တ႐ုတ္ က်န္းမာေရး ဝန္ထမ္း ၆ ဦး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံး

လူစုေဝးခန္းမတစ္ခုကို ေဆး႐ုံအသြင္ အေရးေပၚ ေျပာင္းခဲ့ရ
(Zawgyi)⤵⤵⤵
တ႐ုတ္မွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ေနစဥ္ က်န္းမာေရး အကာအကြယ္ ဝတ္စုံေတြ မလုံေလာက္မႈအတြက္ စိုးရိမ္ေနရခ်ိန္မွာပဲ ဒီဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ က်န္းမာေရး ဝန္ထမ္း ဘယ္ေလာက္ရွိတယ္ဆိုတာကို အစိုးရက ထုတ္ေျပာလိုက္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ က်န္းမာေရး ဝန္ထမ္း ေျခာက္ဦး ေသဆုံးခဲ့ၿပီး ဝန္ထမ္း ၁၇၁၆ ဦး ကူးစက္ခံထားရတယ္လို႔ ဆိုပါတယ္။

ဗိုင္းရပ္စ္အေၾကာင္း ေစာေစာစီးစီး စတင္ တပ္လွန႔္သတိေပးခဲ့တဲ့ ေဒါက္တာ လီဝမ္လ်န္း ေသဆုံးခဲ့ၿပီးေနာက္ လူေတြက အစိုးရ လုပ္ေဆာင္ခ်က္ေတြအေပၚ ေဒါသထြက္ခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီ ၁၄ ရက္ မွာ လူ ၁၂၂ ေယာက္ ထပ္မံ ေသဆုံးခဲ့လို႔ တ႐ုတ္မွာ ေသဆုံးသူ ၁၃၈၁ ေယာက္ အထိရွိလာပါၿပီ။

ကူးစက္ခံထားရသူကလည္း ၆၃,၉၂၂ ထိ ေရာက္လာၿပီလို႔ တ႐ုတ္ အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္ရဲ႕ စာရင္းေတြအရ သိရပါတယ္။

တ႐ုတ္မွာ ဗိုင္းရပ္စ္ ကူးစက္မႈ အဓိက ျဖစ္ေနတဲ့ ဟူေဘးျပည္နယ္မွာ အခု ရက္ပိုင္းအတြင္း ေသဆုံးသူ ႐ုတ္တရက္ မ်ားျပားသြားေပမဲ့ ဗိုင္းရပ္စ္ရဲ႕ ကူးစက္ေသဆုံးမႈ ပုံစံ သိသိသာသာ မေျပာင္းသြားဘူးလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေျပာပါတယ္။

အခုလို ႐ုတ္တရက္မ်ားသြားတာဟာ ကုသေပးဖို႔ လူစာရင္း သတ္မွတ္ပုံ ပိုက်ယ္ျပန႔္ သြားလို႔ ျဖစ္တယ္လို႔ WHO လို႔ အေရးေပၚ က်န္းမာေရး အစီအစဥ္က မိုက္႐ိုင္ယန္က ေျပာပါတယ္။

အဲဒါအျပင္ တ႐ုတ္ျပင္ပမွာလည္း ကူးစက္သူ သိသိသာသာ တိုးလာတာ မရွိဘူးလို႔ WHO က ေျပာပါတယ္။

ဒါေပမဲ့ ဂ်ပန္မွာ ကမ္းကပ္ထားရတဲ့ Diamond Princess ခရီးသည္တင္သေဘၤာေပၚမွာေတာ့ ကူးစက္မႈ အသစ္ ၄၄ ခု ထပ္ေတြ႕ခဲ့လို႔ အဲဒီသေဘၤာေပၚမွာ ကူးစက္သူ ၂၁၈ ေယာက္ထိ ရွိလာၿပီ ျဖစ္ပါတယ္။
ဝူဟန္ ဗဟို ေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ရင္း ဗိုင္းရပ္စ္ ကူးစက္ ေသဆုံးခဲ့တဲ့ ေဒါက္တာလီ

