ဗစ္တိုးရီးယားအမႈ ရဲတပ္ဖြဲ႔တာဝန္ရွိသူမ်ားအေပၚ အေရးယူဖို႔ သမၼတၫႊန္ၾကားထား


(Zawgyi/Unicode)

ဗစ္တုိးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ကေလးငယ္ရဲ႕ အမည္ရင္းနဲ႔ မိသားစု အခ်က္အလက္ေတြကုိ ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ရဲတပ္ဖြဲ႔က တာဝန္ရွိသူေတြကုိ သက္ဆုိင္ရာ အဖြဲ႕အစည္းေတြက လိုအပ္သလို အေရးယူေဆာင္ရြက္ဖို႔ သမၼတက ညႊန္ၾကားထားတယ္လို႔ သမၼတရံုးေျပာေရးဆုိခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။ အဲဒီ ရဲတပ္ဖြဲ႕ဝင္ေတြကုိ တရားစြဲဆုိႏုိင္ဖို႔ ျပင္ဆင္ေနတဲ့ ျမန္မာႏုိင္ငံ လြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း (ILAM) ကလည္း သမၼတဆီက ခြင့္ျပဳမိန္႔ရတာနဲ႔ တရားစြဲဖို႔ကုိ လုပ္ေတာ့မယ္လို႔ ဆုိပါတယ္။ အျပည့္အစံုကုိ ဗီြအိုေအသတင္းေထာက္ စုစုက ေျပာျပသြားပါမယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၂၂ ရက္ေန႔က ဗစ္တုိးရီးယားရဲ႕ ဖခင္ျဖစ္သူဟာ အမႈမွန္ေပၚေပါက္ေရးအတြက္ ကူညီေဆာင္ရြက္ေပးဖုိ႔ကို သမၼတဆီ လိပ္မူၿပီး စာေပးပို႔ခဲ့ပါတယ္။ အဲဒီအေပၚကုိ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္၊ ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရံုးတို႔ကို ညႊန္ၾကားခ်က္ ေလးခ်က္ေပးခဲ့တယ္လို႔ ဒီကေန႔ျပဳလုပ္တဲ့ သမၼတအိမ္ေတာ္သတင္းစာရွင္းလင္းပြဲမွာ ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက အခုလိုေျပာပါတယ္။

“နံပါတ္ ၁ ကေတာ့ အမႈမွန္ေပၚေပါက္ရန္။ နံပါတ္ ၂ တာဝန္ခံမႈ၊ တာဝန္ယူမႈရွိရန္။ နံပါတ္ ၃ ကေတာ့ ဥပေဒနဲ႔အညီျဖစ္ရန္။ နံပါတ္ ၄ ကေတာ့ တရားဥပေဒစုိးမုိးေရးအတြက္ ေဆာင္ရြက္ထားမႈ အေျခအေနမ်ားကို ပကတိေတြ႕ရွိခ်က္ အမွန္တရားအတုိင္း ျပန္လည္တင္ျပရန္ဆိုၿပီး က်ေတာ္တို႔ညႊန္ၾကားပါတယ္။ အဲေတာ့ တရားလႊတ္ေတာ္ခ်ဳပ္ရယ္၊ ျပည္ထဲေရးဝန္ႀကီးဌာနရယ္၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုးရယ္က ဒီအေပၚမွာ သမၼတႀကီးဆီ အသီးသီး တင္ျပၾကတယ္။ တင္ျပခ်က္ေတြကေတာ့ အမ်ားႀကီးေပါ့ေနာ္။ တရားလႊတ္ေတာ္ခ်ဳပ္ကလည္း တရားေရးဆိုင္ရာ။ ျပည္ထဲေရးဝန္ႀကီးဌာနကလည္း အမႈစစ္ေဆးေရး၊ ေဖာ္ထုတ္ေရးဆိုင္ရာေပါ့။ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ကလည္း ဥပေဒပိုင္းဆုိင္ရာ တင္ျပပါတယ္။”

ဗစ္တုိးရီးယားအမႈနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၁၉ ရက္တုန္းက ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕က ျပဳလုပ္ခဲ့တဲ့သတင္းစာ ရွင္းလင္းပြဲမွာ ဗစ္တုိးရီးယားရဲ႕ အမည္ရင္းနဲ႔ မိသားစု ကိုယ္ေရးအခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ရဲတပ္ဖြဲ႕က တာဝန္ရွိသူေတြကုိ အေရးယူေဆာင္ရြက္ဖို႔အတြက္ သမၼတက သက္ဆိုင္ရာအဖြဲ႕အစည္းေတြကုိ မေန႔က ညႊန္ၾကားခဲ့တယ္လို႔ ဦးေဇာ္ေဌးက ဆက္ေျပာပါတယ္။

“တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ လုပ္ထံုးလုပ္နည္းႏွင့္အညီ မေဆာင္ရြက္ႏုိ္င္ေသာ၊ တာဝန္ေက်ပြန္စြာ မေဆာင္ရြက္ႏုိင္ေသာ၊ လစ္ဟာမႈမ်ား ျဖစ္ေပၚခဲ့ေသာ၊ ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ ညီညြတ္မႈ မရွိေသာ၊ တာဝန္ရွိသူသူမ်ားကုိ သက္ဆုိင္ရာအဖြဲ႕အစည္းက လိုအပ္သလို အေရးယူေဆာင္ရြက္ရန္ဆုိၿပီး က်ေနာ္တို႔ ညႊန္ၾကားထားပါတယ္။ ညႊန္ၾကားထားတဲ့အတြက္ သက္ဆုိင္တဲ့အဖြဲ႕အစည္းေတြက အဲဒါကို သမၼတရဲ႕လမ္းညႊန္ခ်က္အတုိင္း ဆက္ၿပီးေဆာင္ရြက္ဖို႔ ရွိပါလိမ့္မယ္။”

အဲဒီသတင္းစာရွင္းလင္းပြဲကို ဦးေဆာင္ခဲ့တဲ့ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ရဲ႕ မႈခင္းရဲတပ္ဖြဲ႕မွဴး သံုးဦးနဲ႔ ရဲတပ္ဖြဲ႕ရဲ႕ ရဲဇာနည္ Page တာဝန္ခံတို႔ကို ကေလးသူငယ္အခြင့္အေရးဆုိင္ရာ ခ်ိဳးေဖာက္မႈနဲ႔ တရားစြဲဆိုႏုိ္င္ဖုိ႔ ျမန္မာႏုိင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း (ILAM) ကလည္း လြန္ခဲ့တဲ့ တလေက်ာ္ကတည္းက ျပင္ဆင္ေနတာပါ။

ဒါေပမဲ့ သူတုိ႔ဟာ ျပည္သူ႔ဝန္ထမ္းေတြျဖစ္တာေၾကာင့္ တရားစြဲဆိုႏုိင္ဖို႔အတြက္ ဥပေဒနဲ႔အညီ ႏုိင္ငံေတာ္သမၼတဆီကေန ခြင့္ျပဳမိန္႔ေတာင္းခံၿပီး ေစာင့္ဆုိင္းေနတာပါ။ ဒီကေန႔ သမၼတအိ္မ္ေတာ္ သတင္းစာ ရွင္းလင္းပြဲအၿပီးမွာေတာ့ သမၼတဆီက ခြင့္ျပဳခ်က္ရရင္ တရားစြဲဖို႔ စေတာ့မယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

