ရခိုင္မွာ ႏွစ္ရက္အတြင္း အရပ္သား ႏွစ္ဦးေသ၊ ေလးဦးဒဏ္ရာရ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္မွာ ႏွစ္ဘက္တိုက္ပြဲေတြ ဒီေန႔အထိရွိေနသလို အရပ္သားေတြထိခိုက္မႈကလည္း မ်ားလာေနပါတယ္။

ဒီေန႔မနက္က ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ကေန ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကိုလာတဲ့ အရပ္သား ကူးတို႔ စက္ေလွေတြ ပစ္ခတ္ခံရလို႔ ခရီးသည္ ေလးဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ပလက္ဝၿမိဳ႕နယ္အစပ္ တင္းမေက်း႐ြာအနီးမွာ နာရီဝက္ေလာက္ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခံရတာလို႔ အဲဒီစက္ေလွမွာလိုက္ပါလာတဲ့ ခရီးသည္ မနန္းနန္း ကေျပာပါတယ္။

“စက္ေလွက သုံးစီး ေလးစီး ေလာက္ေပါ့ေနာ္ အတူလာၾကတာ။ ပလက္ဝကေနဆင္းလာေတာ့ တင္းမ႐ြာအနားကို ေရာက္တာနဲ႔ သူတို႔ေတြက စပစ္တာေပါ့ေနာ။ သူတို႔ေတြကို စက္ေလွပိုင္ရွင္က ဖုန္းဆက္ထားတယ္လို႔ေျပာတယ္။ စက္ေလွထြက္လို႔ရတယ္လို႔ေျပာလို႔ အခုလိုလာတာလို႔ အဲဒီစက္ေလွပိုင္ရွင္ကေျပာတယ္။ အဲဒါကို သူတို႔အခ်င္းခ်င္း သတင္းမေပးဘူးနဲ႔တူတယ္။ ဒါနဲ႔ပဲ ကြၽန္မတို႔ကို အမ်ားႀကီးကိုပစ္တာပါ။ ကြၽန္မအနားက အစ္ကိုတစ္ေယာက္ ဆိုရင္ ရွပ္ထိသြားတာ။ ရွပ္ထိသြားတာေတြအမ်ားႀကီးပဲ။ ဒဏ္ရာရတဲ့သူက ေလးေယာက္။ ေလးေယာက္မွာ အမ်ိဳး သမီးတစ္ေယာက္ ေယာက္်ား သုံးေယာက္ေပါ့။ အဲဒီအထဲက ေလွေမာင္းသူမွာဆိုရင္ ေျခသလုံးမွာ က်ည္ေဖာက္ ထြက္သြားတယ္။ သူက ဒဏ္ရာအျပင္းဆုံးေပါ့။ ေနာက္လူေတြကေတာ့ သူေလာက္ဒဏ္ရာမႀကီးပါဘူး”

ပစ္ခတ္ခံရခ်ိန္မွာ စက္ေလွထဲမွာ ဝပ္ေနၾကရလို႔ ဘယ္အဖြဲ႕ရဲ႕လက္ခ်က္ဆိုတာကို တိတိက်က်မသိဘူးလို႔ မနန္းနန္း ကေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ဒီေန႔မနက္က ၇ နာရီခြဲေလာက္ကစၿပီး တင္မေက်း႐ြာရဲ႕ အေရွ႕ေျမာက္ဘက္ ၁ ကီလိုမီတာခြဲအကြာေလာက္မွာ ႏွစ္ဘက္တိုက္ပြဲျဖစ္ခဲ့ၿပီး ၁၁ နာရီေလာက္မွာ တပ္မေတာ္က ရဟတ္ယာဥ္ႏွစ္စီး အသုံးျပဳတိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။

အခုအရပ္သားေတြ တိုက္ခိုက္ခံရတဲ့ေနရာမွာေတာ့ တိုက္ပြဲျဖစ္တာမရွိခဲ့ဘဲ ျမန္မာ့တပ္မေတာ္ဘက္က ပစ္ခတ္ခဲ့တာလို႔ ဦးခိုင္သုခ ကေျပာပါတယ္။

“ေနာက္ဆုံးသိရတဲ့သတင္းကေတာ့ တင္းမ႐ြာနားေတာင္ေခ်ေတာင္ေပါ့ေနာ္၊ အဲဒီေတာင္ေခ်ာေတာင္မွာ အေျခစိုက္ထားတဲ့ ျမန္မာစစ္တပ္စစ္ေၾကာင္းကေနၿပီးေတာ့ လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ လွမ္းၿပီးေတာ့ ကုလားတန္ျမစ္ထဲမွာသြားေနတဲ့ စက္ေလွကို ပစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အခုလိုမ်ိဳး အမ်ိဳးသမီးေတြ ခရီးသည္ေတြဒဏ္ရာရတာလို႔ သိရတယ္ဗ်။ အဲဒီေတာင္ေခ်ေတာင္မွာက တိုက္ပြဲျဖစ္တာတို႔ ဘာတို႔ကမရွိဘူး။ တိုက္ပြဲျဖစ္တာက တင္းမရဲ႕အေပၚဘက္မွာျဖစ္ေနတာ။ အခုအပစ္ခံရတာက တိုက္ပြဲဧရိယာရဲ႕ ေအာက္ဘက္ ေပါ့ေနာ္ အဲဒီမွာ အပစ္ခံရတာလို႔သိရတယ္”

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦး ကို RFA က ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရေသးလို႔ တပ္မေတာ္ရဲ႕တုံ႔ျပန္ခ်က္ကို မရေသးပါဘူး။

ပလက္ဝေဒသဟာ ကုန္စည္စီးဆင္းေရးအတြက္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကို အဓိကမွီခိုအားထားေန ရတာပါ။

ပလက္ဝနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ၾကားမွာ ႏွစ္ဘက္တိုက္ပြဲေတြ ျပင္းထန္ေနလို႔ ဆက္သြယ္သြားလာေရးေတြ ျပတ္ေတာက္ေနခဲ့ရာကေန ဒီေန႔ခရီးသည္တင္စက္ေလွေတြ ပထမဆုံးစတင္ထြက္ခြာရာမွာ ပစ္ခတ္ခံရတာလည္း ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္က ေအာင္ဘေက်း႐ြာမွာလည္း မေန႔က မြတ္ဆလင္တစ္ဦး ေသဆုံး ခဲ့ပါတယ္။

ေသဆုံးသူ ေဆာ္လာမဒူလာ ဟာ မေန႔ညေန ၃ နာရီေက်ာ္ေလာက္မွာ ႏြားေက်ာင္းေနစဥ္ ေဒသႏၲရနင္းမိုင္း ေပါက္ကြဲၿပီး ေသဆုံးသြားတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

အဲဒီနင္းမိုင္းကို ေအေအအဖြဲ႕က ေထာင္ထားခဲ့တာလို႔ တပ္မေတာ္ကစြပ္စြဲေပမယ့္ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္သုခကေတာ့ တပ္မေတာ္ပစ္ခတ္လို႔ ေသဆုံးခဲ့တာလို႔ ျပန္လည္တုံ႔ျပန္ပါတယ္။

အခုလို အရပ္သားေတြ တိုက္ခိုက္ခံရတဲ့ကိစၥဟာ အစိုးရက အင္တာနက္ျဖတ္ေတာက္ၿပီးေနာက္ပိုင္းမွာ ပိုအျဖစ္ မ်ားလာၿပီး သတင္းအမွန္ကိုသိရဖို႔ ခက္ခဲသြားေစတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေအာင္ေသာင္းေ႐ႊ ကေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ဘူးသီးေတာင္ၿမိဳ႕နယ္တစ္ခုတည္း မဟုတ္ဘူး။ တျခားၿမိဳ႕နယ္ေတြမွာလည္း ဒီအတိုင္းပဲ အင္တာနက္ျဖတ္ေတာက္လိုက္တဲ့ေနာက္ပိုင္းမွာ ဒီလိုပစ္ခတ္မႈေတြ၊ ေသဆုံးမႈေတြအမ်ားႀကီးျဖစ္လာတယ္။ အရင္တုန္းက အင္တာနက္မျဖတ္ေတာက္ခင္တုန္းကဆိုရင္ ေဒသခံေတြဟာ သူတို႔ကိုယ္တိုင္ ဗီဒီယိုမွတ္တမ္း ေလးေတြနဲ႔ ကြၽန္ေတာ္တို႔ဆီကိုပို႔တယ္။ဆိုေတာ့ ကြၽန္ေတာ္တို႔ကလည္း သတင္းအမွန္ကို သိရတယ္။ အင္တာနက္ ျဖတ္ေတာက္လိုက္တဲ့ေနာက္ပိုင္းမွာေတာ့ တိက်တဲ့သတင္းအမွန္ေတြကို မရႏိုင္ေတာ့ဘူးေလ”

ေျမာက္ဦးၿမိဳ႕နယ္မွာေတာ့ အခ်ိန္ သုံးပတ္ခန႔္ၾကာ ရပ္တန႔္ေနခဲ့တဲ့ တပ္မေတာ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္သံေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

မေန႔ညကလည္း ေျမာက္ဦးၿမိဳ႕နယ္အေရွ႕ဘက္ ေက်ာင္းေတာင္နဲ႔ ခေမာင္းဆိပ္႐ြာအၾကားက ေတာင္တန္းေတြကို လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

လက္နက္ႀကီးအခ်ိဳ႕ဟာ ေက်ာင္းေတာင္႐ြာနဲ႔ မလွမ္းမကမ္းမွာ က်ေရာက္ေပါက္ကြဲလို႔ အသက္ ၆၀ အ႐ြယ္ ႐ြာခံအမ်ိဳးသမီးတစ္ဦး ႏွလုံးရပ္ၿပီး ေသဆုံးသြားတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေ႐ႊေမာင္က ေျပာပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက အကာအကြယ္မဲ့ေနတဲ့ အရပ္သားေတြအေပၚ လုံၿခဳံမႈေပးၾကဖို႔တိုက္တြန္းပါတယ္။

“အရပ္သားျပည္သူေတြဟာ ပစ္မွတ္မဟုတ္ပါဘူးခင္ဗ်။ ကြၽန္ေတာ္တို႔ ဂ်ီနီဗာကြန္ဗင္းရွင္းနဲ႔အညီ ကြၽန္ေတာ္တို႔ အရပ္သားျပည္သူေတြကို အကာအကြယ္ေပးဖို႔လိုပါတယ္။ ဘယ္အဖြဲ႕ပဲျဖစ္ျဖစ္ အရပ္သားျပည္သူေတြကို မထိ ခိုက္ဘဲနဲ႔ ကိုယ့္ဟာကိုယ္ ဒီလိုပဲ သူတို႔ တိုက္ပြဲျဖစ္ခ်င္လည္းျဖစ္ၾကေပါ့။ တိုက္ပြဲမဟုတ္ဘဲနဲ႔ဒီလို ျဖစ္ေန တယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ လုံၿခဳံမႈမရွိဘူးျဖစ္ေနတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔လုံၿခဳံမႈရွိေအာင္ တာဝန္ ရွိတဲ့လူေတြက ေဆာင္႐ြက္ေပးဖို႔အတြက္ ကြၽန္ေတာ့အေနနဲ႔ ေျပာခ်င္ပါတယ္”

တိုက္ပြဲေတြမွာ အသီးသီးခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြနဲ႔အညီက်င့္သုံးၿပီး အရပ္သားေတြထိခိုက္ေအာင္ မလုပ္ဘူး လို႔ ႏွစ္ဘက္တပ္တာဝန္ရွိသူေတြက ေျပာဆိုၾကေပမယ့္ တကယ္လက္ေတြ႕မွာေတာ့ အရပ္သားထိခိုက္မႈေတြဟာ ဒီေန႔အထိရွိေနဆဲပါ။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္က စတင္ျပင္းထန္လာခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ဒီေန႔အထိ အရပ္သား ေသဆုံးမႈ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရမႈက လူေပါင္း ၃၀၀ ေက်ာ္အထိရွိတယ္လို႔ ေဒသခံေတြကေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ဒီနေ့အထိရှိနေသလို အရပ်သားတွေထိခိုက်မှုကလည်း များလာနေပါတယ်။

ဒီနေ့မနက်က ချင်းပြည်နယ် ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုလာတဲ့ အရပ်သား ကူးတို့ စက်လှေတွေ ပစ်ခတ်ခံရလို့ ခရီးသည် လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်အစပ် တင်းမကျေးရွာအနီးမှာ နာရီဝက်လောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခံရတာလို့ အဲဒီစက်လှေမှာလိုက်ပါလာတဲ့ ခရီးသည် မနန်းနန်း ကပြောပါတယ်။

