ရခိုင္နဲ႔ခ်င္းျပည္နယ္ ၿမိဳ႕နယ္ ငါးခုမွာ အင္တာနက္ ျပန္ပိတ္ခံရ

ရခိုင္ျပည္နယ္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ ရန္ကုန္ၿမိဳ႕မွာ အရပ္ဘက္အဖြဲ႕ေတြ ၂၀၁၉ ဒီဇင္ဘာ ၂၄ ရက္ေန႔က ဆႏၵျပစဥ္
(Zawgyi)⤵⤵⤵
အင္တာနက္ျပန္ဖြင့္ေပးတာ ငါးလခန႔္ ၾကာျမင့္ၿပီးတဲ့ေနာက္ ရခိုင္နဲ႔ ခ်င္းျပည္နယ္က  ၿမိဳ႕နယ္ ငါးခုမွာ မေန႔ည ၁၀ နာရီဝန္းက်င္က အင္တာနက္ျပန္လည္ပိတ္လိုက္တယ္လို႔ ဆက္သြယ္ေရးကုမၸဏီေတြက သုံးစြဲသူေတြထံ အေၾကာင္းၾကားလာပါတယ္။

မေန႔ညက ယာယီအင္တာနက္ပိတ္လိုက္ေၾကာင္း MPT ရဲ႕ အေၾကာင္းၾကားစာရရွိခဲ့ၿပီး မိနစ္ပိုင္းအတြင္း အင္တာ နက္လိုင္းေတြ ျပတ္ေတာက္သြားတာျဖစ္ၿပီး ဒီလို ပိတ္ပင္မႈေၾကာင့္  လူ႔အခြင့္ေရး၊   စီးပြားေရး၊ လုပ္ငန္းဆက္သြယ္ မႈပိုင္းေတြ ထိခိုက္တယ္လို႔ ေျမပုံၿမိဳ႕ခံ ဦးၫြန႔္ဝင္းက ေျပာပါတယ္။

ျပန္ပိတ္ခံလိုက္ရတာ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ေျမပုံနဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ တို႔ျဖစ္ပါတယ္။

၂၀၁၉  ဇြန္လက အဲဒီၿမိဳ႕နယ္ေတြအပါအဝင္   ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ေတြမွာပါ  အင္တာနက္ပိတ္ခဲ့ပါတယ္။ စက္တင္ဘာလဆန္းမွာေတာ့ ၿမိဳ႕နယ္ ၅ ခုကို အင္တာနက္ ျပန္ဖြင့္ေပးခဲ့တာပါ။

က်န္ရွိေနတဲ့ ၄ ၿမိဳ႕နယ္မွာလည္း အင္တာနက္ဖြင့္ေပးဖို႔ အရပ္ဖက္အဖြဲ႕ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံေတြ ေတာင္းဆိုေနတဲ့ၾကားကပဲ ဖြင့္ၿပီးသားၿမိဳ႕နယ္ေတြကိုပါ မေန႔က ျပန္လည္ျဖတ္ေတာက္ခဲ့တာပါ။

ဘာေၾကာင့္ အခုလို  ပိတ္ပင္ရတယ္ဆိုတာကို ဒီမိုကေရစီအစိုးရအေနနဲ႔ ပြင့္လင္းျမင္သာစြာခ်ျပေပးဖို႔လိုတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ က ေျပာပါတယ္။

ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက   Facebook လူမႈကြန္ယက္ စာမ်က္ႏွာမွာ အမုန္းတရားကို ျပန႔္ပြားေစတဲ့ အေရးအသားေတြရွိတာေၾကာင့္ အင္တာနက္ပိတ္ရတယ္ဆိုတဲ့ အေၾကာင္းျပ ခ်က္မ်ိဳးဟာ မျဖစ္သင့္ဘူးလို႔ ေျပာပါတယ္။

ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ ေဒသတြင္းတိုက္ပြဲေတြ ျပန္ျဖစ္ေနတာေၾကာင့္ အခုလို အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံရတာလို႔ ယူဆေနၾကပါတယ္။

