တိုက္ပြဲေၾကာင့္ ရေသ့ေတာင္ထဲ ႐ြာသားတခ်ိဳ႕ စစ္ေတြၿမိဳ႕ေပၚ ထြက္ေျပးလာရ

ထြက္ေျပးလာခဲ့ၾကသူေတြထဲမွာ ကေလးေတြ ပါဝင္သလို အမ်ိဳးသမီးေတြ၊ သက္ႀကီး႐ြယ္အိုေတြလည္း ပါ၀င္ပါတယ္။
(Zawgyi)⤵⤵⤵
ရေသ့ေတာင္ၿမိဳ႕နယ္ထဲက သမီးလွေက်း႐ြာသားေတြဟာ ေဖေဖာ္ဝါရီ ၂၀ ရက္ညေနပိုင္းမွာ သူတို႔အတြက္ လုံၿခဳံမယ္လို႔ထင္ရတဲ့ ရခိုင္ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ စစ္ေတြကို ထြက္ေျပးေရာက္ရွိလာခဲ့ၾကပါတယ္။

သမီးလွေက်း႐ြာမွာ သူတို႔အတြက္ ႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈမရွိေတာ့ဘူးလို႔ ခံစားရတဲ့အတြက္ အခုလို ထြက္ေျပးလာၾကတာလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုေဖေဖာ္ဝါရီ ဒုတိယပတ္အတြင္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား ျပန္လည္ျပင္းထန္လာတဲ့ တိုက္ပြဲေတြအတြင္း လက္နက္ႀကီး ပစ္ခတ္မႈေတြေၾကာင့္ သူတို႔ဟာ ႐ြာကို စြန႔္ခြာခဲ့ရပါတယ္။
 ေမြးကင္းစကေလးလည္း စစ္ေရွာင္ရ
ထြက္ေျပးလာတဲ့ အေယာက္ ၆၀ ေလာက္ဟာ အုန္းေခ်ာင္း၊ ေက်ာက္ဆည္၊ ေတာင္ရင္းတန္း၊ ေရေခါင္း ေခ်ာင္းစတဲ့ေက်း႐ြာေတြမွာ ခိုလႈံေနခဲ့ၾကေပမယ့္ သူတို႔ခိုလႈံခဲ့ၾကတဲ့ ေက်း႐ြာေတြမွာလည္း မလုံၿခဳံတာေၾကာင့္ စစ္ေတြၿမိဳ႕ကို သေဘၤာနဲ႔ ထပ္မံတိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကတာျဖစ္ပါတယ္။

"(ေဖေဖာ္ဝါရီ ၂၀ ရက္မနက္) ၁ နာရီေလာက္မွာ အုန္းေခ်ာင္း႐ြာကို ေျပးပါတယ္။ တစ္ညအိပ္ၿပီး ေက်ာက္ဆည္၊ ေတာင္ရင္းတန္း႐ြာေတြကို ေျပးပါတယ္။ အဲ့ဒီမွာ မလုံၿခဳံလို႔ ေရေခါင္းေခ်ာင္းကို ေျပးပါတယ္။ အဲ့ဒီက သေဘၤာနဲ႔လိုက္လာတာပါ။ တိုက္ပြဲျဖစ္လို႔ လမ္းမွာ ကင္းပုန္းေတြလည္း ဝပ္ေနခဲ့ရပါတယ္။ ႐ြာမွာလည္းမေနရ၊ ဟိုထြက္ေျပးဒီထြက္ေျပး၊ ဟိုမွာတစ္ညအိပ္၊ ဒီမွာတစ္ညအိပ္၊ ၿမိဳ႕ကိုလာဖို႔လည္း အဆင္မေျပ၊ ပိုက္ဆံလည္း မရွိ၊ ပတ္ၿပီးေတာ့ေျပးေနခဲ့ရတယ္။ ကြၽန္မတို႔ အိမ္မွာက ေနလို႔မရေတာ့ဘူး။ အခင္းေတြလည္း မရွိေတာ့ဘူး။ ေခါင္မိုးေတြလည္း ေပါက္ကုန္ၿပီ။ ဒီမွာဆိုရင္ အကူညီေတြဘာေတြရမလား လုံၿခဳံမယ္ ထင္လို႔ လာၾကတာပါ" လို႔ ထြက္ေျပးလာတဲ့ သမီးလွ႐ြာခံ ေဒၚမေယက ဘီဘီစီကိုေျပာပါတယ္။