“စက်လှေက သုံးစီး လေးစီး လောက်ပေါ့နော် အတူလာကြတာ။ ပလက်ဝကနေဆင်းလာတော့ တင်းမရွာအနားကို ရောက်တာနဲ့ သူတို့တွေက စပစ်တာပေါ့နော။ သူတို့တွေကို စက်လှေပိုင်ရှင်က ဖုန်းဆက်ထားတယ်လို့ပြောတယ်။ စက်လှေထွက်လို့ရတယ်လို့ပြောလို့ အခုလိုလာတာလို့ အဲဒီစက်လှေပိုင်ရှင်ကပြောတယ်။ အဲဒါကို သူတို့အချင်းချင်း သတင်းမပေးဘူးနဲ့တူတယ်။ ဒါနဲ့ပဲ ကျွန်မတို့ကို အများကြီးကိုပစ်တာပါ။ ကျွန်မအနားက အစ်ကိုတစ်ယောက် ဆိုရင် ရှပ်ထိသွားတာ။ ရှပ်ထိသွားတာတွေအများကြီးပဲ။ ဒဏ်ရာရတဲ့သူက လေးယောက်။ လေးယောက်မှာ အမျိုး သမီးတစ်ယောက် ယောက်ျား သုံးယောက်ပေါ့။ အဲဒီအထဲက လှေမောင်းသူမှာဆိုရင် ခြေသလုံးမှာ ကျည်ဖောက် ထွက်သွားတယ်။ သူက ဒဏ်ရာအပြင်းဆုံးပေါ့။ နောက်လူတွေကတော့ သူလောက်ဒဏ်ရာမကြီးပါဘူး”

ပစ်ခတ်ခံရချိန်မှာ စက်လှေထဲမှာ ဝပ်နေကြရလို့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို တိတိကျကျမသိဘူးလို့ မနန်းနန်း ကပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက ဒီနေ့မနက်က ၇ နာရီခွဲလောက်ကစပြီး တင်မကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁ ကီလိုမီတာခွဲအကွာလောက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့ပြီး ၁၁ နာရီလောက်မှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အခုအရပ်သားတွေ တိုက်ခိုက်ခံရတဲ့နေရာမှာတော့ တိုက်ပွဲဖြစ်တာမရှိခဲ့ဘဲ မြန်မာ့တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာလို့ ဦးခိုင်သုခ ကပြောပါတယ်။

“နောက်ဆုံးသိရတဲ့သတင်းကတော့ တင်းမရွာနားတောင်ချေတောင်ပေါ့နော်၊ အဲဒီတောင်ချောတောင်မှာ အခြေစိုက်ထားတဲ့ မြန်မာစစ်တပ်စစ်ကြောင်းကနေပြီးတော့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းပြီးတော့ ကုလားတန်မြစ်ထဲမှာသွားနေတဲ့ စက်လှေကို ပစ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး အမျိုးသမီးတွေ ခရီးသည်တွေဒဏ်ရာရတာလို့ သိရတယ်ဗျ။ အဲဒီတောင်ချေတောင်မှာက တိုက်ပွဲဖြစ်တာတို့ ဘာတို့ကမရှိဘူး။ တိုက်ပွဲဖြစ်တာက တင်းမရဲ့အပေါ်ဘက်မှာဖြစ်နေတာ။ အခုအပစ်ခံရတာက တိုက်ပွဲဧရိယာရဲ့ အောက်ဘက် ပေါ့နော် အဲဒီမှာ အပစ်ခံရတာလို့သိရတယ်”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးလို့ တပ်မတော်ရဲ့တုံ့ပြန်ချက်ကို မရသေးပါဘူး။

ပလက်ဝဒေသဟာ ကုန်စည်စီးဆင်းရေးအတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို အဓိကမှီခိုအားထားနေ ရတာပါ။

ပလက်ဝနဲ့ ကျောက်တော်မြို့နယ်ကြားမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေလို့ ဆက်သွယ်သွားလာရေးတွေ ပြတ်တောက်နေခဲ့ရာကနေ ဒီနေ့ခရီးသည်တင်စက်လှေတွေ ပထမဆုံးစတင်ထွက်ခွာရာမှာ ပစ်ခတ်ခံရတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အောင်ဘကျေးရွာမှာလည်း မနေ့က မွတ်ဆလင်တစ်ဦး သေဆုံး ခဲ့ပါတယ်။

သေဆုံးသူ ဆော်လာမဒူလာ ဟာ မနေ့ညနေ ၃ နာရီကျော်လောက်မှာ နွားကျောင်းနေစဉ် ဒေသန္တရနင်းမိုင်း ပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အဲဒီနင်းမိုင်းကို အေအေအဖွဲ့က ထောင်ထားခဲ့တာလို့ တပ်မတော်ကစွပ်စွဲပေမယ့် ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ တပ်မတော်ပစ်ခတ်လို့ သေဆုံးခဲ့တာလို့ ပြန်လည်တုံ့ပြန်ပါတယ်။

