ႕နဲ႔ ဒကၡိဏခ႐ိုင္ ဥပေဒ႐ုံးတို႔က တင္ခဲ့ေပမဲ့ တိုင္းအဆင့္က အဲဒါကို ပယ္ခ်ခဲ့ပါတယ္။

အဲဒါေၾကာင့္ "တရားစီရင္ေရးလမ္းေၾကာင္းက လုံးဝအၿပီးအျပတ္ ျပတ္သြားၿပီေပါ့။...ဘယ္လိုပုံစံမ်ိဳးနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈေတြ ေဆာင္႐ြက္ၾကမွာလဲဆိုတာေတာ့ စိတ္ဝင္စားပါတယ္"လို႔ တရားလို ေရွ႕ေနက ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု လစ်ဟာသူတွေကို အရေးယူဖို့ သမ္မတ ညွှန်ကြား

Image caption အသက် ၃ နှစ်အောက် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ အမှုမှာ တရားမျှတမှု ရှိဖို့ အများပြည်သူဆန္ဒပြ

မူကြိုကျောင်းသူ လိင်မတရားကျင့်ခံရတယ်ဆိုတဲ့ ဗစ်တိုးရီးယား အမှုမှာ လစ်ဟာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာဌာနတွေက အရေးယူဖို့ သမ္မတက ညွှန်ကြားလိုက်ပါတယ်။

ဗစ်တိုးရီးယားအမှုမှာ လုပ်ထုံးလုပ်နည်းနဲ့ အညီ မဆောင်ရွက်နိုင်တဲ့၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်တဲ့၊ လစ်ဟာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့၊ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှု မရှိတဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်သလို အရေးယူ ဆောင်ရွက်ဖို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ညွန်ကြားထားတယ်လို့ ဒီကနေ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော်က အသက်သုံးနှစ်မပြည့်သေးတဲ့ မူကြိုကျောင်းသူ ဗစ်တိုးရီးယား(အမည်လွှဲ)အမှုမှာ သံသယ တရားခံကို တရားရုံးက တရားရှင် လွှတ်လိုက်ပြီးနောက်မှာ ကလေးရဲ့ ဖခင်ဖြစ်သူက သမ္မတဆီကို ကူညီဆောင်ရွက်ပေးဖို့ စာတင်ထားခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အဲဒီအတွက် သမ္မတက သက်ဆိုင်ရာ ဌာန သုံးခုကို ညွှန်ကြားချက် လေးချက် ပေးထားခဲ့ပြီး အဲဒီ အဖွဲ့အစည်းတွေရဲ့ ပြန်လည် တင်ပြချက်အရ သမ္မတက အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့ဆီကို သမ္မတက ညွှန်ကြားချက် လေးချက် ပေးထားတာ ဖြစ်ပါတယ်။

၁) အမှုမှန် ပေါ်ပေါက်ဖို့

၂) တာဝန်ခံမှု၊ တာဝန်ယူမှု ရှိဖို့

၃) ဥပဒေနဲ့အညီ ဖြစ်ဖို့

၄) တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို ပကတိ တွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည် တင်ပြဖို့တို့ကို ညွှန်ကြားထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
Image caption မေလ ၁၆ ရက်မှာ ကလေး လိင်မတရားကျင့်ခံခဲ့ရတယ်ဆိုတာ စစ်ဆေးတွေ့ခဲ့ရတယ်လို့ တိုင်ကြားခဲ့

အဲဒါနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ချုပ်က တရားရေးဆိုင်ရာ၊ ပြည်ထဲရေးက အမှု စစ်ဆေးရေးဆိုင်ရာ၊ ရှေ့နေချုပ်ရုံးက ဥပဒေပိုင်းဆိုင်ရာတွေကို သမ္မတဆီ ပြန်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား အမှုဟာ မေလလယ်မှာ စတင် တိုင်ကြားခဲ့ပြီး ရုံးချိန်း ၁၃ ချိန်းအပြီး ဒီဇင်ဘာလလယ်ပိုင်းမှာ သံသယ တရားခံကို ခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအတွက် ပြင်ဆင်ပေးဖို့ မန္တလေးတိုင်း ဥပဒေချုပ်ရုံးကို ရဲတပ်ဖွဲ့နဲ့ ဒက္ခိဏခရိုင် ဥပဒေရုံးတို့က တင်ခဲ့ပေမဲ့ တိုင်းအဆင့်က အဲဒါကို ပယ်ချခဲ့ပါတယ်။

အဲဒါကြောင့် "တရားစီရင်ရေးလမ်းကြောင်းက လုံးဝအပြီးအပြတ် ပြတ်သွားပြီပေါ့။...ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ဆောင်ရွက်ကြမှာလဲဆိုတာတော့ စိတ်ဝင်စားပါတယ်"လို့ တရားလို ရှေ့နေက ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား