သံမဏိစက္႐ုံ အလုပ္သမားေတြ အစာငတ္ခံဆႏၵျပ

(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္း ေမွာ္ဘီၿမိဳ႕နယ္ ေျမာင္းတကာစက္မႈဇုန္မွာရွိတဲ့ Pacific Steel Enterprise သံမဏိစက္႐ုံက သံရည္ႀကိဳတဲ့ဖိုမွာ အလုပ္လုပ္တဲ့ အလုပ္သမားေတြဟာ အလုပ္သမားအခြင့္အေရး ဆုံးရႈံးေနလို႔ စက္႐ုံေရွ႕မွာ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ကစၿပီး အစာအငတ္ခံ ဆႏၵထုတ္ေဖာ္ေနၾကပါတယ္။

သံမဏိစက္႐ုံေရွ႕ အရိပ္မရွိတဲ့ေနရာ ေနျပင္းျပင္းမွာ ထိုင္ေနၾကတဲ့သူေတြကေတာ့ Pacific Steel Enterprise သံမဏိစက္႐ုံက သံရည္ႀကိဳတဲ့ဖိုမွာ အလုပ္လုပ္တဲ့ အလုပ္သမားေတြ အစာအငတ္ခံဆႏၵျပေနၾကတာ ျဖစ္ပါတယ္။

အလုပ္သမားေတြ ေတာင္းဆိုၾကတဲ့ထဲမွာ စက္႐ုံထဲမွာ ထိခိုက္ဒဏ္ရာရတဲ့ အလုပ္သမားေတြကို စက္႐ုံဘက္က တာဝန္ယူေပးဖို႔၊ စက္႐ုံဘက္က အလုပ္ပိတ္တဲ့အခ်ိန္ေတြမွာ လုပ္ခလစာ အျပည့္အဝေပးဖို႔၊ ထမင္းစားခ်ိန္ အနားေပးဖို႔၊ အလုပ္ခ်ိန္ ၈ နာရီေက်ာ္ေနတာကို အလုပ္သမားေတြ သေဘာမတူရင္ အဓမၼေစခိုင္းတာ မလုပ္ဖို႔ စတဲ့အခ်က္ေတြ အပါအဝင္ အခ်က္ ၈ ခ်က္ပါဝင္ပါတယ္။

သူတို႔ေတာင္းဆိုေနၾကတဲ့ အခ်က္ ၈ ခ်က္ကို စက္႐ုံဘက္က လိုက္ေလ်ာတာမရွိရင္ အသက္ေသတဲ့အထိ ဆႏၵျပသြားမယ္လို႔ စက္႐ုံမွာ ၁ ႏွစ္ခြဲေလာက္ အလုပ္လုပ္လာတဲ့ ကိုျမတ္မင္းက ေျပာပါတယ္။

အစာအငတ္ခံဆႏၵျပတာဟာ အသက္အႏၲရာယ္အတြက္ စိုးရိမ္ရေပမယ့္ ဆႏၵျပတာကိုေတာ့ ရပ္မွာမဟုတ္ဘူးလို႔ ေျပာၾကပါတယ္။

သံရည္ႀကိဳဖိုမွာအလုပ္လုပ္ကိုင္းရင္း ေျခေထာက္ဒဏ္ရာရရွိသြားတဲ့ ကိုသက္လြင္ဆိုသူက စက္႐ုံေတြမွာ အလုပ္သမားအခြင့္အေရး ဆုံးရႈံးမႈေတြနဲ႔ ပတ္သက္ၿပီး တိုင္စရာေနရာမရွိျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ဒီစက္႐ုံမွာလုပ္ကိုင္ေနတဲ့ အလုပ္သမား ၁၆၀ ေလာက္ရွိေနၿပီး အဲဒီထဲကသံရည္ႀကိဳတဲ့ဖိုမွာ လုပ္ကိုင္ေနတဲ့ အလုပ္သမားေတြ ဆႏၵျပၾကတာျဖစ္ပါတယ္။ စက္႐ုံကေတာ့ ျမန္မာႏိုင္ငံသားနဲ႔ တ႐ုတ္ႏိုင္ငံသား ဖက္စပ္လုပ္ကိုင္တဲ့စက္႐ုံျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံသား ပညာရွင္ေတြလည္း ေခၚယူအသုံးျပဳေနတယ္လို႔ စက္႐ုံရဲ႕ အထက္ျမန္မာျပည္ အေရာင္းတာဝန္ခံ ကိုေနာင္ေနာင္မ်ိဳးရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

