အင္တာနက္ စတင္ပိတ္သည့္ေန႕ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ျမိဳ႕နယ္မ်ားတြင္ ရဟတ္ယာဥ္မ်ားျဖင့္ အၾကီးအက်ယ္တိုက္ခိုက္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၄/ ၂၀၂၀

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ျမိဳ႕နယ္ႏွင့္ ဘူးသီးေတာင္ျမိဳ႕နယ္ ေမယူျမစ္ လက္၀ဲ လက္ယာ တစ္ေလွ်ာက္ ေနရာမ်ားကို ယေန႕ ေန႕လယ္က တပ္မေတာ္က ရဟတ္ယာဥ္မ်ားျဖင့္ အၾကီးအက်ယ္ တိုက္ခိုက္ခဲ့ေၾကာင္း ေဒသသခံမ်ား ေျပာၾကားသည္။

“ ကၽြန္ေတာ္တို႕ ေမယူျမစ္ အေရွ႕ဘက္ကမ္းမွာ ရွိတဲ့ ျပိန္းေတာ၊ မညွင္းေတာင္၊ ကုလားေခ်ာင္း၊ ကုန္တန္း အဲဒီ အနီးက လယ္ကြင္းေတြ၊ ေကာက္ရိုးပံုေတြ အကုန္လံုး မီးေလာင္ေနပါတယ္။ မီးခိုးလံုးေတြ တက္ေနတာကို ျမင္ရပါတယ္။ ရဟတ္ယာဥ္ ႏွစ္စီးနဲ႕ ႏွစ္ၾကိမ္တိုင္တိုင္ လာ ပစ္ပါတယ္။ မိနစ္ ၄၀ ၊ ၅၀ ေလာက္ပစ္ပါတယ္။ ျပိန္းေတာနဲ႕ ေညာင္ပင္လွ ေရွ႕ေတာင္တန္း ေတြကို အဓိက ပစ္ပါတယ္။ မညွင္းေတာင္ရြာမွာေတာ့ လူမရွိေတာ့ဘူး။ အကုန္လံုး ထြက္ေျပး သြားၾကျပီ။ ျပိန္းေတာရြာမွာေတာ့ လူအခ်ိဳ႕ ပိတ္မိေနတယ္လို႕ ၾကားရပါတယ္” ဟု မညွင္းေတာင္ ရြာသား တစ္ဦးက ေျပာၾကားသည္။

၎ျပင္ မညွင္းေတာင္၊ ကုလားေခ်ာင္း၊ ျပိန္းေတာ ကုန္တန္းအနီးရွိ ေတာင္တန္းမ်ားကို ရေသ့ေတာင္ျမိဳ႕ေပၚ အေျခစိုက္ အမွတ္ ၅၃၆၊ ၅၃၇ တပ္ရင္းမ်ားႏွင့္ ေရစိုးေခ်ာင္းဗ်ဴဟာမွလည္း လက္နက္ၾကီးမ်ားျဖင့္ အဆက္မျပတ္ပစ္ခတ္သလို ဇက္သေဘၤာကလည္း ပစ္ကူေပးမႈမ်ား ရွိခဲ့သည္ဟု ဆိုသည္။

ၿပိန္းေတာဆရာေတာ္ ဦးေဇာတိသို႕ ယေန႔ညေန ၄နာရီ ၂၀ မိနစ္ခန္႔က နိရဥၥရာက ဆက္သြယ္ရာ ဆရာေတာ္က “ မြန္းလြဲ ႏွစ္နာရီခြဲေလာက္ မွာ ရဟတ္ယာဥ္ႏွစ္စီးနဲ႔လာပစ္တာ။ ၿပိန္းေတာရြာ အေရွ႕ဘက္ေတာင္ေျခရင္းေတြကို ပစ္တယ္။ လယ္ကြင္းေတြကို ပစ္တယ္။ ကုလားေခ်ာင္း ျမစ္ကမ္းနားကေန ဇက္သေဘၤာေပၚကပစ္တယ္။ ၿပီးေတာ့ ရစိုးေခ်ာင္းဗ်ဴဟာဘက္ကလည္း လက္နက္ၾကီးေတြနဲ႔ပစ္တယ္။ မညင္းေတာင္ ရြာနဲ႔ ၿပိန္းေတာရြာၾကားက လယ္ကြင္းေတြ အကုန္ မီးေလာင္ေနတယ္။ လက္နက္ၾကီး ပစ္သံေတြ ရဟတ္ယာဥ္ေတြက ညေန သံုးနာရီေက်ာ္ ေလာက္ကမွ ရပ္သြားတယ္။ အခုေတာ့ ႏွစ္ဖက္ အျပန္အလွန္္ပစ္ေနၾကပါတယ္။ လက္နက္ငယ္ အသံေတြၾကားေနရပါတယ္” ဟု မိန္႔ၾကားသည္။

