တာခ်ီလိတ္ၿမိဳ႕ ရန္ရွင္း(၄)မွာ အတူတူေနသူခ်င္းစကားမ်ားရန္ျဖစ္ရာ ဓါးနဲ႕ခုတ္လိုက္သျဖင့္ တစ္ဦးေသဆုံး

ဓါတ္ပုံ-တာခ်ီလိတ္နာေရးကူညီမႈအသင္း
(Zawgyi)⤵⤵⤵
တာခ်ိလိတ္၊ ေဖေဖၚဝါရီ ၁၀

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ မိုင္းကိုးေက်း႐ြာအုပ္စုရွိ ရန္ရွင္း(၄) အထက္ေက်း႐ြာမွာ ဒီကေန႕ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႕ နံနက္ပိုင္းက တစ္အိမ္ထဲအတူတူေနထိုင္တဲ့ အမ်ိဳးသား (၂)ဦးစကားမ်ားရာမွ ဓါးခုတ္မႈျဖစ္ပြားသျဖင့္ (၁)ဦးေသဆုံးခဲ့တယ္လို႔ သတင္းရရွိပါတယ္။
ဓါတ္ပုံ-တာခ်ီလိတ္နာေရးကူညီမႈအသင္း

" သူတို႔က တစ္အိမ္တည္းအတူတူေနတယ္။ ထမင္းတစ္အိုးထဲစားၾကတဲ့ သူေတြ။ အရင္ကလည္းအခုလို ခဏခဏစကားမ်ားဘူးတယ္။ အခုမွ စကားမ်ားရင္း ဓါးနဲ႕ခုတ္ခ်လိဳက္တာ " လို႔ တရားခံဖမ္းဆီးရာမွာပါဝင္တဲ့ ေဟာင္ရဲကင္းစခန္းမႉး ရဲအုပ္ မင္းမင္းေအာင္ က ေ႐ႊႀတိဂံေဒသ သတင္းဌာန ကိုေျပာျပပါတယ္။
ဓါတ္ပုံ-တာခ်ီလိတ္နာေရးကူညီမႈအသင္း

အဆိုပါျဖစ္စဥ္မွာ ဒီကေန႕ နံနက္ပိုင္းက ရန္ရွင္း(၄) အထက္ေက်း႐ြာရွိ ေနအိမ္တစ္လုံးမွာ ဓါးခုတ္မႈျဖစ္ပြါးေၾကာင္း သတင္းအရသြားေရာက္စစ္ေဆးရာ တစ္အိမ္ထဲအတူတူေနထိုင္တဲ့ လီရွီး နဲ႕ ေမာေရွ တို႔ႏွစ္ဦးမွာ တံျမက္စည္း ခုတ္ရန္ မသြားခင္ ထမင္းအတူစားဖို႔ျပင္ဆင္ေနခ်ိန္က လီရွီး က ေမာရႈအား ၾကက္ဥခိုးစားတယ္လို႔စြတ္စြဲေျပာဆိုရာမွ စကားမ်ားရန္ျဖစ္ၾကၿပီး ေမာရႈ က တံျမက္စည္းသြား ခုတ္ရန္ အသင့္ယူေဆာင္လာတဲ့ ဓါးနဲ႕ လီရွီး ရဲ႕လည္ဂုတ္ကို ခုတ္ရာလိုက္သျဖင့္ ဒဏ္ရာမ်ားနဲ႕အတူ လီရွီးမွာ ေနရာမွာ ေသဆုံးသြားတယ္လို႔ သတင္းရရွိပါတယ္။

ဓါတ္ပုံ-တာခ်ီလိတ္နာေရးကူညီမႈအသင္း

အခုေသဆုံးသူ ဦးလီရွီး ရဲ႕႐ုပ္အေလာင္းကို စစ္ေဆးရန္အတြက္ တာခ်ီလိတ္ျပည္သူ႕ေဆး႐ုံကို တာခ်ီလိတ္နာေရးကူညီမႈအသင္းက ပို႔ေဆာင္ခဲ့ၿပီး တရားခံျဖစ္သူ ေမာေရွ ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အေရးယူထားတယ္လို႔ သတင်းရရှ်ိပါတယ်။

