ေရာဂါအေၾကာင္းျပ လူမ်ိဳးေရးဖယ္ၾကဥ္ခြဲျခားဆက္ဆံမႈကို အေမရိကန္ နယ္ပယ္အသီးသီးက ဆန႔္က်င္

တ႐ုတ္ႏွစ္ကူး ေႏြဦးပြဲေတာ္ကို ေဖေဖာ္ဝါရီ ၉ ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ တ႐ုတ္တန္းတြင္ က်င္းပေနသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)

(Zawgyi)⤵⤵⤵
 နယူးေယာက္၊ ေဖေဖာ္ဝါရီ ၁၃ ရက္(ဆင္ဟြာ)

လက္ရွိ တ႐ုတ္ႏိုင္ငံသည္ COVID-19 ေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အစြမ္းကုန္ လုပ္ေဆာင္လ်က္ရွိသလို အျခားႏိုင္ငံမ်ားသို႔ ကူးစက္ျပန႔္ပြားမႈမရွိေစရန္ ႀကိဳးပမ္းကာကြယ္ တားဆီးလ်က္ရွိရာ ႏိုင္ငံတကာအသိုက္အဝန္းက အျပည့္အဝ အသိအမွတ္ျပဳခဲ့ၾကသည္။သို႔ေသာ္လည္း အေမရိကန္၌ COVID-19 ေၾကာင့္ အာရွသားမ်ားကို ခြဲျခားဆက္ဆံမႈမ်ား ျဖစ္ပြားလ်က္ရာ ယခုရက္ပိုင္းမ်ားတြင္ အေမရိကန္ ႏိုင္ငံေရးႏွင့္စီးပြားေရးနယ္ပယ္မ်ားမွ လူပုဂၢိဳလ္အသီးသီးက ထိုသို႔ ေရာဂါအေၾကာင္းျပ လူမ်ိဳးေရးခြဲျခားဖယ္ၾကဥ္မႈမ်ားကို ျပစ္တင္ရႈံ႕ခ်၍ သိပၸံနည္းက် ဗဟုသုတမ်ားကို ေလးစားရန္ႏွင့္ အေရာင္ဆိုးအျမတ္ထုတ္ျခင္းမျပဳၾကရန္ ႏႈိးေဆာ္ခဲ့ၾကသည္။

ပင္လယ္ရပ္ျခားအာရွသားမ်ား အထူးသျဖင့္ တ႐ုတ္လူမ်ိဳးမ်ားသည္ ေရာဂါေၾကာင့္ ဖယ္ၾကဥ္ခြဲျခားခံေနျခင္းအေပၚ ေမးျမန္းရာတြင္ အေမရိကန္ ေရာဂါ ထိန္းခ်ဳပ္ေရးစင္တာ၊ ကိုယ္ခံစြမ္းအားႏွင့္အသက္ရႉလမ္းေၾကာင္းေရာဂါဆိုင္ရာ စင္တာ (NCIRD) အႀကီးအကဲ နန္စီ မက္ဆြန္နီယာ (Nancy Messonnier) က  “အနားမွာရွိတဲ့ အာရွသားေတြကို အေမရိကန္ေတြက မဖယ္ၾကဥ္သင့္ဘူး”ဟု ဆိုသည္။
တ႐ုတ္ႏွစ္ကူး ေႏြဦးပြဲေတာ္ကို ေဖေဖာ္ဝါရီ ၉ ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ တ႐ုတ္တန္းတြင္ က်င္းပေနသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ) 
“ဒီလိုအဆိုးသေဘာနဲ႔ အသိဉာဏ္မဲ့လုပ္ရပ္ေတြက အေမရိကန္အစိုးရနဲ႔ ျပည္သူ႔ က်န္းမာေရး အရာရွိေတြ  COVID-19ကို သိပံၸနည္းက် အမ်ားသိေအာင္လုပ္ရမယ္ဆိုတာ ေဖာ္ျပေနတာပဲ။ ဗိုင္းရပ္စ္ ဘယ္လိုျပန႔္ပြားတယ္၊ လူေတြဘယ္လိုကာကြယ္ရမလဲဆိုတာကို လူအမ်ားသိေအာင္၊ နားလည္ေအာင္လုပ္ရမယ္”ဟု တ႐ုတ္ႏိုင္ငံဆိုင္ရာ အေမရိကန္ႏိုင္ငံ သံအမတ္ေဟာင္းလည္းျဖစ္ ၊ အေမရိကန္ႏိုင္ငံ ကုန္သြယ္ေရးဝန္ႀကီးဌာန ဝန္ႀကီးေဟာင္းလည္း ျဖစ္သူ ဂါရီ ေလာ့ခ္ (Gary Locke) က ဆိုသည္။

