ရေသ့ေတာင္နဲ႔ ေျမာက္ဦးမွာ အရပ္သားႏွစ္ေယာက္ေသ၊ ေလးေယာက္ဒဏ္ရာရ

လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲလို႔ ဒဏ္ရာရရွိတဲ့ ႐ြာသားကို ရေသ့ေတာင္ေဆး႐ုံမွာ ၂၀၂၀ ေဖေဖာ္ဝါရီ ၂ရက္ေန႔က ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္မွာ ဒီကေန႔တစ္ရက္တည္း မိုင္းေပါက္ကြဲတာ၊ လက္နက္ႀကီးက်ည္ေပါက္ကြဲတာေၾကာင့္ အရပ္သား ႏွစ္ေယာက္ ေသဆုံးၿပီး ေလးေယာက္ ဒဏ္ရာရခဲ့ပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြ ၿငိမ္ေနရာကေန ၿပီးခဲ့တဲ့ ဇန္နဝါရီ ၃၀၊ ၃၁ ရက္ေန႔ ေလာက္စလို႔ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျပန္လည္ျပင္းထန္လာပါတယ္။ အဲဒီတိုက္ပြဲေတြအတြင္း အရပ္သားထိခိုက္ေသဆုံးတာ မရွိေပမယ့္ ဒီေန႔မွာေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ ငစင္ေဘာ္႐ြာ နဲ႔ ၿပိန္းေတာ႐ြာမွာ မိုင္းေပါက္ကြဲလို႔ အရပ္သား တစ္ေယာက္ ေသဆုံးၿပီး၊ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲလို႔ သုံးေယာက္ ဒဏ္ရာရခဲ့တာပါ။

ဒီကေန႔ ေန႔လယ္ ႏွစ္နာရီေလာက္က ငစင္ေဘာ္ေက်း႐ြာမွာ ေနထိုင္တဲ့ အသက္ ၅၇ ႏွစ္အ႐ြယ္ ဦးသိန္းစိုးေအာင္ဟာ ကြၽဲရွာသြားတဲ့အခ်ိန္ မိုင္းနင္းမိခဲ့ၿပီး ေသဆုံးသြားတယ္လို႔ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။

“မိုင္းနင္းမိၿပီး ေသဆုံးသြားတာ။ တစ္ဖက္က ေျခေထာက္ျပတ္သြားတယ္။ ေနာက္တစ္ဖက္ကေတာ့ ေျခေထာက္ပြင့္သြားတယ္။ ကြၽဲရွာဖို႔သြားတဲ့ လယ္ကန္သင္းနားမွာနင္းမိတာ။”

ငစင္ေဘာ္ေက်း႐ြာအနီးမွာ မေန႔က တပ္မေတာ္စစ္ေၾကာင္းတစ္ခု ဝင္ၿပီး ႐ြာသားေတြ ထြက္မေျပးေအာင္ အနီးအနားမွာ မိုင္းေထာင္တာေတြ ရွိခဲ့တယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခ က ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ၿပိန္းေတာေက်း႐ြာမွာလည္း လက္နက္ႀကီးက်ည္ ေပါက္ကြဲလို႔ ဒဏ္ရာရတဲ့ သားအမိသုံးေယာက္ အေျခအေနကို အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက အခုလိုေျပာပါတယ္။

“မုန႔္တီေသာက္ေနတဲ့အခ်ိန္ စားပြဲခုံေပၚမွာ က်ည္ကလာကြဲတာလို႔ေျပာတယ္။ လက္နက္ႀကီးက်ည္ လို႔ေျပာတယ္။ သားတစ္ေယာက္ကေတာ့ ေပါင္မွာဒဏ္ရာရတယ္။ ေပါင္မွာဒဏ္ရာရတဲ့ ကေလးကဒဏ္ရာျပင္းတယ္လို႔ေျပာတယ္။”

ၿပိန္းေတာ႐ြာထဲကို လက္နက္ႀကီးက်ည္ မက်ေရာက္ခင္က အနီးအနားက ေညာင္ပင္လွ႐ြာ ဆိပ္ကမ္းကို တပ္မေတာ္သားေတြပါဝင္တဲ့ ဇက္ေရယာဥ္ႏွစ္စီး ဆိုက္ကပ္ခ်ိန္မွာ မိုင္းႏွစ္လုံး ေပါက္ကြဲခဲ့တယ္လို႔လည္း သိရပါတယ္။

ဒီလိုမိုင္းေပါက္ကြဲၿပီး မၾကာခင္မွာပဲ အနီးအနားမွာရွိတဲ့ ၿပိန္းေတာေက်း႐ြာကို လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။ ၿပိန္းေတာ႐ြာထဲက်ခဲ့တဲ့ လက္နက္ႀကီးဟာ ေညာင္ပင္လွ႐ြာမွာ ရွိေနတဲ့ တပ္မေတာ္စစ္ေၾကာင္းက လွမ္းပစ္လိုက္တဲ့ လက္နက္ႀကီးျဖစ္မယ္လို႔ ေဒသခံေတြက ယူဆေနပါတယ္။

ဘယ္အဖြဲ႕က ပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္လဲ ဆိုတာကိုေတာ့ RFA က သီးျခားအတည္ျပဳႏိုင္ျခင္း မရွိပါဘူး။

ဒီေန႔မွာပဲ ေျမာက္ဦးၿမိဳ႕နယ္ ေခ်ာင္းသစ္ေက်း႐ြာမွာ လက္က်န္မိုင္းတစ္လုံး ေပါက္ကြဲလို႔ အသက္ ၁၅ ႏွစ္အ႐ြယ္ ေယာက်ာ္းေလးတစ္ဦး ေသဆုံးၿပီး အမ်ိဳးသမီးႀကီးတစ္ဦး ဒဏ္ရာရခဲ့ပါတယ္။

မေန႔ကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္႐ြာမွာ ၅ နာရီၾကာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ က ေျပာပါတယ္။

“တိုက္ပြဲေတြ တိုးျမင့္လာတာမေကာင္းဘူး။ တိုက္ပြဲမ်ားမ်ားျဖစ္ေလ ျပည္သူလူထုက ထိခိုက္နစ္နာေလပဲ။ ထိခိုက္ဒဏ္ရာ ရမႈေတြမ်ားတယ္။ တိုက္ပြဲမျဖစ္ၾကဖို႔ ထိန္းသိမ္းၾကဖို႔လိုတယ္။ ႏိုင္ငံေတာ္အစိုးရကလည္း ဒီလိုမျဖစ္ေအာင္ ထိန္းသိမ္းေပးရမယ္။ အခုက အစိုးရက တိုက္ပြဲျဖစ္တာလည္း သိပ္မထိန္းသိမ္းဘူး။ တိုက္ပြဲေၾကာင့္ျဖစ္တဲ့ ျပည္သူလူထုအေပၚမွာလည္း စားဝတ္ေနေရး လုံၿခဳံေရးအေပၚမွာလည္း သိပ္ဂ႐ုမစိုက္ဘူး။”

အခုလို ငါးနာရီၾကာ တိုက္ပြဲျဖစ္ပြားတာဟာ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ရွားပါးတဲ့ တိုက္ပြဲမ်ိဳးျဖစ္ၿပီး ႏွစ္ဘက္လုံးက လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ အျပန္အလွန္ ပစ္ခတ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ဒီလို ပစ္ခတ္မႈေတြေၾကာင့္ အနီးပတ္ဝန္းက်င္ ေက်း႐ြာေတြျဖစ္တဲ့ ငစင္ေဘာ္၊ ေက်ာက္ရံ၊ အမ်က္ေတာင္ ေက်း႐ြာေတြကို လက္နက္ႀကီးက်ည္ က်ေရာက္တာေတြ ရွိခဲ့တယ္လို႔ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

