ခြင့္ျပဳခ်က္ရမွ ဒုကၡသည္စခန္း ဖြင့္ရမယ္ဆိုတဲ့ အစိုးရကန႔္သတ္ခ်က္ ေဝဖန္ခံေနရ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြေၾကာင့္ နယ္ေျမလုံၿခဳံမႈမရွိလို႔ ေနရပ္စြန႔္ခြာ ထြက္ေျပးေန ၾကရတဲ့ စစ္ေဘးဒုကၡသည္ေတြကို အစိုးရ အသိအမွတ္မျပဳဘဲ ဒုကၡသည္စခန္းေတြ မဖြင့္ဖို႔ တားျမစ္လိုက္တဲ့အေပၚ ေဝဖန္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၅ ရက္ေန႔ က ေျမပုံၿမိဳ႕နယ္ စညႇင္းေက်း႐ြာမွာ ဖြင့္လွစ္ထားတဲ့ဒုကၡသည္စခန္းကို ပိတ္သိမ္းဖို႔ တပ္မေတာ္က ဖိအားေပးေစခိုင္းခဲ့ၿပီးေနာက္ပိုင္း အစိုးရခြင့္ျပဳခ်က္ မရဘဲ ဒုကၡသည္စခန္း မဖြင့္ဖို႔ တားျမစ္လိုက္ တာပါ။

စညႇင္းဒုကၡသည္စခန္းကို အစိုးရက အသိအမွတ္မျပဳသလို ေထာက္ပံ့တာလည္း မရွိဘူးလို႔ အဲဒီစခန္း တာဝန္ခံ ဦးဇင္း အာရကၡ က မိန႔္ပါတယ္။

“အစိုးရက ဒီေနရာကို အသိအမွတ္ျပဳတာမ်ိဳး အေၾကာင္းမၾကားဘူး ေထာက္ပံ့တာလည္းမရွိဘူး။ ICRC ကို ကမ္းလွမ္းတယ္ သူတို႔က အထက္ကိုတင္ျပတာ ခြင့္ျပဳခ်က္မရလို႔ဆိုၿပီး အခုခ်ိန္ထိ ဘာမွမရေသးဘူး”

တိုက္ပြဲျဖစ္ပြားတဲ့ၿမိဳ႕နယ္ေတြမွာ အစိုးရက ဒုကၡသည္စခန္းေတြ ဖြင့္လွစ္ေပးထားၿပီး အဲဒီစခန္းေတြကိုသာ လာေရာက္ခိုလႈံၾကရမယ္လို႔ ျပည္နယ္ အစိုးရက ေျပာပါတယ္။

အဆင္ေျပတဲ့ေနရာမွာပဲ အလြယ္တကူ ဒုကၡသည္စခန္းဖြင့္ၿပီး ေနၾကတာဟာ နယ္ေျမလုံၿခဳံေရးအရ စိုးရိမ္ရ တာေၾကာင့္ တားျမစ္လိုက္တာလို႔ ရခိုင္ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္။

“ဟုတ္တယ္ေလ အဲဒါက စစ္ေရွာင္စခန္းေတြကို ေဆာက္တဲ့ေနရာမွာ ေဘးလႊတ္ကင္းတဲ့ ေနရာမွာေဆာက္ဖို႔။ စစ္နဲ႔နီးစပ္တဲ့ ေနရာေတြမွာေဆာက္ရင္ ျပည္သူေတြလည္း အႏၲရာယ္ျဖစ္ႏိုင္လို႔ ေဘးလႊတ္ကင္းတဲ့ ေနရာမွာေဆာက္ဖို႔။ ဌာနဆိုင္ရာေတြကို စစ္ေရွာင္စခန္းေဆာက္ရင္ အမွန္ေအးခ်မ္းတဲ့ ေနရာမွာေဆာက္ဖို႔ ေအးခ်မ္းတဲ့ေနရာမွာပဲ ထားသင့္တယ္ေလ”

အစိုးရခြင့္ျပဳခ်က္မရွိဘဲ ဖြင့္လွစ္ထားတဲ့ စစ္ေရွာင္စခန္းေတြကို ရိကၡာေထာက္ပံ့မွာ မဟုတ္ဘူးလို႔လည္း ျပည္နယ္အစိုးရက ေျပာထားပါတယ္။

