ပင္လည္ဘူးၿမိဳ႕နယ္တြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာတ္၍ ၇ ဦး ေသဆုံးၿပီး ၁၂ ဦးဒဏ္ရာရရွိ

(Zawgyi)⤵⤵⤵
ပင္လည္ဘူး ေဖေဖာ္ဝါရီ ၆

စစ္ကိုင္းတိုင္းေဒသႀကီး ပင္လည္ဘူးၿမိဳ႕နယ္မိုင္းတုံးတာႀကီးႏွင့္ မိုင္းတုံးတာေလးေက်း႐ြာၾကားတြင္ ေဖေဖာ္ဝါရီ ၅ ရက္က ဗန္းေမာက္ၿမိဳ႕နယ္ ဇလုံေတာင္ဘုရားဖူးမွျပန္လာေသာ လူ၂၁ ဦးပါ ဘုရားဖူးယာဥ္တစ္စီးတိမ္းေမွာတ္၍ ၇ ဦးေသဆုံးၿပီး ၁၂ ဦးဒဏ္ရာရရွိကာ ၂ ဦးမွာ ဒဏ္ရာထိခိုက္မႈမရွိေၾကာင္း သိရသည္။

အဆိုပါ သတင္းအရ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးဉာဏ္ဝင္း ဦးေဆာင္၍ တပ္ဖြဲ႕ဝင္မ်ားႏွင့္ၿမိဳ႕နယ္မွသက္ဆိုင္ရာတာဝန္ရွိသူမ်ားသည္ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးရာ ဇလုံေတာင္မွဘုရားဖူးျပန္လာေသာ ပင္လည္ဘူးၿမိဳ႕နယ္ေန ယာဥ္ေမာင္း ေမာင္ေဌး ၃၂ႏွစ္ ေမာင္းႏွင္လာေသာ (နံပါတ္မပါ) ယာဥ္မွာ ဘရိတ္ေပါက္၍ အရွိန္မထိန္းႏိုင္ဘဲ ေခ်ာက္ထဲသို႔ျပဳတ္က်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရၿပီး ဒဏ္ရာရရွိသူမ်ားအား ပင္လည္ဘူးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသလ်က္ရွိေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ယာဥ္အားေပါ့ေလ်ာ့စြာ ေမာင္းႏွင္သည့္ ေမာင္ေဌး ၃၂ ႏွစ္ အား ၿမိဳ႕မစခန္းမႉး ဒုရဲမႉးဉာဏ္ဝင္းမွ တရားလိုျပဳလုပ္၍ ပင္လည္ဘူးၿမိဳ႕မရဲစခန္းက အမႈဖြင့္ ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။

မ်ိဳးလြင္(ပင္လည္ဘူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
-----------
(Unicode)⤵⤵⤵
ပင်လည်ဘူးမြို့နယ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောတ်၍ ၇ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိ

ပင်လည်ဘူး ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မိုင်းတုံးတာကြီးနှင့် မိုင်းတုံးတာလေးကျေးရွာကြားတွင် ဖေဖော်ဝါရီ ၅ ရက်က ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားဖူးမှပြန်လာသော လူ၂၁ ဦးပါ ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောတ်၍ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူးဉာဏ်ဝင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်မြို့နယ်မှသက်ဆိုင်ရာတာဝန်ရှိသူများသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဇလုံတောင်မှဘုရားဖူးပြန်လာသော ပင်လည်ဘူးမြို့နယ်နေ ယာဉ်မောင်း မောင်ဌေး ၃၂နှစ် မောင်းနှင်လာသော (နံပါတ်မပါ) ယာဉ်မှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ဒဏ်ရာရရှိသူများအား ပင်လည်ဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ယာဉ်အားပေါ့လျော့စွာ မောင်းနှင်သည့် မောင်ဌေး ၃၂ နှစ် အား မြို့မစခန်းမှူး ဒုရဲမှူးဉာဏ်ဝင်းမှ တရားလိုပြုလုပ်၍ ပင်လည်ဘူးမြို့မရဲစခန်းက အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပင္လည္ဘူးၿမိဳ႕နယ္တြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာတ္၍ ၇ ဦး ေသဆုံးၿပီး ၁၂ ဦးဒဏ္ရာရရွိ ပင္လည္ဘူးၿမိဳ႕နယ္တြင္ ဘုရားဖူးယာဥ္တစ္စီး တိမ္းေမွာတ္၍ ၇ ဦး ေသဆုံးၿပီး ၁၂ ဦးဒဏ္ရာရရွိ Reviewed by THITHTOOLWIN on 02:10 Rating: 5
Powered by Blogger.