Emory University ကူးစက္ေရာဂါဆိုင္ရာ တြဲဖက္ပါေမာကၡ ေမရီဘတ္ ဆက္တန္ (Marybeth Sexton) က “ေရာဂါကာကြယ္ထိန္းခ်ဳပ္တဲ့အခါမွာ လူနာကို သီးျခားခြဲထားရတာမ်ိဳးရွိတယ္။ ဒါကို လူေတြက ဘယ္တိုင္းရင္းသား ဒါမွမဟုတ္ ဘယ္လူမ်ိဳးစုဟာ အႏၲရာယ္ဆိုတာမ်ိဳး မျမင္သင့္ဘူး ”ဟု ဆိုသည္။ နယူးေယာက္ၿမိဳ႕ရွိ တ႐ုတ္လူမ်ိဳး လႊတ္ေတာ္အမတ္ ကုရာမင္ က “ေရာဂါပိုးမႊားဆိုတာ ဘယ္လိုအသားအေရာင္ ဘယ္လိုႏိုင္ငံရယ္လို႔ ေ႐ြးေနမွာမဟုတ္ဘူး။ လူမ်ိဳးအားလုံးက လက္တြဲကာကြယ္တိုက္ဖ်က္သြားရမွာပါ။ ဒါကို အခြင့္ယူၿပီးေတာ့ လူမ်ိဳးေရးအရ ဖယ္ၾကဥ္ခြဲျခားဆက္ဆံတာေတြကို ရႈံ႕ခ်ဆန႔္က်င္တယ္။”ဟု ေျပာၾကားခဲ့သည္။

လက္ရွိ နယူးေယာက္ၿမိဳ႕ရွိ အာရွႏြယ္ဖြားမ်ား ေနထိုင္သည့္ ေနရာမ်ားကို အျမင္ေစာင္း စိုးရိမ္ထိတ္လန႔္မႈပုံစံျဖင့္ ျပဳမူေနျခင္းအေပၚ  ၿမိဳ႕ေတာ္အရာရွိမ်ားက ယခင္ မူလပုံစံအတိုင္း စားေသာက္ေနထိုင္ၾကရန္ ႏႈိးေဆာ္ထားသည္။ နယူးေယာက္ၿမိဳ႕ က်န္းမာေရး ေကာ္မရွင္နာ ေဒါက္တာ ေအာက္စီရစ္ ဘာေဘာ့ (Oxiris Barbot) က တ႐ုတ္တန္းတြင္ ထမင္းစားေနပုံႏွင့္ ေႏြဦးႏွစ္ကူးပြဲေတာ္ ပါဝင္ဆင္ႏႊဲေနပုံမ်ားကို ၎၏ တြစ္တာလူမႈကြန္ရက္မီဒီယာတြင္ ဆက္တိုက္ဆိုသလို တင္ခဲ့သည္။

“အာရွႏြယ္ဖြားေတြေနထိုင္တဲ့ ေနရာေဒသေတြ ခြဲျခားဆက္ဆံတာေတြ ၾကားရေတာ့ ကြၽန္မ အရမ္းစိတ္ပ်က္မိတယ္။ ကြၽန္မတို႔ကာကြယ္ရမွာက ဗိုင္းရပ္စ္ပါ၊ လူတစ္စု မဟုတ္ပါဘူး”ဟု ေအာက္စီရစ္ ဘာေဘာ့က ၎၏တြစ္တာတြင္ ေရးသားေဖာ္ျပခဲ့သည္။ “COVID-19ကို အေၾကာင္းျပဳၿပီး လူမ်ိဳးခြဲျခားဆက္ဆံမႈဟာ အက်ည္းတန္႐ုပ္ဆိုးသလို အက်ိဳးေၾကာင္းဆီေလ်ာ္မႈ နည္းနည္းမွ မရွိပါဘူး။ လက္ေတြ႕အေျခအေနအရဆိုရင္လည္း အေမရိကန္ကိုယ္၌က ႏိုင္ငံတြင္းမွာျဖစ္ပြားေနတဲ့ တုပ္ေကြးေရာဂါ က်န္းမာေရးအႏၲရာယ္နဲ႔ရင္ဆိုင္ေနရဆဲပါ။”ဟု ေဘာ္စတြန္ၿမိဳ႕ရွိ Massachusetts University ၊ အာရွႏြယ္ဖြားလူမ်ိဳးမ်ားဆိုင္ရာ သုေတသနဌာန အႀကီးအကဲ ပါေမာကၡ ေပါလ္ ဝါတာနာဘဲ (Paul Watanabe) က ဆိုသည္။