ဒီလို ထြက္ေျပးလာခဲ့ၾကသူေတြထဲမွာ ေမြးကင္းစကေလးေတြ ပါဝင္သလို အမ်ိဳးသမီးေတြ၊ သက္ႀကီး႐ြယ္အိုေတြလည္း ပါပါတယ္။

စစ္ေတြၿမိဳ႕ေပၚကို သမီးလွေက်း႐ြာက ထြက္ေျပးလာသူေတြအျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ေရာက္ႏွင့္ေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္က စစ္ေဘးေရွာင္ ၂၀ ေက်ာ္လည္း ရွိေနၿပီး ထပ္မံလာေရာက္မယ့္သူေတြလည္း အမ်ားအျပား ရွိေနတဲ့အေျခအေနပါ။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ စစ္ေဘးေရွာင္စခန္းေပါင္း ၂၀ ေက်ာ္ရွိေနၿပီး လူဦးေရ ေလးေသာင္းေလာက္ထိ တိုးလာတဲ့အတြက္ စားေရးေသာက္ေရး၊ ေနေရးထိုင္ေရးအျပင္ ေသာက္သုံးေရးအခက္အခဲေတြနဲ႔လည္း ရင္ဆိုင္ေနၾကရလို႔ အကူအညီေတြ အမ်ားႀကီး လိုအပ္ေနတယ္လို႔ သိရပါတယ္။

"ေျပးခဲ့တဲ့႐ြာေတြမွာလည္း ဇက္တို႔ ေနဗီတို႔က အၿမဲတမ္း လွမ္းပစ္ေနပါတယ္။ ႐ြာကိုမီးေလာင္တဲ့အခ်ိန္မွာ ေဇယ်ာေျမကို ေရာက္ေနပါတယ္။ မီးခိုးေတြထြက္ေနတာကို ျမင္ခဲ့ရပါတယ္။ ႐ြာကိုလည္းသြားလို႔မရဘူး။ အိမ္ကိုလည္း သြားမၾကည့္ခဲ့ရေသးဘူး။ ဆန္ေတြလည္း မီးထဲပါသြားပါၿပီ။ ခါးဝတ္တစ္တည္နဲ႔ ေျပးလာခဲ့ရတာပါ"လို႔ သမီးလွေက်း႐ြာခံတစ္ဦးျဖစ္တဲ့ ေဒၚခင္ဝင္းေခ်က ထြက္ေျပးလာရတဲ့အေျခအေနကို ေျပာျပပါတယ္။
 ႐ြာထဲမွာ ေနအိမ္ေတြမီးေလာင္ေနတာကို အေဝးကပဲၾကည့္ၿပီး ထြက္ေျပးလာခဲ့ၾကရတာျဖစ္ပါတယ္။
သမီးလွ႐ြာသားေတြ ရေသ့ေတာင္ၿမိဳ႕နယ္တြင္းက တျခား ႐ြာသုံးေလး႐ြာေလာက္ဆီကို ေ႐ႊ႕ေျပာင္းတိမ္းေရွာင္ခဲ့ၾကေပမယ့္ လုံၿခဳံေရးနဲ႔ စားေရးေနေရး အဆင္မေျပတာေၾကာင့္ စစ္ေတြအထိ လာခဲ့ၾကတာပါ။

တိုက္ပြဲေတြအတြင္း သမီးလွေက်း႐ြာဟာ လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲခဲ့တဲ့အတြက္ အိမ္ ၁၇ လုံး မီးေလာင္ကြၽမ္းသြားခဲ့သလို ႐ြာထဲမွာ စစ္ေၾကာင္းေတြ ရွိေနေသးတာေၾကာင့္ သူတို႔ ေနအိမ္ေတြ မီးေလာင္သြားတာကို အေဝးကပဲ ၾကည့္ေနခဲ့ၾကရတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြကေတာ့ ဒီလထဲမွာ ေန႔စဥ္လိုလို ျပင္းထန္ေနပါတယ္။ လက္နက္ႀကီးေတြ မၾကာခဏ က်ေရာက္ေပါက္ကြဲတာေၾကာင့္ ကေလးငယ္ေတြအပါအဝင္ အရပ္သားေတြ ထိခိုက္ဒဏ္ရာ ရမႈေတြလည္း တိုးလာေနပါတယ္။

