ဆန္သယ္ခြင့္ကန႔္သတ္ခံရလို႔ အမ္းက ႐ြာ ၃၀ ေက်ာ္ ရိကၡာခက္ခဲေန

(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြေၾကာင့္ စပါးမရိတ္ႏိုင္တဲ့ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္က ႐ြာအမ်ားအျပားဟာ ဆန္ဝယ္ယူသယ္ေဆာင္ရာမွာလည္း တပ္မေတာ္က ကန႔္သတ္ထားလို႔ ေဒသခံေတြ ရိကၡာခက္ခဲေနပါတယ္။

စားနပ္ရိကၡာ ျပတ္ေနလို႔ အစားေလွ်ာ့စားတာေတြ၊ ဒုကၡသည္စခန္းမွာ သြားေနသူေတြေတာင္ ရွိေနၿပီလို႔ ဒါးလက္႐ြာမ ေဒသခံတစ္ေယာက္က ေျပာပါတယ္။

“ဆန္သုံးဗူးစားတဲ့သူက ႏွစ္ဗူးပဲစားၿပီး ေလွ်ာ့စားတာမ်ိဳးေတြ၊ နည္းနည္းပါးပါးရွိတဲ့သူေတြဆီက မွ်ေခ်းဌားၿပီး ေျပလည္ရာေျပလည္ေၾကာင္း ေအာင့္အီးၿပီးခံေနရတယ္။ စားဝတ္ေနေရး အဆင္မေျပလို႔ အမ္းဘက္ကို ေ႐ႊ႕ေျပာင္းတဲ့သူေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိေနၿပီ။ ဒါးလက္႐ြာေဟာင္းအထက္က အိမ္ေျခ ၂၀၀ ေက်ာ္ေလာက္ စားဝတ္ေနေရး အဆင္မေျပလို႔ အမ္းဒုကၡသည္ စခန္းကို အကုန္ေရာက္ကုန္ၾကၿပီ“

ၿပီးခဲ့တဲ့ ဒီဇင္ဘာလကတည္းက အမ္းၿမိဳ႕နယ္ထဲက ကဇုကိုင္းတံတားမွာ တပ္စြဲထားတဲ့ တပ္မေတာ္ တပ္ရင္းက ဒါးလက္ေခ်ာင္းကို ျဖတ္သန္းခြင့္ မျပဳေတာ့တာေၾကာင့္ သြားလာခြင့္ ပိတ္ခံထားရတာ ႏွစ္လေက်ာ္ေနပါၿပီ။

ဒါးလက္ေခ်ာင္းေက်း႐ြာအုပ္စုက ႐ြာေပါင္း ၃၀ ေက်ာ္မွာ အိမ္ေျခ ႏွစ္ေထာင္ေက်ာ္ရွိပါတယ္။ ဒီေက်း႐ြာေတြက စပါးစိုက္ပ်ိဳးေပမယ့္ တိုက္ပြဲေတြရွိေနလို႔ စပါးေတြ မရိတ္သိမ္းႏိုင္ဘဲ ျဖစ္ေနတာပါ။

ဒါေၾကာင့္ ဆန္ကို အမ္းၿမိဳ႕နယ္ကေန ဝယ္ယူစားေသာက္ေနရတာပါ။

ေရလမ္းေၾကာင္း အပိတ္ခံထားလို႔ ကုန္းလမ္းနဲ႔ သြားတဲ့အခါမွာလည္း တပ္မေတာ္က ဆန္ကို အကန႔္အသတ္နဲ႔သာ သယ္ခြင့္ေပးလို႔ အခက္ေတ့ြေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီရက္ပိုင္းထဲ အမ္းၿမိဳ႕နယ္မွာ တိုက္ပြဲမျဖစ္ေပမယ့္ သြားလာခြင့္ေတြကိုေတာ့ ပိတ္ထားဆဲပါ။

