ဖြဲ႕စည္းပုံအေျခခံဥပေဒ-ျပင္လိုတဲ့အင္အားစုေတြနဲ႔ တပ္မေတာ္ၾကား ညႇိႏႈိင္းေဆြးေႏြးမႈ မရွိဘဲ လုံးဝျပင္ႏိုင္ဖြယ္မရွိ
ျမန္မာျပည္ႏိုင္ငံေရးရဲ႕ အဓိကဇာတ္ေကာင္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို စစ္အစိုးရက ၁၅ ႏွစ္ေက်ာ္ၾကာ အခ်ိန္ယူေရးဆြဲခဲ့တာပါ။ |
ၿပီးခဲ့တဲ့တစ္ပတ္ကစလို႔ လႊတ္ေတာ္ထဲမွာ ျငင္းခုန္သံေတြက်ယ္ေလာင္ခဲ့သလို ပြတ္တိုက္မႈေတြလည္း ျပင္းထန္ခဲ့ပါတယ္။
လႊတ္ေတာ္သက္တမ္း ကိုးႏွစ္ျပည့္ခါနီးမွာ အျပင္းထန္ဆုံးပြတ္တိုက္ျငင္းခုံမႈလို႔ေတာင္ ဆိုႏိုင္ပါတယ္။
ဒါကေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ဥပေဒမူၾကမ္းေတြစတင္ေဆြးေႏြးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ပထမအႀကိမ္ လႊတ္ေတာ္တုန္းကလည္း ဖြဲ႕စည္းပုံျပင္ဖို႔ လုပ္ခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ ဒီ ေလာက္ ျပင္းထန္တဲ့ ပြတ္တိုက္မႈမႀကဳံခဲ့ရသလို ဥပေဒၾကမ္းျပင္ဖို႔ လႊတ္ေတာ္ကို စတင္ခဲ့သူကလည္း ျပည္ခိုင္ၿဖိဳးအမတ္ျဖစ္ခဲ့ပါတယ္။
အဲဒီပထမအႀကိမ္လႊတ္ေတာ္တုန္းကေတာ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီအမတ္ေတြက အမ်ားစုေနရာယူထားခဲ့ပါတယ္။
ဒီတစ္ေခါက္ကေတာ့ မတူေတာ့ပါဘူး။ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္မွာ အမ်ားစုက အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီက ျဖစ္ၿပီး သူတို႔ရဲ႕ ေ႐ြးေကာက္ပြဲကတိကဝတ္ျဖစ္တဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒျပင္ေရးကို စတင္အေကာင္အထည္ေဖာ္လာတာေၾကာင့္ ျဖစ္ပါတယ္။
ပါတီရဲ႕ ဥကၠ႒ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေ႐ြးေကာက္ပြဲအတြက္ ဒါကိုရည္႐ြယ္လုပ္တာမဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ႏွစ္က ဂ်ပန္ႏိုင္ငံခရီးစဥ္မွာ ေျပာၾကားထားပါတယ္။
၂၀၀၈ ဖြဲ႕စည္းပုံျပင္ဖို႔ ဘယ္ေလာက္ခက္လဲ
ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဖို႔အတြက္ဆို ပုဒ္မ ၄၃၆ (က) နဲ႔ ပုဒ္မ ၄၃၆ (ခ) ဆိုတဲ့ အဓိကက်တဲ့ပုဒ္မ ႏွစ္ခုရွိပါတယ္။ ပုဒ္မ ၄၃၆ (က) ကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ ၇၅ ရာခိုင္ ႏႈန္းေက်ာ္က ေထာက္ခံရင္ေတာင္မွ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲလုပ္ရပါမယ္။
အဲဒီလို ဆႏၵခံယူပြဲ လုပ္ရင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူရဲ႕ ထက္ဝက္ေက်ာ္က ေထာက္ခံမဲေပးမွသာ ျပင္ဆင္လို႔ရမွာျဖစ္ပါတယ္။
ဥပမာ မဲေပးခြင့္ရွိသူက သန္း ၃၀ ရွိတယ္ဆိုပါစို႔။ အဲဒီ ၃၀ သန္းမွာ ၁၅ သန္းနဲ႔တစ္ေယာက္က မဲလာေပးတယ္ဆိုရင္ ၁၅ သန္းက ေထာက္ခံမဲေပးၿပီး တစ္ေယာက္က ကန႔္ကြက္မဲေပးရင္ ဆႏၵမဲေပးခြင့္ရွိသူ ထက္ဝက္(ေက်ာ္)ျဖစ္တဲ့ တစ္ေယာက္က ကန႔္ကြက္တဲ့အတြက္ ျပင္ဆင္ဖို႔ မျဖစ္ႏိုင္ပါဘူး။
ပုဒ္မ ၄၃၆ (ခ) ကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္းရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံရင္ ျပင္ဆင္ႏိုင္တဲ့ အက်ဳံးဝင္ပုဒ္မမ်ားပဲျဖစ္ပါတယ္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၁ကေန ပုဒ္မ ၄၈ အထိက ပုဒ္မ ၄၃၆(က)နဲ႔မွျပင္လို႔ရမွာျဖစ္ၿပီး ပုဒ္မ ၄၉ ကေန ၅၆ အထိကေတာ့ ပုဒ္မ ၄၃၆(ခ) နဲ႔မွျပင္လို႔ရမွာျဖစ္ပါတယ္။
လႊတ္ေတာ္အမတ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ဆိုတာ ဘယ္ႏွေယာက္လဲ
လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၆၅၄ ဦးရွိပါတယ္။ အဲဒီေတာ့ ၆၅၄ ဦးရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ကို တြက္ၾကည့္လိုက္ရင္ လႊတ္ေတာ္အမတ္ ၄၉၁ ဦးေက်ာ္ (၄၉၂) ဦးျဖစ္ပါတယ္။
ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ လာမယ့္သီတင္းပတ္ေတြမွာလည္း လႊတ္ေတာ္တြင္းေဆြးေႏြးခ်က္ေတြက စိတ္ဝင္စားဖြယ္ရွိေနပါတယ္။ |
အဲဒီထဲမွာ ေ႐ြးေကာက္ခံလႊတ္ေတာ္အမတ္က စုစုေပါင္း ၄၈၈ ဦးရွိၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမည္စာရင္းတင္သြင္းတဲ့ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၁၆၆ ဦး ရွိပါတယ္။
လက္ရွိ ေ႐ြးေကာက္ခံအမတ္ ၄၈၈ ဦးထဲမွာ အန္အယ္လ္ဒီက အမတ္ဦးေရ စုစုေပါင္း ၃၉၀ ရွိၿပီး အဓိက အင္အားစု အမတ္အေရအတြက္ကိုရထားပါတယ္။ ဒါကေတာ့ ဥပေဒၾကမ္းတစ္ခုခုကို ျပင္ဆင္တာ၊ ျဖည့္ စြက္ တာ၊ ပယ္ဖ်က္တာ၊ ျပဌာန္းတာ စတာေတြမွာ တျခားအင္အားစုေတြမပါဘဲ သေဘာထားေပးလို႔ရတဲ့ ဥပေဒျပဳေရးမ႑ိဳင္ရဲ႕ အဓိက်တဲ့ အေရအတြက္ကိုအန္အယ္လ္ဒီပါတီက ရထားပါတယ္။
ဒါေပမဲ့ ကမာၻေပၚမွာ ျပင္ရအခက္ဆုံးလို႔ ေျပာၾကတဲ့ ျမန္မာႏိုင္ငံရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဖို႔ ဆိုရင္ေတာ့ အန္အယ္လ္ဒီအင္အားစုအျပင္ တျခားေ႐ြးေကာက္ခံပါတီက အမတ္ေတြ၊ တစ္သီးပုဂၢလ ေတြ အပါအဝင္ လႊတ္ေတာ္ထဲက ၂၅ ရာခိုင္ႏႈန္းေနရာယူထားတဲ့ တပ္မေတာ္ရဲ႕ ေထာက္ခံမႈ မျဖစ္မေန လိုအပ္လာပါတယ္။
အန္အယ္လ္ဒီဟာ အဓိကက်တဲ့ အမတ္အင္အားစုကိုရထားေပမယ့္ ဖြဲ႕စည္းပုံျပင္ေရးအတြက္ေတာ့ တျခားအစုအဖြဲ႕ေတြရဲ႕ေထာက္ခံမဲ မျဖစ္မေနလိုအပ္ပါတယ္။ |
ျမန္မာျပည္မွာ ဖြဲ႕စည္းပုံျပင္ဖို႔ဆိုရင္ ဒီဖြဲ႕စည္းပုံကိုေရးခဲ့တဲ့ တပ္မေတာ္နဲ႔ ျပင္ခ်င္တဲ့အင္အားစုေတြၾကား နားလည္မႈရေအာင္ေဆြးေႏြးဖို႔လိုမယ္လို႔ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာအင္စတီက်ဴ႕(ျမန္မာ)အမႈေဆာင္ ဒါ႐ိုက္တာ ေဒါက္တာမင္းေဇာ္ဦးက ဘီဘီစီကိုေျပာပါတယ္။
လႊတ္ေတာ္ထဲမွာဘယ္လိုပဲေဆြးေႏြးေဆြးေႏြး၊ ဘယ္လိုဆႏၵမဲေတြပဲေပးပါေစ၊ တပ္မေတာ္ကမပါဘဲ ျပင္လို႔ မရေအာင္ လုပ္ထားတဲ့ ဖြဲ႕စည္းပုံျဖစ္တယ္လို႔ သူကဆက္ေျပာပါတယ္။
"အခု လႊတ္ေတာ္မွာလုပ္ေနတာက ဘာမွခရီးေရာက္ဖို႔မရွိဘူး။ အဓိကက တစ္ဖက္နဲ႔တစ္ဖက္ တပ္မေတာ္ ဘက္ကလည္း သူတို႔မွန္တယ္ဆိုတဲ့အေၾကာင္း၊ ျပည္ခိုင္ၿဖိဳးကလည္း တပ္မေတာ္နဲ႔အ တူရပ္ၿပီး ေဆြးေႏြးတယ္။ အန္အယ္လ္ဒီကလည္း သူတို႔ျပင္ခ်င္တဲ့အေၾကာင္း ဒီေလာက္ပဲ ျငင္းတဲ့ခုန္တဲ့ အဆင့္ ေလာက္ပဲရွိမယ္။ တစ္ဖက္နဲ႔တစ္ဖက္ သိကၡာခ်တဲ့အဆင့္ေလာက္ပဲရွိမယ္။ ဒါေပမဲ့ တကယ္တမ္း အရာ ေရာက္တဲ့အဆင့္ေတာ့ ျဖစ္လာမွာမဟုတ္ဘူး" လို႔ ေဒါက္တာ မင္းေဇာ္ဦးကေျပာပါတယ္။
တပ္မေတာ္သားကိုယ္စားလွယ္ ၁၆၆ ဦးထဲက အနည္းဆုံး ေလးဦးေထာက္ခံမွ ဒီဖြဲ႕စည္းပုံကို ျပင္ဆင္ႏိုင္မွာပါ။ |
ဖြဲ႕စည္းပုံျပင္ဖို႔ တပ္မေတာ္ရဲ႕အခန္းက႑က အေရးႀကီးတယ္ဆိုတာကို အန္အယ္လ္ဒီမင္းတပ္အမတ္ ဦးေနလင္းေအာင္ကလည္း သေဘာတူပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအားလုံးက တိုင္းျပည္ရဲ႕ တိုးတက္ရာတိုးတက္ေၾကာင္းနဲ႔ ျပည္သူကို မ်က္ႏွာမူတဲ့ ခံယူခ်က္စိတ္ဆႏၵရွိမွပဲ ျပင္ဆင္ႏိုင္ လိမ့္မယ္လို႔ သူက ဘီဘီစီကိုေျပာပါတယ္။
"လႊတ္ေတာ္ထဲက အစုအဖြဲ႕ေတြရွိၾကတယ္။ ႏိုင္ငံေရးရဲ႕ သေဘာသဘာဝအရ Power sharing (အာဏာခြဲေဝျခင္း) အရေတာ့ အေပးအယူ အေလွ်ာ့အတင္းေလးေတြေပၚမူတည္ၿပီးေတာ့ ျပင္ဆင္မႈေတြက ပိုေခ်ာေမြ႕ႏိုင္ပါတယ္။ အေပးအယူအေလွ်ာ့အတင္းဆိုတာေတာ့ အဓိကက Stakeholder ေတြေပါ့။ လႊတ္ေတာ္ထဲမွာေျပာတာကေတာ့ ဘာေၾကာင့္ျပင္ခ်င္တယ္မျပင္ခ်င္ဘူးဆိုတာေတြကို ျပည္သူကိုခ်ျပတဲ့သေဘာပါပဲ" လို႔ ဦးေနလင္းေအာင္က ေျပာပါတယ္။
