ကို႐ိုနာဗိုင္းရပ္စ္ - တ႐ုတ္ႏိုင္ငံသားေတြကို ထိုင္ဝမ္ဝင္ခြင့္ပိတ္

 ထိုင္၀မ္ကြၽန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တားဆီးေရးတိုးျမႇင့္လိုက္
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တားဆီးႏိုင္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံသားေတြ ထိုင္ဝမ္ကြၽန္းကို ဝင္ခြင့္ပိတ္လိုက္ပါတယ္။

လတ္တေလာ တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကာအိုတို႔ကို သြားေရာက္ခဲ့သူေတြ ထိုင္ဝမ္ကို ဝင္မယ္ဆိုရင္လည္း ႏွစ္ပတ္သီးသန႔္ခြဲထား ေစာင့္ၾကည့္မယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ထိုင္ဝမ္ကြၽန္းမွာ ဆိုက္ကပ္မယ့္ ႏိုင္ငံတကာ ခရီးသည္တင္သေဘၤာေတြကိုလည္း တားျမစ္လိုက္ပါတယ္။

အခုခ်ိန္ထိ ထိုင္ဝမ္မွာ ကူးစက္မႈ ၁၁ ခု ရွိပါတယ္။

အေမရိကန္၊ ၾသစေၾတးလ်နဲ႔ စင္ကာပူတို႔ကလည္း အလားတူ တားျမစ္ခ်က္ေတြ ေၾကညာထားပါတယ္။

တ႐ုတ္ႏိုင္ငံမွာေတာ့ ေဒသအာဏာပိုင္ေတြက သူတို႔ျပည္သူေတြကို ခရီးသြားလာတာေတြကို တားျမစ္ထားပါတယ္။

ကူးစက္မႈေၾကာင့္ တ႐ုတ္မွာ ေသဆုံးသူ ၅၆၀ ေက်ာ္ရွိၿပီး ကူးစက္ခံထားရသူေပါင္း ၂၈၀၀၀ ေက်ာ္ရွိေနပါၿပီ။

တျခားႏိုင္ငံေတြမွာ ဗိုင္းရပ္စ္ကူးစက္မႈ ကာကြယ္ေရး ထပ္တိုး လုပ္ေဆာင္ေနတာေတြ-

အိႏၵိယ - တ႐ုတ္ဗီဇာအားလုံးကို ပယ္ဖ်က္လိုက္ပါၿပီ။ ဒါေၾကာင့္ ဝင္ခြင့္ျပန္ဖြင့္ေပးတဲ့အခါ အိႏၵိယကိုလာဖို႔ ဗီဇာေနာက္ထပ္ ထပ္ေလွ်ာက္ အစစ္ေဆးခံရပါမယ္။

AFP/Getty Images
ဂ်ပန္ - ဂ်ပန္ ယိုကိုဟားမား ဆိပ္ကမ္းမွာ ရပ္နားၿပီး သီးသန႔္ခြဲထား ေစာင့္ၾကည့္ခံေနရတဲ့ ခရီးသည္တင္သေဘၤာက လူေတြ ထဲမွာ ေနာက္ထပ္ ၁၀ ေယာက္မွာ ဗိုင္းရပ္စ္ကူးစက္ခံရတာ ေတြ႕ခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီသေဘၤာက စုစုေပါင္း လူ ၂၀ မွာ ကူးစက္ခံေနရၿပီ ျဖစ္ပါတယ္။ လူ ၃၇၀၀ ပါတဲ့ အဲဒီသေဘၤာေပၚကေန ေဟာင္ေကာင္မွာ ဆင္းခဲ့တဲ့ တစ္ေယာက္မွာ ကူးစက္ခံေနရတာကို ေတြ႕ခဲ့ၿပီးေနာက္မွာ အဲဒီက လူေတြကို ခြဲထားေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။

