ေလေၾကာင္းလိုင္းဝန္ထမ္းမ်ား သပိတ္ေမွာက္၍ ဩစေၾတးလ်ေလဆိပ္မ်ားတြင္ လုပ္ငန္းလည္ပတ္မႈ အခက္အခဲျဖစ္ေပၚ

ဩစေၾတးလ်ႏိုင္ငံ ႏိုင္ငံတကာေလဆိပ္တစ္ခု၌ Jetstar ေလေၾကာင္းလိုင္းမွ ဝန္ထမ္းမ်ား အလုပ္မဆင္းေသာေၾကာင့္ လုပ္ငန္းလည္ပတ္မႈ ရပ္ဆိုင္းေနသည္ကိုေတြ႕ရစဥ္(ဓာတ္ပုံ-အင္တာနက္)
(Zawgyi)⤵⤵⤵
    ဆစ္ဒနီ ၊ ေဖေဖာ္ဝါရီ ၁၉ ရက္(ဆင္ဟြာ)

 ဩစေၾတးလ်ႏိုင္ငံ၏ ဘတ္ဂ်က္ေလေၾကာင္းလိုင္းတစ္ခုျဖစ္ေသာ Jetstar ေလေၾကာင္းလိုင္းမွ ေျမျပင္ဝန္ထမ္းမ်ားသည္ ႏိုင္ငံအႏွံ႔အျပားရွိ ေလဆိပ္မ်ားတြင္ ေဖေဖာ္ဝါရီ ၁၈ ရက္က အလုပ္မဆင္းဘဲ သပိတ္ေမွာက္ခဲ့ၾကေၾကာင္း ႏွင့္ ယင္းအတြက္ေၾကာင့္ ေလေၾကာင္းခရီးစဥ္ အမ်ားအျပားဖ်က္သိမ္းခဲ့ရၿပီး ေလဆိပ္လုပ္ငန္းလည္ပတ္မႈ အခက္အခဲမ်ားစြာ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

၂၄ နာရီၾကာ ေလေၾကာင္းလိုင္း သပိတ္ေမွာက္မႈတြင္ ဝန္ထမ္း ၂၅၀ ဦးခန႔္ ပါဝင္ခဲ့ေၾကာင္း ႏွင့္ ဆစ္ဒနီ ၊ မဲလ္ဘုန္း ၊ ေအဗီလြန္ ၊ ဘရစ္စဘိန္း ၊ ကိုင္းရန္စ္ ႏွင့္ အဒီလိတ္ခ္ စသည့္ ေလဆိပ္မ်ားအေပၚ သက္ေရာက္မႈရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါ ေလေၾကာင္းလိုင္းဝန္ထမ္းမ်ားသည္ ေလဆိပ္စႀကႍမ်ားတြင္ စုေဝးခဲ့ၾကၿပီး ဟစ္ေႂကြးျခင္း ၊ ဆိုင္းဘုတ္ေထာင္ျခင္းမ်ား ျပဳလုပ္၍ လုပ္ခလစာတိုးေပးရန္ ႏွင့္ အလုပ္သမားမ်ား၏ ေဘးကင္းလုံၿခဳံေရးအတြက္ အလုပ္ခ်ိန္ပိုမိုအဆင္ေျပေအာင္ ဖန္တီးေပးရန္ ေတာင္းဆိုခဲ့ၾကသည္။

ယင္းဆႏၵျပမႈေၾကာင့္ Qantas မွ ပိုင္ဆိုင္ေသာ Jetstar ေလေၾကာင္းလိုင္းသည္ ဩစေၾတးလ်ျပည္တြင္း ခရီးစဥ္ ၄၈ ခု ဖ်က္သိမ္းခဲ့ရေၾကာင္း ၊ ခရီးသည္မ်ားအား ေငြျပန္အမ္းျခင္း သို႔မဟုတ္ အျခားေလေၾကာင္းလိုင္းျဖင့္ လိုက္ပါႏိုင္ရန္ လိုအပ္ေသာ ဝန္ေဆာင္မႈမ်ား ျပင္ဆင္ေဆာင္႐ြက္ေပးျခင္းမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။

“ ေန႔စဥ္ပုံမွန္သြားလာေနတဲ့ က်ေနာ္တို႔ရဲ႕ ေဖာက္သည္ခရီးသည္ေတြအတြက္ ခိုင္မာတဲ့ အစီအစဥ္တစ္ခု လုပ္ထားေပးပါတယ္ ၊ ျပည္တြင္းခရီးစဥ္ အဆင္မေျပမႈ အနည္းဆုံးျဖစ္ေစဖို႔အတြက္ ခရီးသည္ေတြကို Qantas ေလေၾကာင္းလိုင္းနဲ႔လိုက္ပါႏိုင္ေအာင္ လႊဲေျပာင္း စီစဥ္ေပးခဲ့ပါတယ္ ” ဟု Jetstar ေလေၾကာင္းလိုင္း အမႈေဆာင္အရာရွိခ်ဳပ္ Gareth Evans ကဆိုသည္။