အဲဒီတိုက္ပြဲ ၿပီးတဲ့ေနာက္ ရေသ့ေတာင္ၿမိဳ႕နယ္ရဲ႕ တစ္မိုင္ခန႔္အကြာက ေရမ်က္႐ြာေဟာင္းကို  တပ္မေတာ္ စစ္ေၾကာင္းတစ္ခု ဝင္ေရာက္ၿပီး ေနအိမ္အခ်ိဳ႕ကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC ဥကၠ႒ ဦးေ႐ႊေဘာ္စိန္က ေျပာပါတယ္။

မတရားအသင္းနဲ႔ ဆက္သြယ္တယ္ဆိုတဲ့ သံသယေတြနဲ႔ တိုက္ပြဲျဖစ္ပြားရာ အနီးအနား႐ြာေတြက အိမ္ေတြကို ဝင္ေရာက္ၿပီးတပ္မေတာ္က မီးရႈိ႕တာေတြ မၾကာခဏလုပ္ေလ့ ရွိတယ္လို႔ ဦးေ႐ႊေဘာ္စိန္ကဆိုပါတယ္။

ေရမ်က္႐ြာေဟာင္းမွာ  အိမ္ေျခ ကိုးလုံးခန႔္ပဲရွိပါတယ္။ တပ္မေတာ္စစ္ေၾကာင္းက မေန႔ည ‌ေျခာက္နာရီခြဲခန႔္မွာ ဝင္ေရာက္မီးရႈိ႕ခဲ့တာေၾကာင့္ ေနအိမ္ ႏွစ္လုံး မီးေလာင္ပ်က္ဆီးခဲ့ၿပီး လူထိခိုက္မႈ မရွိဘူးလို႔ သိရပါတယ္။

ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း နဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးတို႔ကို RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

AA နဲ႔ ရင္ဆိုင္ရာမွာ ေဒသခံေတြ မထိခိုက္ေအာင္ ဂ႐ုစိုက္တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦး ၿပီးခဲ့တဲ့ႏွစ္ မတ္လ ၁၉ ရက္ေန႔က RFA ကို ေျပာခဲ့ဖူးပါတယ္။

‘‘ကြၽန္ေတာ္တို႔ဆီကေန ေတြ႕ရာျမင္ရာပစ္တာ မဟုတ္ဘဲ ထိန္းထိန္းသိမ္းသိမ္းနဲ႔ပစ္တာ။ ကြၽန္ေတာ္တို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက အေၾကာင္းမဲ့ပစ္တာ လုံးဝမရွိဘူး’’ လို႔ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ စတင္ျဖစ္ပြားလာတဲ့ အခ်ိန္ကစၿပီး အခုအခ်ိန္အထိ ရေသ့ေတာင္ၿမိဳ႕နယ္က ေက်း႐ြာေပါင္း  ငါး႐ြာခန႔္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရတယ္လို႔ REC က ထုတ္ျပန္တဲ့ သတင္းေတြအရသိရပါတယ္။

ရေသ့ေတာင္ၿမိဳနယ္အျပင္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာလည္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြ ျပင္းထန္ခဲ့ပါတယ္။ ပလက္ဝတိုက္ပြဲေတြမွာေတာ့ AA အဖြဲ႕ရဲ႕ ယာယီစခန္းကုန္းတစ္ခုကို တပ္မေတာ္က သိမ္းယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။

စစ္ေရးပဋိပကၡ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသေတြမွာ ၿပီးခဲ့တစ္ႏွစ္တာ ကာလအတြင္း အရပ္သားေသဆုံးမႈ ၁၀၀ ေက်ာ္နဲ႔ ထိခိုက္ဒဏ္ရာရမႈ ၂၅၀ ေက်ာ္အထိ ရွိခဲ့တယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအ႐ုံး(REC) က ဆိုပါတယ္။ အခုႏွစ္ဆန္းပိုင္းအခ်ိန္ ႏွစ္ပတ္အတြင္းမွာလည္း ထိခိုက္ ဒဏ္ရာရသူ ၂၀ ေက်ာ္နဲ႔ ေသဆုံးသူဆယ္ဦးထက္ မနည္းရွိေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရသေ့တောင်နဲ့ မြောက်ဦးမှာ အရပ်သားနှစ်ယောက်သေ၊ လေးယောက်ဒဏ်ရာရ

လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ရွာသားကို ရသေ့တောင်ဆေးရုံမှာ ၂၀၂၀ ဖေဖော်ဝါရီ ၂ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်မှာ ဒီကနေ့တစ်ရက်တည်း မိုင်းပေါက်ကွဲတာ၊ လက်နက်ကြီးကျည်ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ငြိမ်နေရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀၊ ၃၁ ရက်နေ့ လောက်စလို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးတာ မရှိပေမယ့် ဒီနေ့မှာတော့ ရသေ့တောင်မြို့နယ် ငစင်ဘော်ရွာ နဲ့ ပြိန်းတောရွာမှာ မိုင်းပေါက်ကွဲလို့ အရပ်သား တစ်ယောက် သေဆုံးပြီး၊ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ သုံးယောက် ဒဏ်ရာရခဲ့တာပါ။

ဒီကနေ့ နေ့လယ် နှစ်နာရီလောက်က ငစင်ဘော်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးသိန်းစိုးအောင်ဟာ ကျွဲရှာသွားတဲ့အချိန် မိုင်းနင်းမိခဲ့ပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိုင်းနင်းမိပြီး သေဆုံးသွားတာ။ တစ်ဖက်က ခြေထောက်ပြတ်သွားတယ်။ နောက်တစ်ဖက်ကတော့ ခြေထောက်ပွင့်သွားတယ်။ ကျွဲရှာဖို့သွားတဲ့ လယ်ကန်သင်းနားမှာနင်းမိတာ။”

ငစင်ဘော်ကျေးရွာအနီးမှာ မနေ့က တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ပြီး ရွာသားတွေ ထွက်မပြေးအောင် အနီးအနားမှာ မိုင်းထောင်တာတွေ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။

တချိန်တည်းမှာပဲ ပြိန်းတောကျေးရွာမှာလည်း လက်နက်ကြီးကျည် ပေါက်ကွဲလို့ ဒဏ်ရာရတဲ့ သားအမိသုံးယောက် အခြေအနေကို အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“မုန့်တီသောက်နေတဲ့အချိန် စားပွဲခုံပေါ်မှာ ကျည်ကလာကွဲတာလို့ပြောတယ်။ လက်နက်ကြီးကျည် လို့ပြောတယ်။ သားတစ်ယောက်ကတော့ ပေါင်မှာဒဏ်ရာရတယ်။ ပေါင်မှာဒဏ်ရာရတဲ့ ကလေးကဒဏ်ရာပြင်းတယ်လို့ပြောတယ်။”

ပြိန်းတောရွာထဲကို လက်နက်ကြီးကျည် မကျရောက်ခင်က အနီးအနားက ညောင်ပင်လှရွာ ဆိပ်ကမ်းကို တပ်မတော်သားတွေပါဝင်တဲ့ ဇက်ရေယာဉ်နှစ်စီး ဆိုက်ကပ်ချိန်မှာ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုမိုင်းပေါက်ကွဲပြီး မကြာခင်မှာပဲ အနီးအနားမှာရှိတဲ့ ပြိန်းတောကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပြိန်းတောရွာထဲကျခဲ့တဲ့ လက်နက်ကြီးဟာ ညောင်ပင်လှရွာမှာ ရှိနေတဲ့ တပ်မတော်စစ်ကြောင်းက လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးဖြစ်မယ်လို့ ဒေသခံတွေက ယူဆနေပါတယ်။

ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်လဲ ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီနေ့မှာပဲ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှာ လက်ကျန်မိုင်းတစ်လုံး ပေါက်ကွဲလို့ အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့ကတော့ ရသေ့တောင်မြို့နယ် အမျက်တောင်ရွာမှာ ၅ နာရီကြာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။

