ျမန္မာမွာ ဘိန္းထြက္ႏႈန္း ေလ်ာ့သြားတယ္လုိ႔ ကုလသမဂၢေျပာ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ၁၁ ရာခိုင္ႏႈန္း က်ဆင္းသြားျပီး စုစုေပါင္းစိုက္ပ်ိဳးဧက ၈၂,၀၀၀ နီးပါးသာ ရွိေတာ့ေၾကာင္း မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈႏွိမ္ႏွင္းေရး ဆုိင္ရာ ကုလသမဂၢ႐ံုး (UNODC) က ဒီကေန႔ ထုတ္ျပန္တဲ့အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

လက္နက္ကိုင္စစ္ပြဲေတြ ရိွေနတဲ့ ကခ်င္ျပည္နယ္မွာ ဘိန္းစိုက္ပ်ိဳးမႈ အနည္းငယ္ တုိးလာတာကလြဲလုိ႔ ရွမ္း၊ ခ်င္းနဲ႔ ကယားျပည္နယ္ေတြ အပါအ၀င္ က်န္ေဒသေတြမွာေတာ့ သိသိသာသာ က်ဆင္းသြားတယ္လုိ႔ ဆိုပါတယ္။
ကခ်င္ျပည္နယ္ရွိ ဘိန္းစိုက္ပ်ိဳးမႈ (ေဖေဖာ္၀ါရီ၊ ၁၉၊ ၂၀၁၆)
ဘိန္းစိုက္ပ်ိဳးတဲ့ ပမာဏ က်ဆင္းသြားတဲ့အျပင္ လက္လီ ၀ယ္ေစ်းဟာလည္း ၄ ႏွစ္ ဆက္တုိက္ က်ဆင္းသြားတာေၾကာင့္ ဒါဟာ ေဒသတြင္း ဘိန္း၀ယ္လုိအားက် ဆင္းသြားတာကို ျပေနေၾကာင္း အစီရင္ခံစာမွာ ေထာက္ျပပါတယ္။

ဘိန္း၀ယ္လိုအား က်ဆင္းသြားေပမဲ့ ဘိန္းအစား တျခား မူးယစ္ေဆး၀ါး ထုတ္လုပ္မႈေတြကေတာ့ သိသိသာသာ တိုးလာတဲ့အျပင္ မူးယစ္ ရာဇ၀တ္ဂိုဏ္းေတြအေနနဲ႔ ျမန္မာႏုိင္ငံမွာ မူးယစ္ေဆးထုတ္လုပ္မႈကေန ၀င္ေငြအမ်ားအျပား ရေနတုန္းပဲလို႔လည္း အစီရင္ခံစာက ေထာက္ျပပါတယ္။

လက္ရွိ ဘိန္းစိုက္ပ်ိဳးမႈ အမ်ားဆံုး ေဒသေတြကို ၾကည့္ရင္ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ မတည္မၿငိမ္ျဖစ္ေနတဲ့ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေတြ ျဖစ္တာေၾကာင့္ ဘိန္းစိုက္ပ်ိဳး ထုတ္လုပ္မႈဟာ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ ဆက္စပ္ေနတာ ျဖစ္ေၾကာင္းလည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ၊ ေမွာင္ခိုကူးမႈနဲ႔ ဓာတုစိတ္ႂကြေဆးေတြ၊ မူးယစ္ေဆး၀ါး ထုတ္လုပ္မႈေတြဟာ ႏုိင္ငံတြင္းနဲ႔ နယ္စပ္ေဒသတေလွ်ာက္ တည္ၿငိမ္ေရးနဲ႔ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္ေနတာျဖစ္ေၾကာင္းလည္း UNODC ရဲ႕ အစီရင္ခံစာ ေဖာ္ျပထားပါတယ္။

ဘိန္းစုိက္ပ်ိဳးထုတ္လုပ္မႈ အပါအ၀င္ မူးယစ္ေဆး၀ါး ထုတ္လုပ္မႈ၊ ဒါနဲ႔ဆက္စပ္တဲ့ နယ္စပ္ျဖတ္ေက်ာ္ ရာဇ၀တ္မႈေတြကို ႏွိမ္နင္းဖုိ႔အတြက္ ကုလသမဂၢ UNODC ၊ ေဒသတြင္းနုိင္ငံေတြနဲ႔ ပူေပါင္းေပါင္းေဆာင္ရြက္သြားမယ့္အေၾကာင္း ျမန္မာအစုိးရ တာ၀န္ရွိသူေတြကလည္း ေျပာဆိုပါတယ္။

[Unicode Version]

မြန်မာမှာ ဘိန်းထွက်နှုန်း လျော့သွားတယ်လို့ ကုလသမဂ္ဂပြော

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး စုစုပေါင်းစိုက်ပျိုးဧက ၈၂,၀၀၀ နီးပါးသာ ရှိတော့ကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး ဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ဒီကနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင်စစ်ပွဲတွေ ရှိနေတဲ့ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု အနည်းငယ်တိုးလာတာကလွဲလို့ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေ အပါအဝင် ကျန်ဒေသတွေမှာတော့ သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ ပမာဏ ကျဆင်းသွားတဲ့အပြင် လက်လီ ဝယ်ဈေး ဟာလည်း ၄ နှစ်ဆက်တိုက် ကျဆင်းသွားတာကြောင့် ဒါဟာ ဒေသတွင်း ဘိန်းဝယ်လိုအားကျ ဆင်းသွားတာကို ပြနေကြောင်း အစီရင်ခံစာမှာ ထောက်ပြပါတယ်။

ဘိန်းဝယ်လိုအား ကျဆင်းသွားပေမဲ့ ဘိန်းအစား တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကတော့ သိသိသာသာ တိုးလာတဲ့အပြင် မူးယစ် ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးထုတ်လုပ်မှုကနေ ဝင်ငွေအများအပြား ရနေတုန်းပဲလို့လည်း အစီရင်ခံစာက ထောက်ပြပါတယ်။

လက်ရှိ ဘိန်းစိုက်ပျိုးမှုအများဆုံး ဒေသတွေကိုကြည့်ရင် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေ ဖြစ်တာကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်စပ်နေတာ ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ မှောင်ခိုကူးမှုနဲ့ ဓာတုစိတ်ကြွဆေးတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေဟာ နိုင်ငံတွင်းနဲ့ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်ကြောင်းလည်း UNODC ရဲ့ အစီရင်ခံစာ ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဒါနဲ့ဆက်စပ်တဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့အတွက် ကုလသမဂ္ဂ UNODC ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူပေါင်းပေါင်းဆောင်ရွက်သွားမယ့်အကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေကလည်း ပြောဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျမန္မာမွာ ဘိန္းထြက္ႏႈန္း ေလ်ာ့သြားတယ္လုိ႔ ကုလသမဂၢေျပာ ျမန္မာမွာ ဘိန္းထြက္ႏႈန္း ေလ်ာ့သြားတယ္လုိ႔ ကုလသမဂၢေျပာ Reviewed by THITHTOOLWIN on 21:53 Rating: 5
Powered by Blogger.