ေဒၚေအာင္ဆန္းစုၾကည္-ႏွစ္လအတြင္းတိုင္းရင္းသားေဒသ ေလးခုထက္မနည္း သြားေရာက္ထား

ခ်င္းျပည္နယ္ခရီးစဥ္အၿပီး မၾကာခင္မွာပဲ ကရင္ျပည္နယ္ကို ခရီးဆက္မွာပါ
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီႏွစ္ ဇန္နဝါရီလကေန အခု ေဖေဖာ္ဝါရီအထိ ကခ်င္၊ ကယား၊ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔ကို သြားေရာက္ထားၿပီးျဖစ္ပါတယ္။

ဒီလကုန္ပိုင္းမွာလည္း ကရင္ျပည္နယ္ကို သြားေရာက္ဖို႔ရွိေနၿပီး ဘားအံ၊ ျမဝတီအပါအဝင္ ၿမိဳ႕ႀကီးတခ်ိဳ႕မွာ လူထုေတြ႕ဆုံပြဲလုပ္ဖို႔ရွိပါတယ္။

"လာမယ့္ ၂၅ ရက္ေန႔ ျမဝတီခရီးစဥ္မွာေတာ့ ကြၽန္ေတာ္ပါပါတယ္။ ခရီးစဥ္အေသးစိတ္ကိုေတာ့ ေျပာလို႔မရေသးပါဘူး"လို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕ စည္ပင္ဝန္ႀကီး ဦးသန္းႏိုင္က ဘီဘီစီကို ေျပာပါတယ္။

ျမဝတီမွာ လူထုေတြ႕ဆုံပြဲလုပ္ဖို႔ရွိတယ္လို႔သိထားၿပီး ေဒသတြင္းက လူထုေတြ အကုန္ တက္ႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ ျမဝတီၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးသန႔္ဇင္ေအာင္က ဘီဘီစီကိုေျပာပါတယ္။

"လူထုေတြ႕ဆုံပြဲမွာ ျပည္သူေတြေမးခ်င္တဲ့သိခ်င္တဲ့ issue ေတာ္ေတာ္မ်ားမ်ား ေဒသရဲ႕လိုအပ္ခ်က္ေတြကို တိုက္႐ိုက္တင္ျပႏိုင္ေအာင္ အမ်ားႀကီး စီစဥ္ေဆာင္႐ြက္ထားပါတယ္"လို႔ သူက ဆက္ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ကရင္ျပည္နယ္ကို မႏွစ္ကလည္း သြားေရာက္ခဲ့ၿပီး ျမဝတီ-မဲေဆာက္ ခ်စ္ၾကည္ေရးတံတားဖြင့္ပြဲနဲ႔ လွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံဖြင့္ပြဲတို႔ကို တက္ေရာက္ခဲ့ပါတယ္။

အခု ၂၀၂၀ ျပည့္ႏွစ္ဟာ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပဖို႔ရွိတဲ့ႏွစ္ ျဖစ္ပါတယ္။ အန္အယ္လ္ဒီပါတီဟာ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာ တိုင္းရင္းသား ေတြေဒသအမ်ားစုမွာ အႏိုင္ရခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီး အစိုးရတာဝန္ယူၿပီးေနာက္ပိုင္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအပါအဝင္ အစိုးရအဖြဲ႕ရဲ႕ စြမ္းေဆာင္ရည္အေပၚ ေဝဖန္မႈေတြ ရွိလာခဲ့ပါတယ္။
 ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီႏွစ္စစခ်င္းမွာပဲ ကခ်င္ျပည္နယ္ကို သြားထားတာပါ။
ဒါ့အျပင္ ၂၀၁၇ နဲ႔ ၂၀၁၈ မွာ က်င္းပထားတဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲႏွစ္ႀကိမ္မွာ ရခိုင္၊ရွမ္းနဲ႔ မြန္လို တိုင္းရင္းသားေဒသေတြမွာ အႏိုင္မရခဲ့တဲ့ျဖစ္စဥ္ တခ်ိဳ႕ရွိေနပါတယ္။

ဒါေၾကာင့္ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ရွိတဲ့ႏွစ္မွာႏွစ္စတည္းက စတင္သြားလာေနတဲ့ အတိုင္ပင္ခံရဲ႕ တိုင္းရင္းသားေဒသခရီးစဥ္ေတြဟာ မဲဆြယ္စည္း႐ုံးေရးခရီးစဥ္ေတြလားလို႔ ထင္ျမင္ယူဆတာေတြရွိလာေနတာပါ။

အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်မွာ လူမ်ိဳးျပဳန္းတီးေစမႈစြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာကို တရားစြဲထားတဲ့အမႈကို ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ရင္ဆိုင္အၿပီးမွာ ျပည္တြင္းမွာ ေထာက္ခံမႈျပန္လည္ ျမင့္တက္လာခဲ့ပါတယ္။

အဲဒီေထာက္ခံပြဲေတြနဲ႔အတူ We stand with Daw Aung San Suu Kyi ဆိုတဲ့ ဆိုင္းဘုတ္ေတြလည္း ျမန္မာျပည္ေဒသအမ်ားစုမွာ ေထာင္ခဲ့ၾကပါတယ္။

ဒီဆိုင္းဘုတ္ေတြဟာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ဆိုင္းဘုတ္ေတြအျဖစ္ ဆက္ရွိ သြားမယ့္ သေဘာမ်ိဳး ထင္ျမင္တာေတြရွိတယ္လို႔ ေျပာၾကားလာသူက မြန္အမ်ိဳးသမီးအဖြဲ႕က အဖြဲ႕ဝင္ မိကြန္းခ်မ္းႏြန္က ဘီဘီစီကို ေျပာပါတယ္။

"ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္တာေတာ့ေသခ်ာတယ္။ သူ(ေဒၚေအာင္ဆန္းစုၾကည္) က တိုင္းရင္းသား လူမ်ိဳး မ်ားေရးရာ ေကာ္မတီဥကၠ႒ ျဖစ္တယ္ဆိုတာ ဟုတ္တယ္။ ဒါေပမဲ့ ကြၽန္မတို႔အေတြ႕အႀကဳံအရ အန္အယ္လ္ ဒီအေနနဲ႔ တိုင္းရင္းသားေတြအေပၚမွာ တကယ္ေစတနာရွိရွိနဲ႔ ေထာက္ပံ့ေပးတဲ့၊ ကူညီပံ့ပိုးေပးတဲ့ မူဝါဒမ်ိဳး လုပ္ကိုင္ေပးျခင္းမ်ိဳးကို ဘာမွေတာ့မေတြ႕ခဲ့ရေသးဘူး။ ေ႐ြးေကာက္ပြဲနီးလာမွ တိုင္းရင္းသားေတြရဲ႕ စိတ္ဝင္စားမႈကို ရေအာင္လုပ္တယ္လို႔ပဲျမင္ပါတယ္"လို႔ သူက ေျပာပါတယ္။

အတိုင္ပင္ခံနဲ႔ လူထုေတြ႕ဆုံပြဲေတြကတစ္ဆင့္ ေဒသခံေတြအတြက္ ထိေရာက္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေပးႏိုင္မယ္လို႔လည္း မထင္ဘူးလို႔ မိကြန္ခ်မ္းႏြန္က ဆက္ေျပာပါတယ္။

တိုင္းရင္းသား အခြင့္အေရး ကာကြယ္ေပးေရး ဥပေဒမွာဆို တကယ္တမ္း တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးနဲ႔ အေျခအေနမွန္ကို ေဖာ္ျပထားတာ မရွိတဲ့အတြက္ အန္အယ္လ္ဒီအစိုးရလက္ထက္ ရခဲ့တဲ့အေတြ႕အႀကဳံေတြနဲ႔ ဆက္ရွိေနမယ့္အေနအထားအရ တိုင္းရင္းသားေတြဆီက ေ႐ြးေကာက္ပြဲအတြက္ မဲရယူဖို႔ဆိုတာကလြဲလို႔ တိုင္းရင္းသားေတြအတြက္ ေပးထားတဲ့ ကတိကဝတ္ေတြ အကုန္လုံးကိုလည္း ျပည့္မီေအာင္ မလုပ္ႏိုင္ခဲ့ဘူးလို႔ သူက ဆက္ေျပာပါတယ္။

