အင္တာနက္ျပန္ဖြင့္ဖို႔ ရခိုင္မွာ ဆႏၵျပေတာင္းဆို

ရခိုင္ျပည္နယ္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ စစ္ေတြမွာ ရခိုင္ေက်ာင္းသားနဲ႔ လူငယ္ေတြ ၂၀၂၀ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က ဆႏၵျပစဥ္ / Photo: Min Thein Aung / RFA
(Zawgyi)⤵⤵⤵
တိုက္ပြဲနယ္ေျမျဖစ္တဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ အစိုးရက အင္တာနက္ျဖတ္ေတာက္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အားေပးေနတယ္လို႔ ရခိုင္ေက်ာင္းသားနဲ႔ လူငယ္ေတြက စစ္ေတြၿမိဳ႕က ဒီေန႔ ဆႏၵျပပြဲမွာ ေျပာလိုက္ပါတယ္။

အစိုးရက သတင္းအေမွာင္ခ်ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အားေပးေနတယ္လို႔ ေဝဖန္လိုက္တာက ရခိုင္လူငယ္မ်ိဳးဆက္သစ္ကြန္ရက္က ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ကိုသန္းလွ ပါ။

ၿပီးခဲ့တဲ့ႏွစ္ ဇြန္လက ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ရွစ္ခုမွာ အစိုးရက အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခဲ့တာပါ။

အဲဒီအထဲက ၿမိဳ႕နယ္ ငါးခုကို လအနည္းငယ္ၾကာ ျပန္ဖြင့္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ျပန္ဖြင့္တဲ့ၿမိဳ႕နယ္ေတြပါ ထပ္အပိတ္ခံလိုက္ရပါတယ္။

ဆႏၵျပပြဲမွာပါဝင္တဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢရဲ႕ ျပန္ၾကားေရးတာဝန္ခံ ကိုေက်ာ္ႏိုင္ေဌးက အင္တာနက္ ဆက္ပိတ္တာဟာ အစိုးရအေပၚ မေက်နပ္တာေတြ ျဖစ္လာေစတယ္လို႔ ေထာက္ျပပါတယ္။

စစ္ေတြၿမိဳ႕ ဆႏၵျပ ေက်ာင္းသူ ေက်ာင္းသားေတြနဲ႔ လူငယ္ေတြဟာ ဝကၤဘာကြင္းကေန ဦးဥတၱမပန္းၿခံအထိ ခ်ီတက္ဆႏၵျပခဲ့ၾကတာပါ။

ကမာၻ႔အရွည္ၾကာဆုံး အင္တာနက္ျဖတ္ေတာက္မႈ ခ်က္ခ်င္းရပ္၊ ၿငိမ္းခ်မ္းေရးနဲ႔ တရားမွ်တမႈရရွိေရး၊ ျပည္တြင္းျပည္ပ သတင္းမီဒီယာေတြ လြတ္လပ္စြာ သတင္းရယူႏိုင္ေရး၊ အသက္အႏၲရာယ္လုံၿခဳံစြာ ပညာသင္ၾကားႏိုင္ေရး စတဲ့အခ်က္ေတြကိုလည္း ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

စစ္ေရးပဋိပကၡေတြျပင္းထန္ေနတဲ့ ေဒသမွာ အင္တာနက္ျဖတ္ေတာက္တာထက္ ပိုေကာင္းတဲ့ ေျဖရွင္းမႈမ်ိဳးနဲ႔သာ ႀကိဳးစားသင့္တယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ရဲ႕ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာမ်ိဳးၫြန႔္က အင္တာနက္ျဖတ္ ေတာက္တာဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္ေပမယ့္လည္း တပ္မေတာ္ဘက္က တင္ျပလာလို႔ အစိုးရက ေဆာင္႐ြက္ေပးထားတာလို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ႏွစ္ဆန္းပိုင္းကေန စတင္ျပင္းထန္လာခဲ့တဲ့ ရခိုင္စစ္ေရး ပဋိပကၡကာလအတြင္း ဒီေန႔အထိ အရပ္သားေသဆုံးမႈ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရမႈက လူ ၃၀၀ ေက်ာ္ အထိရွိတယ္လို႔ ေဒသခံအရပ္ဘက္ အဖြဲ႕ေတြက ခန႔္မွန္းထားၾကပါတယ္။

