တိုက္ပြဲေၾကာင့္ ပလက္ဝ-ေက်ာက္ေတာ္ လိုင္းဘုတ္ ခရီးသည္ ၇၀ ေက်ာ္ႏွင့္အတူလမ္းတြင္ ညအိပ္ရပ္နားေနရ

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ေဖေဖာ္ရီလ ၆/ ၂၀၂၀

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕မွ ေက်ာက္ေတာ္ၿမိဳ႕သို႔ ေျပးဆြဲလာသည့္ ခရီးသည္ ၇၀ ေက်ာ္ တင္ေဆာင္လာသည့္ ေမာ္ေတာ္ဘုတ္တစ္စီးသည္ တိုက္ပြဲေၾကာင့္ လမ္းတြင္ ညအိပ္ ရပ္နားေနရေၾကာင္း သတင္းရရွိသည္။

၎လိုင္းဘုတ္သည္ ပလက္ဝမွ ေက်ာက္ေတာ္သို႔ ယေန႔ နံနက္ ၈ နာရီခန္႔က ကုလားတန္ ျမစ္ေၾကာင္း အတိုင္း ေမာင္းႏွင္လာစဥ္ နံနက္ ၁၁ နာရီခန္႔တြင္ ေက်ာက္ေတာ္ျမိဳ႕နယ္အစပ္ တင္းမေက်းရြာ အနီး အေရာက္တြင္ တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ေရွ႕ဆက္မသြားႏိုင္ဘဲ ရပ္နားထားရေၾကာင္း လိုင္းဘုတ္ေမာင္းသူ ကိုမ်ိဳးဆန္းက နိရဥၥရာသို႔ ဖုန္းဆက္ ေျပာဆိုသည္။

ကိုမ်ိဳးဆန္းက “ တင္းမေအာက္က အေကြ႔ ကြ်န္းတစ္ကၽြန္းရွိတယ္။ အဲဒီ အနီး၀န္းက်င္မွာ ျဖစ္ေနၾကတယ္။ က်ေနာ္တို႔က အဲဒီနားကေန သြားလို႔မရေတာ့လို႔ ရပ္နားလိုက္ရတာပါ။ တင္းမရြာမွာ ေရာက္ေနပါျပီ။ တင္းမကရြာသားေတြပါ၊ ဆရာေတာ္ကပါ မထြက္နဲ႔ေတာ့လို႔ တားထားတဲ့ အတြက္ ဒီတင္းမရြာမွာဘဲ ညအိပ္ရမယ္” ဟု ေျပာသည္။

ေက်ာက္ေတာ္ျမိဳ႕နယ္ တင္းမေက်းရြာႏွင့္ ပလက္ဝျမိဳ႕နယ္ လိပ္ေခါင္းေက်းရြာအနီး ျမန္မာ့ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ၾကား တိုက္ပြဲအျပန္အလွန္ ျပင္းထန္စြာ ျဖစ္ပြား ေနသည္ဟု မီးဝေက်းရြာမွ ေက်ာက္ေတာ္ျမိဳ႕သုိ႔ ၎ဘုတ္ျဖင့္လာသည့္ ခရီးသည္ တစ္ဦးက ေျပာသည္။

“က်ေနာ္က မီးဝကေနလာတာ။ ဒီမွာ တိုက္ပြဲျဖစ္မယ္လို႔လည္း မထင္ဘူးေလ။ သတင္းကေတာ့ နည္းနည္းေလးေတာ့ၾကားတယ္။ ဒါေပမဲ့ ဒီေလာက္ျပင္းျပင္းထန္ထန္လို႔ေတာ့မထင္။ မထင္လို႔ လိုက္လာတယ္။ လိုက္လာေတာ့ သူတုိ႔က လက္နက္ၾကီးေတြနဲ႔ ထုတယ္။ ေကာင္းကင္ေပၚ မွာေတာင္ မီးခိုးေတြ အူထြက္က်န္ခဲ႔တယ္။ ဆက္သြားလို႔လည္း အဆင္ေျပမွာ မဟုတ္ေတာ့ဘူး ဆိုျပီး တင္းမမွာဘဲ ဘုတ္ကို ကပ္လိုက္တယ္” ဟု ၎ ခရီးသည္က ေျပာသည္။