“တိုက်ပွဲတွေ တိုးမြင့်လာတာမကောင်းဘူး။ တိုက်ပွဲများများဖြစ်လေ ပြည်သူလူထုက ထိခိုက်နစ်နာလေပဲ။ ထိခိုက်ဒဏ်ရာ ရမှုတွေများတယ်။ တိုက်ပွဲမဖြစ်ကြဖို့ ထိန်းသိမ်းကြဖို့လိုတယ်။ နိုင်ငံတော်အစိုးရကလည်း ဒီလိုမဖြစ်အောင် ထိန်းသိမ်းပေးရမယ်။ အခုက အစိုးရက တိုက်ပွဲဖြစ်တာလည်း သိပ်မထိန်းသိမ်းဘူး။ တိုက်ပွဲကြောင့်ဖြစ်တဲ့ ပြည်သူလူထုအပေါ်မှာလည်း စားဝတ်နေရေး လုံခြုံရေးအပေါ်မှာလည်း သိပ်ဂရုမစိုက်ဘူး။”

အခုလို ငါးနာရီကြာ တိုက်ပွဲဖြစ်ပွားတာဟာ ရသေ့တောင်မြို့နယ်မှာ ရှားပါးတဲ့ တိုက်ပွဲမျိုးဖြစ်ပြီး နှစ်ဘက်လုံးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို ပစ်ခတ်မှုတွေကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ငစင်ဘော်၊ ကျောက်ရံ၊ အမျက်တောင် ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်တာတွေ ရှိခဲ့တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

အဲဒီတိုက်ပွဲ ပြီးတဲ့နောက် ရသေ့တောင်မြို့နယ်ရဲ့ တစ်မိုင်ခန့်အကွာက ရေမျက်ရွာဟောင်းကို  တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယတွေနဲ့ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရွာတွေက အိမ်တွေကို ဝင်ရောက်ပြီးတပ်မတော်က မီးရှို့တာတွေ မကြာခဏလုပ်လေ့ ရှိတယ်လို့ ဦးရွှေဘော်စိန်ကဆိုပါတယ်။

ရေမျက်ရွာဟောင်းမှာ  အိမ်ခြေ ကိုးလုံးခန့်ပဲရှိပါတယ်။ တပ်မတော်စစ်ကြောင်းက မနေ့ည ‌ခြောက်နာရီခွဲခန့်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် နှစ်လုံး မီးလောင်ပျက်ဆီးခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

AA နဲ့ ရင်ဆိုင်ရာမှာ ဒေသခံတွေ မထိခိုက်အောင် ဂရုစိုက်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ပြီးခဲ့တဲ့နှစ် မတ်လ ၁၉ ရက်နေ့က RFA ကို ပြောခဲ့ဖူးပါတယ်။

‘‘ကျွန်တော်တို့ဆီကနေ တွေ့ရာမြင်ရာပစ်တာ မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ပစ်တာ။ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ပစ်တာ လုံးဝမရှိဘူး’’ လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတဲ့ အချိန်ကစပြီး အခုအချိန်အထိ ရသေ့တောင်မြို့နယ်က ကျေးရွာပေါင်း  ငါးရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ REC က ထုတ်ပြန်တဲ့ သတင်းတွေအရသိရပါတယ်။

ရသေ့တောင်မြိုနယ်အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ပလက်ဝတိုက်ပွဲတွေမှာတော့ AA အဖွဲ့ရဲ့ ယာယီစခန်းကုန်းတစ်ခုကို တပ်မတော်က သိမ်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တစ်နှစ်တာ ကာလအတွင်း အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှု ၂၅၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC) က ဆိုပါတယ်။ အခုနှစ်ဆန်းပိုင်းအချိန် နှစ်ပတ်အတွင်းမှာလည်း ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူဆယ်ဦးထက် မနည်းရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္နဲ႔ ေျမာက္ဦးမွာ အရပ္သားႏွစ္ေယာက္ေသ၊ ေလးေယာက္ဒဏ္ရာရ ရေသ့ေတာင္နဲ႔ ေျမာက္ဦးမွာ အရပ္သားႏွစ္ေယာက္ေသ၊ ေလးေယာက္ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.