ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တစ္ရက္အတြင္း ႏွစ္ဆတက္သြားတယ္လို႔ ေတာင္ကိုရီးယားေျပာ

 ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆုံးသူ ႏွစ္ဦးရွိ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ တစ္ရက္အတြင္း ႏွစ္ဆတက္လာတယ္လို႔ ေတာင္ကိုရီးယား အစိုးရက ေျပာလိုက္ပါတယ္။

ကူးစက္မႈ အသစ္ ၂၂၉ ခု ထပ္ေတြ႕ခဲ့တယ္လို႔ တာဝန္ရွိသူေတြက စေနေန႔မွာ ေျပာလိုက္တဲ့အတြက္ ကူးစက္မႈ စုစုေပါင္း ၄၃၃ ခု ရွိသြားျဖစ္ပါတယ္။

က်န္းမာေရး ဒုဝန္ႀကီး ကင္ ဂန္လစ္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ အေရးႀကီးတဲ့ အေျခအေနသစ္ တစ္ခုဆီ ေရာက္လာၿပီလို႔ ေျပာလိုက္ပါတယ္။

ဒီကူးစက္မႈအသစ္ေတြထဲက အမ်ားစုဟာ ေဆး႐ုံတစ္ခုနဲ႔ ပတ္သက္ေနၿပီး ေနာက္ထပ္ ဆက္ႏႊယ္ေနတဲ့ ေနရာကေတာ့ ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ေဒဂူးနားက ဘာသာေရး အုပ္စု တစ္ခုျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ ကူးစက္ခံရသူ ႏွစ္ေယာက္ ေသဆုံးသြားၿပီး ကူးစက္မႈေတြမ်ားလာမွာကို စိုးရိမ္ေနၾကပါတယ္။

အဲဒီေဆး႐ုံရွိတဲ့ ခ်ဳံဒူး နဲ႔ အနီးအနားက ေဒဂူးတို႔ကို အထူးသတိထားရမယ့္ ေနရာအျဖစ္ ေၾကညာထားၿပီး ေဒဂူးက လမ္းေတြမွာ လူသူအသြားအလာ အမ်ားႀကီး ေလ်ာ့က်သြားပါတယ္။

အခုလို ကူးစက္မႈ ျမင့္တက္ခဲ့တဲ့အတြက္ ေတာင္ကိုရီးယားဟာ တ႐ုတ္ႏိုင္ငံ ျပင္ပ ကူးစက္မႈ အမ်ားဆုံးရွိတဲ့ ေနရာ ျဖစ္လာပါတယ္။

တ႐ုတ္မွာ ကူးစက္သူ ၇၆,၂၈၈ ရွိၿပီး ေသဆုံးသူ ၂၃၄၅ ေယာက္ရွိပါတယ္။

ဂ်ပန္မွာ ကမ္းကပ္ထားရတဲ့ Diamond Princess ခရီးသည္တင္သေဘၤာမွာလည္း ကူးစက္သူ ၆၀၀ ေက်ာ္ ရွိပါတယ္။

တ႐ုတ္မွာေတာ့ ကူးစက္သူနဲ႔ ေသဆုံးသူ ေလ်ာ့လာတယ္လို႔ တ႐ုတ္ က်န္းမာေရး တာဝန္ရွိသူေတြက စေနေန႔မွာ ေျပာပါတယ္။

ကူးစက္မႈ အသစ္ေတြဟာ တ႐ုတ္နဲ႔ ဒါမွမဟုတ္ အရင္ ကူးစက္ထားသူေတြနဲ႔ ဆိုင္သလားဆိုတာ မရွင္းလင္းေသးဘူးလို႔ ကမာၻ႔က်န္းမာေရး အဖြဲ႕ WHO ရဲ႕ အႀကီးအကဲက ေျပာပါတယ္။

အဲဒါေၾကာင့္ ဒီကူးစက္မႈအတြက္ က်န္းမာေရး စနစ္ အားနည္းတဲ့ ႏိုင္ငံေတြ အထူးသျဖင့္ အာဖရိက ႏိုင္ငံေတြအတြက္ စိတ္ပူပန္မိတယ္လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံျပင္ပ ႏိုင္ငံေပါင္း ၂၆ ႏိုင္ငံမွာ ကူးစက္မႈ ၁၂၀၀ ေက်ာ္ ရွိေနၿပီး ေသဆုံးသူ ၈ ဦး ရွိၿပီလို႔ WHO က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ရက်အတွင်း နှစ်ဆတက်သွားတယ်လို့ တောင်ကိုရီးယားပြော

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ တစ်ရက်အတွင်း နှစ်ဆတက်လာတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောလိုက်ပါတယ်။

ကူးစက်မှု အသစ် ၂၂၉ ခု ထပ်တွေ့ခဲ့တယ်လို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောလိုက်တဲ့အတွက် ကူးစက်မှု စုစုပေါင်း ၄၃၃ ခု ရှိသွားဖြစ်ပါတယ်။

ကျန်းမာရေး ဒုဝန်ကြီး ကင် ဂန်လစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အရေးကြီးတဲ့ အခြေအနေသစ် တစ်ခုဆီ ရောက်လာပြီလို့ ပြောလိုက်ပါတယ်။

ဒီကူးစက်မှုအသစ်တွေထဲက အများစုဟာ ဆေးရုံတစ်ခုနဲ့ ပတ်သက်နေပြီး နောက်ထပ် ဆက်နွှယ်နေတဲ့ နေရာကတော့ နိုင်ငံ အရှေ့တောင်ပိုင်း ဒေဂူးနားက ဘာသာရေး အုပ်စု တစ်ခုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယားမှာ ကူးစက်ခံရသူ နှစ်ယောက် သေဆုံးသွားပြီး ကူးစက်မှုတွေများလာမှာကို စိုးရိမ်နေကြပါတယ်။

အဲဒီဆေးရုံရှိတဲ့ ချုံဒူး နဲ့ အနီးအနားက ဒေဂူးတို့ကို အထူးသတိထားရမယ့် နေရာအဖြစ် ကြေညာထားပြီး ဒေဂူးက လမ်းတွေမှာ လူသူအသွားအလာ အများကြီး လျော့ကျသွားပါတယ်။

အခုလို ကူးစက်မှု မြင့်တက်ခဲ့တဲ့အတွက် တောင်ကိုရီးယားဟာ တရုတ်နိုင်ငံ ပြင်ပ ကူးစက်မှု အများဆုံးရှိတဲ့ နေရာ ဖြစ်လာပါတယ်။

    မြောက်ကိုရီးယား ဗိုလ်ကြီး ဇာတ်လမ်းတွဲကို အသက်သွင်းပေးခဲ့တဲ့ အပြင်က ဗိုလ်ကြီး
    ရုပ်ရှင်မဟုတ်တဲ့ တောင်ကိုရီးယား မြေအောက်ခန်းက ဘဝတွေ
    ပါရာဆိုက်ရုပ်ရှင်ကို အော်စကာပေးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်
    ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေမှာ အမှားအယွင်း ရှိနေလား

တရုတ်မှာ ကူးစက်သူ ၇၆,၂၈၈ ရှိပြီး သေဆုံးသူ ၂၃၄၅ ယောက်ရှိပါတယ်။

ဂျပန်မှာ ကမ်းကပ်ထားရတဲ့ Diamond Princess ခရီးသည်တင်သင်္ဘောမှာလည်း ကူးစက်သူ ၆၀၀ ကျော် ရှိပါတယ်။

တရုတ်မှာတော့ ကူးစက်သူနဲ့ သေဆုံးသူ လျော့လာတယ်လို့ တရုတ် ကျန်းမာရေး တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

ကူးစက်မှု အသစ်တွေဟာ တရုတ်နဲ့ ဒါမှမဟုတ် အရင် ကူးစက်ထားသူတွေနဲ့ ဆိုင်သလားဆိုတာ မရှင်းလင်းသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ အကြီးအကဲက ပြောပါတယ်။

အဲဒါကြောင့် ဒီကူးစက်မှုအတွက် ကျန်းမာရေး စနစ် အားနည်းတဲ့ နိုင်ငံတွေ အထူးသဖြင့် အာဖရိက နိုင်ငံတွေအတွက် စိတ်ပူပန်မိတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၆ နိုင်ငံမှာ ကူးစက်မှု ၁၂၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၈ ဦး ရှိပြီလို့ WHO က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တစ္ရက္အတြင္း ႏွစ္ဆတက္သြားတယ္လို႔ ေတာင္ကိုရီးယားေျပာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တစ္ရက္အတြင္း ႏွစ္ဆတက္သြားတယ္လို႔ ေတာင္ကိုရီးယားေျပာ Reviewed by THITHTOOLWIN on 06:22 Rating: 5
Powered by Blogger.