ယေန႔ည တင္းမေက်းရြာတြင္ညအိပ္ၾကမည္ျဖစ္ေသာ္လည္း မနက္မိုးလင္းလွ်င္လည္း သြားႏိုင္မည္ မသြားႏိုင္မည္ကို တိတိက်က် မေျပာႏိုင္ေသးေၾကာင္း၊ တိုက္ပြဲ ျဖစ္ပြားမႈ ရွိ/မရိွ အေပၚတြင္ မူတည္ေၾကာင္း ေျပာၾကားသည္။

ပလက္ဝၿမိဳ႕နယ္ လိပ္ေခါင္းေက်းရြာတံတားဦး ဗ်ဴဟာကုန္း အနီးယေန႔ ညေန ၃ နာရီ ၂၅ မိနစ္ခန္႔က စတင္ျပီး ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ အၾကား ေနာက္ထပ္ တစ္ၾကိမ္ တိုက္ပြဲ အျပန္အလွန္ ျပင္းထန္စြာျဖစ္ပြားခဲ့ျပီး ညေန ၄ နာရီ မိနစ္ ၄၀ ခန္႔တြင္ ရပ္သြားေၾကာင္း၊ ေနာက္ထပ္ တစ္ဖန္ ညေန ၅ နာရီခန္႔တြင္ ထပ္မံျဖစ္ေနေၾကာင္း ေဒသခံေက်းရြာသားမ်ားက ေျပာသည္။

ယေန႔ ညေန ၃ နာရီခြဲခန္႔က နိရဥၥရာသတင္းဌာနက လိပ္ေခါင္းေက်းရြာသားတစ္ဦးအား ဆက္သြယ္ ေမးျမန္းရာ “ အခုအျပန္အလွန္ျဖစ္ေနၾကတယ္။ အခု ငါတုိ႔ စစ္ေဘးေရွာင္ေတာ့မယ္။ ဝက္မ၊ ငျမင္းေတာင္ဘက္ကို ေျပးဖို႔လုပ္ေနတယ္။ ဒီမွာေနလို႔ကေတာ့ ငါတုိ႔အတြက္ အခက္အခဲ ရွိတယ္။ ၾကားမွာက်ပ္ေနတယ္။ သြားလို႔မရ လာလို႔မရ အခုအနီးမွာျဖစ္ေနတယ္။ အသံၾကား ေနရတယ္” ဟု ေျပာၾကားသည္။

--------------------

Unicode:

တိုက်ပွဲကြောင့် ပလက်ဝ-ကျောက်တော် လိုင်းဘုတ် ခရီးသည် ၇၀ ကျော်နှင့်အတူလမ်းတွင် ညအိပ်ရပ်နားနေရ

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ရီလ ၆/ ၂၀၂၀

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ပြေးဆွဲလ်သည့် ခရီးသည် ၇၀ ကျော် တင်ဆောင်လာသည့် မော်တော်ဘုတ်တစ်စီးသည် တိုက်ပွဲကြောင့် လမ်းတွင် ညအိပ် ရပ်နားနေရကြောင်း သတင်းရရှိသည်။

၎င်းလိုင်းဘုတ်သည် ပလက်ဝမှ ကျောက်တော်သို့ ယနေ့ နံနက် ၈ နာရီခန့်က ကုလားတန် မြစ်ကြောင်း အတိုင်း မောင်းနှင်လာစဉ် နံနက် ၁၁ နာရီခန့်တွင် ကျောက်တော်မြို့နယ်အစပ် တင်းမကျေးရွာ အနီး အရောက်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ရပ်နားထားရကြောင်း လိုင်းဘုတ်မောင်းသူ ကိုမျိုးဆန်းက နိရဥ္စရာသို့ ဖုန်းဆက် ပြောဆိုသည်။