ျပိန္းေတာ ရြာသား တစ္ဦးက “ လူထုေတြက ခိုကိုးရာမဲ့ ျဖစ္ေနပါတယ္။ ေၾကာက္စရာ ေကာင္းတယ္။ အခု ေျပးေနရတယ္။ အားလုံး ပုန္းဖို႕ ေျပးေနၾကရပါတယ္။ ေသနတ္ သံေတြကလည္း ဆက္ၾကားေနရပါတယ္။ တိုက္ပြဲ ျဖစ္ေနတယ္လို႕ သံုးသပ္ရပါတယ္။ လက္နက္ၾကီးသံေရာ၊ လက္နက္ငယ္သံေရာ မညွင္းေတာင္၊ ျပိန္းေတာေရွ႕က ေတာင္တန္းေတြ ဘက္က ၾကားေနရပါတယ္” ဟု ေျပာသည္။

၎ျပင္ ေမယူျမစ္ အေနာက္ကမ္း ၊ ဘူးသီးေတာင္ျမိဳ႕နယ္၊ ကၽြဲရိုင္းခတ္ အုပ္စု စက္ေခၚရြာ၊ဒုိးေ၀ရြာ အနီးက ဓနိေတာေတြကို MI 35 ရဟတ္ယာဥ္ ႏွစ္စီးျဖင့္ ႏွစ္ၾကိမ္တိုင္တိုင္ လာေရာက္ တိုက္ခိုက္ ခဲ့သည္ဟု ေက်းရြာသားမ်ားက ေျပာသည္။

“ ဗံုးၾကဲလည္းၾကဲတယ္။ လက္နက္ၾကီးနဲ႕လည္း ပစ္တယ္။ မြန္းလြဲ ၂ နာရီ ၁၅ မိနစ္ေလာက္က ပစ္တာ ၂ နာရီ မိနစ္ ၅၀ မွ ျပီးသြားတယ္။ ႏွစ္စီးနဲ႕ ႏွစ္ေခါက္တိတိ လာပစ္တယ္။ အဓိက ရြာအနီးက ဓနိေတာေတြကို ပစ္တယ္။ ရြာထဲက လူေတြက ဘာမွမျဖစ္ေပမယ့္ အျပင္ကို ထြက္ျပီး လုပ္ေနတဲ့ သူေတြ၊ ဓနိေတာထဲမွာ သြားလုပ္ကိုင္ေနတဲ့ ရြာသားေတြရဲ႕ အေျခအေနကို မသိရေသးဘူး” ဟု ေက်ာင္းဆရာ တစ္ဦးက ေျပာသည္။

စက္ေခၚရြာက အမ်ိဳးသမီးက “ ကၽြန္မက အခုမွ ရြာထဲကို ေရာက္ပါတယ္။ ရြာအနီးက ဓနိေတာထဲမွာ ပုန္းေနခဲ့ရပါတယ္။ ရဟတ္ယာဥ္ေပၚက ပစ္တာကေတာ့ အသံေတြ တရွပ္ရွပ္နဲ႕ၾကားရျပီး ေပါက္ကြဲပါတယ္။ စက္ေခၚရြာနဲ႕ ဒိုးေ၀ရြာၾကားက ဓနိေတာေတြကို အကုန္လံုး ပစ္ပါတယ္” ဟု ေျပာၾကားသည္။

