ေအေအ စစ္ဦးခ်ဳပ္ရဲ႕ မိသားစု ဆြစ္ဇာလန္မွာ ခိုလႈံဖို႔ ထြက္ခြာ

 ဆြစ္ဇာလန္သံ႐ုံးကန လူသားခ်င္းစာနာတဲ့ ရႈေထာင့္ကေန ခိုလႈံခြင့္ေပးခဲ့တာလို႔ဆို
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ ေအေအ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ဇနီးနဲ႔ ကေလးႏွစ္ေယာက္ ဆြစ္ဇာလန္ႏိုင္ငံမွာ ခိုလႈံခြင့္ရလို႔ ေဖေဖာ္ဝါရီ ၂၅ မွာ ထိုင္းႏိုင္ငံကေန ထြက္ခြာသြားၿပီလို႔ သူတို႔အေရးကို လိုက္ပါေဆာင္႐ြက္ေနသူက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ဇနီး နဲ႔ သားသမီးႏွစ္ဦးတို႔ ဒီကေန႔ ေန႔လယ္ ၁ နာရီ ၁၅ မိနစ္မွာ ဆြစ္ေလေၾကာင္းနဲ႔ ဘန္ေကာက္ေလဆိပ္ကေန ဆြစ္ဇာလန္ႏိုင္ငံကို UNHCR ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး အစီအစဥ္နဲ႔ ထြက္ခြာသြားခဲ့တယ္လို႔ သူတို႔အေရးကို လိုက္ပါေဆာင္႐ြက္ေနသူ ရခိုင္လူ႔အခြင့္အေရး လႈပ္ရွားသူ ဦးညီညီလြင္က ေျပာပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္ မႏွင္းဇာျဖဴ (ဇာဇာ)၊ ၁၁ ႏွစ္အ႐ြယ္ မေစာျပည့္ရွင္နဲ႔ ၁၁ လသားအ႐ြယ္ သားျဖစ္သူ ေမာင္ျမတ္လင္းဇင္တို႔ကို ထိုင္းအာဏာပိုင္ေတြက ခ်င္းမိုင္ၿမိဳ႕မွာ ၂၀၁၉ ဒီဇင္ဘာ ၄ ရက္ေန႔က ဖမ္းဆီးထားခဲ့တာ ျဖစ္ပါတယ္။

သူတို႔အခုလို ဆြစ္ဇာလန္ကို ထြက္ခြာသြားခြင့္ရတာနဲ႔ ပတ္သက္ၿပီး "သူတို႔ကို UNHCR ကေန အသိအမွတ္ျပဳတယ္။ ဆြစ္ဇာလန္ႏိုင္ငံ အထူးသျဖင့္ ဆြစ္ဇာလန္သံ႐ုံးကေန လူသားခ်င္းစာနာတဲ့ ရႈေထာင့္ကေန ကေလးေတြ၊မိန္းကေလးေတြ ျဖစ္တယ္။ ျမန္မာျပည္ကို ျပန္သြားရင္ ႏွိပ္စက္ညႇင္းပန္းမႈ ခံရမယ္။ အဖမ္းခံရမယ္။ ေနာက္ ဒီကေလးေတြမွာလည္း အနာဂတ္ရွိတယ္ဆိုၿပီး လူသားခ်င္းစာနာတဲ့ ရႈေထာင့္ကေန ဆြစ္ဇာလန္ႏိုင္ငံကို ထိုင္းႏိုင္ငံကတစ္ဆင့္ ထြက္ခြာသြားတာ ျဖစ္ပါတယ္" လို႔ ဦးညီညီလြင္က ေျပာပါတယ္။
Saw Yan Naing
ထိုင္းႏိုင္ငံ ခ်င္းမိုင္မွာၿမိဳ႕မွာ ေက်ာင္းတက္ေနတဲ့ ၁၁ ႏွစ္အ႐ြယ္ သမီးျဖစ္သူ မေစာျပည့္ရွင္ရဲ႕ ဗီဇာသက္တမ္းကုန္သြားတဲ့ အတြက္ မႏွင္းဇာျဖဴ (ဇာဇာ)ဟာ သူရဲ႕ တစ္ႏွစ္အ႐ြယ္သားေလးနဲ႔ အတူ တ႐ုတ္ႏိုင္ငံကေန ထိုင္းႏိုင္ငံ ခ်င္းမိုင္ လဝက ႐ုံးမွာ လာေရာက္သက္တမ္းတိုးရာမွာ သူမရဲ႕ ပတ္စ္ပို႔ဟာ တရားမဝင္ေတာ့ဘူးလို႔ ျမန္မာဘက္က ေျပာဆိုထားတာေၾကာင့္ ထိုင္းေထာက္လွမ္းေရးနဲ႔ ရဲေတြက ဖမ္းဆီးခဲ့ပါတယ္။

အဲဒီေနာက္ ျမန္မာႏိုင္ငံကို လႊဲေပးဖို႔ စစ္ရဟတ္ယာဥ္နဲ႔ နယ္စပ္ၿမိဳ႕ တစ္ၿမိဳ႕ကို ယူေဆာင္လာရာမွာ ႏိုင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ေဝဖန္ၾကတဲ့ အတြက္ ျမန္မာကို ျပန္မပို႔ျဖစ္ဘဲ ဘန္ေကာက္ၿမိဳ႕ကို ေခၚယူထိန္းသိမ္းထားခဲ့ပါတယ္ ။

