ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာက ေစာင့္ၾကည့္ခံရသူေလးေယာက္ ပိုးမေတြ႕၊ ေဆး႐ုံကဆင္းခြင့္ရ

ရန္ကုန္ေဝဘာဂီေဆး႐ုံ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈရွိမရွိ ျမန္မာႏိုင္ငံမွာ ေစာင့္ၾကည့္ခံရသူ ေလးေယာက္ရဲ႕ ဓာတ္ခြဲနမူနာေတြကို ထိုင္းကိုပို႔စစ္ခဲ့ရာမွာ ေရာဂါပိုးမရွိဘူးလို႔ အေျဖရခဲ့တဲ့အတြက္ သူတို႔ကို ေဖေဖာ္ဝါရီ ၆ ရက္မွာ ေဆး႐ုံက ဆင္းခြင့္ေပးလိုက္ၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာခြင့္ရသူက ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

သူတို႔ေလးေယာက္လုံးဟာ တ႐ုတ္ကေန ျမန္မာကို ဝင္ေရာက္လာသူေတြ ျဖစ္ပါတယ္။ အဲဒီထဲက သုံးေယာက္က တ႐ုတ္ႏိုင္ငံသားေတြ ျဖစ္ၿပီး တစ္ေယာက္က ျမန္မာႏိုင္ငံက ကေလးတစ္ေယာက္ ျဖစ္ပါတယ္။

သူတို႔ကို က်ိဳင္းတုံ၊ေဝဘာဂီ၊လြိဳင္ေကာ္နဲ႔ ေနျပည္ေတာ္ေဆး႐ုံေတြမွာ ေစာင့္ၾကည့္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ေစာင့္ၾကည့္ခံရသူ ႏွစ္ေယာက္ကို ထိုင္းကို ပို႔စစ္ထားတာ ဒီေန႔ အေျဖရမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ ေစာင့္ၾကည့္ခံရသူ သုံးေယာက္ရဲ႕ ဓာတ္ခြဲ နမူနာေတြကိုလည္း ဒီေန႔ထိုင္းကို ပို႔စစ္မယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

အခုလို ျမန္မာႏိုင္ငံက ေစာင့္ၾကည့္ခံရသူေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ရည္ၫႊန္းတဲ့ ဓာတ္ခြဲခန္းေတြကို ပို႔စစ္ေနရတာကေန ျပည္တြင္းမွာ စစ္ေဆးဖို႔အတြက္ ဓာတ္ခန္းခြဲရွိေပမဲ့ စစ္ေဆးဖို႔ Primer နဲ႔ Probe တို႔လို ပစၥည္းတခ်ိဳ႕လိုအပ္ေနတာျဖစ္ၿပီး အဲဒါေတြကို WHO အကူအညီနဲ႔ ရရွိေအာင္လုပ္ေဆာင္ေနတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈက ဝက္သက္ကူးစက္မႈနဲ႔ ႏႈိင္းယွဥ္ရင္ ၁၀ ပုံတစ္ပုံပဲရွိတယ္လို႔ဆို
ဒါ့အျပင္ တ႐ုတ္-ျမန္မာနယ္စပ္ ကခ်င္ျပည္နယ္ လြယ္ဂ်ယ္မွာ အလုပ္လုပ္သြားခဲ့ၿပီး ဧရာဝတီတိုင္း လပြတၱာၿမိဳ႕နယ္ကို ျပန္လာတဲ့ မက်န္းမာတဲ့ ေဒသခံ အမ်ိဳးသမီးကို ေဒသခံတခ်ိဳ႕က ကိုနာ႐ိုနာကူးစက္မႈ သံသယေၾကာင့္ သူေနထိုင္တဲ့ ပိႏၷဲကြင္း႐ြာထဲကို အဝင္မခံခဲ့တဲ့အတြက္ သူ႔ကို တာဝန္ရွိသူေတြက လပြတၱာေဆး႐ုံမွာ ပို႔ၿပီး ခြဲထား ေစာင့္ၾကည့္ခဲ့ရပါတယ္။