“က်ေနာ္တုိ႔ကေတာ့ သမၼတဆီက ခြင့္ျပဳခ်က္ရရင္ တန္းတရားစြဲမယ္။ က်ေနာ္တုိ႔လည္း သတင္းစာရွင္းလင္းပြဲ လုပ္ဖုိ႔ရွိတယ္။ သိပ္မၾကာခင္မွာေပါ့ေနာ္။ ဒီအမွန္တရားေကာ္မတီနဲ႔ ILAM နဲ႔ ေပါင္းၿပီးေတာ့ က်ေနာ္တို႔ထုတ္ျပန္စရာေတြ ရွိပါတယ္။ အဲဒီက်ရင္ က်ေနာ္တုိ႔က အေသးစိတ္ေျပာပါမယ္။ အၾကမ္းဖ်ဥ္းကေတာ့ က်ေတာ္တုိ႔တရားစြဲမယ္။”

ေနျပည္ေတာ္ Wisdom Hill ပုဂၢလိကမူႀကိဳေက်ာင္းက ဗစ္တုိးရီးယားလုိ႔ နာမည္ဝွက္ေပးထားတဲ့ သံုးႏွစ္အရြယ္မိန္းကေလး လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရတဲ့အမႈမွာ သံသယတရားခံအျဖစ္ စြပ္စြဲခံထားရသူလည္း တရားရွင္လြတ္ေျမာက္ၿပီး ျဖစ္သလို အမႈျပင္ဆင္မႈတင္သြင္းခ်က္ကိုလည္း တိုင္းဥပေဒခ်ဳပ္ရံုးက ပယ္ခ်ခဲ့ၿပီး ျဖစ္ပါတယ္။

က်ဴးလြန္သူအစစ္အမွန္ ေပၚေပါက္ေရးနဲ႔ ကေလးငယ္ ဗစ္တုိးရီးယားအတြက္ တရားမွ်တမႈရရွိေရးတုိ႔ကုိ ျပည္သူအမ်ားကလည္း အခုထက္ထိ ဝန္းရံေနၾကပါတယ္။


[Unicode Version]

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့တာဝန်ရှိသူများအပေါ် အရေးယူဖို့ သမ္မတညွှန်ကြားထား

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ကလေးငယ်ရဲ့ အမည်ရင်းနဲ့ မိသားစု အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လိုအပ်သလိုအရေးယူဆောင်ရွက်ဖို့ သမ္မတက ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ အဲဒီ ရဲတပ်ဖွဲ့ဝင်တွေကို တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) ကလည်း သမ္မတဆီက ခွင့်ပြုမိန့်ရတာနဲ့ တရားစွဲဖို့ကို လုပ်တော့မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက ပြောပြသွားပါမယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူဟာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ကို သမ္မတဆီ လိပ်မူပြီး စာပေးပို့ခဲ့ပါတယ်။ အဲဒီအပေါ်ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ကို ညွှန်ကြားချက် လေးချက်ပေးခဲ့တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“နံပါတ် ၁ ကတော့ အမှုမှန်ပေါ်ပေါက်ရန်။ နံပါတ် ၂ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန်။ နံပါတ် ၃ ကတော့ ဥပဒေနဲ့အညီဖြစ်ရန်။ နံပါတ် ၄ ကတော့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများကို ပကတိတွေ့ရှိချက် အမှန်တရားအတိုင်း ပြန်လည်တင်ပြရန်ဆိုပြီး ကျတော်တို့ညွှန်ကြားပါတယ်။ အဲတော့ တရားလွှတ်တော်ချုပ်ရယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရယ်က ဒီအပေါ်မှာ သမ္မတကြီးဆီ အသီးသီး တင်ပြကြတယ်။ တင်ပြချက်တွေကတော့ အများကြီးပေါ့နော်။ တရားလွှတ်တော်ချုပ်ကလည်း တရားရေးဆိုင်ရာ။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အမှုစစ်ဆေးရေး၊ ဖော်ထုတ်ရေးဆိုင်ရာပေါ့။ ပြည်ထောင်စုရှေ့နေချုပ်ကလည်း ဥပဒေပိုင်းဆိုင်ရာ တင်ပြပါတယ်။”