အခ်ိန္မေ႐ြး၊ ေနရာမေ႐ြးျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္ေတြစြန႔္ၿပီး ႐ုတ္တရက္ ထြက္ေျပးရတဲ့ ေဒသခံေတြဟာ အစိုးရ ဖြင့္ေပးထားတဲ့ ဒုကၡသည္စခန္းေတြအထိသြားဖို႔ ခက္ခဲေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရ ဖြင့္ထားတဲ့ စခန္းေတြက ၿမိဳ႕ေပၚေတြမွာျဖစ္လို႔ အလွမ္းေဝးလြန္းတာေၾကာင့္လို႔ ေျပာၾကပါတယ္။

အစိုးရက လုံၿခဳံေရးအေၾကာင္းျပၿပီး ကန႔္သတ္တယ္ဆိုေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ ဒုကၡသည္ေတြကို ပိုၿပီးခက္ခဲေစတယ္လို႔ ရခိုင္မ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC ဥကၠ႒ ဦးေ႐ႊေဘာ္စိန္ က  ေျပာလိုက္ပါတယ္။

“နယ္ေျမလုံၿခဳံေရး အေၾကာင္းျပတာျဖစ္ျဖစ္ အစိုးရခြင့္ျပဳခ်က္ရမွ ေဆာက္ရမွာျဖစ္ျဖစ္။  လက္ရွိမွာ သူတို႔ ဘယ္လိုေနထိုင္ၾကလဲ ဘယ္လိုအခက္အခဲႀကဳံေနၾကလဲ သူတို႔ရိကၡာဘယ္လို လိုအပ္ေနလဲ ဒါကိုမၾကည့္ပဲ အေဝးကေန ေျပာေနရင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုတာ စာ႐ြက္ေပၚမွာပဲရွိေနတယ္၊  လက္ေတြ႕မွာ ျပည္သူရင္ဆိုင္ေနရတဲ့ အခက္အခဲနဲ႔ ဘယ္လိုမွမဆိုင္ဘူး”

ဒုကၡသည္ေတြကို ၿမိဳ႕ေပၚက စခန္းေတြကို ေခၚမယ္ဆိုရင္ စားဝတ္ေနေရးအကုန္ စီစဥ္ေပးႏိုင္ဖို႔ လိုတယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေထာက္ျပပါတယ္။

“အစိုးရသတ္မွတ္ေပးတဲ့ ဒုကၡသည္စခန္းမွာပဲ ေနရမယ္ဆိုရင္ သူတို႔အတြက္ အစားအေသာက္အေနထိုင္ အားလုံးစီစဥ္ေပးမွ အဆင္ေျပလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒုကၡသည္ျဖစ္လာရင္ အစိုးရက ကူညီဖို႔ တာဝန္ရွိတယ္၊ ဟိုေနရာမွာေနမွ ဒီေနရာမွာေနမွဆိုတာ အဆင္မေျပဘူးထင္တယ္”

ဒုကၡသည္ေတြ ထြက္ေျပးေရာက္ရွိေနတဲ့ ေနရာမွာ ဒုကၡသည္စခန္း အေရးေပၚဖြင့္ဖို႔ အစိုးရက စီစဥ္ေပးရမယ့္ တာဝန္ ပ်က္ကြက္ေနတယ္လို႔ ေဝဖန္လိုက္တာက ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝပါ။

“အုပ္ခ်ဳပ္ေရးမႉးေတြကို သူတို႔ေျပာတာရွိတယ္။ အုပ္ခ်ဳပ္ေရးမႉးက တဆင့္ေပါ့ေလ သူတို႔အိမ္မွာေနတာေတာ့ မပါဘူးေပါ့။ ဒါေပမဲ့ အဲလိုစည္းနဲ႔လည္း လုပ္ခြင့္မျပဳေတာ့ သူတို႔အခက္ေတြ႕တယ္။ အစိုးရသည္ ႏိုင္ငံေတာ္မွာ တာဝန္အရွိဆုံးပုဂၢိဳလ္ စစ္ေဘးေရွာင္ေတြအတြက္လည္း သူတို႔မွာ တာဝန္ရွိေနတယ္ စစ္ေဘးေရွာင္ေတြ ေရာက္လာရင္ စစ္ေဘးေရွာင္စခန္းဖြင့္ကို ဖြင့္ေပးရမွာ သူတို႔တာဝန္” လို႔ ေျပာပါတယ္။

အရပ္ဖက္အဖြဲ႕ေတြ၊ လူမႈေရးအဖြဲ႕ေတြက ကူညီေပးေနတာကို တားျမစ္တာ မျဖစ္သင့္ဘူးလို႔ ကန႔္ကြက္တာက ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊပါ။

