ကို႐ိုနာဗိုင္းရပ္စ္ - အေဖေဆး႐ုံေရာက္ေနတုန္း မသန္စြမ္းကေလးေသဆုံး

 ယန္ခ်န္းအေၾကာင္း အြန္လိုင္းနဲ႔ ဆိုရွယ္မီဒီယာမွာ က်ယ္က်ယ္ျပန္႔ျပန္႔ေျပာဆိုေနၾက
(Zawgyi)⤵⤵⤵
အေဖက ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ေဆး႐ုံမွာ သီးသန႔္ခြဲထားခံရတုန္း အိမ္မွာေစာင့္ေရွာက္မယ့္သူမရွိဘဲ က်န္ေနတဲ့ ဆယ္ေက်ာ္သက္ မသန္စြမ္း သူငယ္နာအေၾကာတင္းေရာဂါသည္ကေလး ေသဆုံးသြားတဲ့အတြက္ တာဝန္ရွိသူႏွစ္ေယာက္ကို ရာထူးက ထုတ္ပစ္လိုက္ပါတယ္။

သူ႔အေဖနဲ႔ အစ္ကိုတို႔ ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ေဆး႐ုံ ေရာက္ေနတာ တစ္ပတ္အၾကာမွာ အသက္ ၁၆ ႏွစ္အ႐ြယ္ ယန္ခ်န္းဆိုတဲ့ ေယာက္်ားေလး အိမ္မွာ တစ္ေယာက္တည္း ေသဆုံးေနတာကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ေတြ႕ခဲ့ရတာပါ။

သူအိမ္မွာ က်န္ေနခဲ့စဥ္မွာ ႏွစ္ခါပဲ အစာစားခဲ့ရတယ္လို႔ သတင္းေတြက ဆိုပါတယ္။

အခုလို သူေသဆုံးခဲ့တဲ့အတြက္ ေဟြ႕က်ားေဟာ္ၿမိဳ႕ ကြန္ျမဴနစ္ပါတီ အတြင္းေရးမႉးနဲ႔ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးတို႔ကို ရာထူးက ထုတ္ပစ္လိုက္တာ ျဖစ္ပါတယ္။

ယန္ခ်န္းရဲ႕ အေၾကာင္းဟာ ဆိုရွယ္မီဒီယာနဲ႔ အြန္လိုင္းစာမ်က္ႏွာေတြမွာ လူအမ်ားစိတ္ဝင္စားတဲ့ အေၾကာင္းအရာ ျဖစ္ေနခဲ့တာပါ။

သူတို႔မိသားစုဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈအျမင့္ဆုံးျဖစ္တဲ့ ဟူေပးျပည္နယ္မွာ ေနထိုင္တာ ျဖစ္ပါတယ္။

ေဆး႐ုံေရာက္ေနတဲ့ သူ႔အေဖက အိမ္မွာ သူ႔သားတစ္ေယာက္တည္း စားေသာက္စရာနဲ႔ ေရမရွိဘဲ တစ္ေယာက္တည္း က်န္ေနခဲ့လို႔ ကူညီၾကဖို႔ တ႐ုတ္ဆိုရွယ္မီဒီယာ ေဝဘိုကေန အကူအညီေတာင္းတဲ့ ပို႔စ္တင္ခဲ့တာပါ။

အခုလို တာဝန္ရွိသူေတြကို ရာထူးက ထုတ္ပစ္တာ မလုပ္ခင္က ယန္ခ်န္းေသဆုံးခဲ့တဲ့အတြက္ စုံစမ္းစစ္ေဆးမႈေတြလုပ္မယ္လို႔ အာဏာပိုင္ေတြက ေၾကညာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ တ႐ုတ္မွာ ေသဆုံးသူ ၄၂၅ ဦး ရွိၿပီး ကူးစက္မႈ ႏွစ္ေသာင္းေက်ာ္ရွိလာပါၿပီ။ ဒါ့အျပင္ တျခားႏိုင္ငံ ၂၅ ႏိုင္ငံေလာက္ကိုလည္း ေရာဂါ ကူးစက္ထားၿပီ ျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို အျပည္ျပည္ဆိုင္ရာ က်န္းမာေရး အေရးေပၚ အေျခအေနလို႔ ေၾကညာထားၿပီး ကူးစက္မႈေတြ ပိုတိုးလာဖြယ္ရွိတယ္လို႔ သတိေပးထားပါတယ္။

တ႐ုတ္ အာဏာပိုင္ေတြကေတာ့ ေရာဂါျပန႔္ပြားမႈကို တားဆီးႏိုင္မယ့္ နည္းလမ္းေတြကို ေဆာင္႐ြက္ေနပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - အဖေဆေးရုံရောက်နေတုန်း မသန်စွမ်းကလေးသေဆုံး

ဓာတ်ပုံ မူပိုင် Weibo
Image caption ယန်ချန်းအကြောင်း အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေကြ

အဖေက ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ဆေးရုံမှာ သီးသန့်ခွဲထားခံရတုန်း အိမ်မှာစောင့်ရှောက်မယ့်သူမရှိဘဲ ကျန်နေတဲ့ ဆယ်ကျော်သက် မသန်စွမ်း သူငယ်နာအကြောတင်းရောဂါသည်ကလေး သေဆုံးသွားတဲ့အတွက် တာဝန်ရှိသူနှစ်ယောက်ကို ရာထူးက ထုတ်ပစ်လိုက်ပါတယ်။

သူ့အဖေနဲ့ အစ်ကိုတို့ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ဆေးရုံ ရောက်နေတာ တစ်ပတ်အကြာမှာ အသက် ၁၆ နှစ်အရွယ် ယန်ချန်းဆိုတဲ့ ယောက်ျားလေး အိမ်မှာ တစ်ယောက်တည်း သေဆုံးနေတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့ရတာပါ။

သူအိမ်မှာ ကျန်နေခဲ့စဉ်မှာ နှစ်ခါပဲ အစာစားခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

အခုလို သူသေဆုံးခဲ့တဲ့အတွက် ဟွေ့ကျားဟော်မြို့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနဲ့ မြို့အုပ်ချုပ်ရေးမှူးတို့ကို ရာထူးက ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

ယန်ချန်းရဲ့ အကြောင်းဟာ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းစာမျက်နှာတွေမှာ လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်နေခဲ့တာပါ။

သူတို့မိသားစုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့ ဟူပေးပြည်နယ်မှာ နေထိုင်တာ ဖြစ်ပါတယ်။

ဆေးရုံရောက်နေတဲ့ သူ့အဖေက အိမ်မှာ သူ့သားတစ်ယောက်တည်း စားသောက်စရာနဲ့ ရေမရှိဘဲ တစ်ယောက်တည်း ကျန်နေခဲ့လို့ ကူညီကြဖို့ တရုတ်ဆိုရှယ်မီဒီယာ ဝေဘိုကနေ အကူအညီတောင်းတဲ့ ပို့စ်တင်ခဲ့တာပါ။

အခုလို တာဝန်ရှိသူတွေကို ရာထူးက ထုတ်ပစ်တာ မလုပ်ခင်က ယန်ချန်းသေဆုံးခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်မှာ သေဆုံးသူ ၄၂၅ ဦး ရှိပြီး ကူးစက်မှု နှစ်သောင်းကျော်ရှိလာပါပြီ။ ဒါ့အပြင် တခြားနိုင်ငံ ၂၅ နိုင်ငံလောက်ကိုလည်း ရောဂါ ကူးစက်ထားပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေလို့ ကြေညာထားပြီး ကူးစက်မှုတွေ ပိုတိုးလာဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ ရောဂါပြန့်ပွားမှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို ဆောင်ရွက်နေပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - အေဖေဆး႐ုံေရာက္ေနတုန္း မသန္စြမ္းကေလးေသဆုံး ကို႐ိုနာဗိုင္းရပ္စ္ - အေဖေဆး႐ုံေရာက္ေနတုန္း မသန္စြမ္းကေလးေသဆုံး Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.