ဖြဲ႕စည္းပုံျပင္ဆင္ေရးမူၾကမ္းပါ တပ္နဲ႔သက္ဆိုင္တဲ့ ျပင္ဆင္ခ်က္ေတြကို တပ္ဘက္က ကန႔္ကြက္

 တပ္နဲ႔ အဓိကဆက္စပ္ေနတဲ့ ပုဒ္မ ၁၄ ၊ပုဒ္မ ၆ ပုဒ္မ ၈ ၊ ပုဒ္မ ၁၇ (ခ)တို႔ကို မျပင္ဘဲ မူလအတိုင္းသာထားရွိဖို႔ ေဆြးေႏြးသြားခဲ့ၾက
(Zawgyi)⤵⤵⤵
ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းပါ အခ်က္ေတြကို တင္ျပေဆြးေႏြးေနခ်ိန္မွာ တပ္မေတာ္နဲ႔သက္ဆိုင္တဲ့ ပုဒ္မအမ်ားစုကို တပ္မေတာ္သား ကိုယ္စားလွယ္ေတြက ကန႔္ကြက္ေဆြးေႏြးခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီ ၂၅ရက္မွာ က်င္းပတဲ့ ၁၅ႀကိမ္ေျမာက္ ပုံမွန္ အစည္း အေဝး ၁၂ ရက္ေျမာက္အစီအစဥ္မွာ အခုလို ကန္႔ကြက္ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။

တပ္မေတာ္သားကိုယ္စားလွယ္ေတြထဲက ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇာ္မိုး၊ ဗိုလ္မႉး ထက္လင္း၊ ဗိုလ္မႉးႀကီး သန္းထိုက္တို႔ ေဆြးေႏြးအၿပီးမွာေတာ့ တပ္မေတာ္နဲ႔ အဓိကဆက္စပ္ေနတဲ့ ပုဒ္မ ၁၄ ၊ပုဒ္မ ၆၊ ပုဒ္မ ၈ ၊ ပုဒ္မ ၁၇ (ခ)တို႔ကို မျပင္ဆင္ဘဲ မူလအတိုင္းသာထားရွိဖို႔ ေဆြးေႏြးသြားခဲ့ၾကပါတယ္။

တပ္ဘက္ကကန႔္ကြက္ေနတဲ့ ပုဒ္မ ၁၄ ရဲ႕ မူလျပ႒ာန္းခ်က္ေတြကေတာ့ ဥပေဒျပဳလႊတ္ေတာ္ေတြမွာ တပ္မေတာ္သားေတြ ပါဝင္ဖို႔ ျပ႒ာန္းထားတာျဖစ္ပါတယ္။

ဒီပုဒ္မကို ျပင္ဆင္ဖို႔တင္ျပတဲ့ ဥပေဒမူၾကမ္းမွာ လႊတ္ေတာ္သက္တမ္းအလိုက္ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြကို ရာခိုင္ႏႈန္းေလွ်ာ့ခ်သြားဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။

'' လက္ရွိႏိုင္ငံေရး အေျခအေနကို ေလ့လာမယ္ဆိုရင္ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ ေဆာင္႐ြက္ရာမွာ သက္တမ္းအားျဖင့္ ၉ႏွစ္ခန႔္သာရွိေသးၿပီး ျပည္တြင္းၿငိမ္းခ်မ္းမႈရရွိေအာင္ ေဆာင္႐ြက္ေနဆဲကာလ ျဖစ္ပါ တယ္။

ဒီလိုအခ်ိန္မွာ ျပည္တြင္း လက္နက္ကိုင္ ေသာင္းက်န္းမႈမ်ား၊ ျပည္ပ ပေယာဂနဲ႔ ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အၾကမ္းဖက္ ေသာင္းက်န္းမႈမ်ား၊ တရားဥပေဒစိုးမိုးေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚ မႈမ်ား ရွိေနၿပီး ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားရန္ ႀကံ႐ြယ္လုပ္ေဆာင္မႈမ်ားရွိေနတာကို ထင္ထင္ ရွားရွားေတြ႕ရမွာ ျဖစ္ပါတယ္။
 တပ္နဲ႔ ဆက္စပ္ေနတဲ့ ျပင္ဆင္ခ်က္ အမ်ားစုကို မူလအတိုင္းထားဖို႔ တပ္ဘက္ကေဆြးေႏြး
ႏိုင္ငံေတာ္ ၿပိဳကြဲလုနီးပါး အေျခအေနဆိုးမ်ား မက်ေရာက္ဖို႔ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ဖို႔ အလြန္ အေရး ႀကီးလွပါတယ္။