“ကြၽန္ေတာ္တို႔ ဒီလိုဒုကၡေရာက္ၿပီးလာတဲ့သူေတြ ေနဖို႔ကိုေတာင္ မေနရဘူးဆိုတာ ေတာ္ေတာ္လြန္ေနၿပီ၊ အစိုးရက ဒီေနရာမွာေနပါ ဒါေတြလုပ္ပါဆိုတာ သူတို႔စီစဥ္ေပးရမွာ၊ သူတို႔ပ်က္ကြက္ေနတာကို ျပည္သူေတြလုပ္ေပးေနတာကို ဒီလိုလုပ္တာ ဒါကေတာ္ေတာ္လြန္တယ္” လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တစ္ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ တစ္သိန္းေျခာက္ေထာင္ေက်ာ္ရွိေနပါၿပီ။

ဒီစာရင္းဟာ ဒုကၡသည္ေတြအေရး ကူညီေပးေနတဲ့ ရခိုင္တိုင္းရင္းသားမ်ား မ်ိဳးႏြယ္စုအစည္းအ႐ုံး REC က ျပဳစုထားတာပါ။ ဒီစာရင္းဟာ အစိုးရမွာရွိတဲ့ ဒုကၡသည္အေရအတြက္နဲ႔ ထက္ဝက္ေက်ာ္ ကြာဟေနပါတယ္။ အစိုးရဆီက စာရင္းဟာ သက္ဆိုင္ရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြဆီက တင္ျပတဲ့ စာရင္းပါ။ တကယ့္လက္ေတြ႕ေျမျပင္မွာေတာ့ ဒုကၡသည္က ႏွစ္ဆေလာက္ ရွိေနတာပါ။

အစိုးရမွာရွိတဲ့ စာရင္းအရပဲ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ဆန္ရိကၡာေထာက္ပံ့တဲ့အျပင္ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕နဲ႔ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ကလည္း ကူညီေထာက္ပံ့တာပါ။

လက္ရွိအခ်ိန္ထိ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ မင္းျပား၊ ေက်ာက္ေတာ္နဲ႔ ပလက္၀ ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျပင္းထန္ေနဆဲပါပဲ။ အခုလို တိုက္ပြဲကာလၾကာလာတာနဲ႔အမွ် ဒုကၡသည္ အေရအတြက္ တစ္ေန႔တစ္ျခား တိုးလာေနေပမယ့္ အစိုးရဆီ စာရင္းမေရာက္လို႔ ရိကၡာအကူအညီ မရတဲ့ ဒုကၡသည္ေတြ မ်ားစြာရွိေနပါတယ္။

ဒီဒုကၡသည္ေတြဟာ လူမႈေရးအဖြဲ႕ေတြ၊ အရပ္ဖက္အဖြဲ႕ေတြရဲ႕ အကူအညီနဲ႔သာ ရပ္တည္ေနရလို႔ စားနပ္ရိကၡာ ခက္ခဲေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ခွင့်ပြုချက်ရမှ ဒုက္ခသည်စခန်း ဖွင့်ရမယ်ဆိုတဲ့ အစိုးရကန့်သတ်ချက် ဝေဖန်ခံနေရ

ရခိုင်ပြည်နယ် မြို့နယ်အတော်များများမှာ တိုက်ပွဲတွေကြောင့် နယ်မြေလုံခြုံမှုမရှိလို့ နေရပ်စွန့်ခွာ ထွက်ပြေးနေ ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစိုးရ အသိအမှတ်မပြုဘဲ ဒုက္ခသည်စခန်းတွေ မဖွင့်ဖို့ တားမြစ်လိုက်တဲ့အပေါ် ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ က မြေပုံမြို့နယ် စညှင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ တပ်မတော်က ဖိအားပေးစေခိုင်းခဲ့ပြီးနောက်ပိုင်း အစိုးရခွင့်ပြုချက် မရဘဲ ဒုက္ခသည်စခန်း မဖွင့်ဖို့ တားမြစ်လိုက် တာပါ။

စညှင်းဒုက္ခသည်စခန်းကို အစိုးရက အသိအမှတ်မပြုသလို ထောက်ပံ့တာလည်း မရှိဘူးလို့ အဲဒီစခန်း တာဝန်ခံ ဦးဇင်း အာရက္ခ က မိန့်ပါတယ်။