ႏိုင္ငံေရး စိတ္ဆႏၵအျပည့္နဲ႔ ခိုင္ခိုင္မာမာ မူဝါဒေတြ လုပ္မယ္ဆိုရင္ေတာ့ လက္ခံႏိုင္ၿပီး ေ႐ြးေကာက္ပြဲအတြက္ မ်က္ႏွာျပ႐ုံ ေျပာ႐ုံေလာက္ပဲလုပ္ၿပီး တကယ့္ကတိကဝတ္ေတြ မလုပ္ဘူးဆိုရင္ေတာ့ ခုလို တိုင္းရင္းသား ေဒသေတြက လူထုေတြ႕ဆုံပြဲေတြက အဓိပၸာယ္မရွိဘူးလို႔ မိကြန္ခ်မ္းႏြန္က သုံးသပ္ေျပာၾကားပါတယ္။
 ေဒၚေအာင္ဆန္းစုၾကည္ဟာ နယ္စပ္ေရးရာနဲ႔ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီရဲ႕ဥကၠ႒တာဝန္ယူထားတာပါ။

မိကြန္ခ်မ္းႏြန္လိုပဲ ကယန္း အမ်ိဳးသမီး အစည္းအ႐ုံးက ဗဟို အလုပ္အမႈေဆာင္ေကာ္မတီဝင္ မူထေရးဇာကလည္း သေဘာတူပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္က တိုင္းရင္းသားေဒသေတြကို အခုလို လာေနတာက ၂၀၂၀ အတြက္ မဲဆြယ္စည္း႐ုံး ေရးလုပ္တယ္လို႔ပဲျမင္တယ္။ ဘာျဖစ္လို႔လဲဆို ေဒၚေအာင္ဆန္းစုၾကည္ ကြၽန္မတို႔ဆီလာတုန္းက လူငယ္ေတြ အမ်ိဳးသမီးအေရးေတြ ေတာင္းဆိုတာေတြရွိတယ္။ အဲဒီအေပၚ လာေတြ႕ၿပီးျပန္သြားတဲ့အခါမွာ ႀကီးႀကီးမားမား ေျပာင္းလဲသြားတာမ်ိဳး၊ လက္ေတြ႕အေကာင္အထည္ ေဖာ္ေပးခဲ့တာမ်ိဳး မရွိသေလာက္ျဖစ္ေနပါတယ္" လို႔ မူထေရးဇာက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ကယားျပည္နယ္ကို ဇန္နဝါရီ ၁၅ ရက္ က သြားေရာက္ထားတာျဖစ္ပါတယ္။

ကယန္း အမ်ိဳးသမီး အစည္းအ႐ုံးအေနနဲ႔ ေက်း႐ြာေတြမွာ ကြင္းဆင္းသင္တန္းေပးတဲ့အခါ ခြင့္ျပဳမိန႔္မတင္လို႔ဆိုၿပီး ေထြအုပ္က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကို လာေရာက္ၿခိမ္းေျခာက္ေျပာဆိုတာေတြ ရွိေနတာေၾကာင့္ အခုလို လူထုေတြ႕ဆုံပြဲေတြက တကယ္တမ္း အလုပ္မျဖစ္ဘူးလို႔ မူထေရးဇာက ဆက္ေျပာပါတယ္။

ဒါေပမဲ့ အခုလိုေျပာဆိုခ်က္ေတြကိုေတာ့ အန္အယ္လ္ပါတီက အမတ္ ဦးသန႔္ဇင္ေအာင္က ပယ္ခ်ပါတယ္။

ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ နယ္စပ္ေရးရာနဲ႔ တိုင္းရင္းသားလူမ်ိဳးမ်ား ေရးရာ ျပည္ေထာင္စုအဆင့္ ေကာ္မတီရဲ႕ ဥကၠ႒ ျဖစ္တဲ့အတြက္ ဒီေဒသေတြကို အဓိကသြား ေရာက္တာျဖစ္တယ္လို႔ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။