အဲဒီလို ျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပ်ိဳးခ်ိန္ဟာ ၂ ရက္က ၁၄ ရက္ ျဖစ္ၿပီး အဲဒီရက္အတြင္းမွာ ေရာဂါလကၡဏာေတြ ေပၚလာႏိုင္တယ္၊ အဲဒီအမ်ိဳးသမီးက သူေဆး႐ုံတက္ခဲ့တဲ့ လြယ္ဂ်ယ္ ေဆး႐ုံက သံသယလူနာအျဖစ္ သတ္မွတ္ၿပီး ဓာတ္ခြဲ စမ္းသပ္ စစ္ေဆးခဲ့တယ္၊ ေနာက္ စိတ္ခ်ရလို႔ ေပးဆင္းခဲ့တာျဖစ္တယ္၊ သူေဆး႐ုံက ဆင္းခဲ့တဲ့ ရက္ကေန အခုဆိုရင္ ၁၆ ရက္အထိ ရွိၿပီ ျဖစ္လို႔ သူက ကူးစက္မႈ အႏၲရာယ္မရွိသူ ျဖစ္တယ္လို႔ ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနက ေၾကညာထားတဲ့ ေရာဂါကာကြယ္ေရး နည္းလမ္းေတြကို လိုက္နာၿပီး အစိုးရိမ္မလြန္ၾကဖို႔သူက ေျပာပါတယ္။

ဒါ့အျပင္ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ကူးစက္မႈ အခ်က္အလက္ေတြအရ ဒီေရာဂါ ကူးစက္မႈဟာ ဝက္သက္ကူးစက္မႈနဲ႔ ႏႈိင္းယွဥ္ရင္ ၁၀ ပုံတစ္ပုံသာရွိေၾကာင္းနဲ႔ က်န္းမာေရးဌာနက စစ္ေဆးစဥ္မွာ အဖ်ားမရွိလို႔ ေစာင့္ၾကည့္မခံရဘဲ လြတ္ေနသူေတြ ဖ်ားနာ၊ေခ်ာင္းဆိုးလာတာ စတဲ့ သံသယလကၡဏာေတြ ေပၚလာရင္ သံသယလူနာ သတင္းေပးပို႔ဖို႔ လုပ္ငန္းေတြကိုလည္း ဝန္ႀကီးဌာနေတြ ေပါင္းစပ္ ေဆာင္႐ြက္ေနတယ္လို႔ သူက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - မြန်မာက စောင့်ကြည့်ခံရသူလေးယောက် ပိုးမတွေ့၊ ဆေးရုံကဆင်းခွင့်ရ

Image caption ရန်ကုန်ဝေဘာဂီဆေးရုံ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ မြန်မာနိုင်ငံမှာ စောင့်ကြည့်ခံရသူ လေးယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို ထိုင်းကိုပို့စစ်ခဲ့ရာမှာ ရောဂါပိုးမရှိဘူးလို့ အဖြေရခဲ့တဲ့အတွက် သူတို့ကို ဖေဖော်ဝါရီ ၆ ရက်မှာ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခွင့်ရသူက ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

သူတို့လေးယောက်လုံးဟာ တရုတ်ကနေ မြန်မာကို ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။ အဲဒီထဲက သုံးယောက်က တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး တစ်ယောက်က မြန်မာနိုင်ငံက ကလေးတစ်ယောက် ဖြစ်ပါတယ်။

သူတို့ကို ကျိုင်းတုံ၊ဝေဘာဂီ၊လွိုင်ကော်နဲ့ နေပြည်တော်ဆေးရုံတွေမှာ စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် စောင့်ကြည့်ခံရသူ နှစ်ယောက်ကို ထိုင်းကို ပို့စစ်ထားတာ ဒီနေ့ အဖြေရမှာ ဖြစ်ပါတယ်။