“အစိုးရက ဒီနေရာကို အသိအမှတ်ပြုတာမျိုး အကြောင်းမကြားဘူး ထောက်ပံ့တာလည်းမရှိဘူး။ ICRC ကို ကမ်းလှမ်းတယ် သူတို့က အထက်ကိုတင်ပြတာ ခွင့်ပြုချက်မရလို့ဆိုပြီး အခုချိန်ထိ ဘာမှမရသေးဘူး”

တိုက်ပွဲဖြစ်ပွားတဲ့မြို့နယ်တွေမှာ အစိုးရက ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပေးထားပြီး အဲဒီစခန်းတွေကိုသာ လာရောက်ခိုလှုံကြရမယ်လို့ ပြည်နယ် အစိုးရက ပြောပါတယ်။

အဆင်ပြေတဲ့နေရာမှာပဲ အလွယ်တကူ ဒုက္ခသည်စခန်းဖွင့်ပြီး နေကြတာဟာ နယ်မြေလုံခြုံရေးအရ စိုးရိမ်ရ တာကြောင့် တားမြစ်လိုက်တာလို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

“ဟုတ်တယ်လေ အဲဒါက စစ်ရှောင်စခန်းတွေကို ဆောက်တဲ့နေရာမှာ ဘေးလွှတ်ကင်းတဲ့ နေရာမှာဆောက်ဖို့။ စစ်နဲ့နီးစပ်တဲ့ နေရာတွေမှာဆောက်ရင် ပြည်သူတွေလည်း အန္တရာယ်ဖြစ်နိုင်လို့ ဘေးလွှတ်ကင်းတဲ့ နေရာမှာဆောက်ဖို့။ ဌာနဆိုင်ရာတွေကို စစ်ရှောင်စခန်းဆောက်ရင် အမှန်အေးချမ်းတဲ့ နေရာမှာဆောက်ဖို့ အေးချမ်းတဲ့နေရာမှာပဲ ထားသင့်တယ်လေ”

အစိုးရခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေကို ရိက္ခာထောက်ပံ့မှာ မဟုတ်ဘူးလို့လည်း ပြည်နယ်အစိုးရက ပြောထားပါတယ်။

အချိန်မရွေး၊ နေရာမရွေးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေစွန့်ပြီး ရုတ်တရက် ထွက်ပြေးရတဲ့ ဒေသခံတွေဟာ အစိုးရ ဖွင့်ပေးထားတဲ့ ဒုက္ခသည်စခန်းတွေအထိသွားဖို့ ခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ ဖွင့်ထားတဲ့ စခန်းတွေက မြို့ပေါ်တွေမှာဖြစ်လို့ အလှမ်းဝေးလွန်းတာကြောင့်လို့ ပြောကြပါတယ်။

အစိုးရက လုံခြုံရေးအကြောင်းပြပြီး ကန့်သတ်တယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ဒုက္ခသည်တွေကို ပိုပြီးခက်ခဲစေတယ်လို့ ရခိုင်မျိုးနွယ်စုများ အစည်းအရုံး REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန် က  ပြောလိုက်ပါတယ်။

“နယ်မြေလုံခြုံရေး အကြောင်းပြတာဖြစ်ဖြစ် အစိုးရခွင့်ပြုချက်ရမှ ဆောက်ရမှာဖြစ်ဖြစ်။  လက်ရှိမှာ သူတို့ ဘယ်လိုနေထိုင်ကြလဲ ဘယ်လိုအခက်အခဲကြုံနေကြလဲ သူတို့ရိက္ခာဘယ်လို လိုအပ်နေလဲ ဒါကိုမကြည့်ပဲ အဝေးကနေ ပြောနေရင် လူသားချင်းစာနာထောက်ထားမှုဆိုတာ စာရွက်ပေါ်မှာပဲရှိနေတယ်၊  လက်တွေ့မှာ ပြည်သူရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ဘယ်လိုမှမဆိုင်ဘူး”

ဒုက္ခသည်တွေကို မြို့ပေါ်က စခန်းတွေကို ခေါ်မယ်ဆိုရင် စားဝတ်နေရေးအကုန် စီစဉ်ပေးနိုင်ဖို့ လိုတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြပါတယ်။

“အစိုးရသတ်မှတ်ပေးတဲ့ ဒုက္ခသည်စခန်းမှာပဲ နေရမယ်ဆိုရင် သူတို့အတွက် အစားအသောက်အနေထိုင် အားလုံးစီစဉ်ပေးမှ အဆင်ပြေလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုက္ခသည်ဖြစ်လာရင် အစိုးရက ကူညီဖို့ တာဝန်ရှိတယ်၊ ဟိုနေရာမှာနေမှ ဒီနေရာမှာနေမှဆိုတာ အဆင်မပြေဘူးထင်တယ်”

