တ႐ုတ္ႏိုင္ငံသားတဦး မူဆယ္တြင္ ေသဆုံးခဲ့

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၆၊ ၂၀၂၀

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ တြင္ တ႐ုတ္ႏိုင္ငံသားတဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ေသဆုံးသည့္ တ႐ုတ္ႏိုင္ငံသား ၏ အ႐ိုးျပာ ကို ေသဆုံးသူ၏ ေဆြမ်ိဳးထံ ယမန္ေန႔ တြင္ လႊဲေပးခဲ့ေၾကာင္း မူဆယ္ၿမိဳ႕ ဂ႐ုဏာလူမႈကူညီေရးအသင္းမွ ဦးေသာင္းထြန္း က ေျပာသည္။

“ နယ္စပ္ေဒသ ျဖစ္ေတာ့ အဖြဲ႕အစည္းေပါင္းစုံနဲ႔ ဆက္စပ္ေနတယ္။ ေဆး႐ုံရဲ႕ ေဆးစစ္ခ်က္ ကေတာ့ တာ့ ႏွလုံးေရာဂါနဲ႔ အဆုတ္ေရာင္လို႔သတ္မွတ္တယ္။ အဆုတ္ TB ေရာဂါလို႔ သတ္မွတ္တယ္” ဟု ဦးေသာင္းထြန္း ကေျပာသည္။

ထို ေသဆုံးသည့္ တ႐ုတ္ႏိုင္ငံသားသည္ တ႐ုတ္ႏိုင္ငံမည္သည့္ၿမိဳ႕တြင္ ေနထိုင္သည္ ကို မသိရွိေၾကာင္း ဦးေသာင္းထြန္း က ဆက္လက္ေျပာသည္။

အဆိုပါ ျဖစ္စဥ္သည္ လြန္ခဲ့သည့္ ၄ရက္ေန႔ တြင္ျဖစ္ပြားခဲ့ကာ ေသဆုံးသူ၏ အ႐ိုးျပာအိုး ကို ယမန္ေန႔ (ေဖေဖာ္ဝါရီ ၅)ရက္ေန႔တြင္ ျပန္လည္လႊဲအပ္ေပးခဲ့ေၾကာင္းသိရသည္။

တ႐ုတ္ႏိုင္ငံသား မူဆယ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ လာေရာက္ေသဆုံးမႈ ႏွင့္ ပတ္သက္ၿပီး မူဆယ္ၿမိဳ႕ ေဆး႐ုံအုပ္ကို သွ်မ္းသံေတာ္ဆင့္ က ႀကိဳးစားဆက္သြယ္ေမးျမန္းေသာ္လည္း မရခဲ့ေပ။

ထို႔ျပင္ တ႐ုတ္ႏိုင္ငံ အစိုးရ မွလည္း တ႐ုတ္ႏိုင္ငံတြင္ လက္တေလာ အေရးေပၚ ျဖစ္ပြားေနသည့္ Novel Corona Virus (ႏိုဗယ္လ္ ခို႐ိုနာ ဗိုင္းရပ္စ္) သံသယ ရွိသူတ႐ုတ္ႏိုင္ငံသား ၅ဦး တ႐ုတ္- ျမန္မာနယ္စပ္ မူဆယ္ၿမိဳထဲသို႔ေရာက္ရွိေနသည့္ ဟု ထုတ္ျပန္ေၾကညာထားသည္။

ထို ကူးစက္ခံရသူ ၅ဦးသည္ ဝူဟန္ၿမိဳ႕ မွ တ႐ုတ္ႏိုင္ငံသား ၅ဦး သည္ ေ႐ႊလီသို႔ ေရာက္လာၿပီး၊ ေ႐ႊလီၿမိဳ႕ မွတဆင့္ မူဆယ္ၿမိဳ႕သို႔ ေရာက္ရွိေနသျဖင့္ ေတြ႕ရွိပါက တ႐ုတ္ႏိုင္ငံဘက္သို႔ အေၾကာင္းၾကားေပးရန္ ႏွင့္ မေတြ႕ရွိ မီ ေရာဂါကူးစက္မခံရေစရန္ ဂ႐ုစိုက္ၾကရန္ လည္း တ႐ုတ္အစိုးရ က ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕ရဲဌာနကို အေၾကာင္းၾကားထားသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံသားတဦး မူဆယ်တွင် သေဆုံးခဲ့

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၆၊ ၂၀၂၀

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ သေဆုံးသည့် တရုတ်နိုင်ငံသား ၏ အရိုးပြာ ကို သေဆုံးသူ၏ ဆွေမျိုးထံ ယမန်နေ့ တွင် လွှဲပေးခဲ့ကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်း က ပြောသည်။

“ နယ်စပ်ဒေသ ဖြစ်တော့ အဖွဲ့အစည်းပေါင်းစုံနဲ့ ဆက်စပ်နေတယ်။ ဆေးရုံရဲ့ ဆေးစစ်ချက် ကတော့ တာ့ နှလုံးရောဂါနဲ့ အဆုတ်ရောင်လို့သတ်မှတ်တယ်။ အဆုတ် TB ရောဂါလို့ သတ်မှတ်တယ်” ဟု ဦးသောင်းထွန်း ကပြောသည်။

ထို သေဆုံးသည့် တရုတ်နိုင်ငံသားသည် တရုတ်နိုင်ငံမည်သည့်မြို့တွင် နေထိုင်သည် ကို မသိရှိကြောင်း ဦးသောင်းထွန်း က ဆက်လက်ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် လွန်ခဲ့သည့် ၄ရက်နေ့ တွင်ဖြစ်ပွားခဲ့ကာ သေဆုံးသူ၏ အရိုးပြာအိုး ကို ယမန်နေ့ (ဖေဖော်ဝါရီ ၅)ရက်နေ့တွင် ပြန်လည်လွှဲအပ်ပေးခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံသား မူဆယ်မြို့ပြည်သူ့ဆေးရုံတွင် လာရောက်သေဆုံးမှု နှင့် ပတ်သက်ပြီး မူဆယ်မြို့ ဆေးရုံအုပ်ကို သျှမ်းသံတော်ဆင့် က ကြိုးစားဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။

ထို့ပြင် တရုတ်နိုင်ငံ အစိုးရ မှလည်း တရုတ်နိုင်ငံတွင် လက်တလော အရေးပေါ် ဖြစ်ပွားနေသည့် Novel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) သံသယ ရှိသူတရုတ်နိုင်ငံသား ၅ဦး တရုတ်- မြန်မာနယ်စပ် မူဆယ်မြိုထဲသို့ရောက်ရှိနေသည့် ဟု ထုတ်ပြန်ကြေညာထားသည်။

ထို ကူးစက်ခံရသူ ၅ဦးသည် ဝူဟန်မြို့ မှ တရုတ်နိုင်ငံသား ၅ဦး သည် ရွှေလီသို့ ရောက်လာပြီး၊ ရွှေလီမြို့ မှတဆင့် မူဆယ်မြို့သို့ ရောက်ရှိနေသဖြင့် တွေ့ရှိပါက တရုတ်နိုင်ငံဘက်သို့ အကြောင်းကြားပေးရန် နှင့် မတွေ့ရှိ မီ ရောဂါကူးစက်မခံရစေရန် ဂရုစိုက်ကြရန် လည်း တရုတ်အစိုးရ က မြန်မာနိုင်ငံ မူဆယ်မြို့ရဲဌာနကို အကြောင်းကြားထားသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တ႐ုတ္ႏိုင္ငံသားတဦး မူဆယ္တြင္ ေသဆုံးခဲ့ တ႐ုတ္ႏိုင္ငံသားတဦး မူဆယ္တြင္ ေသဆုံးခဲ့ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.