တပ္၊ ျပည္ခိုင္ၿဖိဳးနဲ႔ အန္အယ္လ္ဒီက တင္တဲ့ဥပေဒၾကမ္းေတြမွာ ဘာေတြကြဲလြဲေနလဲ
တပ္မေတာ္နဲ႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက တင္တဲ့ ဖြဲ႕စည္းပုံျပင္ေရးဥပေဒမူၾကမ္း ငါးခုလုံးကို ၿခဳံငုံၾကည့္ရင္ေတာ့ သမၼတရဲ႕ အခြင့္အာဏာ ကို ေလွ်ာ့ခ်တာ၊ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕ အခန္းက႑ကို ခ်ဲ႕ထြင္တာေတြအဓိက ျဖစ္ပါတယ္။
ဖြဲ႕စည္းပုံျပင္ေရး အဓိကက်တဲ့ ေခါင္းေဆာင္ခ်င္း သေဘာတူညီခ်က္ရဖို႔လိုအပ္ေန |
ဒါ့အျပင္ နာမည္ေက်ာ္ ပုဒ္မ ၅၉(စ) ပါ သမၼတအရည္အခ်င္းသတ္မွတ္ခ်က္ကို ျပည္ေထာင္စုဝန္ႀကီးေတြနဲ႔ တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြရဲ႕ အရည္အခ်င္း သတ္မွတ္ခ်က္အျဖစ္ထပ္တိုး ထည့္သြင္းတာေတြျဖစ္ပါ တယ္။
အန္အယ္လ္ဒီပါတီဦးေဆာင္ၿပီး ၄၅ ဦးပူးေပါင္းေကာ္မတီ တင္သြင္းတဲ့ ဥပေဒၾကမ္းႏွစ္ခုကေတာ့ ပုဒ္မ ၄၃၆ (က) နဲ႔ (ခ) ကို အဓိကျပင္တာျဖစ္ၿပီး သမၼတရဲ႕ အခြင့္အာဏာကို ျမႇင့္တင္တာ၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္၊ အာဏာကို ေလွ်ာ့ခ်တာ၊ လႊတ္ေတာ္ထဲမွာ တပ္မ ေတာ္သားအစုအဖြဲ႕ေတြကို ေနာင္လႊတ္ေတာ္သက္တမ္းေတြအလိုက္ အဆင့္ဆင့္ေလွ်ာ့ခ်သြားတာ စတာေတြျဖစ္ပါတယ္။
ဒါ့အျပင္ နာမည္ေက်ာ္ပုဒ္မ ျဖစ္တဲ့ ၅၉ (စ) ကို လုံးဝပယ္ဖ်က္ထားပါတယ္။ ပုဒ္မ ၅၉ (စ) ကေတာ့ ႏိုင္ငံေတာ္သမၼတတာဝန္ထမ္းေဆာင္မယ့္သူ ကိုယ္တိုင္၊ သူ႔ရဲ႕ မိဘ၊ ခင္ပြန္း၊ ဇနီး၊ သားသမီး၊ အဲဒီသားသမီးရဲ႕ ဇနီး၊ ခင္ပြန္းတို႔ဟာ ႏိုင္ငံျခားသားမျဖစ္ေစရ၊ ႏိုင္ငံျခားအစိုးရသစၥာခံသူ မျဖစ္ရဆိုတဲ့ အခ်က္ျဖစ္ပါတယ္။
ဒီအခ်က္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေ႐ြးေကာက္ပြဲႏိုင္တဲ့ ပါတီေခါင္းေဆာင္ေပမယ့္ သမၼတ ျဖစ္ခြင့္မရဘဲ အတိုင္ပင္ခံပုဂၢိဳလ္ ဥပေဒျပဌာန္းၿပီး ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ တာဝန္ထမ္းေဆာင္ေနတာျဖစ္ပါတယ္။
ဒါေၾကာင့္ အထက္က ဥပေဒၾကမ္းေတြကို ႏႈိင္းယွဥ္ေလ့လာလိုက္တာနဲ႔ အင္အားစုေတြၾကား ျပင္ဆင္ လိုတဲ့အခ်က္ေတြက ျပဒါးတစ္လမ္းသံတစ္လမ္းလို ျဖစ္ေနတာေတြ႕ရပါမယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ ပုဒ္မ ၅၉ (စ)ေၾကာင့္ အႏိုင္ရပါတီေခါင္းေဆာင္ျဖစ္ေပမယ့္ သမၼတျဖစ္ခြင့္မရခဲ့ပါဘူး |
ဘယ္သူေတြက ဘယ္မူၾကမ္းေတြကို ေထာက္ခံေဆြးေႏြးထားသလဲ
၄၅ ဦးပူးေပါင္းေကာ္မတီက တင္သြင္းတဲ့ဥပေဒမူၾကမ္းေတြကို အလုံးစုံသေဘာမတူခဲ့ဘူးလို႔ အဲဒီ ေကာ္မတီဝင္ ကခ်င္ျပည္သူ႔ပါတီက လႊတ္ေတာ္အမတ္ ဦးလမာေနာ္ေအာင္က ဘီဘီစီကိုေျပာပါတယ္။
ေကာ္မတီတြင္းမွာ ေဆြးေႏြးခ်ိန္ ပုဒ္မ ၂၆၁ လို တိုင္းနဲ႔ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို သမၼတက တိုက္႐ိုက္ ခန႔္အပ္ခြင့္ရွိတာနဲ႔ ျပင္ဆင္ဖို႔သေဘာထားေပးခဲ့ ေပမယ့္ မဲခြဲဆုံးျဖတ္တဲ့အခါ ရႈံးနိမ့္ခဲ့ တယ္လို႔ သူက ဆက္ေျပာပါတယ္။
ဒါေပမဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးဟာ တိုင္းျပည္ရဲ႕အေ႐ြ႕တစ္ခုျဖစ္တာေၾကာင့္ ေထာက္ခံခဲ့တာျဖစ္တယ္လို႔ သူက ဆိုပါတယ္။
တပ္ခ်ဳပ္ရဲ႕လုပ္ပိုင္ခြင့္ကိုေလွ်ာ့ခ်တဲ့ပုဒ္မေတြကို တိုင္းရင္းသားအမတ္တခ်ိဳ႕က ေထာက္ခံေဆြးေႏြးထားပါတယ္။ |