က်န္းမာေရးဝန္ထမ္းေတြ အေျခအေန ဘယ္လိုရွိလဲ

ဝူဟန္မွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ က်န္းမာေရး ဝန္ထမ္း ၁၁၀၂ ေယာက္ရွိၿပီး ဟူေဘးျပည္နယ္ထဲမွာ ေနာက္ထပ္ ၄၀၀ ကူးစက္ခံထားရတယ္လို႔ တ႐ုတ္အမ်ိဳးသားက်န္းမာေရး ေကာ္မရွင္က ဒုတိယ ေခါင္းေဆာင္ က်န္းရီရွင္းက ေျပာပါတယ္။

ကူးစက္ခံရတဲ့ က်န္းမာေရး ဝန္ထမ္းအေရအတြက္လည္း တိုးလာတယ္လို႔ သူက ေျပာပါတယ္။

အဲဒီေဒသက ေဆး႐ုံေတြမွာ အကာအကြယ္ ႏွာေခါင္းစည္းေတြ၊ မ်က္မွန္ေတြနဲ႔ ဝတ္စုံေတြ ျဖည့္ဆည္းမေပးႏိုင္ဘဲ မလုံေလာက္ ျဖစ္ေနပါတယ္။

ဆရာဝန္တစ္ေယာက္က သူနဲ႔ အတူ က်န္းမာေရး ဝန္ထမ္း ၁၆ ေယာက္မွာ ကိုဗစ္-၁၉ ေရာဂါ လကၡဏာေတြ ေတြ႕ေနရတယ္လို႔ ေျပာပါတယ္။

ေနာက္ထပ္ က်န္းမာေရး ဝန္ထမ္းတစ္ေယာက္ကေတာ့ သူတို႔ေဆး႐ုံမွာ သူနဲ႔အတူ က်န္းမာေရး ဝန္ထမ္း ၁၀၀ ေက်ာ္ သီးသန႔္ခြဲေနရၿပီလို႔ ေျပာပါတယ္။

ဝန္ထမ္း ၅၀၀ ေက်ာ္ ရွိတဲ့ ထဲမွာ ေနာက္ထပ္ ၃၀ မွာလည္း ကူးစက္ခံရတာကို ေတြ႕ထားတယ္လို႔ ေျပာပါတယ္။

ဒီဗိုင္းရပ္စ္ ကူးစက္မႈအေၾကာင္းကို ဒီဇင္ဘာ ၃၀ ရက္မွာ စတင္ သတိေပးခဲ့တဲ့ ဝူဟန္ ဗဟို ေဆး႐ုံႀကီးက ေဒါက္တာ လီဝမ္လ်န္း ေဖေဖာ္ဝါရီ ၇ ရက္မွာ ေသဆုံးခဲ့ၿပီးေနာက္ က်န္းမာေရး ဝန္ထမ္းေတြရဲ႕ စြန႔္စားရမႈေတြကို လူေတြ ပိုသတိထားမိလာပါတယ္။

ဗီယက္နမ္ေလေၾကာင္းလိုင္းက ေလယာဥ္ကို ပိုးသတ္သန္႔စင္ေနစဥ္
တျခားေနရာေတြ
တ႐ုတ္က ေက်ာင္းေတြ- ေက်ာင္းေတြကို ျပန္ဖြင့္ဖို႔ ခက္ခဲေနၿပီး ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ ေဖေဖာ္ဝါရီ လကုန္အထိ ပိတ္ထားပါတယ္။

တ႐ုတ္ႏိုင္ငံ ျပင္ပ- ကူးစက္မႈ ၄၅၆ ခုရွိၿပီး ၂၄ ႏိုင္ငံမွာ ကူးစက္ခံထားရပါတယ္။

စင္ကာပူ - က်န္းမာေရး ဝန္ႀကီးဌာနက ကူးစက္မႈ အသစ္ ၉ ခု ထပ္ေတြ႕ခဲ့လို႔ ကူးစက္မႈ ၆၇ ခု ရွိ လာပါၿပီ။

