တရုတ္နယ္စပ္ တေလွ်ာက္ အေရာင္းအဝယ္ေအး

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၅၊၂၀၂၀

တရုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕ မွ စတင္ျဖစ္ပြားသည့္ Novel Corona Virus ( ခုိရုိနာ ဗုိင္းရပ္စ္) ေၾကာင့္ တရုတ္နယ္စပ္တေလ်ာက္ စီးပြားေရး အေရာင္းအဝယ္ က်ဆင္းေၾကာင္း ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။

အဓိက တရုတ္ႏုိင္ငံကို မွီတင္းကာ စီးပြားေရး လုပ္ေနသည့္ မူဆယ္ၿမိဳ႕ နယ္ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္ တြင္ ယခုရက္ပိုင္း စီးပြားေရး မ်ား ရပ္ဆုိင္းေနရသည္။

လက္ရွိမွာ တရုတ္ ကုန္သြယ္ေရး လုပ္ငန္းမ်ား ရပ္ဆုိင္းေနရသလို တရုတ္ႏုိင္ငံသို႔ တင္ပို႔ မည့္ ကုန္မ်ား၊ တရုတ္ႏွင့္ ဆက္သြယ္သည့္ အေရာင္းအဝယ္မ်ားလည္း ရပ္ဆုိင္းေနရေၾကာင္း မူဆယ္ၿမိဳ႕ ေတာင္ရပ္ကြက္ေန စိုင္းမႈိင္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

တရုတ္နယ္စပ္ အဓိက ဂိတ္မ်ားျဖစ္သည့္ မူဆယ္ၿမိဳ႕ နန္းေတာ္ (အလယ္ေပါက္ဂိတ္)၊ ဆင္ျဖဴဂိတ္ ႏွင့္ မန္႔ဝိန္း ဂိတ္မ်ား ဖြင့္လွစ္ထားေသာ္လည္း လက္ရွိမွာ ဝင္၊ထြက္သြားလာမႈ တိတ္ဆိတ္ေနသည္။

ထို႔ျပင္တရုတ္နယ္ေျမ ႏွင့္ ထိစပ္ေနသည့္ မူဆယ္ၿမိဳ႕နယ္ ေနာင္မြန္ ေက်းရြာ၊ ဟုိးႏြမ္း ေက်းရြာ ဂိတ္ကို တရုတ္ျပည္ အစိုးရ က လံုးဝ ဝင္၊ထြက္သြားလာခြင့္ မျပဳေတာ့ေပ။

ထုိ႔ ခိုရိုနာ ဗုိင္းရပ္စ္သည္ တရုတ္နယ္စပ္ ႏွင့္ ထိစပ္ေနသည့္ မူဆယ္၊ နမ့္ခမ္း ျပည္သူမ်ားအတြက္ ထိခိုက္မႈမ်ားရွိေၾကာင္း လည္း ထိုေဒသတြင္ ေနထုိင္သူမ်ားက ေျပာဆုိလိုက္သည္။

“ အခု ဗိုင္းရပ္စ္ ေရာဂါေၾကာင့္ တရုတ္ဘက္ကလည္း အလုပ္နားထားတယ္။ မူဆယ္မွာေတာ့ စီးပြားေရး ေတာ္ေတာ္ထိတယ္။ ကားခေတြ ဆုိလည္း တက္လာတယ္။ ကုန္ေစ်းႏႈန္း တခ်ိဳ႕ တက္တယ္” ဟု စိုင္းမႈိင္း က ေျပာသည္။

လက္ရွိ မူဆယ္မွ မႏၱေလးသို႔ သြားမည္ဆုိပါက တဦးလွ်င္ ကားခ ေရွ႕ခန္း ၆ေသာင္းက်ပ္ထိ ေပးရေၾကာင္း၊ ေနာက္ခန္း ၅ေသာင္းက်ပ္ထိ ေပးေဆာင္ရေၾကာင္း စိုင္းမႈိင္းက ေျပာသည္။

“ မႏၱေလးကေန မူဆယ္ ျပန္တက္လာမယ့္ သူမရွိေတာ့ မူဆယ္ကေန မႏၱေလး ကို ဆင္းမယ္ဆုိရင္ ကားသမားေတြက ၂သိန္း ေက်ာ္မရရင္ မဆင္းၾကဘူး။ အေရာင္းအဝယ္မရွိေတာ့ ဘယ္သူမွလည္း မတက္လာေတာ့ဘူး” ဟု စိုင္းမႈိင္းက ဆုိသည္။