ေဟာင္ေကာင္ - ေဟာင္ေကာင္ေဒသခံေတြအပါအဝင္ တ႐ုတ္ကဝင္လာသူေတြကို ႏွစ္ပတ္ခြဲထားေစာင့္ၾကည့္မယ္လို႔ မေန႔က ေၾကညာထားပါတယ္။

ခရီးသည္ ၃၆၀၀ ပါတဲ့ ခရီးသည္ သေဘၤာတင္က ခရီးသည္ သုံးေယာက္မွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရတာေတြ႕လို႔ ဒီသေဘၤာကလူေတြကို သေဘၤာေပၚက ဆင္းခြင့္မေပးဘဲ ဝင္ခြင့္တားျမစ္ထားပါတယ္။

ေဆာ္ဒီအာေရးဘီးယား - ႏိုင္ငံသားေတြနဲ႔ သူ႔ႏိုင္ငံထဲမွာ ေနထိုင္သူေတြကို တ႐ုတ္ကို မသြားဖို႔ တားျမစ္လိုက္ပါတယ္။

အေမရိကန္ - တ႐ုတ္ ဝူဟန္မွာ ပိတ္မိေနတဲ့ အေမရိကန္ ၃၅၀ ကို ေလယာဥ္နဲ႔ ျပန္ေခၚၿပီး ကယ္လီဖိုးနီးယားက စစ္စခန္း ႏွစ္ခုမွာ ႏွစ္ပတ္သီးသန႔္ခြဲထားေစာင့္ၾကည့္ေနပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ တ႐ုတ္ႏိုင္ငံသားေတြကို ဆိုက္ေရာက္ဗီဇာေပးေနတာကို ေဖေဖာ္ဝါရီကစလို႔ ယာယီ ရပ္ဆိုင္းထားပါတယ္။

တ႐ုတ္အာဏာပိုင္ေတြကေတာ့ ကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ေရးအတြက္ အဓိက ကူးစက္မႈ ျဖစ္ေနတဲ့ ဝူဟန္မွာ ေဆး႐ုံအသစ္ႏွစ္ခု အလ်င္အျမန္တည္ေဆာက္ခဲ့ၿပီး အားကစား႐ုံနဲ႔ စုေဝးခန္းမွ ၁၁ ခုကို ေဆး႐ုံအျဖစ္ အေရးေပၚ ေျပာင္းလဲခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - တရုတ်နိုင်ငံသားတွေကို ထိုင်ဝမ်ဝင်ခွင့်ပိတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်ဝမ်ကျွန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးတိုးမြှင့်လိုက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တားဆီးနိုင်ဖို့အတွက် တရုတ်နိုင်ငံသားတွေ ထိုင်ဝမ်ကျွန်းကို ဝင်ခွင့်ပိတ်လိုက်ပါတယ်။

လတ်တလော တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို သွားရောက်ခဲ့သူတွေ ထိုင်ဝမ်ကို ဝင်မယ်ဆိုရင်လည်း နှစ်ပတ်သီးသန့်ခွဲထား စောင့်ကြည့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်ဝမ်ကျွန်းမှာ ဆိုက်ကပ်မယ့် နိုင်ငံတကာ ခရီးသည်တင်သင်္ဘောတွေကိုလည်း တားမြစ်လိုက်ပါတယ်။

အခုချိန်ထိ ထိုင်ဝမ်မှာ ကူးစက်မှု ၁၁ ခု ရှိပါတယ်။

အမေရိကန်၊ သြစတြေးလျနဲ့ စင်ကာပူတို့ကလည်း အလားတူ တားမြစ်ချက်တွေ ကြေညာထားပါတယ်။

တရုတ်နိုင်ငံမှာတော့ ဒေသအာဏာပိုင်တွေက သူတို့ပြည်သူတွေကို ခရီးသွားလာတာတွေကို တားမြစ်ထားပါတယ်။

ကူးစက်မှုကြောင့် တရုတ်မှာ သေဆုံးသူ ၅၆၀ ကျော်ရှိပြီး ကူးစက်ခံထားရသူပေါင်း ၂၈၀၀၀ ကျော်ရှိနေပါပြီ။

တခြားနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေး ထပ်တိုး လုပ်ဆောင်နေတာတွေ-

အိန္ဒိယ - တရုတ်ဗီဇာအားလုံးကို ပယ်ဖျက်လိုက်ပါပြီ။ ဒါကြောင့် ဝင်ခွင့်ပြန်ဖွင့်ပေးတဲ့အခါ အိန္ဒိယကိုလာဖို့ ဗီဇာနောက်ထပ် ထပ်လျှောက် အစစ်ဆေးခံရပါမယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images

ဂျပန် - ဂျပန် ယိုကိုဟားမား ဆိပ်ကမ်းမှာ ရပ်နားပြီး သီးသန့်ခွဲထား စောင့်ကြည့်ခံနေရတဲ့ ခရီးသည်တင်သင်္ဘောက လူတွေ ထဲမှာ နောက်ထပ် ၁၀ ယောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာ တွေ့ခဲ့ပါတယ်။ ဒါကြောင့် အဲဒီသင်္ဘောက စုစုပေါင်း လူ ၂၀ မှာ ကူးစက်ခံနေရပြီ ဖြစ်ပါတယ်။ လူ ၃၇၀၀ ပါတဲ့ အဲဒီသင်္ဘောပေါ်ကနေ ဟောင်ကောင်မှာ ဆင်းခဲ့တဲ့ တစ်ယောက်မှာ ကူးစက်ခံနေရတာကို တွေ့ခဲ့ပြီးနောက်မှာ အဲဒီက လူတွေကို ခွဲထားစောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဟောင်ကောင် - ဟောင်ကောင်ဒေသခံတွေအပါအဝင် တရုတ်ကဝင်လာသူတွေကို နှစ်ပတ်ခွဲထားစောင့်ကြည့်မယ်လို့ မနေ့က ကြေညာထားပါတယ်။

ခရီးသည် ၃၆၀၀ ပါတဲ့ ခရီးသည် သင်္ဘောတင်က ခရီးသည် သုံးယောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတာတွေ့လို့ ဒီသင်္ဘောကလူတွေကို သင်္ဘောပေါ်က ဆင်းခွင့်မပေးဘဲ ဝင်ခွင့်တားမြစ်ထားပါတယ်။

ဆော်ဒီအာရေးဘီးယား - နိုင်ငံသားတွေနဲ့ သူ့နိုင်ငံထဲမှာ နေထိုင်သူတွေကို တရုတ်ကို မသွားဖို့ တားမြစ်လိုက်ပါတယ်။

အမေရိကန် - တရုတ် ဝူဟန်မှာ ပိတ်မိနေတဲ့ အမေရိကန် ၃၅၀ ကို လေယာဉ်နဲ့ ပြန်ခေါ်ပြီး ကယ်လီဖိုးနီးယားက စစ်စခန်း နှစ်ခုမှာ နှစ်ပတ်သီးသန့်ခွဲထားစောင့်ကြည့်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးနေတာကို ဖေဖော်ဝါရီကစလို့ ယာယီ ရပ်ဆိုင်းထားပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အဓိက ကူးစက်မှု ဖြစ်နေတဲ့ ဝူဟန်မှာ ဆေးရုံအသစ်နှစ်ခု အလျင်အမြန်တည်ဆောက်ခဲ့ပြီး အားကစားရုံနဲ့ စုဝေးခန်းမှ ၁၁ ခုကို ဆေးရုံအဖြစ် အရေးပေါ် ပြောင်းလဲခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - တ႐ုတ္ႏိုင္ငံသားေတြကို ထိုင္ဝမ္ဝင္ခြင့္ပိတ္ ကို႐ိုနာဗိုင္းရပ္စ္ - တ႐ုတ္ႏိုင္ငံသားေတြကို ထိုင္ဝမ္ဝင္ခြင့္ပိတ္ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.