(Xinhua)
http://www.xinhuamyanmar.com
-----------------
(Unicode)⤵⤵⤵
ရောဂါအကြောင်းပြ လူမျိုးရေးဖယ်ကြဉ်ခွဲခြားဆက်ဆံမှုကို အမေရိကန် နယ်ပယ်အသီးသီးက ဆန့်ကျင်

တရုတ်နှစ်ကူး နွေဦးပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ တရုတ်တန်းတွင် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

    နယူးယောက်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

    လက်ရှိ တရုတ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိသလို အခြားနိုင်ငံများသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုးပမ်းကာကွယ် တားဆီးလျက်ရှိရာ နိုင်ငံတကာအသိုက်အဝန်းက အပြည့်အဝ အသိအမှတ်ပြုခဲ့ကြသည်။သို့သော်လည်း အမေရိကန်၌ COVID-19 ကြောင့် အာရှသားများကို ခွဲခြားဆက်ဆံမှုများ ဖြစ်ပွားလျက်ရာ ယခုရက်ပိုင်းများတွင် အမေရိကန် နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်များမှ လူပုဂ္ဂိုလ်အသီးသီးက ထိုသို့ ရောဂါအကြောင်းပြ လူမျိုးရေးခွဲခြားဖယ်ကြဉ်မှုများကို ပြစ်တင်ရှုံ့ချ၍ သိပ္ပံနည်းကျ ဗဟုသုတများကို လေးစားရန်နှင့် အရောင်ဆိုးအမြတ်ထုတ်ခြင်းမပြုကြရန် နှိုးဆော်ခဲ့ကြသည်။

ပင်လယ်ရပ်ခြားအာရှသားများ အထူးသဖြင့် တရုတ်လူမျိုးများသည် ရောဂါကြောင့် ဖယ်ကြဉ်ခွဲခြားခံနေခြင်းအပေါ် မေးမြန်းရာတွင် အမေရိကန် ရောဂါ ထိန်းချုပ်ရေးစင်တာ၊ ကိုယ်ခံစွမ်းအားနှင့်အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ စင်တာ (NCIRD) အကြီးအကဲ နန်စီ မက်ဆွန်နီယာ (Nancy Messonnier) က  “အနားမှာရှိတဲ့ အာရှသားတွေကို အမေရိကန်တွေက မဖယ်ကြဉ်သင့်ဘူး”ဟု ဆိုသည်။

တရုတ်နှစ်ကူး နွေဦးပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ တရုတ်တန်းတွင် ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“ဒီလိုအဆိုးသဘောနဲ့ အသိဉာဏ်မဲ့လုပ်ရပ်တွေက အမေရိကန်အစိုးရနဲ့ ပြည်သူ့ ကျန်းမာရေး အရာရှိတွေ  COVID-19ကို သိပ္ပံနည်းကျ အများသိအောင်လုပ်ရမယ်ဆိုတာ ဖော်ပြနေတာပဲ။ ဗိုင်းရပ်စ် ဘယ်လိုပြန့်ပွားတယ်၊ လူတွေဘယ်လိုကာကွယ်ရမလဲဆိုတာကို လူအများသိအောင်၊ နားလည်အောင်လုပ်ရမယ်”ဟု တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ဟောင်းလည်းဖြစ် ၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်းလည်း ဖြစ်သူ ဂါရီ လော့ခ် (Gary Locke) က ဆိုသည်။