အနာဂတ္ ႏိုင္ငံေတာ္အတြက္ ႏိုင္ငံေရး လိုအပ္ခ်က္အရ ဒီလိုအခ်ိန္မ်ိဳးမွာ ပုဒ္မ ၁၄ကို ျပင္ဆင္ဖို႔ မလို အပ္ေသးဘူး''လို႔ လည္း တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးထက္လင္းက ေဆြးေႏြးေျပာဆိုသြားပါတယ္။

လက္ရွိဖြဲ႕စည္းပုံပါ ျပ႒ာန္းခ်က္ေတြအရ တပ္မေတာ္သား ကိုယ္စားလွယ္က ၂၅ ရာခိုင္ႏႈန္းအထိ ပါဝင္ ေနတာကို ျပည္ေထာင္စုလႊတ္ေတာ္ တတိယအႀကိမ္သက္တမ္းမွာ ကိုယ္စားလွယ္ဦးေရ စုစုေပါင္းရဲ႕ ၁၅ရာခိုင္ႏႈန္း၊ စတုတၳအႀကိမ္မွာ ၁၀ ရာခိုင္ႏႈန္း၊ ပၪၥမအႀကိမ္မွာ ၅ ရာခိုင္ႏႈန္းစီနဲ႔ေလွ်ာ့ခ်သြားဖို႔ ျပင္ဆင္ ခ်က္မွာတင္သြင္းထားတာ ျဖစ္ပါတယ္။

အလားတူ တပ္မေတာ္နဲ႔သက္ဆိုင္တဲ့ ပုဒ္မ ၆ (စ)၊ ပုဒ္မ ၈၊ ပုဒ္မ ၁၇ (ခ)တို႔ကိုျပင္ဆင္ဖို႔ ျပင္ဆင္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့လည္း တပ္မေတာ္သားကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဗိုလ္မႉးႀကီးသန္းထိုက္က ကန႔္ကြက္ ေဆြးေႏြးသြားခဲ့ပါတယ္။

'' ႏိုင္ငံအတိတ္သမိုင္းေၾကာင္း ဆိုး႐ြားခဲ့တဲ့ ျဖစ္စဥ္မ်ားကဲ့သို႔ ထပ္မံမျဖစ္ပြားေစေရး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားနဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရးအတြက္ ညႇိႏႈိင္း ေဖာ္ေဆာင္ဆဲကာလ ၊ဒီမိုကေရစီ သက္တမ္းႏုနယ္ေသးတဲ့ကာလ ျဖစ္ေနျခင္းမ်ားေၾကာင့္ ပုဒ္မ ၆ (စ)၊ ပုဒ္မ ၈၊ ပုဒ္မ ၁၇ (ခ)ကိုျပင္ဆင္ျခင္း ပယ္ဖ်က္ျခင္းမျပဳဘဲ မူလအတိုင္းထားဖို႔လိုတယ္''လို႔လည္း ဗိုလ္မႉးႀကီးသန္းထိုက္က ေဆြးေႏြးေျပာဆိုခဲ့ပါ တယ္။

