ရခိုင္ေဒသ အင္တာနက္ျပန္ဖြင့္ေပးဖို႔ အရပ္ဘက္အဖြဲ႕ေတြ ေတာင္းဆို

(Zawgyi)⤵⤵⤵
အရပ္ဘက္အဖြဲ႕အစည္း ၁၀၅ ဖြဲ႕က ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ကို အင္တာနက္ ျဖတ္ေတာက္ထားတာ ျပန္ဖြင့္ေပးဖို႔ အစိုးရကို ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

အင္တာနက္ျဖတ္လိုက္လို႔ ေဒသခံေတြရဲ႕ က်န္းမာေရး၊ ပညာေရး၊ သူတို႔ရဲ႕ အသက္အိုးအိမ္ လုံၿခဳံမႈ အကုန္လုံးအတြက္ စိုးရိမ္စရာ ရွိေနတယ္လို႔ စုေပါင္းေတာင္းဆိုတဲ့အဖြဲ႕ထဲမွာပါတဲ့ ဝံလက္ေဖာင္ေဒးရွင္း တည္ေထာင္သူ ဦးခိုင္ေကာင္းစံက ေျပာပါတယ္ ။

“လူ႔အခြင့္အေရးခ်ိဳးေဖာက္ဖို႔အတြက္မ်ား ရည္႐ြယ္ခ်က္ရွိရွိ အင္တာနက္ ပိတ္တာလားေပါ့။ လုံၿခဳံေရးကို အေၾကာင္းျပၿပီး ပိတ္တယ္ဆိုရင္လည္း စစ္ေရးအရကိုပဲ ေျဖေလွ်ာ့ဖို႔အပိုင္းမွာ စဥ္းစားဖို႔လိုအပ္တယ္လို႔ ထင္ပါတယ္။ လုံၿခဳံေရးလို႔ေျပာရင္ ျပည္သူေတြရဲ႕ လုံၿခဳံေရးကိုေရာ ထည့္သြင္းမစဥ္းစားဘူးလား ဆိုတာက ေျပာစရာ ျဖစ္ေနတယ္။"

လူေပါင္း တစ္သန္းေက်ာ္ေလာက္ရွိတဲ့ ရခိုင္ေျမာက္ပိုင္းကို အစိုးရက လုံၿခဳံေရးအေၾကာင္းျပၿပီးေတာ့ အင္တာနက္ ျဖတ္ေတာက္ထားတာ အခုဆိုရင္ ရပ္ေပါင္း ၂၄၂ ရက္ရွိလာပါၿပီ။

တကယ္ေတာ့ အစိုးရက ရခိုင္ေျမာက္ပိုင္းက ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေမာင္ေတာၿမိဳ႕နယ္တို႔ကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ေန႔မွာ အင္တာနက္လိုင္း ျပန္ဖြင့္ေပးခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၃ ရက္ေန႔ ( ၅ ) လအၾကာမွာ ျပန္ျဖတ္ေတာက္ခဲ့ပါတယ္။

အင္တာနက္ျဖတ္ေတာက္မႈဟာ လက္နက္ကိုင္ ပဋိပကၡျဖစ္ပြားရာ ေဒသအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို ပိုၿပီး ျဖစ္ေစေအာင္ တြန္းအားေပးေနသလို ျဖစ္ေနပါတယ္။ အင္တာနက္ ျဖတ္ေတာက္တာခံရတဲ့ ေဒသေတြမွာ ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ေန႔တိုင္း ေဒသခံေတြ ထိခိုက္နစ္နာေနမႈေတြ ရွိေနတာလည္း စိတ္မခ်မ္းေျမ့ဖြယ္ရာ ျဖစ္ပါတယ္။

အင္တာနက္ျဖတ္ေတာက္ၿပီးေနာက္ပိုင္း တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲျပင္းထန္လာတာေၾကာင့္ အရပ္သား ျပည္သူေတြ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြ ထိခိုက္ဒဏ္ရာရမႈေတြ တိုးလာတယ္လို႔ Fortify Rights အဖြဲ႕က ကိုနစ္ကီဒိုင္းမြန္းက သုံးသပ္ထားပါတယ္။