အဲဒီေနာက္ပိုင္းမွာ ကုလသမဂၢက ဒုကၡသည္အျဖစ္နဲ႔ အသိအမွတ္ျပဳ ေစာင့္ေရွာက္ထားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အေအေ စစ်ဦးချုပ်ရဲ့ မိသားစု ဆွစ်ဇာလန်မှာ ခိုလှုံဖို့ ထွက်ခွာ

ဓာတ်ပုံ မူပိုင် U Nyi Nyi Lwin
Image caption ဆွစ်ဇာလန်သံရုံးကန လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ ခိုလှုံခွင့်ပေးခဲ့တာလို့ဆို

ရက္ခိုင့်တပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေးနှစ်ယောက် ဆွစ်ဇာလန်နိုင်ငံမှာ ခိုလှုံခွင့်ရလို့ ဖေဖော်ဝါရီ ၂၅ မှာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီလို့ သူတို့အရေးကို လိုက်ပါဆောင်ရွက်နေသူက ပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး နဲ့ သားသမီးနှစ်ဦးတို့ ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာ ဆွစ်လေကြောင်းနဲ့ ဘန်ကောက်လေဆိပ်ကနေ ဆွစ်ဇာလန်နိုင်ငံကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အစီအစဉ်နဲ့ ထွက်ခွာသွားခဲ့တယ်လို့ သူတို့အရေးကို လိုက်ပါဆောင်ရွက်နေသူ ရခိုင်လူ့အခွင့်အရေး လှုပ်ရှားသူ ဦးညီညီလွင်က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် မနှင်းဇာဖြူ (ဇာဇာ)၊ ၁၁ နှစ်အရွယ် မစောပြည့်ရှင်နဲ့ ၁၁ လသားအရွယ် သားဖြစ်သူ မောင်မြတ်လင်းဇင်တို့ကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မြို့မှာ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

သူတို့အခုလို ဆွစ်ဇာလန်ကို ထွက်ခွာသွားခွင့်ရတာနဲ့ ပတ်သက်ပြီး "သူတို့ကို UNHCR ကနေ အသိအမှတ်ပြုတယ်။ ဆွစ်ဇာလန်နိုင်ငံ အထူးသဖြင့် ဆွစ်ဇာလန်သံရုံးကနေ လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ ကလေးတွေ၊မိန်းကလေးတွေ ဖြစ်တယ်။ မြန်မာပြည်ကို ပြန်သွားရင် နှိပ်စက်ညှင်းပန်းမှု ခံရမယ်။ အဖမ်းခံရမယ်။ နောက် ဒီကလေးတွေမှာလည်း အနာဂတ်ရှိတယ်ဆိုပြီး လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ ဆွစ်ဇာလန်နိုင်ငံကို ထိုင်းနိုင်ငံကတစ်ဆင့် ထွက်ခွာသွားတာ ဖြစ်ပါတယ်" လို့ ဦးညီညီလွင်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Saw Yan Naing

ထိုင်းနိုင်ငံ ချင်းမိုင်မှာမြို့မှာ ကျောင်းတက်နေတဲ့ ၁၁ နှစ်အရွယ် သမီးဖြစ်သူ မစောပြည့်ရှင်ရဲ့ ဗီဇာသက်တမ်းကုန်သွားတဲ့ အတွက် မနှင်းဇာဖြူ (ဇာဇာ)ဟာ သူရဲ့ တစ်နှစ်အရွယ်သားလေးနဲ့ အတူ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ ချင်းမိုင် လဝက ရုံးမှာ လာရောက်သက်တမ်းတိုးရာမှာ သူမရဲ့ ပတ်စ်ပို့ဟာ တရားမဝင်တော့ဘူးလို့ မြန်မာဘက်က ပြောဆိုထားတာကြောင့် ထိုင်းထောက်လှမ်းရေးနဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံကို လွှဲပေးဖို့ စစ်ရဟတ်ယာဉ်နဲ့ နယ်စပ်မြို့ တစ်မြို့ကို ယူဆောင်လာရာမှာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ကြတဲ့ အတွက် မြန်မာကို ပြန်မပို့ဖြစ်ဘဲ ဘန်ကောက်မြို့ကို ခေါ်ယူထိန်းသိမ်းထားခဲ့ပါတယ် ။

အဲဒီနောက်ပိုင်းမှာ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ်နဲ့ အသိအမှတ်ပြု စောင့်ရှောက်ထားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ေအေအ စစ္ဦးခ်ဳပ္ရဲ႕ မိသားစု ဆြစ္ဇာလန္မွာ ခိုလႈံဖို႔ ထြက္ခြာ ေအေအ စစ္ဦးခ်ဳပ္ရဲ႕ မိသားစု ဆြစ္ဇာလန္မွာ ခိုလႈံဖို႔ ထြက္ခြာ Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.