ဗိုလ္မႉးႀကီး သန္းထိုက္ေဆြးေႏြးသြားတဲ့ထဲက ပုဒ္မ ၁၇ (ခ)ဟာ မူလျပဌာန္းခ်က္မွာ ျပည္ေထာင္စု တိုင္းေဒသႀကီး၊ ျပည္နယ္၊ျပည္ေထာင္စုနယ္ေျမ ကိုယ္ပိုင္စီရင္စု နဲ႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးတို႔မွာ ကာကြယ္ေရး လုံၿခဳံေရး၊ နယ္စပ္အုပ္ခ်ဳပ္ေရး စတဲ့တာဝန္ေတြကို ထမ္းေဆာင္ရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ အမည္စာရင္းတင္သြင္းေပးတဲ့ တပ္မေတာ္သားမ်ားပါဝင္သည္ လို႔ ျဖစ္ၿပီး ဒီျပဌာန္းခ်က္ကို ပယ္ဖ်က္ဖို႔ တင္သြင္းလာတဲ့အတြက္ကန႔္ကြက္ေဆြးေႏြးသြားခဲ့တာျဖစ္ပါတယ္။
တပ္နဲ႔ NLD ကိုယ္စားလွယ္အၾကား အေခ်အတင္ရွိခဲ့

ဒီကေန႔ အစည္းအေဝးမွာ တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ ေအာင္စန္းခ်စ္ တင္သြင္းထားတဲ့ အေျခခံ ဥပေဒ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ဥပေဒၾကမ္းပုဒ္မ၂၆၂၊ ပုဒ္မခြဲ(ဋ)အေပၚ ဥပေဒၾကမ္းေကာ္မတီရဲ႕ စိစစ္တင္ျပခ်က္မွာ ျပင္ဆင္ခ်က္ စကားရပ္ တခ်ိဳ႕ က်န္ေနခဲ့တဲ့အတြက္ တပ္ဘက္က ကန႔္ကြက္ရာကေန ေနာက္ပိုင္း ခဏတာ စကား အေခ်အတင္ ေျပာဆိုမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။
ၾကမ္းတမ္းတဲ့ ကိုယ္၊ ႏႈတ္အမူအရာမ်ား မလုပ္ဖို႔ တပ္ေတာ္ကိုယ္စားလွယ္ကို လႊတ္ေတာ္နာယကက သတိေပး ေျပာဆိုခဲ့
ဒီအေပၚမွာ ႐ုန႔္ရင္းၾကမ္းတမ္းတဲ့ ကိုယ္အမူအရာ၊ ႏႈတ္အမူအရာမ်ား မျပဳလုပ္ဖို႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ကို ျပည္ေထာင္စုလႊတ္ေတာ္နာယကက သတိေပး ေျပာဆိုခဲ့ပါတယ္။
ဖြဲ႕စည္းပုံကို ျပင္ဖို႔ ၇၅ ရာခိုင္ႏႈန္းေက်ာ္ေထာက္ခံဖို႔လို

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဦးေဆာင္တဲ့ ကိုယ္စားလွယ္ေတြ ဦးေဆာင္တင္သြင္းလာတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဒုတိယအႀကိမ္ ျပင္ဆင္ေရး ဥပေဒမူၾကမ္းကို ျပည္ေထာင္စုလႊတ္ေတာ္မွာ စတင္ ေဆြးေႏြးခဲ့တဲ့ ဒီကေန႔ ေဖေဖာ္ဝါရီ ၂၅ရက္ေန႔မွာပဲ ျပင္ဆင္ခ်က္အမ်ားစုကို တပ္ဘက္က ကန႔္ကြက္ ေျပာဆိုသြားၾကတယ္လို႔ သိရပါတယ္။

တပ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးသြားတဲ့ အခ်က္ေတြထဲမွာ တပ္မေတာ္နဲ႔ ဆက္စပ္ေနတဲ့ ျပင္ဆင္ခ်က္ အမ်ားစုကို ျပင္ဆင္ျခင္းမျပဳဘဲ မူလအတိုင္းထားဖို႔ကိုသာ ေဆြးေႏြးသြားၾကတာကိုလည္း ေတြ႕ရွိရပါတယ္။

လက္ရွိ ဖြဲ႕စည္းပုံပါ ျပ႒ာန္းခ်က္အရ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္က သေဘာတူလက္ခံမွသာ ျပင္ဆင္ခြင့္ ရႏိုင္မွာ ျဖစ္ပါတယ္။

ဒီအခ်က္နဲ႔ပတ္သက္ၿပီးေတာ့လည္း မင္းတပ္မဲဆႏၵနယ္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနလင္း ေအာင္က ထည့္သြင္း ေဆြးေႏြးသြားခဲ့ပါတယ္။