“အင္တာနက္ျဖတ္ေတာက္ၿပီးေနာက္ပိုင္းခ်ိန္ကစၿပီး စစ္တပ္ကဖိၿပီးေတာ့ စစ္ဆင္ေရးေတြလုပ္တယ္။ AA ကလည္း တန္ျပန္တိုက္ခိုက္တာေတြ ရွိတဲ့အတြက္ အရပ္သားျပည္သူေတြ ေတာက္ေလွ်ာက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတယ္။ လက္နက္ႀကီးထိမွန္လို႔ ထိခိုက္ဏ္ရာရတဲ့ကိစၥေတြ ေတြ႕ရတယ္။ အထူးသျဖင့္ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတဲ့ကိစၥေတြ ေတာက္ေလွ်ာက္ျဖစ္ေနတယ္။"

အင္တာနက္ပိတ္လိုက္လို႔ ရခိုင္ျပည္နယ္က မြတ္စလင္နဲ႔ ရခိုင္တိုင္းရင္းသား လူမႈအသိုင္းအဝိုင္းအားလုံး ေန႔စဥ္လူမႈဘဝမွာ နစ္နာမႈေတြရွိေနပါတယ္။

ဒီလထဲမွာပဲ တပ္မေတာ္ဘက္က ဒုတပ္ရင္းမႉး အဆင့္ရွိသူ ဗိုလ္မႉးတစ္ဦးနဲ႔ ဗိုလ္တစ္ဦး က်ဆုံးခဲ့တာကို မိသားစုဝင္ေတြက လူမႈကြန္ရက္ေပၚမွာ တင္လာၾကပါတယ္။

ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ တပ္မေတာ္တို႔ၾကားမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး၊ တိုက္ပြဲၾကားမွာ ဒါမွမဟုတ္ အေၾကာင္းမဲ့ပစ္ခတ္လို႔ အရပ္သားေတြ ထိခိုက္ဒဏ္ရာေတြ ေသဆုံးမႈေတြ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ၁၃ ရက္ ေန႔တုန္းကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္က ခေမြေခ်ာင္ေက်း႐ြာ မူလတန္းေက်ာင္းထဲကို လက္နက္ႀကီးက်လို႔ ကေလးငယ္ ၂၁ ဦး ဒဏ္ရာ ရသြားခဲ့ပါတယ္။

AA က ဒီပစ္ခတ္မႈကို တပ္မေတာ္ရဲ႕ ဘူးသီးေတာင္တပ္ရင္းက ပစ္ခတ္တာျဖစ္တယ္လို႔ စြပ္စြဲပါတယ္။ အင္တာနက္ျဖတ္ေတာက္ၿပီးေတာ့ အျဖစ္မွန္ေတြကို ဖုံးကြယ္ေနတာေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ NLD အစိုးရနဲ႔ တပ္မေတာ္ကို အေရးယူဖို႔ ေတာင္းဆိုထားပါတယ္။

တစ္ႏွစ္ေက်ာ္လာတဲ့ ရခိုင္တိုက္ပြဲေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးရတဲ့ ရခိုင္စစ္ေဘးဒုကၡသည္ တစ္သိန္းေက်ာ္ ရွိေနပါၿပီ။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ရခိုင်ဒေသ အင်တာနက်ပြန်ဖွင့်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို


အရပ်ဘက်အဖွဲ့အစည်း ၁၀၅ ဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို အင်တာနက် ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့ အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အင်တာနက်ဖြတ်လိုက်လို့ ဒေသခံတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ သူတို့ရဲ့ အသက်အိုးအိမ် လုံခြုံမှု အကုန်လုံးအတွက် စိုးရိမ်စရာ ရှိနေတယ်လို့ စုပေါင်းတောင်းဆိုတဲ့အဖွဲ့ထဲမှာပါတဲ့ ဝံလက်ဖောင်ဒေးရှင်း တည်ထောင်သူ ဦးခိုင်ကောင်းစံက ပြောပါတယ် ။

“လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက်များ ရည်ရွယ်ချက်ရှိရှိ အင်တာနက် ပိတ်တာလားပေါ့။ လုံခြုံရေးကို အကြောင်းပြပြီး ပိတ်တယ်ဆိုရင်လည်း စစ်ရေးအရကိုပဲ ဖြေလျှော့ဖို့အပိုင်းမှာ စဉ်းစားဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ လုံခြုံရေးလို့ပြောရင် ပြည်သူတွေရဲ့ လုံခြုံရေးကိုရော ထည့်သွင်းမစဉ်းစားဘူးလား ဆိုတာက ပြောစရာ ဖြစ်နေတယ်။"

