လက္တုံ႔ျပန္မႈအျဖစ္ ဂါဇာကို အစၥေရး ေလေၾကာင္းတိုက္ခိုက္

၂၀၁၉ ႏုိဝင္ဘာလအတြင္း အစၥေရးက ဂါဇာကမ္းေျမာင္ကုိ ေလေၾကာင္းတုိက္ခုိက္မႈ ျမင္ကြင္း။ (ႏုိဝင္ဘာ ၁၅၊ ၂၀၁၉)

(Zawgyi / Unicode)

ဂါဇာကမ္းေျမာင္ေဒသကေန အစၥေရးေတာင္ပိုင္းကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ေနတာကို တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးက ဂါဇာေဒသကို ဒီကေန႔မနက္ အေစာပိုင္းက ေလေၾကာင္းကေန တုိက္ခုိက္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ေျပာလိုက္ပါတယ္။

ဟားမားစ္အဖဲြ႔ေတြနဲ႔ ခ်ိတ္ဆက္မႈရွိတဲ့ ပစ္မွတ္ေတြကို အစၥေရးစစ္ေလယာဥ္ေတြနဲ႔ ရဟတ္ယာဥ္ေတြက စေနေန႔ည သန္းေခါင္ေက်ာ္မွာ တုိက္ခုိက္ခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိေတာ့ ဘယ္ေလာက္ ထိခုိက္ေသဆုံးမႈ ရွိတယ္ဆုိတာ မသိရေသးပါဘူး။

ဒါ့အျပင္ ဂါဇာေဒသကို ဘိလပ္ေျမတင္ပို႔ေနတာေတြကို အစၥေရးဘက္က ရပ္ဆုိင္းထားလိုက္ၿပီး စီးပြားေရးအရ တင္သြင္းခြင့္ပါမစ္ ၅၀၀ ကိုလည္း ေနာက္ထပ္ ဘာမွ မေျပာမခ်င္း ဖ်က္လိုက္တယ္လို႔ ေျပာပါတယ္။

အစၥေရးဘက္က အခုလုိ လုပ္ေဆာင္လိုက္တာဟာ ဂါဇာကမ္းေျမာင္ေဒသကေန ဒုံးက်ည္ေတြ၊ မိုးပ်ံပူေဖာင္းေတြမွာ ေဖာက္ခဲြေရးပစၥည္းေတြ ခ်ိတ္ၿပီး ဆက္တုိက္ တုိက္ခုိက္ေနတာေတြေၾကာင့္ ျဖစ္တယ္လို႔ အစၥေရးစစ္တပ္ရဲ႕ ဗုိလ္ခ်ဳပ္ Kamil Abu Rukun က ေျပာပါတယ္။

အစၥေရးနဲ႔ ပါလက္စတုိင္း ပဋိပကၡကို ေျဖရွင္းဖို႔ အေမရိကန္သမၼတ Donald Trump က အဂၤါေန႔က ေၾကညာလိုက္ခ်ိန္ကစၿပီး ဂါဇာေဒသကေန အစၥေရးႏုိင္ငံ ေတာင္ပိုင္းကို ေန႔တုိင္းလိုလို ဒုံးက်ည္ေတြ၊ တျခားေဖာက္ခဲြေရးပစၥည္းေတြနဲ႔ တုိက္ခုိက္ေနခဲ့တာ ျဖစ္ပါတယ္။

ပါလက္စတုိင္းေတြဘက္ကေတာ့ အေမရိကန္ရဲ႕ အစီအစဥ္ဟာ အစၥေရးဘက္ကို အသာေပးထားတယ္ဆုိၿပီး ျပင္းျပင္းထန္ထန္ ကန္႔ကြက္ထားပါတယ္။

---------------------------------

(Unicode)

လက်တုံ့ပြန်မှုအဖြစ် ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက်

ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးတောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာဒေသကို ဒီကနေ့မနက် အစောပိုင်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောလိုက်ပါတယ်။

ဟားမားစ်အဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိတဲ့ ပစ်မှတ်တွေကို အစ္စရေးစစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက စနေနေ့ည သန်းခေါင်ကျော်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုချိန်ထိတော့ ဘယ်လောက် ထိခိုက်သေဆုံးမှု ရှိတယ်ဆိုတာ မသိရသေးပါဘူး။

ဒါ့အပြင် ဂါဇာဒေသကို ဘိလပ်မြေတင်ပို့နေတာတွေကို အစ္စရေးဘက်က ရပ်ဆိုင်းထားလိုက်ပြီး စီးပွားရေးအရ တင်သွင်းခွင့်ပါမစ် ၅၀၀ ကိုလည်း နောက်ထပ် ဘာမှ မပြောမချင်း ဖျက်လိုက်တယ်လို့ ပြောပါတယ်။

အစ္စရေးဘက်က အခုလို လုပ်ဆောင်လိုက်တာဟာ ဂါဇာကမ်းမြောင်ဒေသကနေ ဒုံးကျည်တွေ၊ မိုးပျံပူဖောင်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ ချိတ်ပြီး ဆက်တိုက် တိုက်ခိုက်နေတာတွေကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ်ရဲ့ ဗိုလ်ချုပ် Kamil Abu Rukun က ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းဖို့ အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့က ကြေညာလိုက်ချိန်ကစပြီး ဂါဇာဒေသကနေ အစ္စရေးနိုင်ငံ တောင်ပိုင်းကို နေ့တိုင်းလိုလို ဒုံးကျည်တွေ၊ တခြားဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေဘက်ကတော့ အမေရိကန်ရဲ့ အစီအစဉ်ဟာ အစ္စရေးဘက်ကို အသာပေးထားတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
လက္တုံ႔ျပန္မႈအျဖစ္ ဂါဇာကို အစၥေရး ေလေၾကာင္းတိုက္ခိုက္ လက္တုံ႔ျပန္မႈအျဖစ္ ဂါဇာကို အစၥေရး ေလေၾကာင္းတိုက္ခိုက္ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.