Emory University ကူးစက်ရောဂါဆိုင်ရာ တွဲဖက်ပါမောက္ခ မေရီဘတ် ဆက်တန် (Marybeth Sexton) က “ရောဂါကာကွယ်ထိန်းချုပ်တဲ့အခါမှာ လူနာကို သီးခြားခွဲထားရတာမျိုးရှိတယ်။ ဒါကို လူတွေက ဘယ်တိုင်းရင်းသား ဒါမှမဟုတ် ဘယ်လူမျိုးစုဟာ အန္တရာယ်ဆိုတာမျိုး မမြင်သင့်ဘူး ”ဟု ဆိုသည်။ နယူးယောက်မြို့ရှိ တရုတ်လူမျိုး လွှတ်တော်အမတ် ကုရာမင် က “ရောဂါပိုးမွှားဆိုတာ ဘယ်လိုအသားအရောင် ဘယ်လိုနိုင်ငံရယ်လို့ ရွေးနေမှာမဟုတ်ဘူး။ လူမျိုးအားလုံးက လက်တွဲကာကွယ်တိုက်ဖျက်သွားရမှာပါ။ ဒါကို အခွင့်ယူပြီးတော့ လူမျိုးရေးအရ ဖယ်ကြဉ်ခွဲခြားဆက်ဆံတာတွေကို ရှုံ့ချဆန့်ကျင်တယ်။”ဟု ပြောကြားခဲ့သည်။

လက်ရှိ နယူးယောက်မြို့ရှိ အာရှနွယ်ဖွားများ နေထိုင်သည့် နေရာများကို အမြင်စောင်း စိုးရိမ်ထိတ်လန့်မှုပုံစံဖြင့် ပြုမူနေခြင်းအပေါ်  မြို့တော်အရာရှိများက ယခင် မူလပုံစံအတိုင်း စားသောက်နေထိုင်ကြရန် နှိုးဆော်ထားသည်။ နယူးယောက်မြို့ ကျန်းမာရေး ကော်မရှင်နာ ဒေါက်တာ အောက်စီရစ် ဘာဘော့ (Oxiris Barbot) က တရုတ်တန်းတွင် ထမင်းစားနေပုံနှင့် နွေဦးနှစ်ကူးပွဲတော် ပါဝင်ဆင်နွှဲနေပုံများကို ၎င်း၏ တွစ်တာလူမှုကွန်ရက်မီဒီယာတွင် ဆက်တိုက်ဆိုသလို တင်ခဲ့သည်။

“အာရှနွယ်ဖွားတွေနေထိုင်တဲ့ နေရာဒေသတွေ ခွဲခြားဆက်ဆံတာတွေ ကြားရတော့ ကျွန်မ အရမ်းစိတ်ပျက်မိတယ်။ ကျွန်မတို့ကာကွယ်ရမှာက ဗိုင်းရပ်စ်ပါ၊ လူတစ်စု မဟုတ်ပါဘူး”ဟု အောက်စီရစ် ဘာဘော့က ၎င်း၏တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ “COVID-19ကို အကြောင်းပြုပြီး လူမျိုးခွဲခြားဆက်ဆံမှုဟာ အကျည်းတန်ရုပ်ဆိုးသလို အကျိုးကြောင်းဆီလျော်မှု နည်းနည်းမှ မရှိပါဘူး။ လက်တွေ့အခြေအနေအရဆိုရင်လည်း အမေရိကန်ကိုယ်၌က နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ တုပ်ကွေးရောဂါ ကျန်းမာရေးအန္တရာယ်နဲ့ရင်ဆိုင်နေရဆဲပါ။”ဟု ဘော်စတွန်မြို့ရှိ Massachusetts University ၊ အာရှနွယ်ဖွားလူမျိုးများဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ ပေါလ် ဝါတာနာဘဲ (Paul Watanabe) က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ေရာဂါအေၾကာင္းျပ လူမ်ိဳးေရးဖယ္ၾကဥ္ခြဲျခားဆက္ဆံမႈကို အေမရိကန္ နယ္ပယ္အသီးသီးက ဆန႔္က်င္ ေရာဂါအေၾကာင္းျပ လူမ်ိဳးေရးဖယ္ၾကဥ္ခြဲျခားဆက္ဆံမႈကို အေမရိကန္ နယ္ပယ္အသီးသီးက ဆန႔္က်င္ Reviewed by THITHTOOLWIN on 03:06 Rating: 5
Powered by Blogger.