ပစ္ခတ္သူကို အေသဖမ္းမိေပမယ့္ စစ္ဆင္ေရးအေသးစိတ္ကိုမသိရေသး

 ေသနတ္သမား က်ကဖန္းထုံမန္း ဘာေၾကာင့္ခုလိုလုပ္တယ္ဆိုတဲ့ရည္႐ြယ္ခ်က္ကိုေတာ့မသိရေသး
(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံ၊ နခြန္ရတ္ခ်စီမာၿမိဳ႕မွာ လူ ၂၆ ဦး ေသဆုံးၿပီး လူအမ်ားအျပား ဒဏ္ရာရေစခဲ့တဲ့ ေသနတ္သမားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက အေသပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ ထိုင္းအာဏာပိုင္ေတြက ဒီကေန႔ ေဖေဖာ္ဝါရီ ၉ ရက္မွာ အတည္ျပဳေျပာၾကားလိုက္ပါတယ္။

ဒီပစ္ခတ္မႈေၾကာင့္ လူ ၂၀ ဦးေသဆုံးၿပီး လူအမ်ားအျပား ဒဏ္ရာရခဲ့တယ္လို႔ ထိုင္းအာဏာပိုင္ေတြက အေစာပိုင္းမွာအတည္ျပဳထားေပမယ့္ ေသဆုံးမႈအေရအတြက္ဟာ ဒီကေန႔ တနဂၤေႏြမနက္ပိုင္းမွာ တိုးလာခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဒဏ္ရာရသူအေရအတြက္လည္း ၅၇ ဦးထိ ရွိလာပါတယ္။

က်ကဖန္း ထုံမန္းဆိုတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ ထိုင္းစစ္တပ္က တပ္သားတစ္ဦးျဖစ္တဲ့ ေသနတ္သမားဟာ မေန႔က ေဖေဖာ္ဝါရီ ၈ ရက္မွာ စစ္စခန္းကေန လက္နက္ ခဲယမ္းေတြ ခိုးယူမသြားခင္သူ႔ရဲ႕ တပ္မႉးကို ပစ္သတ္ခဲ့ၿပီးတဲ့ေနာက္ နခြန္ရတ္ခ်စီမာၿမိဳ႕တြင္း(ခိုရတ္ၿမိဳ႕လို႔လည္းလူသိမ်ား) က လမ္းမေပၚေတြနဲ႔ ေဈးဝယ္ စင္တာတစ္ခုတြင္း ပစ္ခတ္မႈေတြ က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။

ေသနတ္သမားဟာ သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္မွာ ပို႔စ္ေတြလည္း တင္ခဲ့တာေတြ႕ရၿပီး ဘာအတြက္ ေၾကာင့္ အခုလို ပစ္ခတ္ရတာလဲဆိုတဲ့ သူ႔ရဲ႕ ရည္႐ြယ္ခ်က္ကိုေတာ့ ရွင္းရွင္းလင္းလင္းမသိေရေသးပါဘူး။

"သူဘာေၾကာင့္ ခုလိုလုပ္ရတယ္ဆိုတာ ကြၽန္ေတာ္တို႔မသိပါဘူး။ ၾကည့္ရတာေတာ့ သူ႐ူးသြားပုံပဲ" လို႔ ထိုင္းကာကြယ္ေရးဌာန ေျပာခြင့္ရသူ Kongcheep Tantrawanit က ႐ိုက္တာကို ေျပာၾကားခဲ့ပါတယ္။

ထိုင္းျပည္သူ႔က်န္းမာေရးဝန္ႀကီးက ဒီကေန႔ တနဂၤေႏြမနက္ေစာပိုင္းမွာ ထိုင္းအေရွ႕ေတာင္ပိုင္းမွာ ျဖစ္ပြားခဲ့ တဲ့ အဲဒီပစ္ခတ္မႈမွာ ေသနတ္သမားကို အေသပစ္ခတ္ဖမ္းဆီးႏိုင္ခဲ့တဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို ေက်းဇူး တင္တဲ့အေၾကာင္း သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။
ေဈးဝယ္စင္တာမွာဘာေတြျဖစ္ခဲ့သလဲ