"အခု သြားတာ ေတာ္ေတာ္မ်ားမ်ားက တိုင္းရင္းသားေဒသေတြ နယ္စပ္ေဒသေတြေပါ့။ သြားတဲ့အခါမွာလည္း သူက ႏိုင္ငံေတာ္အဆင့္ မွာလည္း နယ္စပ္ေရးရာမွာလည္း ဥကၠ႒အျဖစ္ ေဆာင္႐ြက္ထားတဲ့အပိုင္းေတြလည္း ရွိတယ္။ သူက ႏိုင္ငံ့ေခါင္းေဆာင္လည္း ျဖစ္သလို သူ႔ရဲ႕အခ်ိန္ေတြကလည္း တန္ဖိုးရွိတယ္။ အဲဒီအခ်ိန္ေတြမွာ လူထုက တင္ျပတာေတြကို အတိုင္ပင္ခံပုဂၢိဳလ္က ကိုယ္တိုင္ၾကားၿပီးေတာ့ သူလုပ္ေပးႏိုင္တာေလးေတြ လုပ္ေပးႏိုင္ေအာင္လို႔ ခုလိုသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ အဲဒါ(ေ႐ြးေကာက္ပြဲတို႔မဲဆြယ္တာတို႔)နဲ႔ေတာ့ မဆိုင္ပါဘူး" လို႔ သူက ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၁ ရက္က ျပဳလုပ္တဲ့ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေဒၚေအာင္ဆန္းစုၾကည္ဟာ တိုင္းရင္းသားေဒသေတြကို နယ္စပ္ေရးရာနဲ႔ တိုင္းရင္းသား လူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒အျဖစ္ သြားတာျဖစ္တယ္လို႔ ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲ လြတ္လပ္ၿပီး တရားမွ်တဖို႔က လြတ္လပ္စြာ ဖြဲ႕စည္းရပ္တည္ေနတဲ့ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က ေဆာင္႐ြက္ေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တိုင္းရင္းသားေဒသခရီးစဥ္ ေတြနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလမွာ က်င္းပဖို႔ အၾကမ္းဖ်င္းေျပာၾကားတာမ်ိဳးရွိေပမယ့္ ဒီႏွစ္အတြင္း ရက္သတ္မွတ္ ထုတ္ျပန္ေျပာၾကားတာမ်ိဳး မရွိေသးပါဘူး။

အန္အယ္လ္ဒီဘက္ကေတာ့ သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္ဖို႔ရွိေနတယ္လို႔ ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည်-နှစ်လအတွင်းတိုင်းရင်းသားဒေသ လေးခုထက်မနည်း သွားရောက်ထား

ဓာတ်ပုံ မူပိုင် Myanmar state counselor office
Image caption ချင်းပြည်နယ်ခရီးစဉ်အပြီး မကြာခင်မှာပဲ ကရင်ပြည်နယ်ကို ခရီးဆက်မှာပါ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ် ဇန်နဝါရီလကနေ အခု ဖေဖော်ဝါရီအထိ ကချင်၊ ကယား၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို သွားရောက်ထားပြီးဖြစ်ပါတယ်။

ဒီလကုန်ပိုင်းမှာလည်း ကရင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေပြီး ဘားအံ၊ မြဝတီအပါအဝင် မြို့ကြီးတချို့မှာ လူထုတွေ့ဆုံပွဲလုပ်ဖို့ရှိပါတယ်။

"လာမယ့် ၂၅ ရက်နေ့ မြဝတီခရီးစဉ်မှာတော့ ကျွန်တော်ပါပါတယ်။ ခရီးစဉ်အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး"လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

မြဝတီမှာ လူထုတွေ့ဆုံပွဲလုပ်ဖို့ရှိတယ်လို့သိထားပြီး ဒေသတွင်းက လူထုတွေ အကုန် တက်နိုင်အောင် စီစဉ်နေတယ်လို့ မြဝတီမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်က ဘီဘီစီကိုပြောပါတယ်။

"လူထုတွေ့ဆုံပွဲမှာ ပြည်သူတွေမေးချင်တဲ့သိချင်တဲ့ issue တော်တော်များများ ဒေသရဲ့လိုအပ်ချက်တွေကို တိုက်ရိုက်တင်ပြနိုင်အောင် အများကြီး စီစဉ်ဆောင်ရွက်ထားပါတယ်"လို့ သူက ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ်ကို မနှစ်ကလည်း သွားရောက်ခဲ့ပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ပွဲနဲ့ လျှပ်စစ်ဓာတ်အား ပေးစက်ရုံဖွင့်ပွဲတို့ကို တက်ရောက်ခဲ့ပါတယ်။

အခု ၂၀၂၀ ပြည့်နှစ်ဟာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့နှစ် ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသား တွေဒေသအများစုမှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရတာဝန်ယူပြီးနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar State Counselor office
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်စစချင်းမှာပဲ ကချင်ပြည်နယ်ကို သွားထားတာပါ။