ထုိ႔ျပင္ ခိုရိုနာဗုိင္းရပ္စ္ ေၾကာင့္ ေစ်းဆိုင္ခန္မ်ားတြင္ ေစ်းလာဝယ္သူမ်ားမရွိေၾကာင္း၊ ယေန႔ နမ့္ခမ္း ေစ်းေန႔ျဖစ္ေသာ္လည္း ေစ်းဝယ္သူ အနည္းငယ္သာ လာေရာက္ ဝယ္ယူၾကေၾကာင္း နမ့္ခမ္းၿမိဳ႕ ေဒသခံ စိုင္းေမာဝ္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ ဒီေန႔ ေစ်းေန႔ ေရာင္းေကာင္းရမွာ။ အခုက ေရာင္းသူရွိၿပီး၊ ဝယ္သူမရွိျဖစ္ေနတယ္။ အေရာင္းအဝယ္ လုပ္ရခက္တယ္” ဟု စိုင္းေမာဝ္ က ဆုိသည္။

ထို ခုိရုိနာ ဗိုင္းရပ္စ္ေၾကာင့္ ေဒသခံျပည္သူမ်ား အဘက္ဘက္မွ စိုးရိမ္မႈျဖင့္ ရင္ဆုိင္ေနရသလုိ စီးပြားေရး လည္း ထိခုိက္မႈမ်ား ရင္ဆိုင္ေနရသည္။

“ တခ်ိဳ႕ အသီးကားေတြ ဆိုရင္ မူဆယ္ဘက္ မလာေတာ့ဘဲ ရန္ကုန္ဘက္ သြားေရာင္းရတဲ့အဆင့္ျဖစ္ေနတယ္။ စီးပြားေရး ကေတာ့ ဘယ္ေတာ့ မွ ျပန္ေကာင္းလာမွာလဲဆိုတာ မသိဘူး” ဟု မူဆယ္ၿမိဳ႕ သစ္သီးကုန္သည္ တဦး က ေျပာသည္။

တရုတ္ႏုိင္ငံ ဝူဟန္ၿမိဳ႕ မွ စတင္ျဖစ္ပြားသည့္ ခုိရိုနာ ဗုိင္းရပ္စ္ ကူးစက္ျမန္ အဆုတ္ေရာင္ ေရာဂါသည္ ကမၻာႏုိင္ငံေပါင္း ၂၈ႏုိင္ငံ ကူးစက္ခံရသူ ၂၄၅၄၂ဦးရွိကာ ေသဆံုးသူ ၄၉၂ ဦးရွိသြားၿပီ ျဖစ္ေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
တရုတ်နယ်စပ် တလျှောက် အရောင်းအဝယ်အေး

သျှမ်းသံတော်ဆင့်/ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၅၊၂၀၂၀

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus ( ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နယ်စပ်တလျောက် စီးပွားရေး အရောင်းအဝယ် ကျဆင်းကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အဓိက တရုတ်နိုင်ငံကို မှီတင်းကာ စီးပွားရေး လုပ်နေသည့် မူဆယ်မြို့ နယ်နှင့် နမ့်ခမ်းမြို့နယ် တွင် ယခုရက်ပိုင်း စီးပွားရေး များ ရပ်ဆိုင်းနေရသည်။

လက်ရှိမှာ တရုတ် ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းနေရသလို တရုတ်နိုင်ငံသို့ တင်ပို့ မည့် ကုန်များ၊ တရုတ်နှင့် ဆက်သွယ်သည့် အရောင်းအဝယ်များလည်း ရပ်ဆိုင်းနေရကြောင်း မူဆယ်မြို့ တောင်ရပ်ကွက်နေ စိုင်းမှိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တရုတ်နယ်စပ် အဓိက ဂိတ်များဖြစ်သည့် မူဆယ်မြို့ နန်းတော် (အလယ်ပေါက်ဂိတ်)၊ ဆင်ဖြူဂိတ် နှင့် မန့်ဝိန်း ဂိတ်များ ဖွင့်လှစ်ထားသော်လည်း လက်ရှိမှာ ဝင်၊ထွက်သွားလာမှု တိတ်ဆိတ်နေသည်။