အရပ္သားေတြေသေၾကဒဏ္ရာရတာ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြကို ျမန္မာ့တပ္မေတာ္က က်ဴးလြန္ခဲ့တာလို႔ ေဒသခံေတြကစြပ္စြဲထားၾကေပမယ့္ တပ္မေတာ္ကေတာ့ ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆိုထားၾကပါတယ္။

အင္တာနက္ျဖတ္ေတာက္ခံထားရတဲ့ ေဒသေတြမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြကို ခိုင္မာတဲ့သက္ေသ အေထာက္အထားေတြနဲ႔ အျပင္ကို ထုတ္ေဖာ္ခြင့္မရၾကပါဘူး။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ရက္ခုန္းတိုင္လို႔ေခၚတဲ့ သမီးလွ႐ြာေဟာင္းက ေနအိမ္ ၁၀ ေက်ာ္ မီးရႈိ႕ခံခဲ့ရၿပီး ဒါကို AA အဖြဲ႕ကလုပ္တာလို႔ တပ္မေတာ္ကထုတ္ျပန္ခဲ့ပါတယ္။

မီးရႈိ႕ခံရခ်ိန္မွာ တပ္မေတာ္သားေတြရွိေနတာကို ျမင္ရေပမယ့္လည္း အင္တာနက္မရွိလို႔ အမွန္ကိုတင္ျပခြင့္ မရဘူးခဲ့လို႔ေျပာလာသူက မ်က္ျမင္တစ္ဦးျဖစ္တဲ့ ကိုေက်ာ္ေက်ာ္ပါ။

အင္တာနက္ျဖတ္ေတာက္ထားတာေၾကာင့္ ေဒသခံေတြအတြက္ ဆုံးရႈံးမႈေတြရွိေပမယ့္ ႏိုင္ငံေတာ္သမၼတ႐ုံး ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဌးကေတာ့ ေကာင္းက်ိဳးေတြရခဲ့တယ္လို႔ မေန႔က ေနျပည္ေတာ္ သမၼအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

ႏိုင္ငံေတာ္သမၼတ႐ုံး ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဌးရဲ႕ေျပာဆိုခ်က္ကို ေဒသခံေတြေရာ၊ လူ႔အခြင့္အေရးအဖြဲ႕ေတြကပါ လက္မခံပါဘူး။

အင္တာနက္ျဖတ္ေတာက္မႈ ေနာက္ကြယ္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုသာ ျမင္ေတြ႕ ေနရတယ္လို႔ ေျပာလာသူက စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕က ဒါ႐ိုက္တာ ဦးျမတ္ထြန္းပါ။

အင္တာနက္ေတြျပန္ဖြင့္ေပးဖို႔ မေန႔က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံး ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဌးကို သတင္းေထာက္ေတြက ေမးျမန္းခဲ့ေပမယ့္ ျပန္ဖြင့္ေပမယ့္အခ်ိန္ကို တိတိက်က် ေျပာဆိုခဲ့ျခင္းမရွိပါဘူး။

အင္တာနက္ျဖတ္ေတာက္မႈကို ရပ္တန႔္ဖို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းဘက္ကပါ တိုက္တြန္းေျပာဆိုေနၾကေပမယ့္ အစိုးရကေတာ့ ျပန္ဖြင့္ေပးမယ့္ အေျခအေန မေတြ႕ရပါဘူး။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
အင်တာနက်ပြန်ဖွင့်ဖို့ ရခိုင်မှာ ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ စစ်တွေမှာ ရခိုင်ကျောင်းသားနဲ့ လူငယ်တွေ ၂၀၂၀ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆန္ဒပြစဉ်
Photo: Min Thein Aung / RFA

တိုက်ပွဲနယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အစိုးရက အင်တာနက်ဖြတ်တောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးနေတယ်လို့ ရခိုင်ကျောင်းသားနဲ့ လူငယ်တွေက စစ်တွေမြို့က ဒီနေ့ ဆန္ဒပြပွဲမှာ ပြောလိုက်ပါတယ်။

အစိုးရက သတင်းအမှောင်ချပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးနေတယ်လို့ ဝေဖန်လိုက်တာက ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသန်းလှ ပါ။

ပြီးခဲ့တဲ့နှစ် ဇွန်လက ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ရှစ်ခုမှာ အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာပါ။