အေနာက္ပိုင္းတိုင္း စစ္ဌာခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးသို႕ ဆက္သြယ္ရာ ရေသ့ေတာင္ျမိဳ႕နယ္တြင္ တိုက္ပြဲ ျဖစ္ပြားေနျခင္းမွာ ဟုတ္မွန္ေၾကာင္း ေျပာၾကားျပီး ဖုန္းခ်သြားခဲ့သည္။

------------------

(Unicode)⤵⤵⤵

အင်တာနက် စတင်ပိတ်သည့်နေ့ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ရဟတ်ယာဉ်များဖြင့် အကြီးအကျယ်တိုက်ခိုက်မှုဖြစ်ပွား

ချစ်အိလိူင်၊ ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် မေယူမြစ် လက်ဝဲ လက်ယာ တစ်လျှောက် နေရာများကို ယနေ့ နေ့လယ်က တပ်မတော်က ရဟတ်ယာဉ်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြောင်း ဒေသသခံများ ပြောကြားသည်။

“ ကျွန်တော်တို့ မေယူမြစ် အရှေ့ဘက်ကမ်းမှာ ရှိတဲ့ ပြိန်းတော၊ မညှင်းတောင်၊ ကုလားချောင်း၊ ကုန်တန်း အဲဒီ အနီးက လယ်ကွင်းတွေ၊ ကောက်ရိုးပုံတွေ အကုန်လုံး မီးလောင်နေပါတယ်။ မီးခိုးလုံးတွေ တက်နေတာကို မြင်ရပါတယ်။ ရဟတ်ယာဉ် နှစ်စီးနဲ့ နှစ်ကြိမ်တိုင်တိုင် လာ ပစ်ပါတယ်။ မိနစ် ၄၀ ၊ ၅၀ လောက်ပစ်ပါတယ်။ ပြိန်းတောနဲ့ ညောင်ပင်လှ ရှေ့တောင်တန်း တွေကို အဓိက ပစ်ပါတယ်။ မညှင်းတောင်ရွာမှာတော့ လူမရှိတော့ဘူး။ အကုန်လုံး ထွက်ပြေး သွားကြပြီ။ ပြိန်းတောရွာမှာတော့ လူအချို့ ပိတ်မိနေတယ်လို့ ကြားရပါတယ်” ဟု မညှင်းတောင် ရွာသား တစ်ဦးက ပြောကြားသည်။

၎င်းပြင် မညှင်းတောင်၊ ကုလားချောင်း၊ ပြိန်းတော ကုန်တန်းအနီးရှိ တောင်တန်းများကို ရသေ့တောင်မြို့ပေါ် အခြေစိုက် အမှတ် ၅၃၆၊ ၅၃၇ တပ်ရင်းများနှင့် ရေစိုးချောင်းဗျူဟာမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သလို ဇက်သင်္ဘောကလည်း ပစ်ကူပေးမှုများ ရှိခဲ့သည်ဟု ဆိုသည်။

ပြိန်းတောဆရာတော် ဦးဇောတိသို့ ယနေ့ညနေ ၄နာရီ ၂၀ မိနစ်ခန့်က နိရဥ္စရာက ဆက်သွယ်ရာ ဆရာတော်က “ မွန်းလွဲ နှစ်နာရီခွဲလောက် မှာ ရဟတ်ယာဉ်နှစ်စီးနဲ့လာပစ်တာ။ ပြိန်းတောရွာ အရှေ့ဘက်တောင်ခြေရင်းတွေကို ပစ်တယ်။ လယ်ကွင်းတွေကို ပစ်တယ်။ ကုလားချောင်း မြစ်ကမ်းနားကနေ ဇက်သင်္ဘောပေါ်ကပစ်တယ်။ ပြီးတော့ ရစိုးချောင်းဗျူဟာဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ မညင်းတောင် ရွာနဲ့ ပြိန်းတောရွာကြားက လယ်ကွင်းတွေ အကုန် မီးလောင်နေတယ်။ လက်နက်ကြီး ပစ်သံတွေ ရဟတ်ယာဉ်တွေက ညနေ သုံးနာရီကျော် လောက်ကမှ ရပ်သွားတယ်။ အခုတော့ နှစ်ဖက် အပြန်အလှန််ပစ်နေကြပါတယ်။ လက်နက်ငယ် အသံတွေကြားနေရပါတယ်” ဟု မိန့်ကြားသည်။