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်တုန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ မိသားစု ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့အတွက် သမ္မတက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မနေ့က ညွှန်ကြားခဲ့တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မဆောင်ရွက်နိုင်သော၊ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော၊ လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့သော၊ ဥပဒေပြဌာန်းချက်များနှင့် ညီညွတ်မှု မရှိသော၊ တာဝန်ရှိသူသူများကို သက်ဆိုင်ရာအဖွဲ့အစည်းက လိုအပ်သလို အရေးယူဆောင်ရွက်ရန်ဆိုပြီး ကျနော်တို့ ညွှန်ကြားထားပါတယ်။ ညွှန်ကြားထားတဲ့အတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက အဲဒါကို သမ္မတရဲ့လမ်းညွှန်ချက်အတိုင်း ဆက်ပြီးဆောင်ရွက်ဖို့ ရှိပါလိမ့်မယ်။”

အဲဒီသတင်းစာရှင်းလင်းပွဲကို ဦးဆောင်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှုခင်းရဲတပ်ဖွဲ့မှူး သုံးဦးနဲ့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် Page တာဝန်ခံတို့ကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) ကလည်း လွန်ခဲ့တဲ့ တလကျော်ကတည်းက ပြင်ဆင်နေတာပါ။

ဒါပေမဲ့ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေဖြစ်တာကြောင့် တရားစွဲဆိုနိုင်ဖို့အတွက် ဥပဒေနဲ့အညီ နိုင်ငံတော်သမ္မတဆီကနေ ခွင့်ပြုမိန့်တောင်းခံပြီး စောင့်ဆိုင်းနေတာပါ။ ဒီကနေ့ သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲအပြီးမှာတော့ သမ္မတဆီက ခွင့်ပြုချက်ရရင် တရားစွဲဖို့ စတော့မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ သမ္မတဆီက ခွင့်ပြုချက်ရရင် တန်းတရားစွဲမယ်။ ကျနော်တို့လည်း သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်။ သိပ်မကြာခင်မှာပေါ့နော်။ ဒီအမှန်တရားကော်မတီနဲ့ ILAM နဲ့ ပေါင်းပြီးတော့ ကျနော်တို့ထုတ်ပြန်စရာတွေ ရှိပါတယ်။ အဲဒီကျရင် ကျနော်တို့က အသေးစိတ်ပြောပါမယ်။ အကြမ်းဖျဉ်းကတော့ ကျတော်တို့တရားစွဲမယ်။”

နေပြည်တော် Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းက ဗစ်တိုးရီးယားလို့ နာမည်ဝှက်ပေးထားတဲ့ သုံးနှစ်အရွယ်မိန်းကလေး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့အမှုမှာ သံသယတရားခံအဖြစ် စွပ်စွဲခံထားရသူလည်း တရားရှင်လွတ်မြောက်ပြီး ဖြစ်သလို အမှုပြင်ဆင်မှုတင်သွင်းချက်ကိုလည်း တိုင်းဥပဒေချုပ်ရုံးက ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ကျူးလွန်သူအစစ်အမှန် ပေါ်ပေါက်ရေးနဲ့ ကလေးငယ် ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေးတို့ကို ပြည်သူအများကလည်း အခုထက်ထိ ဝန်းရံနေကြပါတယ်။

စုစု/ VOA (Burmese)
https://burmese.voanews.com
ဗစ္တိုးရီးယားအမႈ ရဲတပ္ဖြဲ႔တာဝန္ရွိသူမ်ားအေပၚ အေရးယူဖို႔ သမၼတၫႊန္ၾကားထား ဗစ္တိုးရီးယားအမႈ ရဲတပ္ဖြဲ႔တာဝန္ရွိသူမ်ားအေပၚ အေရးယူဖို႔ သမၼတၫႊန္ၾကားထား Reviewed by THITHTOOLWIN on 01:57 Rating: 5
Powered by Blogger.