ရခိုင္စာစစ္ဌာန ၂၀ ပိတ္လို႔ ေက်ာင္းသားေထာင္ခ်ီ ေနရာေျပာင္းေျဖရမယ္

တိုက္ပြဲေတြျဖစ္ေနတဲ့ ၿမိဳ႕နယ္ေတြမွာ အခုႏွစ္ ပညာသင္ႏွစ္ အတြင္း နယ္ေက်ာင္းေတြ ေတာ္ေတာ္မ်ားကို ပိတ္ထားရ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ လုံၿခဳံေရး စိုးရိမ္ရတဲ့ အတြက္ မတ္လ ၁၁ ရက္ေန႔မွာ စတင္မယ့္ တကၠသိုလ္ ဝင္တန္း စာေမးပြဲအတြက္ ၿမိဳ႕နယ္ ကိုးခုက စာစစ္ဌာန ၂၀ ေလာက္ကို ယာယီပိတ္ၿပီး တစ္ျခား စာစစ္ဌာနေတြမွာ ေျပာင္းေ႐ႊ႕ စစ္မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အဲဒီစာစစ္ဌာနေတြက ေထာင္ခ်ီတဲ့ ေက်ာင္းသားေတြ တျခား စာစစ္ဌာနေတြမွာ သြားေျဖရမွာ ျဖစ္ပါတယ္။

ေက်ာက္ျဖဴ၊ အမ္း၊ ေျမပုံ၊ မင္းျပား၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ ၿမိဳ႕နယ္က စာစစ္ဌာနေတြကို ပိတ္ထားမယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမႉး ဦးတင္သိန္းက ေျပာပါတယ္။

အခု ေလာေလာဆယ္မွာေတာ့ ေက်ာင္း ေပါင္း ၂၀ ရဲ႕ စာစစ္ဌာနေတြကို ပိတ္သြားမယ့္ အေၾကာင္း ရခိုင္ျပည္နယ္ အစိုးရကို တင္ျပထားၿပီး အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ စာစစ္ဌာနေတြကို ပိတ္သြားမယ္လို႔ ဆိုပါတယ္။

အခုလို စာစစ္ဌာေတြကို ပိတ္လိုက္တာ ေၾကာင့္ ေက်ာင္းသားေတြဟာ မူလစာစစ္ဌာနေတြကေန ၿမိဳ႕ေပၚ စာစစ္ဌာနေတြကို ေျပာင္းေ႐ႊ႕ ေျဖဆိုၾကရမွာ ျဖစ္ပါတယ္။

ဒီလို စာစစ္ဌာန ပိတ္မယ့္အထဲမွာ ရေသ့ေတာင္ၿမိဳ႕နယ္က ေက်ာင္းသား ၅၀၀ ေလာက္ ဝင္ေရာက္ ေျဖဆိုမယ့္ ေလာင္းေခ်ာင္း အထကနဲ႔ ေက်ာက္တန္း အထက စာစစ္ဌာနတို႔လည္း ပါဝင္ပါတယ္။

ဒီလို စာစစ္ဌာနေတြ ေျပာင္းေ႐ႊ႕ ေျဖဆိုၾကရမွာျဖစ္တဲ့ အတြက္ ႀကဳံေတြ႕လာရႏိုင္တဲ့ အခက္အခဲနဲ႔ ပတ္သက္လို႔ ၿမိဳ႕ေပၚက တျခားစာစစ္ဌာနမွာ သြားေျဖရရင္ ေငြေၾကးတတ္ႏိုင္သူေတြအတြက္ အဆင္ေျပေပမဲ့ ခ်ိဳ႕တဲ့သူေတြအတြက္ ေနထိုင္စရိတ္ကအစ အခက္အခဲျဖစ္ေစလို႔ ကိုယ့္ေနရာမွာသာကိုယ္ စာစစ္ဌာနေတြ ခ်ထားေပးေစခ်င္တယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အတြင္းက ေက်ာင္းသားမိဘ တစ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္ အတြင္းက တိုက္ပြဲေတြျဖစ္ေနတဲ့ ၿမိဳ႕နယ္ေတြမွာ အခုႏွစ္ ပညာသင္ႏွစ္ အတြင္း နယ္ေက်ာင္းေတြ ေတာ္ေတာ္မ်ားကို ပိတ္ထားရသလို အခ်ိန္ျပည့္ စာမသင္ၾကားႏိုင္တာေတြလည္း ရွိခ်ိန္မွာ နယ္ေက်ာင္း ၂၀ ေလာက္က စာစစ္ဌာနေတြကို ပိတ္လိုက္ရမွာ ျဖစ္တဲ့ အတြက္ အခုႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္ ရာခိုင္ႏႈန္း အမ်ားႀကီး က်ဆင္းသြားႏိူင္တယ္လို႔ ေလ့လာသုံးသပ္သူေတြက ေျပာဆိုပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရခိုင်စာစစ်ဌာန ၂၀ ပိတ်လို့ ကျောင်းသားထောင်ချီ နေရာပြောင်းဖြေရမယ်