ကိုမျိုးဆန်းက “ တင်းမအောက်က အကွေ့ ကျွန်းတစ်ကျွန်းရှိတယ်။ အဲဒီ အနီးဝန်းကျင်မှာ ဖြစ်နေကြတယ်။ ကျနော်တို့က အဲဒီနားကနေ သွားလို့မရတော့လို့ ရပ်နားလိုက်ရတာပါ။ တင်းမရွာမှာ ရောက်နေပါပြီ။ တင်းမကရွာသားတွေပါ၊ ဆရာတော်ကပါ မထွက်နဲ့တော့လို့ တားထားတဲ့ အတွက် ဒီတင်းမရွာမှာဘဲ ညအိပ်ရမယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာနှင့် ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာအနီး မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲအပြန်အလှန် ပြင်းထန်စွာ ဖြစ်ပွား နေသည်ဟု မီးဝကျေးရွာမှ ကျောက်တော်မြို့သို့ ၎င်းဘုတ်ဖြင့်လာသည့် ခရီးသည် တစ်ဦးက ပြောသည်။

“ကျနော်က မီးဝကနေလာတာ။ ဒီမှာ တိုက်ပွဲဖြစ်မယ်လို့လည်း မထင်ဘူးလေ။ သတင်းကတော့ နည်းနည်းလေးတော့ကြားတယ်။ ဒါပေမဲ့ ဒီလောက်ပြင်းပြင်းထန်ထန်လို့တော့မထင်။ မထင်လို့ လိုက်လာတယ်။ လိုက်လာတော့ သူတို့က လက်နက်ကြီးတွေနဲ့ ထုတယ်။ ကောင်းကင်ပေါ် မှာတောင် မီးခိုးတွေ အူထွက်ကျန်ခဲ့တယ်။ ဆက်သွားလို့လည်း အဆင်ပြေမှာ မဟုတ်တော့ဘူး ဆိုပြီး တင်းမမှာဘဲ ဘုတ်ကို ကပ်လိုက်တယ်” ဟု ၎င်း ခရီးသည်က ပြောသည်။

ယနေ့ည တင်းမကျေးရွာတွင်ညအိပ်ကြမည်ဖြစ်သော်လည်း မနက်မိုးလင်းလျှင်လည်း သွားနိုင်မည် မသွားနိုင်မည်ကို တိတိကျကျ မပြောနိုင်သေးကြောင်း၊ တိုက်ပွဲ ဖြစ်ပွားမှု ရှိ/မရှိ အပေါ်တွင် မူတည်ကြောင်း ပြောကြားသည်။

ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာတံတားဦး ဗျူဟာကုန်း အနီးယနေ့ ညနေ ၃ နာရီ ၂၅ မိနစ်ခန့်က စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား နောက်ထပ် တစ်ကြိမ် တိုက်ပွဲ အပြန်အလှန် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၄၀ ခန့်တွင် ရပ်သွားကြောင်း၊ နောက်ထပ် တစ်ဖန် ညနေ ၅ နာရီခန့်တွင် ထပ်မံဖြစ်နေကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ယနေ့ ညနေ ၃ နာရီခွဲခန့်က နိရဥ္စရာသတင်းဌာနက လိပ်ခေါင်းကျေးရွာသားတစ်ဦးအား ဆက်သွယ် မေးမြန်းရာ “ အခုအပြန်အလှန်ဖြစ်နေကြတယ်။ အခု ငါတို့ စစ်ဘေးရှောင်တော့မယ်။ ဝက်မ၊ ငမြင်းတောင်ဘက်ကို ပြေးဖို့လုပ်နေတယ်။ ဒီမှာနေလို့ကတော့ ငါတို့အတွက် အခက်အခဲ ရှိတယ်။ ကြားမှာကျပ်နေတယ်။ သွားလို့မရ လာလို့မရ အခုအနီးမှာဖြစ်နေတယ်။ အသံကြား နေရတယ်” ဟု ပြောကြားသည်။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
တိုက္ပြဲေၾကာင့္ ပလက္ဝ-ေက်ာက္ေတာ္ လိုင္းဘုတ္ ခရီးသည္ ၇၀ ေက်ာ္ႏွင့္အတူလမ္းတြင္ ညအိပ္ရပ္နားေနရ တိုက္ပြဲေၾကာင့္ ပလက္ဝ-ေက်ာက္ေတာ္ လိုင္းဘုတ္ ခရီးသည္ ၇၀ ေက်ာ္ႏွင့္အတူလမ္းတြင္ ညအိပ္ရပ္နားေနရ Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.