ယူေက - ေနာက္ဆုံးကူးစက္ခံရသူနဲ႔ ထိေတြ႕ခဲ့တဲ့ သူေတြကို ရွာေဖြေနပါတယ္။ တ႐ုတ္ကေန ၿပီးခဲ့တဲ့ ရက္ပိုင္းက လန္ဒန္ကို ျပန္လာတဲ့ အမ်ိဳးသမီးကို ယူေကမွာ ကိုးေယာက္ေျမာက္ ကူးစက္သူ အျဖစ္ ေတြ႕ခဲ့တာပါ။

ၾသစေၾတးလ် - တ႐ုတ္ကလာသူေတြကို ဝင္ခြင့္ပိတ္တာ ေနာက္ထပ္ တစ္ပတ္ထပ္တိုးၿပီး ေဖေဖာ္ဝါရီ ၂၂ ရက္ထိ ပိတ္ထားပါတယ္။

ဗီယက္နမ္ - တ႐ုတ္နဲ႔ နယ္စပ္ခ်င္းထိေနတဲ့ ဗီယက္နမ္ ႏိုင္ငံမွာ ၿမိဳ႕ေတာ္ ဟႏြိဳင္းနားက လူေထာင္ခ်ီေနတဲ့ ႐ြာေတြက လူတခ်ိဳ႕မွာ ကူးစက္မႈေတြ႕လို႔ သီးသန႔္ခြဲထားရပါတယ္။ ဗီယက္နမ္မွာ ကူးစက္မႈ ၁၆ ခုရွိေနပါၿပီ။

ေျမာက္ကိုရီးယား - ေျမာက္ကိုရီးယားကို ခ်မွတ္ထားတဲ့ ပိတ္ဆို႔မႈေတြ ေျဖေလွ်ာ့ေပးဖို႔ ၾကက္ေျခနီအဖြဲ႕ႀကီးက ေတာင္းဆိုလိုက္ပါတယ္။ ေျမာက္ကိုရီးယားအတြက္ လိုအပ္တဲ့ က်န္းမာေရး အသုံးအေဆာင္ေတြ ဝယ္ဖို႔ က်န္းမာေရး အဖြဲ႕အစည္းေတြက ရံပုံေငြ အေထာက္အပံ့ေတြ ပံ့ပိုးေပးႏိုင္ဖို႔ျဖစ္ပါတယ္။ အဲဒီမွာ ကူးစက္မယ္ဆိုရင္ ကူးစက္မႈ စစ္ေဆးတဲ့ ပစၥည္းေတြနဲ႔ အကာအကြယ္ ဝတ္စုံေတြ လိုအပ္လာမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
တရုတ် ကျန်းမာရေး ဝန်ထမ်း ၆ ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံး


Image caption လူစုဝေးခန်းမတစ်ခုကို ဆေးရုံအသွင် အရေးပေါ် ပြောင်းခဲ့ရ

တရုတ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေစဉ် ကျန်းမာရေး အကာအကွယ် ဝတ်စုံတွေ မလုံလောက်မှုအတွက် စိုးရိမ်နေရချိန်မှာပဲ ဒီဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်း ဘယ်လောက်ရှိတယ်ဆိုတာကို အစိုးရက ထုတ်ပြောလိုက်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကျန်းမာရေး ဝန်ထမ်း ခြောက်ဦး သေဆုံးခဲ့ပြီး ဝန်ထမ်း ၁၇၁၆ ဦး ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်အကြောင်း စောစောစီးစီး စတင် တပ်လှန့်သတိပေးခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်း သေဆုံးခဲ့ပြီးနောက် လူတွေက အစိုးရ လုပ်ဆောင်ချက်တွေအပေါ် ဒေါသထွက်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် မှာ လူ ၁၂၂ ယောက် ထပ်မံ သေဆုံးခဲ့လို့ တရုတ်မှာ သေဆုံးသူ ၁၃၈၁ ယောက် အထိရှိလာပါပြီ။