ထို့ပြင်တရုတ်နယ်မြေ နှင့် ထိစပ်နေသည့် မူဆယ်မြို့နယ် နောင်မွန် ကျေးရွာ၊ ဟိုးနွမ်း ကျေးရွာ ဂိတ်ကို တရုတ်ပြည် အစိုးရ က လုံးဝ ဝင်၊ထွက်သွားလာခွင့် မပြုတော့ပေ။

ထို့ ခိုရိုနာ ဗိုင်းရပ်စ်သည် တရုတ်နယ်စပ် နှင့် ထိစပ်နေသည့် မူဆယ်၊ နမ့်ခမ်း ပြည်သူများအတွက် ထိခိုက်မှုများရှိကြောင်း လည်း ထိုဒေသတွင် နေထိုင်သူများက ပြောဆိုလိုက်သည်။

“ အခု ဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်ဘက်ကလည်း အလုပ်နားထားတယ်။ မူဆယ်မှာတော့ စီးပွားရေး တော်တော်ထိတယ်။ ကားခတွေ ဆိုလည်း တက်လာတယ်။ ကုန်ဈေးနှုန်း တချို့ တက်တယ်” ဟု စိုင်းမှိုင်း က ပြောသည်။

လက်ရှိ မူဆယ်မှ မန္တလေးသို့ သွားမည်ဆိုပါက တဦးလျှင် ကားခ ရှေ့ခန်း ၆သောင်းကျပ်ထိ ပေးရကြောင်း၊ နောက်ခန်း ၅သောင်းကျပ်ထိ ပေးဆောင်ရကြောင်း စိုင်းမှိုင်းက ပြောသည်။

“ မန္တလေးကနေ မူဆယ် ပြန်တက်လာမယ့် သူမရှိတော့ မူဆယ်ကနေ မန္တလေး ကို ဆင်းမယ်ဆိုရင် ကားသမားတွေက ၂သိန်း ကျော်မရရင် မဆင်းကြဘူး။ အရောင်းအဝယ်မရှိတော့ ဘယ်သူမှလည်း မတက်လာတော့ဘူး” ဟု စိုင်းမှိုင်းက ဆိုသည်။

ထို့ပြင် ခိုရိုနာဗိုင်းရပ်စ် ကြောင့် ဈေးဆိုင်ခန်များတွင် ဈေးလာဝယ်သူများမရှိကြောင်း၊ ယနေ့ နမ့်ခမ်း ဈေးနေ့ဖြစ်သော်လည်း ဈေးဝယ်သူ အနည်းငယ်သာ လာရောက် ဝယ်ယူကြကြောင်း နမ့်ခမ်းမြို့ ဒေသခံ စိုင်းမောဝ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ ဈေးနေ့ ရောင်းကောင်းရမှာ။ အခုက ရောင်းသူရှိပြီး၊ ဝယ်သူမရှိဖြစ်နေတယ်။ အရောင်းအဝယ် လုပ်ရခက်တယ်” ဟု စိုင်းမောဝ် က ဆိုသည်။

ထို ခိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဒေသခံပြည်သူများ အဘက်ဘက်မှ စိုးရိမ်မှုဖြင့် ရင်ဆိုင်နေရသလို စီးပွားရေး လည်း ထိခိုက်မှုများ ရင်ဆိုင်နေရသည်။

“ တချို့ အသီးကားတွေ ဆိုရင် မူဆယ်ဘက် မလာတော့ဘဲ ရန်ကုန်ဘက် သွားရောင်းရတဲ့အဆင့်ဖြစ်နေတယ်။ စီးပွားရေး ကတော့ ဘယ်တော့ မှ ပြန်ကောင်းလာမှာလဲဆိုတာ မသိဘူး” ဟု မူဆယ်မြို့ သစ်သီးကုန်သည် တဦး က ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောင် ရောဂါသည် ကမ္ဘာနိုင်ငံပေါင်း ၂၈နိုင်ငံ ကူးစက်ခံရသူ ၂၄၅၄၂ဦးရှိကာ သေဆုံးသူ ၄၉၂ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တရုတ္နယ္စပ္ တေလွ်ာက္ အေရာင္းအဝယ္ေအး တရုတ္နယ္စပ္ တေလွ်ာက္ အေရာင္းအဝယ္ေအး Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.