ဓာတ်ပုံ မူပိုင် Myint Lwin
Image caption တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ အခုနှစ် ပညာသင်နှစ် အတွင်း နယ်ကျောင်းတွေ တော်တော်များကို ပိတ်ထားရ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လုံခြုံရေး စိုးရိမ်ရတဲ့ အတွက် မတ်လ ၁၁ ရက်နေ့မှာ စတင်မယ့် တက္ကသိုလ် ဝင်တန်း စာမေးပွဲအတွက် မြို့နယ် ကိုးခုက စာစစ်ဌာန ၂၀ လောက်ကို ယာယီပိတ်ပြီး တစ်ခြား စာစစ်ဌာနတွေမှာ ပြောင်းရွှေ့ စစ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီစာစစ်ဌာနတွေက ထောင်ချီတဲ့ ကျောင်းသားတွေ တခြား စာစစ်ဌာနတွေမှာ သွားဖြေရမှာ ဖြစ်ပါတယ်။

ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်က စာစစ်ဌာနတွေကို ပိတ်ထားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

အခု လောလောဆယ်မှာတော့ ကျောင်း ပေါင်း ၂၀ ရဲ့ စာစစ်ဌာနတွေကို ပိတ်သွားမယ့် အကြောင်း ရခိုင်ပြည်နယ် အစိုးရကို တင်ပြထားပြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စာစစ်ဌာနတွေကို ပိတ်သွားမယ်လို့ ဆိုပါတယ်။

အခုလို စာစစ်ဌာတွေကို ပိတ်လိုက်တာ ကြောင့် ကျောင်းသားတွေဟာ မူလစာစစ်ဌာနတွေကနေ မြို့ပေါ် စာစစ်ဌာနတွေကို ပြောင်းရွှေ့ ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

ဒီလို စာစစ်ဌာန ပိတ်မယ့်အထဲမှာ ရသေ့တောင်မြို့နယ်က ကျောင်းသား ၅၀၀ လောက် ဝင်ရောက် ဖြေဆိုမယ့် လောင်းချောင်း အထကနဲ့ ကျောက်တန်း အထက စာစစ်ဌာနတို့လည်း ပါဝင်ပါတယ်။

ဒီလို စာစစ်ဌာနတွေ ပြောင်းရွှေ့ ဖြေဆိုကြရမှာဖြစ်တဲ့ အတွက် ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲနဲ့ ပတ်သက်လို့ မြို့ပေါ်က တခြားစာစစ်ဌာနမှာ သွားဖြေရရင် ငွေကြေးတတ်နိုင်သူတွေအတွက် အဆင်ပြေပေမဲ့ ချို့တဲ့သူတွေအတွက် နေထိုင်စရိတ်ကအစ အခက်အခဲဖြစ်စေလို့ ကိုယ့်နေရာမှာသာကိုယ် စာစစ်ဌာနတွေ ချထားပေးစေချင်တယ်လို့ ရသေ့တောင်မြို့နယ် အတွင်းက ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းက တိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ အခုနှစ် ပညာသင်နှစ် အတွင်း နယ်ကျောင်းတွေ တော်တော်များကို ပိတ်ထားရသလို အချိန်ပြည့် စာမသင်ကြားနိုင်တာတွေလည်း ရှိချိန်မှာ နယ်ကျောင်း ၂၀ လောက်က စာစစ်ဌာနတွေကို ပိတ်လိုက်ရမှာ ဖြစ်တဲ့ အတွက် အခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အများကြီး ကျဆင်းသွားနိူင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။

BBC Burmese
https://www.bbc.com
ရခိုင္စာစစ္ဌာန ၂၀ ပိတ္လို႔ ေက်ာင္းသားေထာင္ခ်ီ ေနရာေျပာင္းေျဖရမယ္ ရခိုင္စာစစ္ဌာန ၂၀ ပိတ္လို႔ ေက်ာင္းသားေထာင္ခ်ီ ေနရာေျပာင္းေျဖရမယ္ Reviewed by THITHTOOLWIN on 02:54 Rating: 5
Powered by Blogger.