ပစ္ခတ္မႈေတြျဖစ္ပြားၿပီးတဲ့ေနာက္ ေဒသစံေတာ္ခ်ိန္ ဒီကေန႔တနဂၤေႏြ မနက္ ၃ နာရီမွာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြဟာ ေသနတ္သမား ပုန္းေအာင္းေနတဲ့ ေဈးဝယ္စင္တာကို ဝင္ေရာက္စီးနင္းခဲ့ၿပီး ေသနတ္သမားကို ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။

စင္တာထဲကလူေတြကို ဒီမနက္ အေစာပိုင္းမွာ ရဲေတြက ကယ္ထုတ္ခဲ့
စစ္ဆင္ေရးအတြင္း လူအေတာ္မ်ားမ်ားကို ေဈးဝယ္စင္တာထဲကေန ေခၚထုတ္လာႏိုင္ေပမဲ့ လူအမ်ားစု ဓားစားခံအျဖစ္ ဆက္ဖမ္းဆီးခံထားရတယ္လို႔ စိုးရိမ္မႈေတြလည္း ရွိခဲ့ပါတယ္။

အဲဒီေနာက္ ေဒသစံေတာ္ခ်ိန္ မနက္ ၉ နာရီခြဲမွာေတာ့ ေသနတ္သမားကို အေသပစ္ခတ္ ဖမ္းဆီးမိတယ္လို႔ ရဲတပ္ဖြဲ႕က အတည္ျပဳေျပာၾကားပါတယ္။ ဒါေပမဲ့ နာရီေပါင္း ၁၇ နာရီနီးပါးၾကာျမင့္ခဲ့တဲ့ အဲဒီ စစ္ဆင္ေရး အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

အေစာပိုင္းသတင္းေတြအရ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ ေသနတ္သမားဟာ ေဈးဝယ္စင္တာ အေနာက္ ဘက္ကေန ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေသနတ္သမား လက္နက္ခ်ဖို႔ နားခ်စည္း႐ုံးဖို႔ဆိုၿပီး သူ႔မိခင္ကိုလည္း အဲဒီ ေဈးဝယ္စင္တာကို ေခၚေဆာင္ခဲ့တယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။

စင္တာထဲကလူေတြကို ဒီမနက္ အေစာပိုင္းမွာ ရဲေတြက ကယ္ထုတ္ခဲ့
လြတ္ေျမာက္လာသူေတြထဲက တစ္ဦးကေတာ့ သူဘယ္လို လြတ္ေျမာက္လာတယ္ဆိုတာကို ဘီဘီစီကို ခုလို ေျပာျပပါတယ္။

သူမနဲ႔ တျခားသူတခ်ိဳ႕ဟာ စင္တာရဲ႕ေလးလႊာက ေရခ်ိဳးခန္းထဲမွာ ပုန္းေအာင္းေနခဲ့ရၿပီး ႏွစ္လႊာကို ထြက္မေျပးႏိုင္ေသးခင္နဲ႔ စားေသာက္ဆိုင္ တစ္ဆိုင္ရဲ႕ စားပြဲခုံ ေအာက္မွာ သုံးနာရီၾကာ ပုန္းေအာင္းေနခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီပတ္ခတ္မႈေၾကာင့္ လူ ၂၆ ေသဆုံးၿပီး ၄၀ ေက်ာ္ဒဏ္ရာရထားသလို အေရအတြက္ ထပ္တိုးလာႏိုင္ေျခရွိေနပါတယ္
စစ္သားတခ်ိဳ႕ကို မေတြ႕ရခင္ အနည္းဆုံးပစ္ခတ္သံေလးခ်က္ေလာက္ ၾကားခဲ့ရၿပီး အဲဒီေနာက္ေတာ့ သူတို႔ေဘးကင္းရာေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။

ပစ္ခတ္ခံရလို႔ ေဆး႐ုံေရာက္ေနသူေတြကို ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ဒီကေန႔ ေဖေဖာ္ဝါရီ ၉ ရက္ မနက္ပိုင္းမွာ သြားေရာက္ၾကည့္ရႈခဲ့ ပါတယ္။

"ဒါဟာ ထိုင္းႏိုင္ငံမွာမႀကဳံစဖူးအေျခအေနပါ။ ဒီလိုအၾကမ္းဖက္မႈကို ေနာက္ဆုံးအႀကိမ္ပဲ ျဖစ္ေစခ်င္ပါတယ္" လို႔ ဝန္ႀကီးခ်ဳပ္ ပရာယြတ္က ေဆး႐ုံမွာ ေျပာၾကားခဲ့ပါတယ္။

ထြက္မေျပးႏိုင္ေသးခင္မွာစင္တာထဲက စားပြဲခုံေအာက္ေတြမွာပုန္းေအာင္းခဲ့ရသူေတြလည္းရွိ
အဂၤလိပ္စာျပဆရာတစ္ဦးျဖစ္တဲ့ ခ်ာလီခ႐ိုဆန္ကေတာ့ ပုံမွန္အားျဖင့္ ေအးခ်မ္းတဲ့ၿမိဳ႕ေလးမွာ ခုေတာ့ လမ္းေပၚမွာ အေလာင္းေတြရွိေနခဲ့တယ္လို႔ ဘီဘီစီကိုေျပာပါတယ္။ ဒီပစ္ခတ္မႈေၾကာင့္ ေသဆုံးသူေတြ ထဲမွာ သူ႔ခ်စ္သူရဲ႕ ေက်ာင္းသားေဟာင္းတစ္ဦးလည္း ပါဝင္တယ္လို႔ သူက ဆက္ေျပာပါတယ္။
ဒီတိုက္ခိုက္မႈ ဘယ္လိုျဖစ္ပြားခဲ့တာလဲ။

ေဖေဖာ္ဝါရီ ၈ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၃ နာရီခြဲမွာ ေသနတ္သမားဟာ စစ္စခန္းက တပ္မႉး ဗိုလ္မႉး ႀကီး အာနန္သို ေရာကရာေဆးကို ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး အဲဒီတပ္စခန္းမွာပဲ ဗိုလ္မႉးႀကီးရဲ႕ ေယာကၡမျဖစ္ သူ အသက္ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳး သမီးႀကီးတစ္ဦးအပါအဝင္ အျခားစစ္သားတစ္ဦး ပစ္ခတ္သတ္ျဖတ္ခံရတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာက ေဖာ္ျပပါတယ္။

 ႐ိုင္ဖယ္ေသနတ္ကိုင္ၿပီး စင္တာထဲ သြားလာေနတဲ့ ေသနတ္သမား
ေသနတ္သမားဟာ အဲဒီစစ္စခန္းကေန လက္နက္နဲ႔ ခဲယမ္းေတြကို ယူေဆာင္သြားၿပီးတဲ့ေနာက္ လမ္းတစ္ ေလွ်ာက္ေတြ႕သမွ်လူေတြနဲ႔ ယာဥ္ေတြကို ပစ္ခတ္ခဲ့သလို Terminal 21 ေဈးဝယ္စင္တာေရွ႕မွာ ကားတစ္စီး ထဲက ထြက္လာတဲ့လူေတြကို စက္ေသနတ္နဲ႔ စတင္ပစ္ခတ္ၿပီး အဲဒီမွာ လူေတြ ထြက္ေျပးေနပုံကိုလည္း ေတြ႕ရပါတယ္။

အခင္းျဖစ္ပြားရာျပေျမပုံ

စီစီတီဗီမွတ္တမ္းေတြအရ ေဈးဝယ္စင္တာအတြင္းမွာ ႐ိုင္ဖယ္ေသနတ္ ကိုင္ၿပီးသြား ေနတဲ့ေသနတ္ သမား ကို ျမင္ေတြ႕ရၿပီး ေသနတ္သမားဟာ အဲဒီေဈးဝယ္စင္တာအတြင္းမွာပဲ ခိုေအာင္းေနတယ္လို႔ ထိုင္းစစ္ ဘက္အာဏာပိုင္ေတြက ေျပာၾကားခဲ့ၿပီးတဲ့ေနာက္ ဒီကေန႔တနဂၤေႏြ မနက္အေစာ ပိုင္းမွာေတာ့သူ႔ကိုခုလို ပစ္ခတ္ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။
ေသနတ္သမား တင္ခဲ့တဲ့ ဆိုရွယ္ပို႔စ္ေတြ

ေသနတ္သမားဟာ ပစ္ခတ္မႈ က်ဴးလြန္ေနစဥ္မွာပဲ အဲဒါကို သူ႔ေဖ့စ္ဘြတ္ကေန တိုက္႐ိုက္လိုက္ဖ္ဗီဒီယို ထုတ္လႊင့္ခဲ့ပါတယ္။

 ေသနတ္သမားဟာ သူ လက္နက္ခ်သင့္သလားဆိုတဲ့ ပို႔စ္တစ္ခုတင္ခဲ့
ပစ္ခတ္မႈျဖစ္ေနစဥ္အတြင္းမွာပဲ ေသနတ္သမားဟာ သူ လက္နက္ခ်သင့္သလားဆိုတဲ့ ပို႔စ္တစ္ခုကို သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္မွာ တင္ခဲ့ပါတယ္။

ဒါ့အျပင္ အေစာပိုင္းပို႔စ္တစ္ခုမွာ ပစၥတိုတစ္လက္နဲ႔က်ည္ကတ္သုံးခုပုံနဲ႔အတူ "စိတ္လႈပ္ရွားစရာ ေကာင္းေတာ့မယ့္အခ်ိန္"၊ "ေသျခင္းတရား ကိုဘယ္သူမွ မေရွာင္လႊဲႏိုင္"ဆိုတဲ့စာသားေတြနဲ႔အတူ ေရးသားခဲ့ပါတယ္။

အခုေတာ့ ေဖ့စ္ဘြတ္ကေန သူ႔အေကာင့္ကို ပိတ္သိမ္းဖယ္ရွားလိုက္ၿပီျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ပစ်ခတ်သူကို အသေဖမ်းမိပေမယ့် စစ်ဆင်ရေးအသေးစိတ်ကိုမသိရသေး

Image caption သေနတ်သမား ကျကဖန်းထုံမန်း ဘာကြောင့်ခုလိုလုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်ကိုတော့မသိရသေး

ထိုင်းနိုင်ငံ၊ နခွန်ရတ်ချစီမာမြို့မှာ လူ ၂၆ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရစေခဲ့တဲ့ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် လူ ၂၀ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက အစောပိုင်းမှာအတည်ပြုထားပေမယ့် သေဆုံးမှုအရေအတွက်ဟာ ဒီကနေ့ တနင်္ဂနွေမနက်ပိုင်းမှာ တိုးလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူအရေအတွက်လည်း ၅၇ ဦးထိ ရှိလာပါတယ်။

ကျကဖန်း ထုံမန်းဆိုတဲ့ အသက် ၃၂ နှစ်အရွယ် ထိုင်းစစ်တပ်က တပ်သားတစ်ဦးဖြစ်တဲ့ သေနတ်သမားဟာ မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ စစ်စခန်းကနေ လက်နက် ခဲယမ်းတွေ ခိုးယူမသွားခင်သူ့ရဲ့ တပ်မှူးကို ပစ်သတ်ခဲ့ပြီးတဲ့နောက် နခွန်ရတ်ချစီမာမြို့တွင်း(ခိုရတ်မြို့လို့လည်းလူသိများ) က လမ်းမပေါ်တွေနဲ့ ဈေးဝယ် စင်တာတစ်ခုတွင်း ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

သေနတ်သမားဟာ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ပို့စ်တွေလည်း တင်ခဲ့တာတွေ့ရပြီး ဘာအတွက် ကြောင့် အခုလို ပစ်ခတ်ရတာလဲဆိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရေသေးပါဘူး။

"သူဘာကြောင့် ခုလိုလုပ်ရတယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး။ ကြည့်ရတာတော့ သူရူးသွားပုံပဲ" လို့ ထိုင်းကာကွယ်ရေးဌာန ပြောခွင့်ရသူ Kongcheep Tantrawanit က ရိုက်တာကို ပြောကြားခဲ့ပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ဒီကနေ့ တနင်္ဂနွေမနက်စောပိုင်းမှာ ထိုင်းအရှေ့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့ တဲ့ အဲဒီပစ်ခတ်မှုမှာ သေနတ်သမားကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျေးဇူး တင်တဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဈေးဝယ်စင်တာမှာဘာတွေဖြစ်ခဲ့သလဲ

ပစ်ခတ်မှုတွေဖြစ်ပွားပြီးတဲ့နောက် ဒေသစံတော်ချိန် ဒီကနေ့တနင်္ဂနွေ မနက် ၃ နာရီမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ သေနတ်သမား ပုန်းအောင်းနေတဲ့ ဈေးဝယ်စင်တာကို ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption စင်တာထဲကလူတွေကို ဒီမနက် အစောပိုင်းမှာ ရဲတွေက ကယ်ထုတ်ခဲ့

စစ်ဆင်ရေးအတွင်း လူအတော်များများကို ဈေးဝယ်စင်တာထဲကနေ ခေါ်ထုတ်လာနိုင်ပေမဲ့ လူအများစု ဓားစားခံအဖြစ် ဆက်ဖမ်းဆီးခံထားရတယ်လို့ စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီနောက် ဒေသစံတော်ချိန် မနက် ၉ နာရီခွဲမှာတော့ သေနတ်သမားကို အသေပစ်ခတ် ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ ဒါပေမဲ့ နာရီပေါင်း ၁၇ နာရီနီးပါးကြာမြင့်ခဲ့တဲ့ အဲဒီ စစ်ဆင်ရေး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အစောပိုင်းသတင်းတွေအရ အသက် ၃၂ နှစ်အရွယ်ရှိ သေနတ်သမားဟာ ဈေးဝယ်စင်တာ အနောက် ဘက်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သေနတ်သမား လက်နက်ချဖို့ နားချစည်းရုံးဖို့ဆိုပြီး သူ့မိခင်ကိုလည်း အဲဒီ ဈေးဝယ်စင်တာကို ခေါ်ဆောင်ခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် AFP/THAI ROYAL POLICE
Image caption စင်တာထဲကလူတွေကို ဒီမနက် အစောပိုင်းမှာ ရဲတွေက ကယ်ထုတ်ခဲ့

လွတ်မြောက်လာသူတွေထဲက တစ်ဦးကတော့ သူဘယ်လို လွတ်မြောက်လာတယ်ဆိုတာကို ဘီဘီစီကို ခုလို ပြောပြပါတယ်။

သူမနဲ့ တခြားသူတချို့ဟာ စင်တာရဲ့လေးလွှာက ရေချိုးခန်းထဲမှာ ပုန်းအောင်းနေခဲ့ရပြီး နှစ်လွှာကို ထွက်မပြေးနိုင်သေးခင်နဲ့ စားသောက်ဆိုင် တစ်ဆိုင်ရဲ့ စားပွဲခုံ အောက်မှာ သုံးနာရီကြာ ပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် LILLIAN SUWANRUMPHA
Image caption ဒီပတ်ခတ်မှုကြောင့် လူ ၂၆ သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရထားသလို အရေအတွက် ထပ်တိုးလာနိုင်ခြေရှိနေပါတယ်

စစ်သားတချို့ကို မတွေ့ရခင် အနည်းဆုံးပစ်ခတ်သံလေးချက်လောက် ကြားခဲ့ရပြီး အဲဒီနောက်တော့ သူတို့ဘေးကင်းရာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရလို့ ဆေးရုံရောက်နေသူတွေကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ သွားရောက်ကြည့်ရှုခဲ့ ပါတယ်။

"ဒါဟာ ထိုင်းနိုင်ငံမှာမကြုံစဖူးအခြေအနေပါ။ ဒီလိုအကြမ်းဖက်မှုကို နောက်ဆုံးအကြိမ်ပဲ ဖြစ်စေချင်ပါတယ်" လို့ ဝန်ကြီးချုပ် ပရာယွတ်က ဆေးရုံမှာ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ထွက်မပြေးနိုင်သေးခင်မှာစင်တာထဲက စားပွဲခုံအောက်တွေမှာပုန်းအောင်းခဲ့ရသူတွေလည်းရှိ

အင်္ဂလိပ်စာပြဆရာတစ်ဦးဖြစ်တဲ့ ချာလီခရိုဆန်ကတော့ ပုံမှန်အားဖြင့် အေးချမ်းတဲ့မြို့လေးမှာ ခုတော့ လမ်းပေါ်မှာ အလောင်းတွေရှိနေခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် သေဆုံးသူတွေ ထဲမှာ သူ့ချစ်သူရဲ့ ကျောင်းသားဟောင်းတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှု ဘယ်လိုဖြစ်ပွားခဲ့တာလဲ။

ဖေဖော်ဝါရီ ၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှာ သေနတ်သမားဟာ စစ်စခန်းက တပ်မှူး ဗိုလ်မှူး ကြီး အာနန်သို ရောကရာဆေးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဲဒီတပ်စခန်းမှာပဲ ဗိုလ်မှူးကြီးရဲ့ ယောက္ခမဖြစ် သူ အသက် ၆၃ နှစ်အရွယ် အမျိုး သမီးကြီးတစ်ဦးအပါအဝင် အခြားစစ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ရိုင်ဖယ်သေနတ်ကိုင်ပြီး စင်တာထဲ သွားလာနေတဲ့ သေနတ်သမား

သေနတ်သမားဟာ အဲဒီစစ်စခန်းကနေ လက်နက်နဲ့ ခဲယမ်းတွေကို ယူဆောင်သွားပြီးတဲ့နောက် လမ်းတစ် လျှောက်တွေ့သမျှလူတွေနဲ့ ယာဉ်တွေကို ပစ်ခတ်ခဲ့သလို Terminal 21 ဈေးဝယ်စင်တာရှေ့မှာ ကားတစ်စီး ထဲက ထွက်လာတဲ့လူတွေကို စက်သေနတ်နဲ့ စတင်ပစ်ခတ်ပြီး အဲဒီမှာ လူတွေ ထွက်ပြေးနေပုံကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အခင်းဖြစ်ပွားရာပြမြေပုံ

စီစီတီဗီမှတ်တမ်းတွေအရ ဈေးဝယ်စင်တာအတွင်းမှာ ရိုင်ဖယ်သေနတ် ကိုင်ပြီးသွား နေတဲ့သေနတ် သမား ကို မြင်တွေ့ရပြီး သေနတ်သမားဟာ အဲဒီဈေးဝယ်စင်တာအတွင်းမှာပဲ ခိုအောင်းနေတယ်လို့ ထိုင်းစစ် ဘက်အာဏာပိုင်တွေက ပြောကြားခဲ့ပြီးတဲ့နောက် ဒီကနေ့တနင်္ဂနွေ မနက်အစော ပိုင်းမှာတော့သူ့ကိုခုလို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
သေနတ်သမား တင်ခဲ့တဲ့ ဆိုရှယ်ပို့စ်တွေ

သေနတ်သမားဟာ ပစ်ခတ်မှု ကျူးလွန်နေစဉ်မှာပဲ အဲဒါကို သူ့ဖေ့စ်ဘွတ်ကနေ တိုက်ရိုက်လိုက်ဖ်ဗီဒီယို ထုတ်လွှင့်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် fb
Image caption သေနတ်သမားဟာ သူ လက်နက်ချသင့်သလားဆိုတဲ့ ပို့စ်တစ်ခုတင်ခဲ့

ပစ်ခတ်မှုဖြစ်နေစဉ်အတွင်းမှာပဲ သေနတ်သမားဟာ သူ လက်နက်ချသင့်သလားဆိုတဲ့ ပို့စ်တစ်ခုကို သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ တင်ခဲ့ပါတယ်။

ဒါ့အပြင် အစောပိုင်းပို့စ်တစ်ခုမှာ ပစ္စတိုတစ်လက်နဲ့ကျည်ကတ်သုံးခုပုံနဲ့အတူ "စိတ်လှုပ်ရှားစရာ ကောင်းတော့မယ့်အချိန်"၊ "သေခြင်းတရား ကိုဘယ်သူမှ မရှောင်လွှဲနိုင်"ဆိုတဲ့စာသားတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

အခုတော့ ဖေ့စ်ဘွတ်ကနေ သူ့အကောင့်ကို ပိတ်သိမ်းဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ပစ္ခတ္သူကို အေသဖမ္းမိေပမယ့္ စစ္ဆင္ေရးအေသးစိတ္ကိုမသိရေသး ပစ္ခတ္သူကို အေသဖမ္းမိေပမယ့္ စစ္ဆင္ေရးအေသးစိတ္ကိုမသိရေသး Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.