ကင္ညာဟုိတယ္ တုိက္ခုိက္ခံရမႈ အႏၱရာယ္ ကန္ သတိေပး



Share/Bookmark
၂၀၁၉ ဇန္န၀ါရီ ၁၅ ရက္ေန႔တုန္းက ႏုိင္ရုိးဘီၿမိဳ႕ DusitD2 ဟိုတယ္ ကိုအၾကမ္းဖက္သမားေတြ တိုက္ခိုက္စဥ္

(Zawgyi/Unicode)

ကင္ညာႏုိင္ငံ၊ ႏုိင္ရုိးဘီၿမိဳ႕က ဟုိတယ္ကုိ အၾကမ္းဖက္ တုိက္ခုိက္မႈလုပ္ႏုိင္ေၾကာင္း အေမရိကန္က ၾကာသပေတးေန႔မွာ သတိေပး ေျပာၾကားလုိက္ပါတယ္။ ႏုိင္ရုိးဘီၿမိဳ႕က အထင္ကရ ဟုိတယ္ႀကီးေတြကုိ အၾကမ္းဖက္သမားေတြကုိ တုိက္ခုိက္ဖုိ႔ ႀကံစည္ေနေၾကာင္း ႏုိင္ရုိးဘီၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရုံးက ေျပာပါတယ္။

ဟုိတယ္ရဲ႕အမည္ကုိ အေမရိကန္သံရုံးက ထုတ္ေဖာ္ ေျပာဆုိျခင္းမရွိေပမယ့္ အဲဒီဟုိတယ္ဟာ ကမၻာလွည့္ခရီးသည္ေတြ၊ စီးပြားေရးလုပ္ငန္းနဲ႔ ခရီးသြားသူေတြ အတည္းမ်ားတဲ့ ဟုိတယ္ျဖစ္မယ္လုိ႔ ေျပာပါတယ္။

ဟုိတယ္မွာတည္းသူေတြအေနနဲ႔ မိမိပတ္၀န္းက်င္ကုိ သတိထားၾကဖုိ႔၊ အေရးေပၚ ထြက္ေပါက္ကုိ ၾကည့္ထားၾကဖုိ႔နဲ႔ ေသဒတြင္းသတင္းေတြကုိ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ၾကဖုိ႔ အေမရိကန္သံရုံးက တုိက္တြန္းထားပါတယ္။ Al-Qaida အဖြဲ႔နဲ႔ ဆက္ႏြယ္မႈရွိတဲ့ Al-Shabab အဖြဲ႔ဟာ ကင္ညာႏုိင္ငံအတြင္း အၾကမ္းဖက္တုိက္ခုိက္မႈေတြ ျပဳလုပ္ေလ့ရွိပါတယ္။

၂၀၁၃ ခုႏွစ္အတြင္း ႏုိင္ရုိးဘီၿမိဳ႕က Shopping Mall တခုကုိ Al-Shabab အဖြဲ႔က ၄ ရက္ၾကာ စီးနင္းခဲ့တာမွာ လူ ၆၇ ေယာက္ ေသဆုံးခဲ့ပါတယ္။ ဒါ့အျပင္ ကင္ညာႏုိင္ငံေျမာက္ပုိင္းမွာရွိတဲ့ Garissa ခရစ္ယာန္ တကၠသုိလ္ကုိ Al-Shabab အဖြဲ႔က ၂၀၁၅ ခုႏွစ္အတြင္း ၀င္ေရာက္ တုိက္ခုိက္ခဲ့တာမွာ လူေပါင္း ၁၄၈ ဦး ေသဆုံးခဲ့ပါတယ္။

ေခတ္သစ္ ကင္ညာသမုိင္းမွာ အဆုိးရြားဆုံးတုိက္ခုိက္မႈကေတာ့ ႏုိင္ရုိးဘီၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရုံးကုိ al-Qaida အဖြဲ႔က ၁၉၉၈ ခုႏွစ္မွာ ဗုံးခြဲ တုိက္ခုိက္ခဲ့တာဘဲ ျဖစ္ပါတယ္။

ကင်ညာဟိုတယ် တိုက်ခိုက်ခံရမှုအန္တရာယ် ကန် သတိပေး

(Unicode)

ကင်ညာနိုင်ငံ၊ နိုင်ရိုးဘီမြို့က ဟိုတယ်ကို အကြမ်းဖက် တိုက်ခိုက်မှုလုပ်နိုင်ကြောင်း အမေရိကန်က ကြာသပတေးနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။ နိုင်ရိုးဘီမြို့က အထင်ကရ ဟိုတယ်ကြီးတွေကို အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း နိုင်ရိုးဘီမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။

ဟိုတယ်ရဲ့အမည်ကို အမေရိကန်သံရုံးက ထုတ်ဖော် ပြောဆိုခြင်းမရှိပေမယ့် အဲဒီဟိုတယ်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ၊ စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွားသူတွေ အတည်းများတဲ့ ဟိုတယ်ဖြစ်မယ်လို့ ပြောပါတယ်။

ဟိုတယ်မှာတည်းသူတွေအနေနဲ့ မိမိပတ်ဝန်းကျင်ကို သတိထားကြဖို့၊ အရေးပေါ် ထွက်ပေါက်ကို ကြည့်ထားကြဖို့နဲ့ သေဒတွင်းသတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။ Al-Qaida အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ Al-Shabab အဖွဲ့ဟာ ကင်ညာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ရိုးဘီမြို့က Shopping Mall တခုကို Al-Shabab အဖွဲ့က ၄ ရက်ကြာ စီးနင်းခဲ့တာမှာ လူ ၆၇ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကင်ညာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Garissa ခရစ်ယာန် တက္ကသိုလ်ကို Al-Shabab အဖွဲ့က ၂၀၁၅ ခုနှစ်အတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့ပါတယ်။

ခေတ်သစ် ကင်ညာသမိုင်းမှာ အဆိုးရွားဆုံးတိုက်ခိုက်မှုကတော့ နိုင်ရိုးဘီမြို့မှာရှိတဲ့ အမေရိကန်သံရုံးကို al-Qaida အဖွဲ့က ၁၉၉၈ ခုနှစ်မှာ ဗုံးခွဲ တိုက်ခိုက်ခဲ့တာဘဲ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