နောက်ထပ် စောင့်ကြည့်ခံရသူ သုံးယောက်ရဲ့ ဓာတ်ခွဲ နမူနာတွေကိုလည်း ဒီနေ့ထိုင်းကို ပို့စစ်မယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

အခုလို မြန်မာနိုင်ငံက စောင့်ကြည့်ခံရသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရည်ညွှန်းတဲ့ ဓာတ်ခွဲခန်းတွေကို ပို့စစ်နေရတာကနေ ပြည်တွင်းမှာ စစ်ဆေးဖို့အတွက် ဓာတ်ခန်းခွဲရှိပေမဲ့ စစ်ဆေးဖို့ Primer နဲ့ Probe တို့လို ပစ္စည်းတချို့လိုအပ်နေတာဖြစ်ပြီး အဲဒါတွေကို WHO အကူအညီနဲ့ ရရှိအောင်လုပ်ဆောင်နေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက ဝက်သက်ကူးစက်မှုနဲ့ နှိုင်းယှဉ်ရင် ၁၀ ပုံတစ်ပုံပဲရှိတယ်လို့ဆို

ဒါ့အပြင် တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်မှာ အလုပ်လုပ်သွားခဲ့ပြီး ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ကို ပြန်လာတဲ့ မကျန်းမာတဲ့ ဒေသခံ အမျိုးသမီးကို ဒေသခံတချို့က ကိုနာရိုနာကူးစက်မှု သံသယကြောင့် သူနေထိုင်တဲ့ ပိန္နဲကွင်းရွာထဲကို အဝင်မခံခဲ့တဲ့အတွက် သူ့ကို တာဝန်ရှိသူတွေက လပွတ္တာဆေးရုံမှာ ပို့ပြီး ခွဲထား စောင့်ကြည့်ခဲ့ရပါတယ်။

အဲဒီလို ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါပျိုးချိန်ဟာ ၂ ရက်က ၁၄ ရက် ဖြစ်ပြီး အဲဒီရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်တယ်၊ အဲဒီအမျိုးသမီးက သူဆေးရုံတက်ခဲ့တဲ့ လွယ်ဂျယ် ဆေးရုံက သံသယလူနာအဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲ စမ်းသပ် စစ်ဆေးခဲ့တယ်၊ နောက် စိတ်ချရလို့ ပေးဆင်းခဲ့တာဖြစ်တယ်၊ သူဆေးရုံက ဆင်းခဲ့တဲ့ ရက်ကနေ အခုဆိုရင် ၁၆ ရက်အထိ ရှိပြီ ဖြစ်လို့ သူက ကူးစက်မှု အန္တရာယ်မရှိသူ ဖြစ်တယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာပြီး အစိုးရိမ်မလွန်ကြဖို့သူက ပြောပါတယ်။

ဒါ့အပြင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှု အချက်အလက်တွေအရ ဒီရောဂါ ကူးစက်မှုဟာ ဝက်သက်ကူးစက်မှုနဲ့ နှိုင်းယှဉ်ရင် ၁၀ ပုံတစ်ပုံသာရှိကြောင်းနဲ့ ကျန်းမာရေးဌာနက စစ်ဆေးစဉ်မှာ အဖျားမရှိလို့ စောင့်ကြည့်မခံရဘဲ လွတ်နေသူတွေ ဖျားနာ၊ချောင်းဆိုးလာတာ စတဲ့ သံသယလက္ခဏာတွေ ပေါ်လာရင် သံသယလူနာ သတင်းပေးပို့ဖို့ လုပ်ငန်းတွေကိုလည်း ဝန်ကြီးဌာနတွေ ပေါင်းစပ် ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာက ေစာင့္ၾကည့္ခံရသူေလးေယာက္ ပိုးမေတြ႕၊ ေဆး႐ုံကဆင္းခြင့္ရ ကို႐ိုနာဗိုင္းရပ္စ္ - ျမန္မာက ေစာင့္ၾကည့္ခံရသူေလးေယာက္ ပိုးမေတြ႕၊ ေဆး႐ုံကဆင္းခြင့္ရ Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.