ဒုက္ခသည်တွေ ထွက်ပြေးရောက်ရှိနေတဲ့ နေရာမှာ ဒုက္ခသည်စခန်း အရေးပေါ်ဖွင့်ဖို့ အစိုးရက စီစဉ်ပေးရမယ့် တာဝန် ပျက်ကွက်နေတယ်လို့ ဝေဖန်လိုက်တာက ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေပါ။

“အုပ်ချုပ်ရေးမှူးတွေကို သူတို့ပြောတာရှိတယ်။ အုပ်ချုပ်ရေးမှူးက တဆင့်ပေါ့လေ သူတို့အိမ်မှာနေတာတော့ မပါဘူးပေါ့။ ဒါပေမဲ့ အဲလိုစည်းနဲ့လည်း လုပ်ခွင့်မပြုတော့ သူတို့အခက်တွေ့တယ်။ အစိုးရသည် နိုင်ငံတော်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ် စစ်ဘေးရှောင်တွေအတွက်လည်း သူတို့မှာ တာဝန်ရှိနေတယ် စစ်ဘေးရှောင်တွေ ရောက်လာရင် စစ်ဘေးရှောင်စခန်းဖွင့်ကို ဖွင့်ပေးရမှာ သူတို့တာဝန်” လို့ ပြောပါတယ်။

အရပ်ဖက်အဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေက ကူညီပေးနေတာကို တားမြစ်တာ မဖြစ်သင့်ဘူးလို့ ကန့်ကွက်တာက ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေပါ။

“ကျွန်တော်တို့ ဒီလိုဒုက္ခရောက်ပြီးလာတဲ့သူတွေ နေဖို့ကိုတောင် မနေရဘူးဆိုတာ တော်တော်လွန်နေပြီ၊ အစိုးရက ဒီနေရာမှာနေပါ ဒါတွေလုပ်ပါဆိုတာ သူတို့စီစဉ်ပေးရမှာ၊ သူတို့ပျက်ကွက်နေတာကို ပြည်သူတွေလုပ်ပေးနေတာကို ဒီလိုလုပ်တာ ဒါကတော်တော်လွန်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်ထောင်ကျော်ရှိနေပါပြီ။

ဒီစာရင်းဟာ ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုအစည်းအရုံး REC က ပြုစုထားတာပါ။ ဒီစာရင်းဟာ အစိုးရမှာရှိတဲ့ ဒုက္ခသည်အရေအတွက်နဲ့ ထက်ဝက်ကျော် ကွာဟနေပါတယ်။ အစိုးရဆီက စာရင်းဟာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီက တင်ပြတဲ့ စာရင်းပါ။ တကယ့်လက်တွေ့မြေပြင်မှာတော့ ဒုက္ခသည်က နှစ်ဆလောက် ရှိနေတာပါ။

အစိုးရမှာရှိတဲ့ စာရင်းအရပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်ရိက္ခာထောက်ပံ့တဲ့အပြင် နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း ကူညီထောက်ပံ့တာပါ။

လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ မင်းပြား၊ ကျောက်တော်နဲ့ ပလက်၀ မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေဆဲပါပဲ။ အခုလို တိုက်ပွဲကာလကြာလာတာနဲ့အမျှ ဒုက္ခသည် အရေအတွက် တစ်နေ့တစ်ခြား တိုးလာနေပေမယ့် အစိုးရဆီ စာရင်းမရောက်လို့ ရိက္ခာအကူအညီ မရတဲ့ ဒုက္ခသည်တွေ များစွာရှိနေပါတယ်။

ဒီဒုက္ခသည်တွေဟာ လူမှုရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေရဲ့ အကူအညီနဲ့သာ ရပ်တည်နေရလို့ စားနပ်ရိက္ခာ ခက်ခဲနေပါတယ်။

RFA Burmese
https://www.rfa.org
ခြင့္ျပဳခ်က္ရမွ ဒုကၡသည္စခန္း ဖြင့္ရမယ္ဆိုတဲ့ အစိုးရကန႔္သတ္ခ်က္ ေဝဖန္ခံေနရ ခြင့္ျပဳခ်က္ရမွ ဒုကၡသည္စခန္း ဖြင့္ရမယ္ဆိုတဲ့ အစိုးရကန႔္သတ္ခ်က္ ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.