“ ခရီးသည္ေတြအတြက္ သူတို႔အမွန္တကယ္ထြက္ခြာမယ့္အခ်ိန္ထက္ နာရီအနည္းငယ္ေလာက္ေတာ့ ေနာက္က်သြားတာေပါ့၊ ဒါေပမယ့္ ခရီးသည္အားလုံးကို သူတို႔သြားခ်င္တဲ့ေနရာကို အဲဒီေန႔တြင္းေရာက္ေအာင္ေတာ့ ေဆာင္႐ြက္ခဲ့ပါတယ္” ဟု ၎က ဆိုသည္။ေလေၾကာင္းလိုင္း ဝန္ထမ္းမ်ား သပိတ္ေမွာက္မႈသည္ ရံဖန္ရံခါျဖစ္ပြားေလ့ရွိၿပီး ၂၀၁၉ ခုႏွစ္တြင္ Jetstar ေလေၾကာင္းလိုင္းဝန္ထမ္းမ်ားသည္ ႏွစ္ႀကိမ္တိတိ ဆႏၵျပခဲ့ၾကေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
လေကြောင်းလိုင်းဝန်ထမ်းများ သပိတ်မှောက်၍ ဩစတြေးလျလေဆိပ်များတွင် လုပ်ငန်းလည်ပတ်မှု အခက်အခဲဖြစ်ပေါ်

ဩစတြေးလျနိုင်ငံ နိုင်ငံတကာလေဆိပ်တစ်ခု၌ Jetstar လေကြောင်းလိုင်းမှ ဝန်ထမ်းများ အလုပ်မဆင်းသောကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

    ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

    ဩစတြေးလျနိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သော Jetstar လေကြောင်းလိုင်းမှ မြေပြင်ဝန်ထမ်းများသည် နိုင်ငံအနှံ့အပြားရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြကြောင်း နှင့် ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ် အများအပြားဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၄ နာရီကြာ လေကြောင်းလိုင်း သပိတ်မှောက်မှုတွင် ဝန်ထမ်း ၂၅၀ ဦးခန့် ပါဝင်ခဲ့ကြောင်း နှင့် ဆစ်ဒနီ ၊ မဲလ်ဘုန်း ၊ အေဗီလွန် ၊ ဘရစ်စဘိန်း ၊ ကိုင်းရန်စ် နှင့် အဒီလိတ်ခ် စသည့် လေဆိပ်များအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းဝန်ထမ်းများသည် လေဆိပ်စင်္ကြံများတွင် စုဝေးခဲ့ကြပြီး ဟစ်ကြွေးခြင်း ၊ ဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်၍ လုပ်ခလစာတိုးပေးရန် နှင့် အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးအတွက် အလုပ်ချိန်ပိုမိုအဆင်ပြေအောင် ဖန်တီးပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းဆန္ဒပြမှုကြောင့် Qantas မှ ပိုင်ဆိုင်သော Jetstar လေကြောင်းလိုင်းသည် ဩစတြေးလျပြည်တွင်း ခရီးစဉ် ၄၈ ခု ဖျက်သိမ်းခဲ့ရကြောင်း ၊ ခရီးသည်များအား ငွေပြန်အမ်းခြင်း သို့မဟုတ် အခြားလေကြောင်းလိုင်းဖြင့် လိုက်ပါနိုင်ရန် လိုအပ်သော ဝန်ဆောင်မှုများ ပြင်ဆင်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

“ နေ့စဉ်ပုံမှန်သွားလာနေတဲ့ ကျနော်တို့ရဲ့ ဖောက်သည်ခရီးသည်တွေအတွက် ခိုင်မာတဲ့ အစီအစဉ်တစ်ခု လုပ်ထားပေးပါတယ် ၊ ပြည်တွင်းခရီးစဉ် အဆင်မပြေမှု အနည်းဆုံးဖြစ်စေဖို့အတွက် ခရီးသည်တွေကို Qantas လေကြောင်းလိုင်းနဲ့လိုက်ပါနိုင်အောင် လွှဲပြောင်း စီစဉ်ပေးခဲ့ပါတယ် ” ဟု Jetstar လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် Gareth Evans ကဆိုသည်။

“ ခရီးသည်တွေအတွက် သူတို့အမှန်တကယ်ထွက်ခွာမယ့်အချိန်ထက် နာရီအနည်းငယ်လောက်တော့ နောက်ကျသွားတာပေါ့၊ ဒါပေမယ့် ခရီးသည်အားလုံးကို သူတို့သွားချင်တဲ့နေရာကို အဲဒီနေ့တွင်းရောက်အောင်တော့ ဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။လေကြောင်းလိုင်း ဝန်ထမ်းများ သပိတ်မှောက်မှုသည် ရံဖန်ရံခါဖြစ်ပွားလေ့ရှိပြီး ၂၀၁၉ ခုနှစ်တွင် Jetstar လေကြောင်းလိုင်းဝန်ထမ်းများသည် နှစ်ကြိမ်တိတိ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ေလေၾကာင္းလိုင္းဝန္ထမ္းမ်ား သပိတ္ေမွာက္၍ ဩစေၾတးလ်ေလဆိပ္မ်ားတြင္ လုပ္ငန္းလည္ပတ္မႈ အခက္အခဲျဖစ္ေပၚ ေလေၾကာင္းလိုင္းဝန္ထမ္းမ်ား သပိတ္ေမွာက္၍ ဩစေၾတးလ်ေလဆိပ္မ်ားတြင္ လုပ္ငန္းလည္ပတ္မႈ အခက္အခဲျဖစ္ေပၚ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.