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ဖို႔ တစ္ဖက္မွာႏိုင္ငံေရးေဆြးေႏြးပြဲေတြစတင္ေတာ့ဖို႔ အစိုးရနဲ႔ အပစ္ရပ္အဖြဲ႕ေတြ ေဆြးေႏြးေနၿပီဆိုေပမယ့္ အခု တိုက္ပြဲျဖစ္ ေနတဲ့ ေအေအအပါအဝင္ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ အစိုးရ၊ တပ္မေတာ္တို႔ အလြတ္သေဘာေတြ႕ဆုံပြဲေတြကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းတည္းက ရပ္တန႔္ေန ခဲ့တာျဖစ္ပါတယ္။

ေျမာက္ပိုင္းေလးဖြဲ႕ရဲ႕ တစ္ဖက္သတ္အပစ္ရပ္ေၾကညာခ်က္ဟာလည္း ဒီေဖေဖာ္ဝါရီလကုန္မွာ သက္တမ္းျပည့္မွာျဖစ္ၿပီး အပစ္ရပ္ထားတဲ့အေတာအတြင္း ေလးဖြဲ႕ထဲက ေအေအနဲ႔ တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ပြားေနခဲ့တာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တိုက်ပွဲကြောင့် ရသေ့တောင်ထဲ ရွာသားတချို့ စစ်တွေမြို့ပေါ် ထွက်ပြေးလာရ

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ထွက်ပြေးလာခဲ့ကြသူတွေထဲမှာ ကလေးတွေ ပါဝင်သလို အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။

ရသေ့တောင်မြို့နယ်ထဲက သမီးလှကျေးရွာသားတွေဟာ ဖေဖော်ဝါရီ ၂၀ ရက်ညနေပိုင်းမှာ သူတို့အတွက် လုံခြုံမယ်လို့ထင်ရတဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေကို ထွက်ပြေးရောက်ရှိလာခဲ့ကြပါတယ်။

သမီးလှကျေးရွာမှာ သူတို့အတွက် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရတဲ့အတွက် အခုလို ထွက်ပြေးလာကြတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖေဖော်ဝါရီ ဒုတိယပတ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ပြန်လည်ပြင်းထန်လာတဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သူတို့ဟာ ရွာကို စွန့်ခွာခဲ့ရပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption မွေးကင်းစကလေးလည်း စစ်ရှောင်ရ

ထွက်ပြေးလာတဲ့ အယောက် ၆၀ လောက်ဟာ အုန်းချောင်း၊ ကျောက်ဆည်၊ တောင်ရင်းတန်း၊ ရေခေါင်း ချောင်းစတဲ့ကျေးရွာတွေမှာ ခိုလှုံနေခဲ့ကြပေမယ့် သူတို့ခိုလှုံခဲ့ကြတဲ့ ကျေးရွာတွေမှာလည်း မလုံခြုံတာကြောင့် စစ်တွေမြို့ကို သင်္ဘောနဲ့ ထပ်မံတိမ်းရှောင်ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

"(ဖေဖော်ဝါရီ ၂၀ ရက်မနက်) ၁ နာရီလောက်မှာ အုန်းချောင်းရွာကို ပြေးပါတယ်။ တစ်ညအိပ်ပြီး ကျောက်ဆည်၊ တောင်ရင်းတန်းရွာတွေကို ပြေးပါတယ်။ အဲ့ဒီမှာ မလုံခြုံလို့ ရေခေါင်းချောင်းကို ပြေးပါတယ်။ အဲ့ဒီက သင်္ဘောနဲ့လိုက်လာတာပါ။ တိုက်ပွဲဖြစ်လို့ လမ်းမှာ ကင်းပုန်းတွေလည်း ဝပ်နေခဲ့ရပါတယ်။ ရွာမှာလည်းမနေရ၊ ဟိုထွက်ပြေးဒီထွက်ပြေး၊ ဟိုမှာတစ်ညအိပ်၊ ဒီမှာတစ်ညအိပ်၊ မြို့ကိုလာဖို့လည်း အဆင်မပြေ၊ ပိုက်ဆံလည်း မရှိ၊ ပတ်ပြီးတော့ပြေးနေခဲ့ရတယ်။ ကျွန်မတို့ အိမ်မှာက နေလို့မရတော့ဘူး။ အခင်းတွေလည်း မရှိတော့ဘူး။ ခေါင်မိုးတွေလည်း ပေါက်ကုန်ပြီ။ ဒီမှာဆိုရင် အကူညီတွေဘာတွေရမလား လုံခြုံမယ် ထင်လို့ လာကြတာပါ" လို့ ထွက်ပြေးလာတဲ့ သမီးလှရွာခံ ဒေါ်မယေက ဘီဘီစီကိုပြောပါတယ်။

ဒီလို ထွက်ပြေးလာခဲ့ကြသူတွေထဲမှာ မွေးကင်းစကလေးတွေ ပါဝင်သလို အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါပါတယ်။

စစ်တွေမြို့ပေါ်ကို သမီးလှကျေးရွာက ထွက်ပြေးလာသူတွေအပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရောက်နှင့်နေတဲ့ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင် ၂၀ ကျော်လည်း ရှိနေပြီး ထပ်မံလာရောက်မယ့်သူတွေလည်း အများအပြား ရှိနေတဲ့အခြေအနေပါ။

ရသေ့တောင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်းပေါင်း ၂၀ ကျော်ရှိနေပြီး လူဦးရေ လေးသောင်းလောက်ထိ တိုးလာတဲ့အတွက် စားရေးသောက်ရေး၊ နေရေးထိုင်ရေးအပြင် သောက်သုံးရေးအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရလို့ အကူအညီတွေ အများကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

"ပြေးခဲ့တဲ့ရွာတွေမှာလည်း ဇက်တို့ နေဗီတို့က အမြဲတမ်း လှမ်းပစ်နေပါတယ်။ ရွာကိုမီးလောင်တဲ့အချိန်မှာ ဇေယျာမြေကို ရောက်နေပါတယ်။ မီးခိုးတွေထွက်နေတာကို မြင်ခဲ့ရပါတယ်။ ရွာကိုလည်းသွားလို့မရဘူး။ အိမ်ကိုလည်း သွားမကြည့်ခဲ့ရသေးဘူး။ ဆန်တွေလည်း မီးထဲပါသွားပါပြီ။ ခါးဝတ်တစ်တည်နဲ့ ပြေးလာခဲ့ရတာပါ"လို့ သမီးလှကျေးရွာခံတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းချေက ထွက်ပြေးလာရတဲ့အခြေအနေကို ပြောပြပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ရွာထဲမှာ နေအိမ်တွေမီးလောင်နေတာကို အဝေးကပဲကြည့်ပြီး ထွက်ပြေးလာခဲ့ကြရတာဖြစ်ပါတယ်။

သမီးလှရွာသားတွေ ရသေ့တောင်မြို့နယ်တွင်းက တခြား ရွာသုံးလေးရွာလောက်ဆီကို ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ကြပေမယ့် လုံခြုံရေးနဲ့ စားရေးနေရေး အဆင်မပြေတာကြောင့် စစ်တွေအထိ လာခဲ့ကြတာပါ။

တိုက်ပွဲတွေအတွင်း သမီးလှကျေးရွာဟာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ် ၁၇ လုံး မီးလောင်ကျွမ်းသွားခဲ့သလို ရွာထဲမှာ စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် သူတို့ နေအိမ်တွေ မီးလောင်သွားတာကို အဝေးကပဲ ကြည့်နေခဲ့ကြရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကတော့ ဒီလထဲမှာ နေ့စဉ်လိုလို ပြင်းထန်နေပါတယ်။ လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရမှုတွေလည်း တိုးလာနေပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖို့ တစ်ဖက်မှာနိုင်ငံရေးဆွေးနွေးပွဲတွေစတင်တော့ဖို့ အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေ ဆွေးနွေးနေပြီဆိုပေမယ့် အခု တိုက်ပွဲဖြစ် နေတဲ့ အေအေအပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ အလွတ်သဘောတွေ့ဆုံပွဲတွေကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတည်းက ရပ်တန့်နေ ခဲ့တာဖြစ်ပါတယ်။

မြောက်ပိုင်းလေးဖွဲ့ရဲ့ တစ်ဖက်သတ်အပစ်ရပ်ကြေညာချက်ဟာလည်း ဒီဖေဖော်ဝါရီလကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပြီး အပစ်ရပ်ထားတဲ့အတောအတွင်း လေးဖွဲ့ထဲက အေအေနဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
တိုက္ပြဲေၾကာင့္ ရေသ့ေတာင္ထဲ ႐ြာသားတခ်ိဳ႕ စစ္ေတြၿမိဳ႕ေပၚ ထြက္ေျပးလာရ တိုက္ပြဲေၾကာင့္ ရေသ့ေတာင္ထဲ ႐ြာသားတခ်ိဳ႕ စစ္ေတြၿမိဳ႕ေပၚ ထြက္ေျပးလာရ Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.