ပြိန်းတော ရွာသား တစ်ဦးက “ လူထုတွေက ခိုကိုးရာမဲ့ ဖြစ်နေပါတယ်။ ကြောက်စရာ ကောင်းတယ်။ အခု ပြေးနေရတယ်။ အားလုံး ပုန်းဖို့ ပြေးနေကြရပါတယ်။ သေနတ် သံတွေကလည်း ဆက်ကြားနေရပါတယ်။ တိုက်ပွဲ ဖြစ်နေတယ်လို့ သုံးသပ်ရပါတယ်။ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရော မညှင်းတောင်၊ ပြိန်းတောရှေ့က တောင်တန်းတွေ ဘက်က ကြားနေရပါတယ်” ဟု ပြောသည်။

၎င်းပြင် မေယူမြစ် အနောက်ကမ်း ၊ ဘူးသီးတောင်မြို့နယ်၊ ကျွဲရိုင်းခတ် အုပ်စု စက်ခေါ်ရွာ၊ဒိုးဝေရွာ အနီးက ဓနိတောတွေကို MI 35 ရဟတ်ယာဉ် နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် တိုက်ခိုက် ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

“ ဗုံးကြဲလည်းကြဲတယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က ပစ်တာ ၂ နာရီ မိနစ် ၅၀ မှ ပြီးသွားတယ်။ နှစ်စီးနဲ့ နှစ်ခေါက်တိတိ လာပစ်တယ်။ အဓိက ရွာအနီးက ဓနိတောတွေကို ပစ်တယ်။ ရွာထဲက လူတွေက ဘာမှမဖြစ်ပေမယ့် အပြင်ကို ထွက်ပြီး လုပ်နေတဲ့ သူတွေ၊ ဓနိတောထဲမှာ သွားလုပ်ကိုင်နေတဲ့ ရွာသားတွေရဲ့ အခြေအနေကို မသိရသေးဘူး” ဟု ကျောင်းဆရာ တစ်ဦးက ပြောသည်။

စက်ခေါ်ရွာက အမျိုးသမီးက “ ကျွန်မက အခုမှ ရွာထဲကို ရောက်ပါတယ်။ ရွာအနီးက ဓနိတောထဲမှာ ပုန်းနေခဲ့ရပါတယ်။ ရဟတ်ယာဉ်ပေါ်က ပစ်တာကတော့ အသံတွေ တရှပ်ရှပ်နဲ့ကြားရပြီး ပေါက်ကွဲပါတယ်။ စက်ခေါ်ရွာနဲ့ ဒိုးဝေရွာကြားက ဓနိတောတွေကို အကုန်လုံး ပစ်ပါတယ်” ဟု ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားပြီး ဖုန်းချသွားခဲ့သည်။

ခ်စ္အိလူိင္၊ ခိုင္လူလွ (ရိုးမေျမ)
Narinjara
https://www.facebook.com/narinjara.info
အင္တာနက္ စတင္ပိတ္သည့္ေန႕ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ျမိဳ႕နယ္မ်ားတြင္ ရဟတ္ယာဥ္မ်ားျဖင့္ အၾကီးအက်ယ္တိုက္ခိုက္မႈျဖစ္ပြား အင္တာနက္ စတင္ပိတ္သည့္ေန႕ ဘူးသီးေတာင္ႏွင့္ ရေသ့ေတာင္ျမိဳ႕နယ္မ်ားတြင္ ရဟတ္ယာဥ္မ်ားျဖင့္ အၾကီးအက်ယ္တိုက္ခိုက္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.