ျမန္မာႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္လူနာ ေလးဦးမွာ ေရာဂါပိုးမေတြ႕

ရန္ကုန္ေလဆိပ္အတြင္း ခရီးသည္မ်ား ကို ေတြ႔ရစဥ္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ႏုိဗယ္ကိုရိုနာဗုိင္းရပ္စ္ သံသယလူနာ ၂ဦးနဲ႔ ေစာင့္ၾကည့္လူနာ ၄ဦးရွိေနၿပီး၊ သံသယလူနာ ၂ဦးကို မင္းျပားေဆးရံုနဲ႔ နမၼတူၿမိဳ႕နယ္ျပည္သူ႔ေဆးရံုမွာ သီးျခားထားရွိကုသေပးေနတယ္လို႔ က်န္းမာေရးဌာနတာဝန္ရွိသူက ေျပာပါတယ္။ အျပည့္အစံုကို ဗီြအုိေအျမန္မာပိုင္း သတင္းေထာက္စုစုက ေမးျမန္းေပးပို႔ထားပါတယ္။

တရုတ္ႏုိ္င္ငံ၊ ဝူဟန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းေလာက္က စတင္ျဖစ္ပြားခဲ့တဲ့ ႏုိဗယ္ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ျမန္မာႏိုင္ငံမွာေတာ့ အခုခ်ိန္ထိ မရွိေသးပါဘူး။ ဒါေပမယ့္ ဒီေရာဂါပိုးနဲ႔ပတ္သက္ၿပီး ေစာင့္ၾကည့္ခံထားရသူ ၄ဦးနဲ႔ သံသယလူနာ ၂ဦးေတာ့ ရွိပါတယ္။

သံသယလူနာ ႏွစ္ဦးကို သီးျခားထားရွိကုသေပးေနၿပီး၊ အဲဒီထဲက မင္းျပားကလူနာရဲ႕ ေရာဂါရွိ၊ မရွိ အေျဖကိုသိရဖုိ႔ ေစာင့္ေနတယ္လို႔ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“က်မတို႔ သံသယလူနာအေနနဲ႔ကေတာ့ ၂ေယာက္ပဲ ရွိပါတယ္။ မင္းျပားနဲ႔ နမၼတူနဲ႔။ မင္းျပားလူနာနဲ႔ ေဝဘာဂီမွာရွိတဲ့ လႈိင္သာယာကလႊဲတဲ့ လူနာရဲ႕ sample ကေတာ့ ထုိင္းမွာရွိတဲ့ references ကို ၄ရက္ေန႔တည္းက ေပးပို႔ထားတယ္ဆုိေတာ့ ဒီေန႔အေျဖသိရဖုိ႔အတြက္ ဒါကိုေစာင့္ေနတာေပါ့ေနာ္။ ေနာက္တခုက သံသယလူနာ တေယာက္ျဖစ္တဲ့ နမၼတူက အသက္ ၄၅ႏွစ္အရြယ္ အမ်ိဳးသားနဲ႔ မေန႔က ရန္ကင္းကေလးေဆးရံုက လႊဲလိုက္တဲ့ သားအမိႏွစ္ေယာက္။ အဲဒါကေတာ့ ေပးပုိ႔ဖို႔လုပ္ေနပါတယ္။”

ႏုိဗယ္ကိုရိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ေစာင့္ၾကည့္ခံထားရတဲ့ လူနာေတြထဲက ၄ဦးမွာ ေရာဂါပိုးမရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက မေန႔ကညပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

က်ိဳင္းတံုျပည္သူ႔ေဆးရံုက အသက္ ၁ႏွစ္ ၂လအရြယ္ ကေလးငယ္၊ ေဝဘာဂီအထူးကုေဆးရံုက အသက္ ၁၅ႏွစ္အရြယ္ ထုိင္ဝမ္ကေလးငယ္၊ လြိဳင္ေကာ္ျပည္သူ႔ေဆးရံုႀကီးက အသက္ ၂ႏွစ္ ၂လအရြယ္ကေလးငယ္နဲ႔ ေနျပည္ေတာ္ ခုတင္ ၁၀၀၀ဆံ့ ျပည္သူ႔ေဆးရံုႀကီးက အသက္ ၂၉ႏွစ္အရြယ္ တရုတ္ႏုိ္င္ငံသား တုိ႔မွာ ႏုိဗယ္ကိုရိုနာဗုိင္းရပ္စ္ ေရာဂါပိုးမရွိေၾကာင္း ထုတ္ျပန္ခဲ့တာပါ။