လူပေါင်း တစ်သန်းကျော်လောက်ရှိတဲ့ ရခိုင်မြောက်ပိုင်းကို အစိုးရက လုံခြုံရေးအကြောင်းပြပြီးတော့ အင်တာနက် ဖြတ်တောက်ထားတာ အခုဆိုရင် ရပ်ပေါင်း ၂၄၂ ရက်ရှိလာပါပြီ။

တကယ်တော့ အစိုးရက ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ( ၅ ) လအကြာမှာ ပြန်ဖြတ်တောက်ခဲ့ပါတယ်။

အင်တာနက်ဖြတ်တောက်မှုဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကို ပိုပြီး ဖြစ်စေအောင် တွန်းအားပေးနေသလို ဖြစ်နေပါတယ်။ အင်တာနက် ဖြတ်တောက်တာခံရတဲ့ ဒေသတွေမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေ့တိုင်း ဒေသခံတွေ ထိခိုက်နစ်နာနေမှုတွေ ရှိနေတာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။

အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်လာတာကြောင့် အရပ်သား ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထိခိုက်ဒဏ်ရာရမှုတွေ တိုးလာတယ်လို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက သုံးသပ်ထားပါတယ်။

“အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်းချိန်ကစပြီး စစ်တပ်ကဖိပြီးတော့ စစ်ဆင်ရေးတွေလုပ်တယ်။ AA ကလည်း တန်ပြန်တိုက်ခိုက်တာတွေ ရှိတဲ့အတွက် အရပ်သားပြည်သူတွေ တောက်လျှောက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ လက်နက်ကြီးထိမှန်လို့ ထိခိုက်ဏ်ရာရတဲ့ကိစ္စတွေ တွေ့ရတယ်။ အထူးသဖြင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စတွေ တောက်လျှောက်ဖြစ်နေတယ်။"

အင်တာနက်ပိတ်လိုက်လို့ ရခိုင်ပြည်နယ်က မွတ်စလင်နဲ့ ရခိုင်တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းအားလုံး နေ့စဉ်လူမှုဘဝမှာ နစ်နာမှုတွေရှိနေပါတယ်။

ဒီလထဲမှာပဲ တပ်မတော်ဘက်က ဒုတပ်ရင်းမှူး အဆင့်ရှိသူ ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်တစ်ဦး ကျဆုံးခဲ့တာကို မိသားစုဝင်တွေက လူမှုကွန်ရက်ပေါ်မှာ တင်လာကြပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ တပ်မတော်တို့ကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲကြားမှာ ဒါမှမဟုတ် အကြောင်းမဲ့ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာတွေ သေဆုံးမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၁၃ ရက် နေ့တုန်းကလည်း ဘူးသီးတောင်မြို့နယ်က ခမွေချောင်ကျေးရွာ မူလတန်းကျောင်းထဲကို လက်နက်ကြီးကျလို့ ကလေးငယ် ၂၁ ဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။

AA က ဒီပစ်ခတ်မှုကို တပ်မတော်ရဲ့ ဘူးသီးတောင်တပ်ရင်းက ပစ်ခတ်တာဖြစ်တယ်လို့ စွပ်စွဲပါတယ်။ အင်တာနက်ဖြတ်တောက်ပြီးတော့ အဖြစ်မှန်တွေကို ဖုံးကွယ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ NLD အစိုးရနဲ့ တပ်မတော်ကို အရေးယူဖို့ တောင်းဆိုထားပါတယ်။

တစ်နှစ်ကျော်လာတဲ့ ရခိုင်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ရခိုင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ရှိနေပါပြီ။

RFA Burmese
https://www.rfa.org
ရခိုင္ေဒသ အင္တာနက္ျပန္ဖြင့္ေပးဖို႔ အရပ္ဘက္အဖြဲ႕ေတြ ေတာင္းဆို ရခိုင္ေဒသ အင္တာနက္ျပန္ဖြင့္ေပးဖို႔ အရပ္ဘက္အဖြဲ႕ေတြ ေတာင္းဆို Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.