အန္အယ္လ္ဒီကတင္သြင္းထားတဲ့ထဲက တပ္ခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္နဲ႔ ဆုံးျဖတ္ခြင့္အခန္းက႑ကို ေလွ်ာ့ခ်ထားတဲ့ ပုဒ္မေတြကို ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD) က အမတ္ စိုင္းဥကၠာက ေဖေဖာ္ဝါရီ ၂၈ ရက္လႊတ္ေတာ္မွာ ေထာက္ခံေဆြးေႏြးခဲ့ပါတယ္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ အခန္းက႑ကိုေလွ်ာ့ခ်ထားတဲ့ ပုဒ္မ ၄၁၀၊ ၄၁၂၊ ၄၁၃၊ ၄၁၅၊ ၄၁၇၊ ၄၁၇ (ခ)၊ ၄၁၉၊ ၄၂၀၊ ၄၂၁(က)၊(ခ)၊ ၄၂၂၊ ၄၂၃၊ ၄၂၅၊ ၄၂၆၊ ၄၂၇(က)၊ ၄၃၂ တို႔ကို ေထာက္ခံ ေဆြးေႏြးသြားတာျဖစ္ပါတယ္။
အဓိကကေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တစ္ဦးတည္းရဲ႕ လုပ္ပိုင္ခြင့္နဲ႔ ဆုံးျဖတ္ပိုင္ခြင့္ အာဏာ ေတြဟာ အလြန္အမင္း ႀကီးထြားေနတဲ့အတြက္ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ႏိုင္တယ္လို႔ စိုင္းဥကၠာက ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။
ေဖေဖာ္ဝါရီ ၂၅ ရက္ကေန ၂၈ ရက္ေန႔အထိ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႕စည္းပုံျပင္ေရး ေဆြးေႏြးၾက တဲ့အထဲမွာ တပ္မေတာ္သားအစုအဖြဲ႕ကတင္ထားတဲ့ ဥပေဒၾကမ္းႏွစ္ခုနဲ႔ ျပည္ခိုင္ၿဖိဳးက တင္ထားတဲ့ ဥပေဒ ၾကမ္း သုံးခုတို႔ကို တပ္မေတာ္၊ ျပည္ခိုင္ၿဖိဳး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီနဲ႔ ရခိုင္ အမ်ိဳး သားပါတီတို႔က ေထာက္ခံေဆြးေႏြးထားၿပီး အန္အယ္လ္ဒီရဲ႕ ဥပေဒၾကမ္းေတြကို ကန႔္ကြက္ ေဆြးေႏြးထားပါတယ္။
အန္အယ္လ္ဒီက ကတင္တဲ့ျပင္ဆင္ခ်က္ေတြကိုေတာ့ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) တို႔က ေထာက္ခံေဆြးေႏြးထားပါတယ္။
ဒီမူၾကမ္း ၇ ခုကို ေဖေဖာ္ဝါရီ ၂၅ ရက္ကေန မတ္လ ၅ ရက္အထိ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ၁၄၉ ဦးေဆြးေႏြးမွာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ စုစုေပါင္း လႊတ္ေတာ္အမတ္ ၆၀ ေက်ာ္ေဆြးေႏြးထားၿပီး ျဖစ္ပါတယ္။
တစ္ႏွစ္အတြင္း ဖြဲ႕စည္းပုံျပင္ေရးလုပ္ငန္းစဥ္ၿပီးေျမာက္ေအာင္လုပ္မယ္လို႔ နာယကကေျပာၾကားထားပါတယ္။ |
အားလုံးေဆြးေႏြးၿပီးတဲ့အခါ ဒီမူၾကမ္း ၇ ခုကို သီးျခားစီ မဲခြဲဆုံးျဖတ္မလား၊ တစ္ပိုဒ္ခ်င္းစီအတည္ျပဳမဲခြဲ မလား ဆိုတာကေတာ့ ျပည္ေထာင္စု လႊတ္ေတာ္နာယကရဲ႕ လုပ္ပိုင္ခြင့္နဲ႔ သေဘာထားေပၚ မူတည္ေနၿပီး တစ္ပိုဒ္ခ်င္းစီဆိုရ္ငေတာ့ ၾကာႏိုင္မယ္လို႔ လႊတ္ေတာ္အမတ္တခ်ိဳ႕က ရွင္းျပထားပါတယ္။
ျပည္ေထာင္စုလႊတ္ေတာ္နာယကဦးတီခြန္ျမတ္ကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္းစဥ္ကို လက္ရွိလႊတ္ေတာ္သက္တမ္းအတြင္း အၿပီး ေဆာင္႐ြက္မယ္လို႔ ေျပာၾကားထားပါတယ္။
BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဖွဲ့စည်းပုံအခြေခံဥပဒေ-ပြင်လိုတဲ့အင်အားစုတွေနဲ့ တပ်မတော်ကြား ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ လုံးဝပြင်နိုင်ဖွယ်မရှိ
ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption မြန်မာပြည်နိုင်ငံရေးရဲ့ အဓိကဇာတ်ကောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ၁၅ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တာပါ။
ပြီးခဲ့တဲ့တစ်ပတ်ကစလို့ လွှတ်တော်ထဲမှာ ငြင်းခုန်သံတွေကျယ်လောင်ခဲ့သလို ပွတ်တိုက်မှုတွေလည်း ပြင်းထန်ခဲ့ပါတယ်။
လွှတ်တော်သက်တမ်း ကိုးနှစ်ပြည့်ခါနီးမှာ အပြင်းထန်ဆုံးပွတ်တိုက်ငြင်းခုံမှုလို့တောင် ဆိုနိုင်ပါတယ်။
ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းတွေစတင်ဆွေးနွေးခဲ့တာကြောင့် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်တုန်းကလည်း ဖွဲ့စည်းပုံပြင်ဖို့ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒီ လောက် ပြင်းထန်တဲ့ ပွတ်တိုက်မှုမကြုံခဲ့ရသလို ဥပဒေကြမ်းပြင်ဖို့ လွှတ်တော်ကို စတင်ခဲ့သူကလည်း ပြည်ခိုင်ဖြိုးအမတ်ဖြစ်ခဲ့ပါတယ်။
အဲဒီပထမအကြိမ်လွှတ်တော်တုန်းကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ်တွေက အများစုနေရာယူထားခဲ့ပါတယ်။
ဒီတစ်ခေါက်ကတော့ မတူတော့ပါဘူး။ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်မှာ အများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဖြစ်ပြီး သူတို့ရဲ့ ရွေးကောက်ပွဲကတိကဝတ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေးကို စတင်အကောင်အထည်ဖော်လာတာကြောင့် ဖြစ်ပါတယ်။
ပါတီရဲ့ ဥက္ကဋ္ဌ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအတွက် ဒါကိုရည်ရွယ်လုပ်တာမဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံခရီးစဉ်မှာ ပြောကြားထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ဘယ်လောက်ခက်လဲ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက်ဆို ပုဒ်မ ၄၃၆ (က) နဲ့ ပုဒ်မ ၄၃၆ (ခ) ဆိုတဲ့ အဓိကကျတဲ့ပုဒ်မ နှစ်ခုရှိပါတယ်။ ပုဒ်မ ၄၃၆ (က) ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင် နှုန်းကျော်က ထောက်ခံရင်တောင်မှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရပါမယ်။
အဲဒီလို ဆန္ဒခံယူပွဲ လုပ်ရင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော်က ထောက်ခံမဲပေးမှသာ ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။
ဥပမာ မဲပေးခွင့်ရှိသူက သန်း ၃၀ ရှိတယ်ဆိုပါစို့။ အဲဒီ ၃၀ သန်းမှာ ၁၅ သန်းနဲ့တစ်ယောက်က မဲလာပေးတယ်ဆိုရင် ၁၅ သန်းက ထောက်ခံမဲပေးပြီး တစ်ယောက်က ကန့်ကွက်မဲပေးရင် ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်(ကျော်)ဖြစ်တဲ့ တစ်ယောက်က ကန့်ကွက်တဲ့အတွက် ပြင်ဆင်ဖို့ မဖြစ်နိုင်ပါဘူး။
ပုဒ်မ ၄၃၆ (ခ) ကတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရင် ပြင်ဆင်နိုင်တဲ့ အကျုံးဝင်ပုဒ်မများပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ကနေ ပုဒ်မ ၄၈ အထိက ပုဒ်မ ၄၃၆(က)နဲ့မှပြင်လို့ရမှာဖြစ်ပြီး ပုဒ်မ ၄၉ ကနေ ၅၆ အထိကတော့ ပုဒ်မ ၄၃၆(ခ) နဲ့မှပြင်လို့ရမှာဖြစ်ပါတယ်။
လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ ဘယ်နှယောက်လဲ
လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိပါတယ်။ အဲဒီတော့ ၆၅၄ ဦးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို တွက်ကြည့်လိုက်ရင် လွှတ်တော်အမတ် ၄၉၁ ဦးကျော် (၄၉၂) ဦးဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Hluttaw
Image caption ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လာမယ့်သီတင်းပတ်တွေမှာလည်း လွှတ်တော်တွင်းဆွေးနွေးချက်တွေက စိတ်ဝင်စားဖွယ်ရှိနေပါတယ်။
အဲဒီထဲမှာ ရွေးကောက်ခံလွှတ်တော်အမတ်က စုစုပေါင်း ၄၈၈ ဦးရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ရှိပါတယ်။