ဒါေပမယ့္ သူတို႔ေလးဦးစလံုးကို ေဆးရံုကမဆင္းခုိင္းေသးဘဲ လိုအပ္တဲ့ကုသမႈေတြ လုပ္ေဆာင္ေပးဦးမယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“သံသယလူနာ ၂ဦး၊ ေစာင့္ၾကည့္လူနာ ၈ဦး၊ ေစာင့္ၾကည့္လူနာ ၈ဦးထဲမွာမွ ၄ဦးက မေန႔က Negative ျဖစ္သြားၿပီေပါ့ေနာ္။ ဒါေပမယ့္ အဲဒီ ၄ဦးကေတာ့ ေဆးရံုကမဆင္းေသးပါဘူး။ က်မတို႔ စစ္ေဆးတယ္ဆိုတာက ကုသမႈပိုင္းထက္စာလို႔ရွိရင္ တနည္းအားျဖင့္ သူ Positive လား၊ Positive ဆုိရင္ ဆက္လုပ္စရာေတြရွိတယ္။ သူ Negative ဆိုရင္လည္း သူ႔အတြက္စိတ္ေအးရတယ္။ ဒါေပမယ့္လုိ႔ သူ႔မွာ အေအးပတ္တဲ့ လကၡဏာေတြရွိတယ္၊ အာသီးေရာင္တယ္၊ တျခားဖ်ားနာတဲ့ အေၾကာင္းအရင္းေတြ ရွိတယ္ဆို ဒါေတြကိုကုသေပးရဦးမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ ဒီ ၄ေယာက္ကေတာ့ ေဆးရံုမဆင္းေသးပါဘူး။”

က်န္ရွိေနေသးတဲ့ လူနာေတြရဲ႕ ဓာတ္ခြဲနမူနာတို႔ကိုလည္း ထုိင္းႏို္င္ငံမွာရွိတဲ့ ကမာၻ႕က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ညႊန္းဓာတ္ခြဲခန္းကို ေပးပို႔ဖို႔စီစဥ္ေနတယ္လို႔ ဆုိပါတယ္။

ျပည္သူေတြအေနနဲ႔ ဒီေရာဂါကိုႀကိဳတင္ ကာကြယ္ႏုိင္ဖို႔အတြက္ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့လမ္းညႊန္ခ်က္ေတြကို လုိက္နာဖို႔လိုၿပီး၊ မိမိကုိယ္ကုိယ္ ကုိယ္ခံအားေကာင္းေအာင္ စားေသာက္ေနထုိင္ဖို႔နဲ႔ ေခ်ာင္းဆုိး၊ ႏွာေခ်ရင္ ပါးစပ္အုပ္ဖုိ႔အျပင္ လက္ကိုစနစ္တက် မၾကာခဏေဆးဖုိ႔လိုၿပီး လူထူထပ္တဲ့ေနရာေတြကို ေရွာင္ၾကဥ္ဖို႔ကိုလည္း လမ္းညႊန္ထားပါတယ္။

......................

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ လေးဦးမှာ ရောဂါပိုးမတွေ့

(Unicode)

မြန်မာနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ဦးနဲ့ စောင့်ကြည့်လူနာ ၄ဦးရှိနေပြီး၊ သံသယလူနာ ၂ဦးကို မင်းပြားဆေးရုံနဲ့ နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိကုသပေးနေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက မေးမြန်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စတင်ဖြစ်ပွားခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မြန်မာနိုင်ငံမှာတော့ အခုချိန်ထိ မရှိသေးပါဘူး။ ဒါပေမယ့် ဒီရောဂါပိုးနဲ့ပတ်သက်ပြီး စောင့်ကြည့်ခံထားရသူ ၄ဦးနဲ့ သံသယလူနာ ၂ဦးတော့ ရှိပါတယ်။