'' ဒီ ၂၀၀၈ ဥပေဒမွာ ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္ခြင့္ရွိသူ ကိုယ္စားလွယ္က ၇၅ ရာခိုင္ႏႈန္းပဲ ရွိပါတယ္။ က်န္တဲ့ ၂၅ရာခိုင္ႏႈန္းက ကာကြယ္ေရးဦးစီးခ်ဳပ္က ခန႔္တာပါ။ ျပည္သူကေ႐ြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ မ်ားအားလုံး ျပင္ခ်င္ရင္ေတာင္ ျပင္လို႔မရတဲ့ ဥပေဒ ျဖစ္ေနလို႔ ပုဒ္မ ၄၃၆ ကို ျပင္သင့္ပါတယ္''လို႔ ဦးေနလင္းေအာင္က ေဆြးေႏြးသြား ခဲ့ပါတယ္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဒုတိယအႀကိမ္ျပင္ဆင္ေရး ဥပေဒ မူၾကမ္းကို ေဖေဖာ္ဝါရီ ၂၅ရက္ကေန မတ္လ ၅ ရက္ေန႔အထိ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဆက္လက္ ေဆြးေႏြးဆုံးျဖတ္သြားမွာ ျဖစ္ပါတယ္။

ဒီကေန႔ ေဖေဖာ္ဝါရီ ၂၅ ရက္ ေန႔မွာ ပထမရက္အျဖစ္ ေဆြးေႏြးၾကရာမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၅ ဦး ေဆြးေႏြးခဲ့ၾကတဲ့အနက္ တပ္ကိုယ္စားလွယ္ ၅ဦးတို႔ ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းပါ တပ်နဲ့သက်ဆိုင်တဲ့ ပြင်ဆင်ချက်တွေကို တပ်ဘက်က ကန့်ကွက်

ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption တပ်နဲ့ အဓိကဆက်စပ်နေတဲ့ ပုဒ်မ ၁၄ ၊ပုဒ်မ ၆ ပုဒ်မ ၈ ၊ ပုဒ်မ ၁၇ (ခ)တို့ကို မပြင်ဘဲ မူလအတိုင်းသာထားရှိဖို့ ဆွေးနွေးသွားခဲ့ကြ

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းပါ အချက်တွေကို တင်ပြဆွေးနွေးနေချိန်မှာ တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မအများစုကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၅ရက်မှာ ကျင်းပတဲ့ ၁၅ကြိမ်မြောက် ပုံမှန် အစည်း အဝေး ၁၂ ရက်မြောက်အစီအစဉ်မှာ အခုလို ကန့်ကွက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေထဲက ဗိုလ်မှူးချုပ် အောင်ဇော်မိုး၊ ဗိုလ်မှူး ထက်လင်း၊ ဗိုလ်မှူးကြီး သန်းထိုက်တို့ ဆွေးနွေးအပြီးမှာတော့ တပ်မတော်နဲ့ အဓိကဆက်စပ်နေတဲ့ ပုဒ်မ ၁၄ ၊ပုဒ်မ ၆၊ ပုဒ်မ ၈ ၊ ပုဒ်မ ၁၇ (ခ)တို့ကို မပြင်ဆင်ဘဲ မူလအတိုင်းသာထားရှိဖို့ ဆွေးနွေးသွားခဲ့ကြပါတယ်။
တပ်ဘက်က ကန့်ကွက်နေတဲ့ ပုဒ်မတွေက ဘာတွေလဲ

တပ်ဘက်ကကန့်ကွက်နေတဲ့ ပုဒ်မ ၁၄ ရဲ့ မူလပြဋ္ဌာန်းချက်တွေကတော့ ဥပဒေပြုလွှတ်တော်တွေမှာ တပ်မတော်သားတွေ ပါဝင်ဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဒီပုဒ်မကို ပြင်ဆင်ဖို့တင်ပြတဲ့ ဥပဒေမူကြမ်းမှာ လွှတ်တော်သက်တမ်းအလိုက် လွှတ်တော်ကိုယ်စားလှယ် တွေကို ရာခိုင်နှုန်းလျှော့ချသွားဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