လက်ရှိ ရွေးကောက်ခံအမတ် ၄၈၈ ဦးထဲမှာ အန်အယ်လ်ဒီက အမတ်ဦးရေ စုစုပေါင်း ၃၉၀ ရှိပြီး အဓိက အင်အားစု အမတ်အရေအတွက်ကိုရထားပါတယ်။ ဒါကတော့ ဥပဒေကြမ်းတစ်ခုခုကို ပြင်ဆင်တာ၊ ဖြည့် စွက် တာ၊ ပယ်ဖျက်တာ၊ ပြဌာန်းတာ စတာတွေမှာ တခြားအင်အားစုတွေမပါဘဲ သဘောထားပေးလို့ရတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အဓိကျတဲ့ အရေအတွက်ကိုအန်အယ်လ်ဒီပါတီက ရထားပါတယ်။
ဒါပေမဲ့ ကမ္ဘာပေါ်မှာ ပြင်ရအခက်ဆုံးလို့ ပြောကြတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဆိုရင်တော့ အန်အယ်လ်ဒီအင်အားစုအပြင် တခြားရွေးကောက်ခံပါတီက အမတ်တွေ၊ တစ်သီးပုဂ္ဂလ တွေ အပါအဝင် လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ တပ်မတော်ရဲ့ ထောက်ခံမှု မဖြစ်မနေ လိုအပ်လာပါတယ်။
ဓာတ်ပုံ မူပိုင် Hluttaw
Image caption အန်အယ်လ်ဒီဟာ အဓိကကျတဲ့ အမတ်အင်အားစုကိုရထားပေမယ့် ဖွဲ့စည်းပုံပြင်ရေးအတွက်တော့ တခြားအစုအဖွဲ့တွေရဲ့ထောက်ခံမဲ မဖြစ်မနေလိုအပ်ပါတယ်။
အထူးသဖြင့် ခုနောက်ပိုင်း အန်အယ်လ်ဒီပါတီက နုတ်ထွက်ပြီး တခြားပါတီထဲ ဝင်သွားသူတွေ၊ ပါတီက အရေးယူလို့ ပါတီကနေ နုတ်ထွက်သွားပြီး တစ်သီးပုဂ္ဂလ ရပ်တည်သူတွေနဲ့ ကွယ်လွန်ဆုံးပါးသွားပြီး လစ် လပ်နေတဲ့ မဲဆန္ဒနယ်က အမတ်တချို့ပါ ထည့်တွက်ရင် အန်အယ်လ်ဒီက အမတ် ဦးရေ ၃၉၀ ထက်နည်း ဖို့ပဲရှိနေပါတယ်။
မြန်မာပြည်မှာ ဖွဲ့စည်းပုံပြင်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံကိုရေးခဲ့တဲ့ တပ်မတော်နဲ့ ပြင်ချင်တဲ့အင်အားစုတွေကြား နားလည်မှုရအောင်ဆွေးနွေးဖို့လိုမယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအင်စတီကျူ့(မြန်မာ)အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဘီဘီစီကိုပြောပါတယ်။
လွှတ်တော်ထဲမှာဘယ်လိုပဲဆွေးနွေးဆွေးနွေး၊ ဘယ်လိုဆန္ဒမဲတွေပဲပေးပါစေ၊ တပ်မတော်ကမပါဘဲ ပြင်လို့ မရအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
"အခု လွှတ်တော်မှာလုပ်နေတာက ဘာမှခရီးရောက်ဖို့မရှိဘူး။ အဓိကက တစ်ဖက်နဲ့တစ်ဖက် တပ်မတော် ဘက်ကလည်း သူတို့မှန်တယ်ဆိုတဲ့အကြောင်း၊ ပြည်ခိုင်ဖြိုးကလည်း တပ်မတော်နဲ့အ တူရပ်ပြီး ဆွေးနွေးတယ်။ အန်အယ်လ်ဒီကလည်း သူတို့ပြင်ချင်တဲ့အကြောင်း ဒီလောက်ပဲ ငြင်းတဲ့ခုန်တဲ့ အဆင့် လောက်ပဲရှိမယ်။ တစ်ဖက်နဲ့တစ်ဖက် သိက္ခာချတဲ့အဆင့်လောက်ပဲရှိမယ်။ ဒါပေမဲ့ တကယ်တမ်း အရာ ရောက်တဲ့အဆင့်တော့ ဖြစ်လာမှာမဟုတ်ဘူး" လို့ ဒေါက်တာ မင်းဇော်ဦးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Htuttaw
Image caption တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးထဲက အနည်းဆုံး လေးဦးထောက်ခံမှ ဒီဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှာပါ။
ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်ရဲ့အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာကို အန်အယ်လ်ဒီမင်းတပ်အမတ် ဦးနေလင်းအောင်ကလည်း သဘောတူပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက တိုင်းပြည်ရဲ့ တိုးတက်ရာတိုးတက်ကြောင်းနဲ့ ပြည်သူကို မျက်နှာမူတဲ့ ခံယူချက်စိတ်ဆန္ဒရှိမှပဲ ပြင်ဆင်နိုင် လိမ့်မယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။
"လွှတ်တော်ထဲက အစုအဖွဲ့တွေရှိကြတယ်။ နိုင်ငံရေးရဲ့ သဘောသဘာဝအရ Power sharing (အာဏာခွဲဝေခြင်း) အရတော့ အပေးအယူ အလျှော့အတင်းလေးတွေပေါ်မူတည်ပြီးတော့ ပြင်ဆင်မှုတွေက ပိုချောမွေ့နိုင်ပါတယ်။ အပေးအယူအလျှော့အတင်းဆိုတာတော့ အဓိကက Stakeholder တွေပေါ့။ လွှတ်တော်ထဲမှာပြောတာကတော့ ဘာကြောင့်ပြင်ချင်တယ်မပြင်ချင်ဘူးဆိုတာတွေကို ပြည်သူကိုချပြတဲ့သဘောပါပဲ" လို့ ဦးနေလင်းအောင်က ပြောပါတယ်။