ဆန္ တစ္အိတ္၊ ႏွစ္အိတ္ေလာက္ကို ကားငယ္ေတြနဲ႔ တင္လာတာမ်ိဳးရွိေပမယ့္ ဒီထက္မ်ားရင္ေတာ့ တပ္က သယ္ခြင့္မေပးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA ကို ဆန္ရိကၡာေတြ ပို႔မွာစိုးရိမ္လို႔ တပ္မေတာ္က အခုလို ပိတ္ပင္တာလို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္း က သုံးသပ္ပါတယ္။

“ရိကၡာေတြဟာ AA ကိုကူညီေနတယ္။ အဲဒီကိုေရာက္သြားတယ္လို႔ သူတို႔က အထင္နဲ႔ပိတ္တာေပါ့။ အဲဒီနည္းလမ္းက ျပည္သူေတြကို ပိုၿပီးထိခိုက္တယ္။ တစ္ဖက္ကိုထိခိုက္ မထိခိုက္ထက္ ေလာေလာဆယ္ အဲဒီေဒသမွာရွိတဲ့ ေဒသခံေတြကို တိုက္႐ိုက္သြားၿပီး ထိခိုက္တယ္။ အျခားနည္းတစ္နည္းနဲ႔ စစ္ေဆးတာတို႔ လုပ္သင့္တယ္။ ေဒသခံေတြအတြက္ အခက္အခဲ ျဖစ္ရေလာက္ေအာင္အထိ ဒါမ်ိဳးေတာ့ မလုပ္သင့္ဘူးလို႔ ကြၽန္ေတာ္တို႔ကေတာ့ ျမင္တယ္“

တပ္မေတာ္က ဆန္သယ္ယူခြင့္ပိတ္ထားတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းနဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးတို႔ကို RFA က ဆက္သြယ္ေမးျမန္းေပမယ့္ ဖုန္းမကိုင္ပါဘူး။ ရခိုင္ျပည္နယ္က ႐ြာတခ်ိဳ႕ဟာ AA ကို ဆန္ေထာက္ပံ့တယ္လို႔ တပ္ေျပာေရးဆိုခြင့္ရွိသူေတြက မၾကာခဏ စြပ္စြဲေျပာေလ့ရွိပါတယ္။

လူ႔အခြင့္အေရး ျမႇင့္တင္သူမ်ားအဖြဲ႕က ဦးေအာင္ေဇာ္ဦးက ဂ်နီဗာကြန္ဗန္ရွင္းအရ တိုက္ပြဲနယ္ေျမထဲက ေဒသခံေတြရဲ႕ စားနပ္ရိကၡာနဲ႔ အသက္အႏၲရာယ္ကို လုံၿခဳံမႈေပးဖို႔ လက္နက္ကိုင္ အဖြဲ႕အစည္းတိုင္းမွာ တာဝန္ရွိတယ္လို႔ ေထာက္ျပပါတယ္။

“စားဝတ္ေနေရးဆိုတာ လူ႔ရဲ႕အသက္ရွင္ပိုင္ခြင့္ကို သြားၿပီးထိခိုက္ေနတယ္။ အဲဒီအသက္ရွင္ပိုင္ခြင့္ကို ထိခိုက္လာၿပီဆိုရင္ေတာ့ ဒါကေတာ့ လူ႔အခြင့္အေရးကို ႀကီးႀကီးမားမား ခ်ိဳးေဖာက္တဲ့အဆင့္ကို ေရာက္သြားတယ္“

အလားတူ ေက်ာက္ေတာ္နဲ႔ ပလက္၀ အစပ္မွာလည္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ေနတာ ၁၀ ရက္ေလာက္ရွိေနပါၿပီ။ ဒါေၾကာင့္ ကုလားတန္ျမစ္ေၾကာင္းမွာ စက္ေလွေတြ မသြားရဲဘဲ ရပ္နားထားရလို႔ ပလက္ဝၿမိဳ႕နယ္ထဲ ကုန္စည္စီးဆင္းမႈ ရပ္တန႔္ေနတာလည္း တစ္ပတ္ေက်ာ္ေနပါၿပီ။ ပလက္ဝၿမိဳ႕နယ္ထဲမွာလည္း အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္ဝယ္ယူဖို႔ ခက္ခဲေနပါတယ္။