အဲဒီအထဲက မြို့နယ် ငါးခုကို လအနည်းငယ်ကြာ ပြန်ဖွင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြန်ဖွင့်တဲ့မြို့နယ်တွေပါ ထပ်အပိတ်ခံလိုက်ရပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက အင်တာနက် ဆက်ပိတ်တာဟာ အစိုးရအပေါ် မကျေနပ်တာတွေ ဖြစ်လာစေတယ်လို့ ထောက်ပြပါတယ်။

စစ်တွေမြို့ ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေနဲ့ လူငယ်တွေဟာ ဝင်္ကဘာကွင်းကနေ ဦးဥတ္တမပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူနိုင်ရေး၊ အသက်အန္တရာယ်လုံခြုံစွာ ပညာသင်ကြားနိုင်ရေး စတဲ့အချက်တွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ဒေသမှာ အင်တာနက်ဖြတ်တောက်တာထက် ပိုကောင်းတဲ့ ဖြေရှင်းမှုမျိုးနဲ့သာ ကြိုးစားသင့်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွန့်က အင်တာနက်ဖြတ် တောက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေမယ့်လည်း တပ်မတော်ဘက်က တင်ပြလာလို့ အစိုးရက ဆောင်ရွက်ပေးထားတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းကနေ စတင်ပြင်းထန်လာခဲ့တဲ့ ရခိုင်စစ်ရေး ပဋိပက္ခကာလအတွင်း ဒီနေ့အထိ အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူ ၃၀၀ ကျော် အထိရှိတယ်လို့ ဒေသခံအရပ်ဘက် အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

အရပ်သားတွေသေကြေဒဏ်ရာရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တာလို့ ဒေသခံတွေကစွပ်စွဲထားကြပေမယ့် တပ်မတော်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားကြပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ခိုင်မာတဲ့သက်သေ အထောက်အထားတွေနဲ့ အပြင်ကို ထုတ်ဖော်ခွင့်မရကြပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် ရက်ခုန်းတိုင်လို့ခေါ်တဲ့ သမီးလှရွာဟောင်းက နေအိမ် ၁၀ ကျော် မီးရှို့ခံခဲ့ရပြီး ဒါကို AA အဖွဲ့ကလုပ်တာလို့ တပ်မတော်ကထုတ်ပြန်ခဲ့ပါတယ်။

မီးရှို့ခံရချိန်မှာ တပ်မတော်သားတွေရှိနေတာကို မြင်ရပေမယ့်လည်း အင်တာနက်မရှိလို့ အမှန်ကိုတင်ပြခွင့် မရဘူးခဲ့လို့ပြောလာသူက မျက်မြင်တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ပါ။

အင်တာနက်ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေအတွက် ဆုံးရှုံးမှုတွေရှိပေမယ့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ ကောင်းကျိုးတွေရခဲ့တယ်လို့ မနေ့က နေပြည်တော် သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ပြောဆိုချက်ကို ဒေသခံတွေရော၊ လူ့အခွင့်အရေးအဖွဲ့တွေကပါ လက်မခံပါဘူး။

အင်တာနက်ဖြတ်တောက်မှု နောက်ကွယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ မြင်တွေ့ နေရတယ်လို့ ပြောလာသူက စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းပါ။

အင်တာနက်တွေပြန်ဖွင့်ပေးဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို သတင်းထောက်တွေက မေးမြန်းခဲ့ပေမယ့် ပြန်ဖွင့်ပေမယ့်အချိန်ကို တိတိကျကျ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

အင်တာနက်ဖြတ်တောက်မှုကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကပါ တိုက်တွန်းပြောဆိုနေကြပေမယ့် အစိုးရကတော့ ပြန်ဖွင့်ပေးမယ့် အခြေအနေ မတွေ့ရပါဘူး။

RFA Burmese
https://www.rfa.org
အင္တာနက္ျပန္ဖြင့္ဖို႔ ရခိုင္မွာ ဆႏၵျပေတာင္းဆို အင္တာနက္ျပန္ဖြင့္ဖို႔ ရခိုင္မွာ ဆႏၵျပေတာင္းဆို Reviewed by THITHTOOLWIN on 06:15 Rating: 5
Powered by Blogger.