တပ်၊ ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီက တင်တဲ့ဥပဒေကြမ်းတွေမှာ ဘာတွေကွဲလွဲနေလဲ
တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တင်တဲ့ ဖွဲ့စည်းပုံပြင်ရေးဥပဒေမူကြမ်း ငါးခုလုံးကို ခြုံငုံကြည့်ရင်တော့ သမ္မတရဲ့ အခွင့်အာဏာ ကို လျှော့ချတာ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်တာတွေအဓိက ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် LILLIAN SUWANRUMPHA
Image caption ဖွဲ့စည်းပုံပြင်ရေး အဓိကကျတဲ့ ခေါင်းဆောင်ချင်း သဘောတူညီချက်ရဖို့လိုအပ်နေ
ဒါ့အပြင် နာမည်ကျော် ပုဒ်မ ၅၉(စ) ပါ သမ္မတအရည်အချင်းသတ်မှတ်ချက်ကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်အဖြစ်ထပ်တိုး ထည့်သွင်းတာတွေဖြစ်ပါ တယ်။
အန်အယ်လ်ဒီပါတီဦးဆောင်ပြီး ၄၅ ဦးပူးပေါင်းကော်မတီ တင်သွင်းတဲ့ ဥပဒေကြမ်းနှစ်ခုကတော့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို အဓိကပြင်တာဖြစ်ပြီး သမ္မတရဲ့ အခွင့်အာဏာကို မြှင့်တင်တာ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်၊ အာဏာကို လျှော့ချတာ၊ လွှတ်တော်ထဲမှာ တပ်မ တော်သားအစုအဖွဲ့တွေကို နောင်လွှတ်တော်သက်တမ်းတွေအလိုက် အဆင့်ဆင့်လျှော့ချသွားတာ စတာတွေဖြစ်ပါတယ်။
ဒါ့အပြင် နာမည်ကျော်ပုဒ်မ ဖြစ်တဲ့ ၅၉ (စ) ကို လုံးဝပယ်ဖျက်ထားပါတယ်။ ပုဒ်မ ၅၉ (စ) ကတော့ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်မယ့်သူ ကိုယ်တိုင်၊ သူ့ရဲ့ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ အဲဒီသားသမီးရဲ့ ဇနီး၊ ခင်ပွန်းတို့ဟာ နိုင်ငံခြားသားမဖြစ်စေရ၊ နိုင်ငံခြားအစိုးရသစ္စာခံသူ မဖြစ်ရဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒီအချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲနိုင်တဲ့ ပါတီခေါင်းဆောင်ပေမယ့် သမ္မတ ဖြစ်ခွင့်မရဘဲ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေပြဌာန်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။
ဒါကြောင့် အထက်က ဥပဒေကြမ်းတွေကို နှိုင်းယှဉ်လေ့လာလိုက်တာနဲ့ အင်အားစုတွေကြား ပြင်ဆင် လိုတဲ့အချက်တွေက ပြဒါးတစ်လမ်းသံတစ်လမ်းလို ဖြစ်နေတာတွေ့ရပါမယ်။
ဓာတ်ပုံ မူပိုင် State Counselor
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၅၉ (စ)ကြောင့် အနိုင်ရပါတီခေါင်းဆောင်ဖြစ်ပေမယ့် သမ္မတဖြစ်ခွင့်မရခဲ့ပါဘူး
"တစ်ဖက်ကလည်း ပြည်သူတင်မြှောက်တဲ့ သမ္မတရဲ့အခွင့်အာဏာကို မြှင့်တင်ဖို့လုပ်တယ်။ တစ်ဖက်က လည်းလျှော့ချဖို့လုပ်တယ်။ တစ်ဖက်နဲ့တစ်ဖက် သွားတဲ့ဦးတည်ချက်ချင်းက မတူဘူး။ တပ်မတော်သား လေးယောက် လိုသလို ပြည်သူတင်မြှောက်ထားတဲ့ အစုအဖွဲ့ထဲမှာကို တချို့က ကန့်ကွက်တဲ့ပုံစံတွေ တွေ့ ရတော့ ကျန်တဲ့ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေအင်အားလည်း လိုပါမယ်။ ကျွန်တော် ထင်တာကတော့ တပ်မ တော်က တစ်ယောက်ထောက်ခံရင်အကုန်လုံးထောက်ခံမှာပါ။ ဒီသဘောဆိုတော့ တပ်မတော်ဘက်က ပြောင်းလဲမှုဆိုတာက တစ်ဦးတည်းသော stakeholder ပေါ်ပဲ မူတည်နေတာ " လို့ ဦးနေလင်းအောင်က ပြောပါတယ်။
ဘယ်သူတွေက ဘယ်မူကြမ်းတွေကို ထောက်ခံဆွေးနွေးထားသလဲ