ဒါ့အပြင် ၂၀၁၇ နဲ့ ၂၀၁၈ မှာ ကျင်းပထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနှစ်ကြိမ်မှာ ရခိုင်၊ရှမ်းနဲ့ မွန်လို တိုင်းရင်းသားဒေသတွေမှာ အနိုင်မရခဲ့တဲ့ဖြစ်စဉ် တချို့ရှိနေပါတယ်။

ဒါကြောင့် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ရှိတဲ့နှစ်မှာနှစ်စတည်းက စတင်သွားလာနေတဲ့ အတိုင်ပင်ခံရဲ့ တိုင်းရင်းသားဒေသခရီးစဉ်တွေဟာ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေလားလို့ ထင်မြင်ယူဆတာတွေရှိလာနေတာပါ။

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ လူမျိုးပြုန်းတီးစေမှုစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်အပြီးမှာ ပြည်တွင်းမှာ ထောက်ခံမှုပြန်လည် မြင့်တက်လာခဲ့ပါတယ်။

အဲဒီထောက်ခံပွဲတွေနဲ့အတူ We stand with Daw Aung San Suu Kyi ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း မြန်မာပြည်ဒေသအများစုမှာ ထောင်ခဲ့ကြပါတယ်။

ဒီဆိုင်းဘုတ်တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ဆိုင်းဘုတ်တွေအဖြစ် ဆက်ရှိ သွားမယ့် သဘောမျိုး ထင်မြင်တာတွေရှိတယ်လို့ ပြောကြားလာသူက မွန်အမျိုးသမီးအဖွဲ့က အဖွဲ့ဝင် မိကွန်းချမ်းနွန်က ဘီဘီစီကို ပြောပါတယ်။

"ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတော့သေချာတယ်။ သူ(ဒေါ်အောင်ဆန်းစုကြည်) က တိုင်းရင်းသား လူမျိုး များရေးရာ ကော်မတီဥက္ကဋ္ဌ ဖြစ်တယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ကျွန်မတို့အတွေ့အကြုံအရ အန်အယ်လ် ဒီအနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ တကယ်စေတနာရှိရှိနဲ့ ထောက်ပံ့ပေးတဲ့၊ ကူညီပံ့ပိုးပေးတဲ့ မူဝါဒမျိုး လုပ်ကိုင်ပေးခြင်းမျိုးကို ဘာမှတော့မတွေ့ခဲ့ရသေးဘူး။ ရွေးကောက်ပွဲနီးလာမှ တိုင်းရင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ရအောင်လုပ်တယ်လို့ပဲမြင်ပါတယ်"လို့ သူက ပြောပါတယ်။

အတိုင်ပင်ခံနဲ့ လူထုတွေ့ဆုံပွဲတွေကတစ်ဆင့် ဒေသခံတွေအတွက် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးနိုင်မယ်လို့လည်း မထင်ဘူးလို့ မိကွန်ချမ်းနွန်က ဆက်ပြောပါတယ်။

တိုင်းရင်းသား အခွင့်အရေး ကာကွယ်ပေးရေး ဥပဒေမှာဆို တကယ်တမ်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ အခြေအနေမှန်ကို ဖော်ပြထားတာ မရှိတဲ့အတွက် အန်အယ်လ်ဒီအစိုးရလက်ထက် ရခဲ့တဲ့အတွေ့အကြုံတွေနဲ့ ဆက်ရှိနေမယ့်အနေအထားအရ တိုင်းရင်းသားတွေဆီက ရွေးကောက်ပွဲအတွက် မဲရယူဖို့ဆိုတာကလွဲလို့ တိုင်းရင်းသားတွေအတွက် ပေးထားတဲ့ ကတိကဝတ်တွေ အကုန်လုံးကိုလည်း ပြည့်မီအောင် မလုပ်နိုင်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

နိုင်ငံရေး စိတ်ဆန္ဒအပြည့်နဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ လုပ်မယ်ဆိုရင်တော့ လက်ခံနိုင်ပြီး ရွေးကောက်ပွဲအတွက် မျက်နှာပြရုံ ပြောရုံလောက်ပဲလုပ်ပြီး တကယ့်ကတိကဝတ်တွေ မလုပ်ဘူးဆိုရင်တော့ ခုလို တိုင်းရင်းသား ဒေသတွေက လူထုတွေ့ဆုံပွဲတွေက အဓိပ္ပာယ်မရှိဘူးလို့ မိကွန်ချမ်းနွန်က သုံးသပ်ပြောကြားပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar state counselor office
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်စပ်ရေးရာနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ဥက္ကဋ္ဌတာဝန်ယူထားတာပါ။