အခုလို အရပ်သားတွေ တိုက်ခိုက်ခံရတဲ့ကိစ္စဟာ အစိုးရက အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်းမှာ ပိုအဖြစ် များလာပြီး သတင်းအမှန်ကိုသိရဖို့ ခက်ခဲသွားစေတယ်လို့ ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သောင်းရွှေ ကပြောပါတယ်။

“ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်တစ်ခုတည်း မဟုတ်ဘူး။ တခြားမြို့နယ်တွေမှာလည်း ဒီအတိုင်းပဲ အင်တာနက်ဖြတ်တောက်လိုက်တဲ့နောက်ပိုင်းမှာ ဒီလိုပစ်ခတ်မှုတွေ၊ သေဆုံးမှုတွေအများကြီးဖြစ်လာတယ်။ အရင်တုန်းက အင်တာနက်မဖြတ်တောက်ခင်တုန်းကဆိုရင် ဒေသခံတွေဟာ သူတို့ကိုယ်တိုင် ဗီဒီယိုမှတ်တမ်း လေးတွေနဲ့ ကျွန်တော်တို့ဆီကိုပို့တယ်။ဆိုတော့ ကျွန်တော်တို့ကလည်း သတင်းအမှန်ကို သိရတယ်။ အင်တာနက် ဖြတ်တောက်လိုက်တဲ့နောက်ပိုင်းမှာတော့ တိကျတဲ့သတင်းအမှန်တွေကို မရနိုင်တော့ဘူးလေ”

မြောက်ဦးမြို့နယ်မှာတော့ အချိန် သုံးပတ်ခန့်ကြာ ရပ်တန့်နေခဲ့တဲ့ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

မနေ့ညကလည်း မြောက်ဦးမြို့နယ်အရှေ့ဘက် ကျောင်းတောင်နဲ့ ခမောင်းဆိပ်ရွာအကြားက တောင်တန်းတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးအချို့ဟာ ကျောင်းတောင်ရွာနဲ့ မလှမ်းမကမ်းမှာ ကျရောက်ပေါက်ကွဲလို့ အသက် ၆၀ အရွယ် ရွာခံအမျိုးသမီးတစ်ဦး နှလုံးရပ်ပြီး သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အကာအကွယ်မဲ့နေတဲ့ အရပ်သားတွေအပေါ် လုံခြုံမှုပေးကြဖို့တိုက်တွန်းပါတယ်။

“အရပ်သားပြည်သူတွေဟာ ပစ်မှတ်မဟုတ်ပါဘူးခင်ဗျ။ ကျွန်တော်တို့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ကျွန်တော်တို့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့လိုပါတယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် အရပ်သားပြည်သူတွေကို မထိ ခိုက်ဘဲနဲ့ ကိုယ့်ဟာကိုယ် ဒီလိုပဲ သူတို့ တိုက်ပွဲဖြစ်ချင်လည်းဖြစ်ကြပေါ့။ တိုက်ပွဲမဟုတ်ဘဲနဲ့ဒီလို ဖြစ်နေ တယ်ဆိုတော့ ကျွန်တော်တို့ လုံခြုံမှုမရှိဘူးဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့လုံခြုံမှုရှိအောင် တာဝန် ရှိတဲ့လူတွေက ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော့အနေနဲ့ ပြောချင်ပါတယ်”

တိုက်ပွဲတွေမှာ အသီးသီးချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီကျင့်သုံးပြီး အရပ်သားတွေထိခိုက်အောင် မလုပ်ဘူး လို့ နှစ်ဘက်တပ်တာဝန်ရှိသူတွေက ပြောဆိုကြပေမယ့် တကယ်လက်တွေ့မှာတော့ အရပ်သားထိခိုက်မှုတွေဟာ ဒီနေ့အထိရှိနေဆဲပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က စတင်ပြင်းထန်လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အရပ်သား သေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူပေါင်း ၃၀၀ ကျော်အထိရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္မွာ ႏွစ္ရက္အတြင္း အရပ္သား ႏွစ္ဦးေသ၊ ေလးဦးဒဏ္ရာရ ရခိုင္မွာ ႏွစ္ရက္အတြင္း အရပ္သား ႏွစ္ဦးေသ၊ ေလးဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.