ဓါတ္ပုံ-တာခ်ီလိတ္နာေရးကူညီမႈအသင္း

သတင္း-ဇင္လတ္(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
တာချီလိတ်မြို့ ရန်ရှင်း(၄)မှာ အတူတူနေသူချင်းစကားများရန်ဖြစ်ရာ ဓါးနဲ့ခုတ်လိုက်သဖြင့် တစ်ဦးသေဆုံး

တာချိလိတ်၊ ဖေဖေါ်ဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ရှင်း(၄) အထက်ကျေးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းက တစ်အိမ်ထဲအတူတူနေထိုင်တဲ့ အမျိုးသား (၂)ဦးစကားများရာမှ ဓါးခုတ်မှုဖြစ်ပွားသဖြင့် (၁)ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

" သူတို့က တစ်အိမ်တည်းအတူတူနေတယ်။ ထမင်းတစ်အိုးထဲစားကြတဲ့ သူတွေ။ အရင်ကလည်းအခုလို ခဏခဏစကားများဘူးတယ်။ အခုမှ စကားများရင်း ဓါးနဲ့ခုတ်ချလိုက်တာ " လို့ တရားခံဖမ်းဆီးရာမှာပါဝင်တဲ့ ဟောင်ရဲကင်းစခန်းမှူး ရဲအုပ် မင်းမင်းအောင် က ရွှေတြိဂံဒေသ သတင်းဌာန ကိုပြောပြပါတယ်။

အဆိုပါဖြစ်စဉ်မှာ ဒီကနေ့ နံနက်ပိုင်းက ရန်ရှင်း(၄) အထက်ကျေးရွာရှိ နေအိမ်တစ်လုံးမှာ ဓါးခုတ်မှုဖြစ်ပွါးကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ တစ်အိမ်ထဲအတူတူနေထိုင်တဲ့ လီရှီး နဲ့ မောရှေ တို့နှစ်ဦးမှာ တံမြက်စည်း ခုတ်ရန် မသွားခင် ထမင်းအတူစားဖို့ပြင်ဆင်နေချိန်က လီရှီး က မောရှုအား ကြက်ဥခိုးစားတယ်လို့စွတ်စွဲပြောဆိုရာမှ စကားများရန်ဖြစ်ကြပြီး မောရှု က တံမြက်စည်းသွား ခုတ်ရန် အသင့်ယူဆောင်လာတဲ့ ဓါးနဲ့ လီရှီး ရဲ့လည်ဂုတ်ကို ခုတ်ရာလိုက်သဖြင့် ဒဏ်ရာများနဲ့အတူ လီရှီးမှာ နေရာမှာ သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

အခုသေဆုံးသူ ဦးလီရှီး ရဲ့ရုပ်အလောင်းကို စစ်ဆေးရန်အတွက် တာချီလိတ်ပြည်သူ့ဆေးရုံကို တာချီလိတ်နာရေးကူညီမှုအသင်းက ပို့ဆောင်ခဲ့ပြီး တရားခံဖြစ်သူ မောရှေ ကို တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သတငျးရရျှိပါတယျ။

သတင်း-ဇင်လတ်(ရွှေတြိဂံ)
ဓါတ်ပုံ-တာချီလိတ်နာရေးကူညီမှုအသင်း
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္ၿမိဳ႕ ရန္ရွင္း(၄)မွာ အတူတူေနသူခ်င္းစကားမ်ားရန္ျဖစ္ရာ ဓါးနဲ႕ခုတ္လိုက္သျဖင့္ တစ္ဦးေသဆုံး တာခ်ီလိတ္ၿမိဳ႕ ရန္ရွင္း(၄)မွာ အတူတူေနသူခ်င္းစကားမ်ားရန္ျဖစ္ရာ ဓါးနဲ႕ခုတ္လိုက္သျဖင့္ တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.