'' လက်ရှိနိုင်ငံရေး အခြေအနေကို လေ့လာမယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆောင်ရွက်ရာမှာ သက်တမ်းအားဖြင့် ၉နှစ်ခန့်သာရှိသေးပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်နေဆဲကာလ ဖြစ်ပါ တယ်။

ဒီလိုအချိန်မှာ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှုများ၊ ပြည်ပ ပယောဂနဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက် သောင်းကျန်းမှုများ၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုများ ရှိနေပြီး နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးစော်ကားရန် ကြံရွယ်လုပ်ဆောင်မှုများရှိနေတာကို ထင်ထင် ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption တပ်နဲ့ ဆက်စပ်နေတဲ့ ပြင်ဆင်ချက် အများစုကို မူလအတိုင်းထားဖို့ တပ်ဘက်ကဆွေးနွေး

နိုင်ငံတော် ပြိုကွဲလုနီးပါး အခြေအနေဆိုးများ မကျရောက်ဖို့ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အလွန် အရေး ကြီးလှပါတယ်။

အနာဂတ် နိုင်ငံတော်အတွက် နိုင်ငံရေး လိုအပ်ချက်အရ ဒီလိုအချိန်မျိုးမှာ ပုဒ်မ ၁၄ကို ပြင်ဆင်ဖို့ မလို အပ်သေးဘူး''လို့ လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးထက်လင်းက ဆွေးနွေးပြောဆိုသွားပါတယ်။

လက်ရှိဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေအရ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်းအထိ ပါဝင် နေတာကို ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်သက်တမ်းမှာ ကိုယ်စားလှယ်ဦးရေ စုစုပေါင်းရဲ့ ၁၅ရာခိုင်နှုန်း၊ စတုတ္ထအကြိမ်မှာ ၁၀ ရာခိုင်နှုန်း၊ ပဉ္စမအကြိမ်မှာ ၅ ရာခိုင်နှုန်းစီနဲ့လျှော့ချသွားဖို့ ပြင်ဆင် ချက်မှာတင်သွင်းထားတာ ဖြစ်ပါတယ်။

အလားတူ တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မ ၆ (စ)၊ ပုဒ်မ ၈၊ ပုဒ်မ ၁၇ (ခ)တို့ကိုပြင်ဆင်ဖို့ ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီးတော့လည်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းထိုက်က ကန့်ကွက် ဆွေးနွေးသွားခဲ့ပါတယ်။

'' နိုင်ငံအတိတ်သမိုင်းကြောင်း ဆိုးရွားခဲ့တဲ့ ဖြစ်စဉ်များကဲ့သို့ ထပ်မံမဖြစ်ပွားစေရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဖော်ဆောင်ဆဲကာလ ၊ဒီမိုကရေစီ သက်တမ်းနုနယ်သေးတဲ့ကာလ ဖြစ်နေခြင်းများကြောင့် ပုဒ်မ ၆ (စ)၊ ပုဒ်မ ၈၊ ပုဒ်မ ၁၇ (ခ)ကိုပြင်ဆင်ခြင်း ပယ်ဖျက်ခြင်းမပြုဘဲ မူလအတိုင်းထားဖို့လိုတယ်''လို့လည်း ဗိုလ်မှူးကြီးသန်းထိုက်က ဆွေးနွေးပြောဆိုခဲ့ပါ တယ်။

ဗိုလ်မှူးကြီး သန်းထိုက်ဆွေးနွေးသွားတဲ့ထဲက ပုဒ်မ ၁၇ (ခ)ဟာ မူလပြဌာန်းချက်မှာ ပြည်ထောင်စု တိုင်းဒေသကြီး၊ ပြည်နယ်၊ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်စီရင်စု နဲ့ ခရိုင်အုပ်ချုပ်ရေးတို့မှာ ကာကွယ်ရေး လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး စတဲ့တာဝန်တွေကို ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းပေးတဲ့ တပ်မတော်သားများပါဝင်သည် လို့ ဖြစ်ပြီး ဒီပြဌာန်းချက်ကို ပယ်ဖျက်ဖို့ တင်သွင်းလာတဲ့အတွက်ကန့်ကွက်ဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။
တပ်နဲ့ NLD ကိုယ်စားလှယ်အကြား အချေအတင်ရှိခဲ့