စက္႐ုံစတင္လည္ပတ္တာ ၅ လပိုင္းက စတင္လည္ပတ္တာျဖစ္ၿပီး ဆႏၵျပအလုပ္သမားေတြရွိေနတဲ့အတြက္ စက္႐ုံကိုရပ္ဆိုင္းထားရပါတယ္။ စက္႐ုံရပ္ဆိုင္းထားတဲ့အတြက္ တစ္ရက္ကို ျမန္မာေငြက်ပ္သိန္း ၇၀၀ ေလာက္ ဆုံးရႈံးမႈရွိတယ္လို႔ ေျပာပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
သံမဏိစက်ရုံ အလုပ်သမားတွေ အစာငတ်ခံဆန္ဒပြ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်မှာရှိတဲ့ Pacific Steel Enterprise သံမဏိစက်ရုံက သံရည်ကြိုတဲ့ဖိုမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေလို့ စက်ရုံရှေ့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး အစာအငတ်ခံ ဆန္ဒထုတ်ဖော်နေကြပါတယ်။

သံမဏိစက်ရုံရှေ့ အရိပ်မရှိတဲ့နေရာ နေပြင်းပြင်းမှာ ထိုင်နေကြတဲ့သူတွေကတော့ Pacific Steel Enterprise သံမဏိစက်ရုံက သံရည်ကြိုတဲ့ဖိုမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေ အစာအငတ်ခံဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ တောင်းဆိုကြတဲ့ထဲမှာ စက်ရုံထဲမှာ ထိခိုက်ဒဏ်ရာရတဲ့ အလုပ်သမားတွေကို စက်ရုံဘက်က တာဝန်ယူပေးဖို့၊ စက်ရုံဘက်က အလုပ်ပိတ်တဲ့အချိန်တွေမှာ လုပ်ခလစာ အပြည့်အဝပေးဖို့၊ ထမင်းစားချိန် အနားပေးဖို့၊ အလုပ်ချိန် ၈ နာရီကျော်နေတာကို အလုပ်သမားတွေ သဘောမတူရင် အဓမ္မစေခိုင်းတာ မလုပ်ဖို့ စတဲ့အချက်တွေ အပါအဝင် အချက် ၈ ချက်ပါဝင်ပါတယ်။

သူတို့တောင်းဆိုနေကြတဲ့ အချက် ၈ ချက်ကို စက်ရုံဘက်က လိုက်လျောတာမရှိရင် အသက်သေတဲ့အထိ ဆန္ဒပြသွားမယ်လို့ စက်ရုံမှာ ၁ နှစ်ခွဲလောက် အလုပ်လုပ်လာတဲ့ ကိုမြတ်မင်းက ပြောပါတယ်။

အစာအငတ်ခံဆန္ဒပြတာဟာ အသက်အန္တရာယ်အတွက် စိုးရိမ်ရပေမယ့် ဆန္ဒပြတာကိုတော့ ရပ်မှာမဟုတ်ဘူးလို့ ပြောကြပါတယ်။

သံရည်ကြိုဖိုမှာအလုပ်လုပ်ကိုင်းရင်း ခြေထောက်ဒဏ်ရာရရှိသွားတဲ့ ကိုသက်လွင်ဆိုသူက စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး တိုင်စရာနေရာမရှိဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၁၆၀ လောက်ရှိနေပြီး အဲဒီထဲကသံရည်ကြိုတဲ့ဖိုမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ဆန္ဒပြကြတာဖြစ်ပါတယ်။ စက်ရုံကတော့ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသား ဖက်စပ်လုပ်ကိုင်တဲ့စက်ရုံဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ပညာရှင်တွေလည်း ခေါ်ယူအသုံးပြုနေတယ်လို့ စက်ရုံရဲ့ အထက်မြန်မာပြည် အရောင်းတာဝန်ခံ ကိုနောင်နောင်မျိုးရဲ့ ပြောပြချက်အရ သိရပါတယ်။

စက်ရုံစတင်လည်ပတ်တာ ၅ လပိုင်းက စတင်လည်ပတ်တာဖြစ်ပြီး ဆန္ဒပြအလုပ်သမားတွေရှိနေတဲ့အတွက် စက်ရုံကိုရပ်ဆိုင်းထားရပါတယ်။ စက်ရုံရပ်ဆိုင်းထားတဲ့အတွက် တစ်ရက်ကို မြန်မာငွေကျပ်သိန်း ၇၀၀ လောက် ဆုံးရှုံးမှုရှိတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org
သံမဏိစက္႐ုံ အလုပ္သမားေတြ အစာငတ္ခံဆႏၵျပ သံမဏိစက္႐ုံ အလုပ္သမားေတြ အစာငတ္ခံဆႏၵျပ Reviewed by THITHTOOLWIN on 01:04 Rating: 5
Powered by Blogger.