သံသယလူနာ နှစ်ဦးကို သီးခြားထားရှိကုသပေးနေပြီး၊ အဲဒီထဲက မင်းပြားကလူနာရဲ့ ရောဂါရှိ၊ မရှိ အဖြေကိုသိရဖို့ စောင့်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကျမတို့ သံသယလူနာအနေနဲ့ကတော့ ၂ယောက်ပဲ ရှိပါတယ်။ မင်းပြားနဲ့ နမ္မတူနဲ့။ မင်းပြားလူနာနဲ့ ဝေဘာဂီမှာရှိတဲ့ လှိုင်သာယာကလွှဲတဲ့ လူနာရဲ့ sample ကတော့ ထိုင်းမှာရှိတဲ့ references ကို ၄ရက်နေ့တည်းက ပေးပို့ထားတယ်ဆိုတော့ ဒီနေ့အဖြေသိရဖို့အတွက် ဒါကိုစောင့်နေတာပေါ့နော်။ နောက်တခုက သံသယလူနာ တယောက်ဖြစ်တဲ့ နမ္မတူက အသက် ၄၅နှစ်အရွယ် အမျိုးသားနဲ့ မနေ့က ရန်ကင်းကလေးဆေးရုံက လွှဲလိုက်တဲ့ သားအမိနှစ်ယောက်။ အဲဒါကတော့ ပေးပို့ဖို့လုပ်နေပါတယ်။”

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ခံထားရတဲ့ လူနာတွေထဲက ၄ဦးမှာ ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကျိုင်းတုံပြည်သူ့ဆေးရုံက အသက် ၁နှစ် ၂လအရွယ် ကလေးငယ်၊ ဝေဘာဂီအထူးကုဆေးရုံက အသက် ၁၅နှစ်အရွယ် ထိုင်ဝမ်ကလေးငယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက အသက် ၂နှစ် ၂လအရွယ်ကလေးငယ်နဲ့ နေပြည်တော် ခုတင် ၁၀၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးက အသက် ၂၉နှစ်အရွယ် တရုတ်နိုင်ငံသား တို့မှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမရှိကြောင်း ထုတ်ပြန်ခဲ့တာပါ။

ဒါပေမယ့် သူတို့လေးဦးစလုံးကို ဆေးရုံကမဆင်းခိုင်းသေးဘဲ လိုအပ်တဲ့ကုသမှုတွေ လုပ်ဆောင်ပေးဦးမယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“သံသယလူနာ ၂ဦး၊ စောင့်ကြည့်လူနာ ၈ဦး၊ စောင့်ကြည့်လူနာ ၈ဦးထဲမှာမှ ၄ဦးက မနေ့က Negative ဖြစ်သွားပြီပေါ့နော်။ ဒါပေမယ့် အဲဒီ ၄ဦးကတော့ ဆေးရုံကမဆင်းသေးပါဘူး။ ကျမတို့ စစ်ဆေးတယ်ဆိုတာက ကုသမှုပိုင်းထက်စာလို့ရှိရင် တနည်းအားဖြင့် သူ Positive လား၊ Positive ဆိုရင် ဆက်လုပ်စရာတွေရှိတယ်။ သူ Negative ဆိုရင်လည်း သူ့အတွက်စိတ်အေးရတယ်။ ဒါပေမယ့်လို့ သူ့မှာ အအေးပတ်တဲ့ လက္ခဏာတွေရှိတယ်၊ အာသီးရောင်တယ်၊ တခြားဖျားနာတဲ့ အကြောင်းအရင်းတွေ ရှိတယ်ဆို ဒါတွေကိုကုသပေးရဦးမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၄ယောက်ကတော့ ဆေးရုံမဆင်းသေးပါဘူး။”

ကျန်ရှိနေသေးတဲ့ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတို့ကိုလည်း ထိုင်းနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို ပေးပို့ဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ဒီရောဂါကိုကြိုတင် ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကို လိုက်နာဖို့လိုပြီး၊ မိမိကိုယ်ကိုယ် ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့နဲ့ ချောင်းဆိုး၊ နှာချေရင် ပါးစပ်အုပ်ဖို့အပြင် လက်ကိုစနစ်တကျ မကြာခဏဆေးဖို့လိုပြီး လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ဖို့ကိုလည်း လမ်းညွှန်ထားပါတယ်။

စုစု/ VOA (Burmese)
https://burmese.voanews.com
ျမန္မာႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္လူနာ ေလးဦးမွာ ေရာဂါပိုးမေတြ႕ ျမန္မာႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ေစာင့္ၾကည့္လူနာ ေလးဦးမွာ ေရာဂါပိုးမေတြ႕ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.