မိကွန်ချမ်းနွန်လိုပဲ ကယန်း အမျိုးသမီး အစည်းအရုံးက ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် မူထရေးဇာကလည်း သဘောတူပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားဒေသတွေကို အခုလို လာနေတာက ၂၀၂၀ အတွက် မဲဆွယ်စည်းရုံး ရေးလုပ်တယ်လို့ပဲမြင်တယ်။ ဘာဖြစ်လို့လဲဆို ဒေါ်အောင်ဆန်းစုကြည် ကျွန်မတို့ဆီလာတုန်းက လူငယ်တွေ အမျိုးသမီးအရေးတွေ တောင်းဆိုတာတွေရှိတယ်။ အဲဒီအပေါ် လာတွေ့ပြီးပြန်သွားတဲ့အခါမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး၊ လက်တွေ့အကောင်အထည် ဖော်ပေးခဲ့တာမျိုး မရှိသလောက်ဖြစ်နေပါတယ်" လို့ မူထရေးဇာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်ကို ဇန်နဝါရီ ၁၅ ရက် က သွားရောက်ထားတာဖြစ်ပါတယ်။

ကယန်း အမျိုးသမီး အစည်းအရုံးအနေနဲ့ ကျေးရွာတွေမှာ ကွင်းဆင်းသင်တန်းပေးတဲ့အခါ ခွင့်ပြုမိန့်မတင်လို့ဆိုပြီး ထွေအုပ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လာရောက်ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေတာကြောင့် အခုလို လူထုတွေ့ဆုံပွဲတွေက တကယ်တမ်း အလုပ်မဖြစ်ဘူးလို့ မူထရေးဇာက ဆက်ပြောပါတယ်။

ဒါပေမဲ့ အခုလိုပြောဆိုချက်တွေကိုတော့ အန်အယ်လ်ပါတီက အမတ် ဦးသန့်ဇင်အောင်က ပယ်ချပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်စပ်ရေးရာနဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာ ပြည်ထောင်စုအဆင့် ကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ဒီဒေသတွေကို အဓိကသွား ရောက်တာဖြစ်တယ်လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။

"အခု သွားတာ တော်တော်များများက တိုင်းရင်းသားဒေသတွေ နယ်စပ်ဒေသတွေပေါ့။ သွားတဲ့အခါမှာလည်း သူက နိုင်ငံတော်အဆင့် မှာလည်း နယ်စပ်ရေးရာမှာလည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ထားတဲ့အပိုင်းတွေလည်း ရှိတယ်။ သူက နိုင်ငံ့ခေါင်းဆောင်လည်း ဖြစ်သလို သူ့ရဲ့အချိန်တွေကလည်း တန်ဖိုးရှိတယ်။ အဲဒီအချိန်တွေမှာ လူထုက တင်ပြတာတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်တိုင်ကြားပြီးတော့ သူလုပ်ပေးနိုင်တာလေးတွေ လုပ်ပေးနိုင်အောင်လို့ ခုလိုသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါ(ရွေးကောက်ပွဲတို့မဲဆွယ်တာတို့)နဲ့တော့ မဆိုင်ပါဘူး" လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားဒေသတွေကို နယ်စပ်ရေးရာနဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သွားတာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့က လွတ်လပ်စွာ ဖွဲ့စည်းရပ်တည်နေတဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားဒေသခရီးစဉ် တွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပဖို့ အကြမ်းဖျင်းပြောကြားတာမျိုးရှိပေမယ့် ဒီနှစ်အတွင်း ရက်သတ်မှတ် ထုတ်ပြန်ပြောကြားတာမျိုး မရှိသေးပါဘူး။

အန်အယ်လ်ဒီဘက်ကတော့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ရှိနေတယ်လို့ ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚေအာင္ဆန္းစုၾကည္-ႏွစ္လအတြင္းတိုင္းရင္းသားေဒသ ေလးခုထက္မနည္း သြားေရာက္ထား ေဒၚေအာင္ဆန္းစုၾကည္-ႏွစ္လအတြင္းတိုင္းရင္းသားေဒသ ေလးခုထက္မနည္း သြားေရာက္ထား Reviewed by THITHTOOLWIN on 01:48 Rating: 5
Powered by Blogger.