၄၅ ဦးပူးပေါင်းကော်မတီက တင်သွင်းတဲ့ဥပဒေမူကြမ်းတွေကို အလုံးစုံသဘောမတူခဲ့ဘူးလို့ အဲဒီ ကော်မတီဝင် ကချင်ပြည်သူ့ပါတီက လွှတ်တော်အမတ် ဦးလမာနော်အောင်က ဘီဘီစီကိုပြောပါတယ်။
ကော်မတီတွင်းမှာ ဆွေးနွေးချိန် ပုဒ်မ ၂၆၁ လို တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ရှိတာနဲ့ ပြင်ဆင်ဖို့သဘောထားပေးခဲ့ ပေမယ့် မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးနိမ့်ခဲ့ တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ တိုင်းပြည်ရဲ့အရွေ့တစ်ခုဖြစ်တာကြောင့် ထောက်ခံခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption တပ်ချုပ်ရဲ့လုပ်ပိုင်ခွင့်ကိုလျှော့ချတဲ့ပုဒ်မတွေကို တိုင်းရင်းသားအမတ်တချို့က ထောက်ခံဆွေးနွေးထားပါတယ်။
အန်အယ်လ်ဒီကတင်သွင်းထားတဲ့ထဲက တပ်ချုပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်အခန်းကဏ္ဍကို လျှော့ချထားတဲ့ ပုဒ်မတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က အမတ် စိုင်းဥက္ကာက ဖေဖော်ဝါရီ ၂၈ ရက်လွှတ်တော်မှာ ထောက်ခံဆွေးနွေးခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကိုလျှော့ချထားတဲ့ ပုဒ်မ ၄၁၀၊ ၄၁၂၊ ၄၁၃၊ ၄၁၅၊ ၄၁၇၊ ၄၁၇ (ခ)၊ ၄၁၉၊ ၄၂၀၊ ၄၂၁(က)၊(ခ)၊ ၄၂၂၊ ၄၂၃၊ ၄၂၅၊ ၄၂၆၊ ၄၂၇(က)၊ ၄၃၂ တို့ကို ထောက်ခံ ဆွေးနွေးသွားတာဖြစ်ပါတယ်။
အဓိကကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်းရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့် အာဏာ တွေဟာ အလွန်အမင်း ကြီးထွားနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တယ်လို့ စိုင်းဥက္ကာက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးကြ တဲ့အထဲမှာ တပ်မတော်သားအစုအဖွဲ့ကတင်ထားတဲ့ ဥပဒေကြမ်းနှစ်ခုနဲ့ ပြည်ခိုင်ဖြိုးက တင်ထားတဲ့ ဥပဒေ ကြမ်း သုံးခုတို့ကို တပ်မတော်၊ ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ရခိုင် အမျိုး သားပါတီတို့က ထောက်ခံဆွေးနွေးထားပြီး အန်အယ်လ်ဒီရဲ့ ဥပဒေကြမ်းတွေကို ကန့်ကွက် ဆွေးနွေးထားပါတယ်။
အန်အယ်လ်ဒီက ကတင်တဲ့ပြင်ဆင်ချက်တွေကိုတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တို့က ထောက်ခံဆွေးနွေးထားပါတယ်။
ဒီမူကြမ်း ၇ ခုကို ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၅ ရက်အထိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦးဆွေးနွေးမှာဖြစ်ပြီး လက်ရှိအချိန်ထိ စုစုပေါင်း လွှတ်တော်အမတ် ၆၀ ကျော်ဆွေးနွေးထားပြီး ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Hluttaw
Image caption တစ်နှစ်အတွင်း ဖွဲ့စည်းပုံပြင်ရေးလုပ်ငန်းစဉ်ပြီးမြောက်အောင်လုပ်မယ်လို့ နာယကကပြောကြားထားပါတယ်။
အားလုံးဆွေးနွေးပြီးတဲ့အခါ ဒီမူကြမ်း ၇ ခုကို သီးခြားစီ မဲခွဲဆုံးဖြတ်မလား၊ တစ်ပိုဒ်ချင်းစီအတည်ပြုမဲခွဲ မလား ဆိုတာကတော့ ပြည်ထောင်စု လွှတ်တော်နာယကရဲ့ လုပ်ပိုင်ခွင့်နဲ့ သဘောထားပေါ် မူတည်နေပြီး တစ်ပိုဒ်ချင်းစီဆိုရ်ငတော့ ကြာနိုင်မယ်လို့ လွှတ်တော်အမတ်တချို့က ရှင်းပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း အပြီး ဆောင်ရွက်မယ်လို့ ပြောကြားထားပါတယ်။
BBC Burmese
https://www.bbc.com
ဖြဲ႕စည္းပုံအေျခခံဥပေဒ-ျပင္လိုတဲ့အင္အားစုေတြနဲ႔ တပ္မေတာ္ၾကား ညႇိႏႈိင္းေဆြးေႏြးမႈ မရွိဘဲ လုံးဝျပင္ႏိုင္ဖြယ္မရွိ
Reviewed by THITHTOOLWIN
on
23:26
Rating: