မင္းထင္ကိုကိုႀကီး ျပစ္ဒဏ္ေစ့လို႔ လြတ္ေျမာက္

(Zawgyi)⤵⤵⤵
 တပ္မေတာ္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေဝဖန္ေရးသားလို႔ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံထားရတဲ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးဟာ ျပစ္ဒဏ္ရက္ေစ့လို႔ ဒီေန႔ အင္းစိန္အက်ဥ္းေထာင္ကေန လြတ္ေျမာက္လာပါတယ္။

၂၀၁၉ ေဖေဖာ္ဝါရီလကေန မတ္လအထိ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားခဲ့တာေတြဟာ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာကို က်ဆင္းေစတယ္ဆိုၿပီး ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က ဒု-ဗိုလ္မႉးႀကီး လင္းထြန္းက ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅(က) နဲ႔ တရားစြဲဆိုခဲ့တာပါ။

အဲဒီအမႈကို အာမခံမေပးလို႔ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးဟာ ၂၀၁၉ ဧၿပီလကတည္းက ေထာင္ထဲကေန အမႈရင္ဆိုင္ခဲ့ရတာပါ။ သူဟာ က်န္းမာေရးမေကာင္းလို႔ အာမခံ အႀကိမ္ႀကိမ္တင္ခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။

ဒီအမႈကို စတင္အမႈဖြင့္စဥ္ကတည္းက လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ ခ်ိဳးေဖာက္ခံရတာဆိုၿပီး အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ AI အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ ျပည္တြင္းအရပ္ဖက္အဖြဲ႕ေတြက ကန႔္ကြက္ခဲ့သလို အမႈကို ႐ုပ္သိမ္းေပးဖို႔လည္း ေတာင္းဆိုခဲ့ၾကတာပါ။

RFA Burmese
https://www.facebook.com/rfaburmese
------------
(Unicode)⤵⤵⤵
မင်းထင်ကိုကိုကြီး ပြစ်ဒဏ်စေ့လို့ လွတ်မြောက်

 တပ်မတော်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ရေးသားလို့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ပြစ်ဒဏ်ရက်စေ့လို့ ဒီနေ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။

၂၀၁၉ ဖေဖော်ဝါရီလကနေ မတ်လအထိ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး လင်းထွန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခဲ့တာပါ။

အဲဒီအမှုကို အာမခံမပေးလို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ၂၀၁၉ ဧပြီလကတည်းက ထောင်ထဲကနေ အမှုရင်ဆိုင်ခဲ့ရတာပါ။ သူဟာ ကျန်းမာရေးမကောင်းလို့ အာမခံ အကြိမ်ကြိမ်တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ဒီအမှုကို စတင်အမှုဖွင့်စဉ်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရတာဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့တွေက ကန့်ကွက်ခဲ့သလို အမှုကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။

RFA Burmese
https://www.facebook.com/rfaburmese
မင္းထင္ကိုကိုႀကီး ျပစ္ဒဏ္ေစ့လို႔ လြတ္ေျမာက္ မင္းထင္ကိုကိုႀကီး ျပစ္ဒဏ္ေစ့လို႔ လြတ္ေျမာက္ Reviewed by THITHTOOLWIN on 13:04 Rating: 5
Powered by Blogger.