ကူးစက်ခံထားရသူကလည်း ၆၃,၉၂၂ ထိ ရောက်လာပြီလို့ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

တရုတ်မှာ ဗိုင်းရပ်စ် ကူးစက်မှု အဓိက ဖြစ်နေတဲ့ ဟူဘေးပြည်နယ်မှာ အခု ရက်ပိုင်းအတွင်း သေဆုံးသူ ရုတ်တရက် များပြားသွားပေမဲ့ ဗိုင်းရပ်စ်ရဲ့ ကူးစက်သေဆုံးမှု ပုံစံ သိသိသာသာ မပြောင်းသွားဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

အခုလို ရုတ်တရက်များသွားတာဟာ ကုသပေးဖို့ လူစာရင်း သတ်မှတ်ပုံ ပိုကျယ်ပြန့် သွားလို့ ဖြစ်တယ်လို့ WHO လို့ အရေးပေါ် ကျန်းမာရေး အစီအစဉ်က မိုက်ရိုင်ယန်က ပြောပါတယ်။

အဲဒါအပြင် တရုတ်ပြင်ပမှာလည်း ကူးစက်သူ သိသိသာသာ တိုးလာတာ မရှိဘူးလို့ WHO က ပြောပါတယ်။

ဒါပေမဲ့ ဂျပန်မှာ ကမ်းကပ်ထားရတဲ့ Diamond Princess ခရီးသည်တင်သင်္ဘောပေါ်မှာတော့ ကူးစက်မှု အသစ် ၄၄ ခု ထပ်တွေ့ခဲ့လို့ အဲဒီသင်္ဘောပေါ်မှာ ကူးစက်သူ ၂၁၈ ယောက်ထိ ရှိလာပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Li Wenliang
Image caption ဝူဟန် ဗဟို ဆေးရုံမှာ တာဝန်ထမ်းဆောင်ရင်း ဗိုင်းရပ်စ် ကူးစက် သေဆုံးခဲ့တဲ့ ဒေါက်တာလီ
ကျန်းမာရေးဝန်ထမ်းတွေ အခြေအနေ ဘယ်လိုရှိလဲ

ဝူဟန်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကျန်းမာရေး ဝန်ထမ်း ၁၁၀၂ ယောက်ရှိပြီး ဟူဘေးပြည်နယ်ထဲမှာ နောက်ထပ် ၄၀၀ ကူးစက်ခံထားရတယ်လို့ တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ဒုတိယ ခေါင်းဆောင် ကျန်းရီရှင်းက ပြောပါတယ်။

ကူးစက်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်းအရေအတွက်လည်း တိုးလာတယ်လို့ သူက ပြောပါတယ်။

အဲဒီဒေသက ဆေးရုံတွေမှာ အကာအကွယ် နှာခေါင်းစည်းတွေ၊ မျက်မှန်တွေနဲ့ ဝတ်စုံတွေ ဖြည့်ဆည်းမပေးနိုင်ဘဲ မလုံလောက် ဖြစ်နေပါတယ်။

ဆရာဝန်တစ်ယောက်က သူနဲ့ အတူ ကျန်းမာရေး ဝန်ထမ်း ၁၆ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ တွေ့နေရတယ်လို့ ပြောပါတယ်။

နောက်ထပ် ကျန်းမာရေး ဝန်ထမ်းတစ်ယောက်ကတော့ သူတို့ဆေးရုံမှာ သူနဲ့အတူ ကျန်းမာရေး ဝန်ထမ်း ၁၀၀ ကျော် သီးသန့်ခွဲနေရပြီလို့ ပြောပါတယ်။

ဝန်ထမ်း ၅၀၀ ကျော် ရှိတဲ့ ထဲမှာ နောက်ထပ် ၃၀ မှာလည်း ကူးစက်ခံရတာကို တွေ့ထားတယ်လို့ ပြောပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်မှုအကြောင်းကို ဒီဇင်ဘာ ၃၀ ရက်မှာ စတင် သတိပေးခဲ့တဲ့ ဝူဟန် ဗဟို ဆေးရုံကြီးက ဒေါက်တာ လီဝမ်လျန်း ဖေဖော်ဝါရီ ၇ ရက်မှာ သေဆုံးခဲ့ပြီးနောက် ကျန်းမာရေး ဝန်ထမ်းတွေရဲ့ စွန့်စားရမှုတွေကို လူတွေ ပိုသတိထားမိလာပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဗီယက်နမ်လေကြောင်းလိုင်းက လေယာဉ်ကို ပိုးသတ်သန့်စင်နေစဉ်
တခြားနေရာတွေ

တရုတ်က ကျောင်းတွေ- ကျောင်းတွေကို ပြန်ဖွင့်ဖို့ ခက်ခဲနေပြီး ပြည်နယ်တော်တော်များများမှာ ဖေဖော်ဝါရီ လကုန်အထိ ပိတ်ထားပါတယ်။

တရုတ်နိုင်ငံ ပြင်ပ- ကူးစက်မှု ၄၅၆ ခုရှိပြီး ၂၄ နိုင်ငံမှာ ကူးစက်ခံထားရပါတယ်။

စင်ကာပူ - ကျန်းမာရေး ဝန်ကြီးဌာနက ကူးစက်မှု အသစ် ၉ ခု ထပ်တွေ့ခဲ့လို့ ကူးစက်မှု ၆၇ ခု ရှိ လာပါပြီ။

ယူကေ - နောက်ဆုံးကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့တဲ့ သူတွေကို ရှာဖွေနေပါတယ်။ တရုတ်ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းက လန်ဒန်ကို ပြန်လာတဲ့ အမျိုးသမီးကို ယူကေမှာ ကိုးယောက်မြောက် ကူးစက်သူ အဖြစ် တွေ့ခဲ့တာပါ။

သြစတြေးလျ - တရုတ်ကလာသူတွေကို ဝင်ခွင့်ပိတ်တာ နောက်ထပ် တစ်ပတ်ထပ်တိုးပြီး ဖေဖော်ဝါရီ ၂၂ ရက်ထိ ပိတ်ထားပါတယ်။

ဗီယက်နမ် - တရုတ်နဲ့ နယ်စပ်ချင်းထိနေတဲ့ ဗီယက်နမ် နိုင်ငံမှာ မြို့တော် ဟနွိုင်းနားက လူထောင်ချီနေတဲ့ ရွာတွေက လူတချို့မှာ ကူးစက်မှုတွေ့လို့ သီးသန့်ခွဲထားရပါတယ်။ ဗီယက်နမ်မှာ ကူးစက်မှု ၁၆ ခုရှိနေပါပြီ။

မြောက်ကိုရီးယား - မြောက်ကိုရီးယားကို ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ ကြက်ခြေနီအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားအတွက် လိုအပ်တဲ့ ကျန်းမာရေး အသုံးအဆောင်တွေ ဝယ်ဖို့ ကျန်းမာရေး အဖွဲ့အစည်းတွေက ရံပုံငွေ အထောက်အပံ့တွေ ပံ့ပိုးပေးနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီမှာ ကူးစက်မယ်ဆိုရင် ကူးစက်မှု စစ်ဆေးတဲ့ ပစ္စည်းတွေနဲ့ အကာအကွယ် ဝတ်စုံတွေ လိုအပ်လာမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ က်န္းမာေရး ဝန္ထမ္း ၆ ဦး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံး တ႐ုတ္ က်န္းမာေရး ဝန္ထမ္း ၆ ဦး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံး Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.