ဒီကနေ့ အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်သွင်းထားတဲ့ အခြေခံ ဥပဒေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းပုဒ်မ၂၆၂၊ ပုဒ်မခွဲ(ဋ)အပေါ် ဥပဒေကြမ်းကော်မတီရဲ့ စိစစ်တင်ပြချက်မှာ ပြင်ဆင်ချက် စကားရပ် တချို့ ကျန်နေခဲ့တဲ့အတွက် တပ်ဘက်က ကန့်ကွက်ရာကနေ နောက်ပိုင်း ခဏတာ စကား အချေအတင် ပြောဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Pyidaungsu Hluttaw
Image caption ကြမ်းတမ်းတဲ့ ကိုယ်၊ နှုတ်အမူအရာများ မလုပ်ဖို့ တပ်တော်ကိုယ်စားလှယ်ကို လွှတ်တော်နာယကက သတိပေး ပြောဆိုခဲ့

ဒီအပေါ်မှာ ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မပြုလုပ်ဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို ပြည်ထောင်စုလွှတ်တော်နာယကက သတိပေး ပြောဆိုခဲ့ပါတယ်။
ဖွဲ့စည်းပုံကို ပြင်ဖို့ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံဖို့လို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ ဦးဆောင်တင်သွင်းလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ စတင် ဆွေးနွေးခဲ့တဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာပဲ ပြင်ဆင်ချက်အများစုကို တပ်ဘက်က ကန့်ကွက် ပြောဆိုသွားကြတယ်လို့ သိရပါတယ်။

တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးသွားတဲ့ အချက်တွေထဲမှာ တပ်မတော်နဲ့ ဆက်စပ်နေတဲ့ ပြင်ဆင်ချက် အများစုကို ပြင်ဆင်ခြင်းမပြုဘဲ မူလအတိုင်းထားဖို့ကိုသာ ဆွေးနွေးသွားကြတာကိုလည်း တွေ့ရှိရပါတယ်။

လက်ရှိ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံမှသာ ပြင်ဆင်ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီးတော့လည်း မင်းတပ်မဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးနေလင်း အောင်က ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

'' ဒီ ၂၀၀၈ ဥပဒေမှာ ပြည်သူရွေးချယ်တင်မြှောက်ခွင့်ရှိသူ ကိုယ်စားလှယ်က ၇၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့ ၂၅ရာခိုင်နှုန်းက ကာကွယ်ရေးဦးစီးချုပ်က ခန့်တာပါ။ ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ် များအားလုံး ပြင်ချင်ရင်တောင် ပြင်လို့မရတဲ့ ဥပဒေ ဖြစ်နေလို့ ပုဒ်မ ၄၃၆ ကို ပြင်သင့်ပါတယ်''လို့ ဦးနေလင်းအောင်က ဆွေးနွေးသွား ခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို ဖေဖော်ဝါရီ ၂၅ရက်ကနေ မတ်လ ၅ ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ဆွေးနွေးဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့မှာ ပထမရက်အဖြစ် ဆွေးနွေးကြရာမှာ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးခဲ့ကြတဲ့အနက် တပ်ကိုယ်စားလှယ် ၅ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

BBC Burmese
https://www.bbc.com
ဖြဲ႕စည္းပုံျပင္ဆင္ေရးမူၾကမ္းပါ တပ္နဲ႔သက္ဆိုင္တဲ့ ျပင္ဆင္ခ်က္ေတြကို တပ္ဘက္က ကန႔္ကြက္ ဖြဲ႕စည္းပုံျပင္ဆင္ေရးမူၾကမ္းပါ တပ္နဲ႔သက္ဆိုင္တဲ့ ျပင္ဆင္ခ်က္ေတြကို တပ္ဘက္က ကန႔္ကြက္ Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.