တိုက္ပြဲနယ္ေျမေတြမွာ ရိကၡာသယ္ယူခြင့္ေတြ မၾကာခဏပိတ္ေလ့ရွိတာ၊ နယ္ေျမမတည္ၿငိမ္လို႔ ကုန္စည္စီးဆင္းမႈ ရပ္တန႔္ေနတာဟာ လက္ေတ့ြမွာေတာ့ ေဒသခံျပည္သူေတြကိုသာ ထိခိုက္ေစတာျဖစ္လို႔ ႏွစ္ဖက္လက္နက္ကိုင္ အဖြဲ႕ေတြကို ျပစ္တင္ေဝဖန္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ဆန်သယ်ခွင့်ကန့်သတ်ခံရလို့ အမ်းက ရွာ ၃၀ ကျော် ရိက္ခာခက်ခဲနေ

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် စပါးမရိတ်နိုင်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က ရွာအများအပြားဟာ ဆန်ဝယ်ယူသယ်ဆောင်ရာမှာလည်း တပ်မတော်က ကန့်သတ်ထားလို့ ဒေသခံတွေ ရိက္ခာခက်ခဲနေပါတယ်။

စားနပ်ရိက္ခာ ပြတ်နေလို့ အစားလျှော့စားတာတွေ၊ ဒုက္ခသည်စခန်းမှာ သွားနေသူတွေတောင် ရှိနေပြီလို့ ဒါးလက်ရွာမ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဆန်သုံးဗူးစားတဲ့သူက နှစ်ဗူးပဲစားပြီး လျှော့စားတာမျိုးတွေ၊ နည်းနည်းပါးပါးရှိတဲ့သူတွေဆီက မျှချေးဌားပြီး ပြေလည်ရာပြေလည်ကြောင်း အောင့်အီးပြီးခံနေရတယ်။ စားဝတ်နေရေး အဆင်မပြေလို့ အမ်းဘက်ကို ရွှေ့ပြောင်းတဲ့သူတွေလည်း တော်တော်များများရှိနေပြီ။ ဒါးလက်ရွာဟောင်းအထက်က အိမ်ခြေ ၂၀၀ ကျော်လောက် စားဝတ်နေရေး အဆင်မပြေလို့ အမ်းဒုက္ခသည် စခန်းကို အကုန်ရောက်ကုန်ကြပြီ“

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အမ်းမြို့နယ်ထဲက ကဇုကိုင်းတံတားမှာ တပ်စွဲထားတဲ့ တပ်မတော် တပ်ရင်းက ဒါးလက်ချောင်းကို ဖြတ်သန်းခွင့် မပြုတော့တာကြောင့် သွားလာခွင့် ပိတ်ခံထားရတာ နှစ်လကျော်နေပါပြီ။

ဒါးလက်ချောင်းကျေးရွာအုပ်စုက ရွာပေါင်း ၃၀ ကျော်မှာ အိမ်ခြေ နှစ်ထောင်ကျော်ရှိပါတယ်။ ဒီကျေးရွာတွေက စပါးစိုက်ပျိုးပေမယ့် တိုက်ပွဲတွေရှိနေလို့ စပါးတွေ မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေတာပါ။

ဒါကြောင့် ဆန်ကို အမ်းမြို့နယ်ကနေ ဝယ်ယူစားသောက်နေရတာပါ။

ရေလမ်းကြောင်း အပိတ်ခံထားလို့ ကုန်းလမ်းနဲ့ သွားတဲ့အခါမှာလည်း တပ်မတော်က ဆန်ကို အကန့်အသတ်နဲ့သာ သယ်ခွင့်ပေးလို့ အခက်တေ့ွနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းထဲ အမ်းမြို့နယ်မှာ တိုက်ပွဲမဖြစ်ပေမယ့် သွားလာခွင့်တွေကိုတော့ ပိတ်ထားဆဲပါ။

ဆန် တစ်အိတ်၊ နှစ်အိတ်လောက်ကို ကားငယ်တွေနဲ့ တင်လာတာမျိုးရှိပေမယ့် ဒီထက်များရင်တော့ တပ်က သယ်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ကို ဆန်ရိက္ခာတွေ ပို့မှာစိုးရိမ်လို့ တပ်မတော်က အခုလို ပိတ်ပင်တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က သုံးသပ်ပါတယ်။

“ရိက္ခာတွေဟာ AA ကိုကူညီနေတယ်။ အဲဒီကိုရောက်သွားတယ်လို့ သူတို့က အထင်နဲ့ပိတ်တာပေါ့။ အဲဒီနည်းလမ်းက ပြည်သူတွေကို ပိုပြီးထိခိုက်တယ်။ တစ်ဖက်ကိုထိခိုက် မထိခိုက်ထက် လောလောဆယ် အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေကို တိုက်ရိုက်သွားပြီး ထိခိုက်တယ်။ အခြားနည်းတစ်နည်းနဲ့ စစ်ဆေးတာတို့ လုပ်သင့်တယ်။ ဒေသခံတွေအတွက် အခက်အခဲ ဖြစ်ရလောက်အောင်အထိ ဒါမျိုးတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ကတော့ မြင်တယ်“

တပ်မတော်က ဆန်သယ်ယူခွင့်ပိတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမကိုင်ပါဘူး။ ရခိုင်ပြည်နယ်က ရွာတချို့ဟာ AA ကို ဆန်ထောက်ပံ့တယ်လို့ တပ်ပြောရေးဆိုခွင့်ရှိသူတွေက မကြာခဏ စွပ်စွဲပြောလေ့ရှိပါတယ်။

လူ့အခွင့်အရေး မြှင့်တင်သူများအဖွဲ့က ဦးအောင်ဇော်ဦးက ဂျနီဗာကွန်ဗန်ရှင်းအရ တိုက်ပွဲနယ်မြေထဲက ဒေသခံတွေရဲ့ စားနပ်ရိက္ခာနဲ့ အသက်အန္တရာယ်ကို လုံခြုံမှုပေးဖို့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်လို့ ထောက်ပြပါတယ်။

“စားဝတ်နေရေးဆိုတာ လူ့ရဲ့အသက်ရှင်ပိုင်ခွင့်ကို သွားပြီးထိခိုက်နေတယ်။ အဲဒီအသက်ရှင်ပိုင်ခွင့်ကို ထိခိုက်လာပြီဆိုရင်တော့ ဒါကတော့ လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်တဲ့အဆင့်ကို ရောက်သွားတယ်“

အလားတူ ကျောက်တော်နဲ့ ပလက်၀ အစပ်မှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်လောက်ရှိနေပါပြီ။ ဒါကြောင့် ကုလားတန်မြစ်ကြောင်းမှာ စက်လှေတွေ မသွားရဲဘဲ ရပ်နားထားရလို့ ပလက်ဝမြို့နယ်ထဲ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာလည်း တစ်ပတ်ကျော်နေပါပြီ။ ပလက်ဝမြို့နယ်ထဲမှာလည်း အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဝယ်ယူဖို့ ခက်ခဲနေပါတယ်။

တိုက်ပွဲနယ်မြေတွေမှာ ရိက္ခာသယ်ယူခွင့်တွေ မကြာခဏပိတ်လေ့ရှိတာ၊ နယ်မြေမတည်ငြိမ်လို့ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာဟာ လက်တေ့ွမှာတော့ ဒေသခံပြည်သူတွေကိုသာ ထိခိုက်စေတာဖြစ်လို့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေကို ပြစ်တင်ဝေဖန်နေကြပါတယ်။

RFA Burmese
https://www.rfa.org
ဆန္သယ္ခြင့္ကန႔္သတ္ခံရလို႔ အမ္းက ႐ြာ ၃၀ ေက်ာ္ ရိကၡာခက္ခဲေန ဆန္သယ္ခြင့္ကန႔္သတ္ခံရလို႔ အမ္းက ႐ြာ ၃၀ ေက်ာ္ ရိကၡာခက္ခဲေန Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.