စီဘီဘဏ္ ဓားျမတိုက္ခံရတဲ့ ကိစၥ ရဲတပ္္ဖြဲ႕ သတင္းထုတ္ျပန္မႈမျပဳေသး

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၇

ဒီကေန႔ နံနက္ပိုင္းက ေျမာက္ဒဂံုၿမိဳ႕နယ္ ပင္လံုလမ္းမႀကီးေပၚက CB ဘဏ္ကို အႏုၾကမ္းစီး ဓားျပမတိုက္မႈ ျဖစ္ပြားခဲ့ပါတယ္။ အနီးပတ္ဝန္းက်င္က သတင္းေတြအရ ေငြက်ပ္သိန္း ၆၀၀ ေက်ာ္ပါသြားတယ္လို႔ သိရၿပီး တစ္ဦးတည္း လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဘဏ္ထဲမွာ လက္လုပ္မိုင္းလို႔ ယူဆရတဲ့အရာ ႏွစ္ခုထားခဲ့ၿပီး တစ္နာရီအတြင္းမွာ ရွင္းလင္းေရးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ အဆိုပါ မိုင္းဟာ ေကာ္ပိုက္ေတြကို တိပ္နဲ႔ပတ္ထားတဲ့ အတုသာျဖစ္တယ္ဆိုတဲ့ သတင္းေတြနဲ႕ က်ဴးလြန္သူကို ဖမ္းမိၿပီဆိုတဲ့ သတင္းေတြ ထြက္ေပၚေနေပမယ့္ ဒါကိုရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္မႈ မျပဳပါဘူး။


သတင္းမီဒီယာသမားဦးေရ ၃၀ ေက်ာ္ဟာ အခင္းျဖစ္ခ်ိန္ကေနစၿပီး ညေနေစာင္းခ်ိန္အထိ ေျမာက္ဒဂံုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္းေရွ႕မွာ ေစာင့္ဆိုင္းေမးျမန္းခဲ့ေပမယ့္ ဘယ္လိုအခ်က္အလက္မ်ိဳးကိုမွ ေျဖၾကားေပးခဲ့ျခင္းမရွိပါဘူး။

စီဘီဘဏ္ဘက္ကေတာ့ ဘဏ္ဝန္ထမ္းေတြနဲ႔ ဘဏ္ကိုလာေရာက္ခဲ့သူေတြထိခိုက္မႈမရွိေၾကာင္းနဲ႔ ျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ေလးစားစြာေတာင္းပန္ပါတယ္လို႔ ညေန ၄ နာရီဝန္းက်င္က ထုတ္ျပန္ခဲ့ပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
စီဘီဘဏ် ဓားမြတိုက်ခံရတဲ့ ကိစ္စ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်မှုမပြုသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ဒီကနေ့ နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမကြီးပေါ်က CB ဘဏ်ကို အနုကြမ်းစီး ဓားပြမတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်က သတင်းတွေအရ ငွေကျပ်သိန်း ၆၀၀ ကျော်ပါသွားတယ်လို့ သိရပြီး တစ်ဦးတည်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘဏ်ထဲမှာ လက်လုပ်မိုင်းလို့ ယူဆရတဲ့အရာ နှစ်ခုထားခဲ့ပြီး တစ်နာရီအတွင်းမှာ ရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ မိုင်းဟာ ကော်ပိုက်တွေကို တိပ်နဲ့ပတ်ထားတဲ့ အတုသာဖြစ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ကျူးလွန်သူကို ဖမ်းမိပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒါကိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်မှု မပြုပါဘူး။

သတင်းမီဒီယာသမားဦးရေ ၃၀ ကျော်ဟာ အခင်းဖြစ်ချိန်ကနေစပြီး ညနေစောင်းချိန်အထိ မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းရှေ့မှာ စောင့်ဆိုင်းမေးမြန်းခဲ့ပေမယ့် ဘယ်လိုအချက်အလက်မျိုးကိုမှ ဖြေကြားပေးခဲ့ခြင်းမရှိပါဘူး။

စီဘီဘဏ်ဘက်ကတော့ ဘဏ်ဝန်ထမ်းတွေနဲ့ ဘဏ်ကိုလာရောက်ခဲ့သူတွေထိခိုက်မှုမရှိကြောင်းနဲ့ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး လေးစားစွာတောင်းပန်ပါတယ်လို့ ညနေ ၄ နာရီဝန်းကျင်က ထုတ်ပြန်ခဲ့ပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
စီဘီဘဏ္ ဓားျမတိုက္ခံရတဲ့ ကိစၥ ရဲတပ္္ဖြဲ႕ သတင္းထုတ္ျပန္မႈမျပဳေသး စီဘီဘဏ္ ဓားျမတိုက္ခံရတဲ့ ကိစၥ ရဲတပ္္ဖြဲ႕ သတင္းထုတ္ျပန္မႈမျပဳေသး Reviewed by THITHTOOLWIN on 00:09 Rating: 5
Powered by Blogger.