ေျမပုံၿမိဳ႕နယ္က ေက်း႐ြာေတြဘက္မွာ တိုက္ပြဲေတြရွိေနသလို မေန႔က ရေသ့ေတာင္ၿမိဳ႕နယ္က ၿပိန္းေတာ ေက်း႐ြာဘက္မွာ လက္နက္ႀကီး က်ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ အစိုးရတပ္မေတာ္နဲ႔ ရခိုင္တပ္ေတာ္တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္အတြင္း စစ္ေဘးဒုကၡသည္အေရအတြက္ တစ္သိန္းေက်ာ္ရွိေနၿပီလို႔ အရပ္ဖက္အဖြဲ႕ေတြက ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရခိုင်နဲ့ချင်းပြည်နယ် မြို့နယ် ငါးခုမှာ အင်တာနက် ပြန်ပိတ်ခံရ

ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ရန်ကုန်မြို့မှာ အရပ်ဘက်အဖွဲ့တွေ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က ဆန္ဒပြစဉ်
Photo: Thant Zin Oo/RFA

အင်တာနက်ပြန်ဖွင့်ပေးတာ ငါးလခန့် ကြာမြင့်ပြီးတဲ့နောက် ရခိုင်နဲ့ ချင်းပြည်နယ်က  မြို့နယ် ငါးခုမှာ မနေ့ည ၁၀ နာရီဝန်းကျင်က အင်တာနက်ပြန်လည်ပိတ်လိုက်တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီတွေက သုံးစွဲသူတွေထံ အကြောင်းကြားလာပါတယ်။

မနေ့ညက ယာယီအင်တာနက်ပိတ်လိုက်ကြောင်း MPT ရဲ့ အကြောင်းကြားစာရရှိခဲ့ပြီး မိနစ်ပိုင်းအတွင်း အင်တာ နက်လိုင်းတွေ ပြတ်တောက်သွားတာဖြစ်ပြီး ဒီလို ပိတ်ပင်မှုကြောင့်  လူ့အခွင့်ရေး၊   စီးပွားရေး၊ လုပ်ငန်းဆက်သွယ် မှုပိုင်းတွေ ထိခိုက်တယ်လို့ မြေပုံမြို့ခံ ဦးညွန့်ဝင်းက ပြောပါတယ်။

ပြန်ပိတ်ခံလိုက်ရတာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တို့ဖြစ်ပါတယ်။

၂၀၁၉  ဇွန်လက အဲဒီမြို့နယ်တွေအပါအဝင်   ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာပါ  အင်တာနက်ပိတ်ခဲ့ပါတယ်။ စက်တင်ဘာလဆန်းမှာတော့ မြို့နယ် ၅ ခုကို အင်တာနက် ပြန်ဖွင့်ပေးခဲ့တာပါ။

ကျန်ရှိနေတဲ့ ၄ မြို့နယ်မှာလည်း အင်တာနက်ဖွင့်ပေးဖို့ အရပ်ဖက်အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ တောင်းဆိုနေတဲ့ကြားကပဲ ဖွင့်ပြီးသားမြို့နယ်တွေကိုပါ မနေ့က ပြန်လည်ဖြတ်တောက်ခဲ့တာပါ။

ဘာကြောင့် အခုလို  ပိတ်ပင်ရတယ်ဆိုတာကို ဒီမိုကရေစီအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာချပြပေးဖို့လိုတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက   Facebook လူမှုကွန်ယက် စာမျက်နှာမှာ အမုန်းတရားကို ပြန့်ပွားစေတဲ့ အရေးအသားတွေရှိတာကြောင့် အင်တာနက်ပိတ်ရတယ်ဆိုတဲ့ အကြောင်းပြ ချက်မျိုးဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒေသတွင်းတိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာလို့ ယူဆနေကြပါတယ်။
a
မြေပုံမြို့နယ်က ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေရှိနေသလို မနေ့က ရသေ့တောင်မြို့နယ်က ပြိန်းတော ကျေးရွာဘက်မှာ လက်နက်ကြီး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သိန်းကျော်ရှိနေပြီလို့ အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္နဲ႔ခ်င္းျပည္နယ္ ၿမိဳ႕နယ္ ငါးခုမွာ အင္တာနက္ ျပန္ပိတ္ခံရ ရခိုင္နဲ႔ခ်င္းျပည္နယ္ ၿမိဳ႕နယ္ ငါးခုမွာ အင္တာနက္ ျပန္ပိတ္ခံရ Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.